Bago Ko Pyae

Bago Ko Pyae Bago Ko Pyae (service advisor)

အုပ်စုံ ရောင်းမည် သိနိး 150 ပါဝင်ပစ္စည်း များ Beta 3 218 တစ်စုံ ပစ္စည်းမှန် 212 arry ၂စုံ အော်ချိတ် အော်ပုံး အမှန် အကန်1...
06/09/2025

အုပ်စုံ ရောင်းမည် သိနိး 150
ပါဝင်ပစ္စည်း များ
Beta 3 218 တစ်စုံ ပစ္စည်းမှန်
212 arry ၂စုံ အော်ချိတ် အော်ပုံး အမှန် အကန်
112 တစ်စုံ protect ပစ္စည်း အမှန်
115 တစ်စုံ protect ပစ္စည်း အမှန်
212 arry တွင်သုံးထားသော speaker ထဲမှာ အကောင်းဆုံး အမြင့်ဆုံး Neo Speaker 8 လုံး အရည်အသွေး အမှန်
212 network ၄ ခု
High 750 mm 4 လုံး
dbmax mixer 16 line အမှန် အသံထွက် အကောင်းဆုံး
Crossover low တစ်ခု
Mid high crossover တစ်ခု
TRX 4000 တစ်ခု
Vertex 4.8 4 channel တစ်ခု
ca 20 sae အမှန် တစ်ခု

suprise give away - case ပုံး ကြိုး box Stand mice stand

sound check Bago Ko Pyae page ထဲတွင် ဝင်ကြည့်နိုင်ပါသည်။

https://www.facebook.com/profile.php?id=61555849430199&mibextid=ZbWKwL

ဖုန်း- 09775182184 ပဲခူးမြို့ ။

ရွဲကုန်သည် နှစ်ဦး==============       လွန်လေပြီးသောအခါ စိတ်ထားကောင်းသောရွဲကုန်သည်နှင့် စိတ်ထားမကောင်းသောရွဲကုန်သည်တို့သည...
06/09/2025

ရွဲကုန်သည် နှစ်ဦး
==============

လွန်လေပြီးသောအခါ စိတ်ထားကောင်းသောရွဲကုန်သည်နှင့် စိတ်ထားမကောင်းသောရွဲကုန်သည်တို့သည် မြစ်တစ်ခုကို အတူတကွကူး၍ မြို့တစ်မြို့၌ ရွဲရောင်းကြရာ စိတ်ထားမကောင်းသောရွဲကုန်သည်က ရှေ့က သွား၍ ရောင်းနှင့်၏။

ထိုမြို့၌ ဆင်းရဲသွားသော သူဌေးအမျိုးအနွယ် မြေးအဘွားနှစ်ယောက်တို့သည် ချို့တဲ့စွာ စားသောက်နေထိုင်ကြရ၏။ သူဌေးကြီးလက်ထက်က ရွှေခွက်ကြီးတစ်ခုသည် အိုးကြိုအိုးကြားထား၍ အသုံးအစွဲမရှိ ကြာမြင့်သည်နှင့် အညှိအကြေးတက်လျက်ရှိ၏။ ထို့ကြောင့် မြေးအဘွားနှစ်ယောက်သည် ရွှေခွက်ဖြစ်ကြောင်း မသိကြလေ။

အဆိုပါ စိတ်ထားမကောင်းသောရွဲကုန်သည်သည် ထိုအိမ်ရှေ့သို့ရောက်လာ၍ “ရွဲဝယ်ကြကုန်” ဟု ဟစ်လျှင် သူငယ်မသည် ရွဲအလိုရှိသည်ဖြစ်၍ အဘွားအား ပူဆာလေသော် အဘွားသည် ရွဲကုန်သည်ကို ခေါ်၍ “အမောင် ဤခွက်သည် အဖိုးများစွာ ထိုက်တန်မည် မဟုတ်။ သို့ရာတွင် ဤခွက်ကိုယူ၍ မောင့်နှမအား အသင်ပေးလိုသမျှ ရွဲတစ်စုံတစ်ရာကို ပေးပါလော့” ဟု ဆိုလေ၏။

စိတ်ထားမကောင်းသောရွဲကုန်သည်လည်း ခွက်ကိုပွတ်တိုက်ကုတ်ခြစ်ကြည့်သော် ရွှေခွက်ဖြစ်ကြောင်း သိလေလျှင် ဤရွှေခွက်ကို အဖိုးတစ်စုံတစ်ရာမပေးဘဲ ရအောင်ယူမည်ဟု သဘောယုတ်ဖြင့် ကြံလျက် “အသင်တို့၏ခွက်သည် တစ်စုံတစ်ရာ အဖိုးမထိုက်၊ ငါ အလိုမရှိ” ဟုဆို၍ မြေ၌ ပစ်ချပြီးလျှင် ထ၍ သွားလေ၏။

မကြာမီပင် စိတ်ထားကောင်းသောရွဲကုန်သည်ရောက်လာပြန်၍ အထက်နည်းအတိုင်းပြသော် ရွှေခွက်ဖြစ်ကြောင်းသိသည်နှင့် “အမိ၊ ဤခွက်သည် ရွှေခွက်တည်း။ အဖိုးတစ်သိန်းထိုက်၏။ အဖိုးတစ်သိန်းထိုက်သောဥစ္စာ ငါ့လက်၌ မရှိ” ဟု ရိုးသားဖြောင့်မတ်စွာ ပြောကြားလေ၏။

