The Six Creative & Event Management

Directions Contact the business

The Six Creative & Event Management Creative and event management service

ပြင်ဦးလွင် capital မှာ ဒေစီပန်းလေး ရှိပါမယ် 🌼
25/08/2026

ပြင်ဦးလွင် capital မှာ ဒေစီပန်းလေး ရှိပါမယ် 🌼

ပြင်ဦးလွင် နဲ့ အနီးတစ်ဝိုက် က မိသားစုတွေ အတူတူပျော်ရွှင်ရမယ့် Capital Supermarket (ပြင်ဦးလွင်) ရဲ့ "မိသားစုတွေ အတူပျော် Capital ပွဲတော်" မှာ အတူရိနေမယ့် ပရိသတ်အချစ်တော် အနုပညာရှင်တွေက...??? 🎉🛍️

ဈေးဝယ်မယ်၊ သီချင်းတွေနဲ့အတူ ပျော်ကြမယ်၊ ဂိမ်းတွေဆော့ရင်း လက်ဆောင်တွေဆွတ်ခူးပြီး အတူတူဆုံတွေ့ကြမယ့် "မိသားစုတွေ အတူပျော် Capital ပွဲတော်" ကို မကြာခင်ရက်ပိုင်းအတွင်းမှာ ပြင်ဦးလွင်မြို့ က သုမင်္ဂလာဈေး (ဉာဏ်တော ဈေးဟောင်းမ) မှာ ဖွင့်လှစ်ထားတဲ့ Capital Supermarket မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားတော့မှာ ဖြစ်ပါတယ်။

ဒီပွဲလေးမှာ ပရိသတ်တွေ အထူးချစ်ခင်အားပေးကြတဲ့ အနုပညာရှင်တွေဖြစ်ကြတဲ့ Adam Oo၊ နိုနို၊ Min Thant နဲ့ သက်မင်းကို (ပန်းချစ်သူ) တို့က သတ်မှတ်ထားတဲ့ နေ့ရက် အလိုက် တေးသီချင်းတွေနဲ့ ဖျော်ဖြေတင်ဆက်ပေးသွားမယ့် အပြင် ပွဲတက်ရောက်လာတဲ့ ပရိသတ်တွေ ပျော်ရွှင်စေဖို့ MC ဇင်မိုးဝင်း က ဦးဆောင်ကျင်းပပေးမယ့် ဂိမ်းအစီအစဉ်များ မှာလည်း ပရိသတ်များနဲ့အတူ ပါဝင် ကစားပေးမှာ ဖြစ်ပါတယ် 🎤✨

📅 နေ့ရက်များ - ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်နေ့ မှ ၃၀ ရက်နေ့ အထိ
⏰ အချိန် - နေ့စဉ် မနက် ၁၀ နာရီ မှ ညနေ ၄ နာရီ အထိ
📍 နေရာ - Capital Supermarket (ပြင်ဦးလွင်)
သုမင်္ဂလာဈေး (ဉာဏ်တောဈေးဟောင်း)၊ မန္တလေး-လားရှိုးလမ်း နှင့် မြို့ပတ်လမ်းထောင့်၊ ရပ်ကွက်ကြီး (၂)၊ ပြင်ဦးလွင်မြို့။

အထူးအစီအစဉ်အနေနဲ့ ဒီပို့စ်လေးကို
▪️ ကိုယ့် Wall မှာ Share ပြီး
▪️ Share ထားတဲ့ SS လေးကို ကွန်မန့်မန့်ပေးပြီး
၁သောင်းကျပ်တန်ဖိုးရှိ Capital ဆုလက်ဆောင် + Capital ပွိုင့် ၂၀၀၀ ကံထူးရှင် ၁၀ဦးကို ရွေးချယ်ပေးသွားမှာပါ။

ဈေးဝယ်ရင်းနဲ့ အနုပညာရှင်တွေရဲ့ ဖျော်ဖြေမှုတွေ၊ အထူးလျှော့ဈေး/လက်ဆောင်တွေ၊ ပျော်စရာအစီအစဉ်တွေနဲ့အတူ မိသားစုတွေ ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲကြဖို့ ပြင်ဦးလွင် နဲ့ အနီးတစ်ဝိုက်က မိသားစုများ အားလုံး ပျော်ပျော်ပါးပါး ပါဝင် ဆင်နွှဲကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။



We are seeking highly organized, experienced, and proactive members to join our experiential team.Drop your CV at Viber ...
23/07/2026

We are seeking highly organized, experienced, and proactive members to join our experiential team.

Drop your CV at Viber - 095183380

23/05/2026

စီးပွားရေးလောကမှာဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာဖြစ်ဖြစ် ခင်ဗျား လူရိုးကြီးလုပ်နေသရွေ့ အနင်းခံနေရဦးမှာပဲ။

ဒီစကားက နားထောင်ရတာ ခါးကောင်းခါးလိမ့်မယ်။ ဒါပေမယ့် ကွင်းပြင်ထဲဆင်းပြီး တကယ်တမ်း ပြိုင်ဆိုင်မှုတွေကြားမှာ သွေးထွက်သံယို ရုန်းကန်နေရတဲ့ သူတွေပဲ ဒီအမှန်တရားကို အူလှိုက်သည်းလှိုက် နားလည်ကြတယ်။

အမေရိကန်သမ္မတကြီးDonald Trump ရဲ့ နာမည်ကြီး "အောင်နိုင်သူတို့ရဲ့ သံမဏိစည်းမျဉ်း (၃) ရပ်" ဆိုတာ အပြင်ကလူတွေ ဖတ်ကြည့်ရင်တော့ အစွန်းရောက်တယ်၊ မတရားဘူးလို့ ထင်လိမ့်မယ်။

ဒါပေမယ့် လက်တွေ့မြေပြင်မှာတော့ ဒါဟာ အသေအကျေချရတဲ့ Survival Game ရဲ့ မရှိမဖြစ် လက်နက်တွေပဲ။
ဒီစည်းမျဉ်းတွေကို သီအိုရီအရမဟုတ်ဘဲ၊ လက်တွေ့မှာ ဘယ်လို ပုံသွင်းပြီး အသုံးချနေလဲဆိုတာ ဆွဲထုတ်ပြမယ်။

🥊 ကိုယ့်ပိုင်နက်ကို လာထိရင် ညှိနှိုင်းမနေနဲ့ (Attack, Attack, Attack)

လုပ်ငန်းတစ်ခု လုပ်ပြီဆိုရင် ဈေးကွက်ထဲမှာ ကိုယ့်ကို အလွတ်မပေးချင်တဲ့သူ၊ ရည်ရွယ်ချက်ရှိရှိ လာတိုက်ခိုက်တဲ့သူတွေ အများကြီးရှိတယ်။ အဲဒီအချိန်မှာ "ငါတော့ ပြဿနာမဖြစ်ချင်ပါဘူးလေ" ဆိုပြီး နောက်တစ်လှမ်းဆုတ်ပေးလိုက်တာဟာ ကိုယ့်ေ-သတွင်း ကိုယ်တူးတာပဲ။

ကိုယ့်ဘက်က မှန်နေပြီလား၊ ကိုယ့်ပိုင်နက်ကို ကျူးကျော်လာပြီလား။ တစ်ချက်လာတိုက်ရင် သုံးချက်ပြန်ချရမယ်။ ညှိနှိုင်းဖို့၊ ရှင်းပြဖို့ အချိန်မဖြုန်းနဲ့။ ပြိုင်ဘက်ကို ကိုယ်က အလွယ်တကူ အနိုင်ကျင့်လို့မရတဲ့ ကောင်ဆိုတာ အပြင်းထန်ဆုံး တုံ့ပြန်မှုနဲ့ သက်သေပြရတယ်။ ဈေးကွက်ဆိုတာ အားနည်းတဲ့သူကို နင်းတက်သွားမယ့် နေရာမျိုး။

🤐 အားနည်းချက် လုံးဝမပြနဲ့၊ အကုန်ငြင်း (Admit Nothing, Deny Everything)