အဘွားလည်း “အမောင် ရှေးဦးစွာလာသော ရွဲကုန်သည်သည် ဤရွှေခွက်ကို ပဲဝက်မျှ အဖိုးမထိုက်ဆို၍ မြေတွင် ပစ်ချခဲ့ပါသည်။ ယခု သင့်စကားကြောင့် ရွှေခွက်မှန်း သိရပြီ။ အဖိုးတစ်သိန်း ထိုက်တန်သည်ဖြစ်စေ သင်ကဲ့သို့ ရိုးသားဖြောင့်မှန်သူအား ရွှေခွက်ကို ပေးပါအံ့။ ငါ့မြေးငယ်ဝတ်ဆင်ရန် ရွဲတစ်စုံတစ်ရာ ပေးခဲ့ပါတော့” ဟု ဆိုလေသည်။

စိတ်ထားကောင်းသောရွဲကုန်သည်သည် ရွှေခွက်ကိုယူ၍ ယခင်က ရောင်းရပြီးသော အသပြာငါးရာကိုလည်းကောင်း၊ အသပြာငါးရာတန်သော ရွဲတို့ကိုလည်းကောင်း ပေးပြီးမှ “ငါ့အား ဤချိန်ခွင်၊ အိတ်နှင့် လမ်းစရိတ် ရှစ်အသပြာကိုသာ ပေးပါတော့” ဟု တောင်းယူသွားလေ၏။ မြစ်ကိုရောက်သော် ကူးတို့ခ ရှစ်အသပြာပေး၍ လှေဖြင့် ကူးလေ၏။

စိတ်ထားမကောင်းသောရွဲကုန်သည်လည်း မြေးအဘွားအိမ်သို့ တစ်ဖန်ပြန်လာခဲ့၍ “သင်တို့ ခွက်ကိုယူခဲ့လော့။ ငါ တစ်စုံတစ်ရာပေးအံ့" ဟုဆို၏။

သူငယ်မလည်း ထိုသူအား “သင်သည် ငါတို့၏ တစ်သိန်းထိုက်တန်သောရွှေခွက်ကို ပဲဝက်မျှ မတန်ဟု အရှက်အကြောက်မရှိ ဆိုဘိ၏။ ယခုပင်လျှင် စိတ်ထားကောင်းသောရွဲကုန်သည် လာရောက်ပြီး အဖိုးတစ်ထောင်ပေး၍ ယူသွားလေပြီ။ သင်ယခု ငါ၏အိမ်မှ ထွက်သွားလေ”ဟု မောင်းနှင်၍ လွှတ်လိုက်လေ၏။

စိတ်ထားမကောင်းသောရွဲကုန်သည်လည်း အဖိုးတစ်သိန်းထိုက်တန်သောရွှေခွက်ကို ဆုံးရှုံးလေပြီဟု ကြီးစွာသော တုန်လှုပ်ချောက်ချားခြင်းဖြင့် မိမိကိုယ်ကို ဆောက်တည်ခြင်းငှာ မတတ်နိုင်ရကား မိမိတွင်ရှိသော အသပြာ၊ ကုန်၊ အဝတ်အစားတို့ကို အိမ်ဝ၌ ကြဲဖြန့် စွန့်ပစ်ပြီးလျှင် ချိန်ခွင်ရိုးကိုင်ကာ စိတ်ထားကောင်းသောရွဲကုန်သည်ကို သတ်ရန် လိုက်လေ၏။

ကမ်းနားသို့ ရောက်သော် စိတ်ထားကောင်းသောရွဲကုန်သည်မှာ မြစ်လယ်သို့ ရောက်နှင့်နေလေပြီ။ စိတ်ထားမကောင်းသော ရွဲကုန်သည်သည် ကူးတို့ကို အော်ဟစ်ခေါ်သော်လည်း ပြန်လှည့်မလာသည်နှင့် ရွှေခွက်ရသွားသောရွဲကုန်သည်ကို ကြည့်ရှုလျက် ကြီးစွာသောစိုးရိမ်ခြင်းဖြစ်၍ နှလုံးပူခြင်း၊ သွေးအန်ခြင်းတို့ဖြစ်ကာ နောက်ဆုံး၌ နှလုံးကွဲ၍ ထိုမြစ်ကမ်း၌ပင် သေရလေတော့သည်။

စိတ်ထားကောင်းသောရွဲကုန်သည်မှာ ရိုးသားခြင်း၏ရလဒ်အဖြစ် ရွှေခွက်ကို ရရှိခဲ့သည်။ မြေးအဘွားနှစ်ယောက်တို့လည်း ဆင်းဆင်းရဲရဲဘဝမှ ငွေကြေးပြည့်စုံသောဘဝသို့ ပြန်လည်ရောက်ရှိခဲ့လေသတည်း။


#ရွဲကုန်သည်
#ပုံပြင်
#ပုံပြင်မှတ်စု

Address

Bago

Telephone

+959775182184

Website

Alerts

Be the first to know and let us send you an email when Bago Ko Pyae posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Bago Ko Pyae:

Share