ဒီအချက်က တော်တော်များများ လက်ခံဖို့ ခက်ကြတယ်။ ဒါပေမယ့် စီးပွားရေးစစ်ပွဲမှာ ကိုယ် သွေးထွက်နေတာကို ပြိုင်ဘက်က မြင်သွားရင် ငါးမန်းတွေလို ဝိုင်းကိုက်ကြလိမ့်မယ်။

အမှားလုပ်မိရင်တောင် ပြိုင်ဘက်တွေ၊ ရန်သူတွေရှေ့မှာ မျက်နှာငယ်လေးနဲ့ ပြာယာခတ်ပြီး သွားမတောင်းပန်နဲ့။ ပြင်ပလောကကို အမြဲတမ်း ယုံကြည်မှုအပြည့်နဲ့ပဲ ရင်ကော့ထွက်ပြရမယ်။ လိုအပ်လို့ အပြစ်ရှိရင် ကိုယ့်အဖွဲ့အစည်း အတွင်းမှာပဲ တံခါးပိတ်ပြီး ရှင်းတယ်။ အပြင်ကိုတော့ "ငါတို့က အရာအားလုံးကို ထိန်းချုပ်ထားနိုင်တယ်" ဆိုတဲ့ ပုံစံမျိုးပဲ အမြဲပြတယ်။

အမှန်တရားဆိုတာ တခါတလေမှာ ကိုယ်က ဘယ်လောက် ယုံကြည်ချက်ရှိရှိ တင်ပြနိုင်လဲဆိုတဲ့ အပေါ်မှာပဲ ၈၀% လောက် မူတည်သွားတယ်။

🏆 အမြဲတမ်း နိုင်နေတဲ့သူလိုပဲ နေပါ (Always Claim Victory)

အခြေအနေတွေ ဆိုးရွားပြီး ကိုယ့်ဘက်က ရှုံးနေပြီဆိုပါစို့။ "ငါတို့တော့ သွားပါပြီဗျာ" လို့ ဘယ်တော့မှ ညည်းတွားမနေနဲ့။ စိတ်ဓာတ်ကျပြတာက ကိုယ့်ကိုယ်ကိုယ် သတ်သေတာနဲ့ တူတူပဲ။

ရှုံးသွားတဲ့ Project ဒါမှမဟုတ် ဆုံးရှုံးသွားတဲ့ အရာတစ်ခုကိုတောင် "ဒီကနေ ငါတို့ အတွေ့အကြုံကောင်းတွေ၊ Connection အသစ်တွေ ရလိုက်တယ်၊ နောက်တစ်ပွဲအတွက် ငါတို့က ပိုတောင် တောင့်တင်းသွားပြီ" လို့ပဲ ပုံဖော်ရမယ်။

လူတွေက သနားစရာကောင်းတဲ့သူကို ကူညီချင်ကြပေမယ့်၊ တကယ်တမ်း ပူးပေါင်းလုပ်ကိုင်ချင်တာက အမြဲတမ်း အောင်မြင်နေတဲ့သူ၊ ယုံကြည်မှုရှိတဲ့ သူတွေနဲ့ပဲ။

ခြုံပြောရရင်
ဒါဟာ လူဆိုးလုပ်ဖို့ သင်ပေးနေတာ မဟုတ်ဘူး။ သမင်လို အကိုက်မခံရအောင် ခြင်္သေ့လို ဘယ်လို ရှင်သန်မလဲဆိုတဲ့ လက်တွေ့ဘဝရဲ့ Survival Strategy စစ်စစ်ပဲ။

ဒီလို ကြမ်းတမ်းတဲ့ ဗျူဟာတွေကို လက်တွေ့လုပ်ငန်းခွင်မှာ သုံးဖူးတဲ့ အတွေ့အကြုံတွေ ရှိလား? ခင်ဗျားတို့ရဲ့ အမြင်ကို Comment မှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးသွားကြရအောင်


How to manage your stress ??
20/05/2026

How to manage your stress ??

အလုပ်တွေအရမ်းများပြီး စိတ်ဖိစီးမှုတွေပိနေလို့ ထွက်ပေါက်ပိတ်နေသလို ခံစားနေရပြီလား? ခဏလေးရပ်ဖတ်ကြည့်လိုက်ပါ။

လူတိုင်း Stress နဲ့ ကင်းတဲ့သူဆိုတာ မရှိပါဘူး။ ဒါပေမယ့် ဒီ Stress ကို ဘယ်လို Manage လုပ်မလဲဆိုတဲ့အပေါ် မူတည်ပြီး ကိုယ့်ရဲ့ လုပ်ရည်ကိုင်ရည်တွေက အများကြီး ကွာခြားသွားတတ်ပါတယ်။

ဒီနေ့တော့ သိပ္ပံနည်းကျ သက်သေပြထားတဲ့... Stress တွေကို အမြန်ဆုံး အဝေးကိုကန်ထုတ်ပစ်နိုင်မယ့် အထိရောက်ဆုံး နည်းလမ်း (၃) ခု ကို ပြောပြပေးချင်ပါတယ်။

(၁) အမြင်ကို ပြောင်းပြန်လှန်ပစ်ပါ

အလုပ်တွေ အရမ်းပိလာတဲ့အခါ၊ အရာရာက ခက်ခဲလာတဲ့အခါ "ငါတော့ မလုပ်နိုင်တော့ဘူး၊ ငါ့ကို အရမ်းဖိအားပေးနေတယ်" လို့ တွေးမိတတ်ပါတယ်။ အဲ့ဒီအမြင်ကို ချက်ချင်းပြောင်းလိုက်ပါ။

"ဒါက ငါ့ကို Challenge လုပ်နေတာ၊ ငါ့ရဲ့ အရည်အချင်းတွေကို ပိုတိုးတက်အောင် တွန်းတင်ပေးနေတာ" လို့ မြင်ကြည့်လိုက်ပါ။ "ငါ့ကို ခိုင်းနေတာ" ကနေ "ငါ့ကို စိန်ခေါ်နေတာ" လို့ အမြင်ပြောင်းသွားတာနဲ့တင် စိတ်ထဲက အလိုလို ပေါ့သွားပြီး Stress Level သိသိသာသာ လျော့ကျသွားပါလိမ့်မယ်။

(၂) ချွေးထွက်အောင် အားကစားလုပ်ပါ

Stress တွေ များနေပြီဆိုရင် မှိုင်တိုင်တိုင် ထိုင်မနေပါနဲ့၊ ထလှုပ်ရှားလိုက်ပါ။ လေ့ကျင့်ခန်းလုပ်တာဟာ Stress ဆိုတဲ့ အဆိပ်အတောက်ကို အထိရောက်ဆုံး ချေဖျက်ပေးနိုင်တဲ့ လက်နက်ပါ။

ခန္ဓာကိုယ်လှုပ်ရှားလိုက်တဲ့အခါ ဦးနှောက်ဆဲလ်တွေ ပိုဖွံ့ဖြိုးလာပြီး ပျော်ရွှင်စေတဲ့ ဟော်မုန်း (Endorphins) တွေ ထွက်လာပါတယ်။ ဒါကြောင့် စိတ်ကြည်လင်သွားမယ်၊ Stress တွေ ပြေပျောက်သွားမယ့်အပြင် မှတ်ဉာဏ်ပါ ပိုကောင်းလာစေပါတယ်။

(၃) အာရုံကို စုစည်းပါ (Mindfulness/တရားထိုင်ခြင်း)

တရားထိုင်တယ်ဆိုတာ ဘာသာရေးသက်သက်မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ပြန့်လွင့်နေတဲ့ အာရုံတွေကို တစ်နေရာတည်းမှာ စုစည်းထားတာပါ။ မျက်စိလေးမှိတ်၊ အသက်ရှူတာလေးကိုပဲ အာရုံစိုက်ပြီး တစ်နေ့ကို နည်းနည်းချင်း ငြိမ်ငြိမ်လေး နေကြည့်လိုက်ပါ။ လုပ်ဖူးတဲ့သူတိုင်း သိပါတယ်။ စိတ်တွေငြိမ်သွားပြီး လုပ်စရာရှိတဲ့ အလုပ်တစ်ခုတည်းအပေါ်ကို ၁၀၀ ရာခိုင်နှုန်း ပိုပြီး Focus ထားနိုင်လာတာကို လက်တွေ့ မြင်ရပါလိမ့်မယ်။

ဒီနည်းလမ်းတွေအားလုံးက ကောင်းကျိုးတွေချည်းပဲဆိုတာ သိပ္ပံနည်းကျ စမ်းသပ်ချက်တွေအရ အကုန်ရှိပြီးသားပါ။
ဒီနည်းလမ်းတွေကို လက်တွေ့အသုံးချပြီး Stress တွေကို ဘေးဖယ်ကာ အလုပ်ခွင်မှာ အကောင်းဆုံး Focus တွေနဲ့ ရှေ့ဆက်နိုင်ကြပါစေဗျာ


OMG
07/04/2026

OMG

OMG ခေါက်ဆွဲ lover တွေ ready? 🔥
TBC Thingyan Beach Club မှာ
OMG taste ကို experience လုပ်လိုက်ပါ

စားပြီးတော့ ထပ်စားချင်မယ် 🍜❤️



OMG @ BorofoneMusicFestival
25/03/2026

OMG @ BorofoneMusicFestival

Concept, Design & Production by The Six  #ရှူးရှဲလျှာမီးတောက်ခေါက်ဆွဲ
17/03/2026

Concept, Design & Production by The Six

#ရှူးရှဲလျှာမီးတောက်ခေါက်ဆွဲ

ကျွန်မတို့ The Six Team က တော့ Thingyan Mood on နေရပါပီ ၂၀၂၆ သင်္ကြန်မှာ ဘယ် လို project တွေနဲ့ လက် တွဲ လုပ် ဆောင် ရ မှာ...
17/03/2026

ကျွန်မတို့ The Six Team က တော့ Thingyan Mood on နေရပါပီ
၂၀၂၆ သင်္ကြန်မှာ ဘယ် လို project တွေနဲ့ လက် တွဲ လုပ် ဆောင် ရ မှာကို အများ ကြီး ရင်ခုန်စိတ် လှုပ်ရှား နေရပါပီ
Team Six

ဒီတစ်ခါ လဲ OMG Sponsor booth ကြီးရဲ့ design နဲ့ production ပိုင်း ကို ကျွန်တော် တို့ The Six မှ တာ ဝန် ယူ လုပ် ဆောင် ပေး...
17/03/2026

ဒီတစ်ခါ လဲ OMG Sponsor booth ကြီးရဲ့ design နဲ့ production ပိုင်း ကို ကျွန်တော် တို့ The Six မှ တာ ဝန် ယူ လုပ် ဆောင် ပေး ရ မှာ ဖြစ် ပါတယ် ခင် ဗျာ

OMG ချစ် သူ များ အား လံုး Borofone Music Festival ဆုံကြမယ်ဗျာ

🎊 𝐁𝐎𝐑𝐎𝐅𝐎𝐍𝐄 𝐌𝐮𝐬𝐢𝐜 𝐅𝐞𝐬𝐭𝐢𝐯𝐚𝐥 𝟐𝟎𝟐𝟔 ပွဲကြီးအတွက် Supportive Partner အဖြစ် OMG Myanmar မှလည်း ပါဝင်ကူညီ အားဖြည့်ပေးထားပါတယ်ရှင် 🔥

🧾 ပွဲနဲ့ပတ်သက်တဲ့ Information
လေးတွေ သိနိုင်ဖို့ 𝐁𝐎𝐑𝐎𝐅𝐎𝐍𝐄 𝐌𝐮𝐬𝐢𝐜 𝐅𝐞𝐬𝐭𝐢𝐯𝐚𝐥 page နဲ့ 𝐁𝐎𝐑𝐎𝐅𝐎𝐍𝐄 𝐌𝐲𝐚𝐧𝐦𝐚𝐫 Tiktok Channel တို့ကို အမြဲစောင့်ကြည့်ဖို့ မမေ့နဲ့နော် 🤗

https://www.tiktok.com/?is_from_webapp=1&sender_device=pc




Address

Tharaphi Street
Dagon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when The Six Creative & Event Management posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The Six Creative & Event Management:

Shortcuts

Share

Category