Floral Universe

Floral Universe

အချစ်( ၁ )မင်းမရောက်ခင်ကဆိုဆောင်းဦးပေါက်တိုင်းသည် နောက်ကျတတ်၏ငါ့ရင်ထဲမှာလည်းနွေမကုန်သေးချေ ။မင်းမရောက်ခင်ကဆိုစမ်းချောင်း...
19/03/2026

အချစ်

( ၁ )
မင်းမရောက်ခင်ကဆို
ဆောင်းဦးပေါက်တိုင်းသည် နောက်ကျတတ်၏
ငါ့ရင်ထဲမှာလည်း
နွေမကုန်သေးချေ ။

မင်းမရောက်ခင်ကဆို
စမ်းချောင်းတို့သည် ရေနည်းသေး၏
ငါ့ရင်ထဲမှာလည်း
မျက်ရည်တွင်းကို မတူးရသေးချေ ။

မင်းမရောက်ခင်ကဆို
ပျားပိတုန်းတို့ ပန်းမခပ်ကြသေး
ငါ့ရင်ထဲမှာလည်း
မြတ်နိုးခြင်းကို မစုဆောင်းရသေးချေ ။

မင်းမရောက်ခင်ကဆို
လေညှင်းတို့ စောင်းကြိုးမပြင်သေး
ငါ့ရင်ထဲမှာလည်း
အိပ်မက်တို့ တေးမသီသေးချေ ။

မင်းမရောက်ခင်ကဆို
မင်းကို ငါ မမြင်ဖူးသေး
အချစ်နဲ့ သောကကိုလည်း
မမြင်ဖူးသေးချေ။

( ၂ )
မင်းရောက်လာမှ
ပန်းရောင်စုံတို့ အိပ်ရာက နိုးကုန်သည်
သစ်သီးတို့လည်း ချိုတော့သည်။

မင်းရောက်လာမှ
ကြင်နာခြင်း လိမ်းကျံ ထားသော
သောကလက်ကို ငှား၍
ငါ့အချစ်တံခါးကို
ခေါက်မည့်သူလည်း ပေါ်တော့သည်။

( ၃ )
မင်းကို မြေမှာမြုပ်ထား ပတ္တမြားဖြစ်၏
မီးနဲ့ရောမွှေ ရွှေဖြစ်၏

မင်းကို
ရေမှာမျှောလျှင် ပန်းပင်လယ်ဖြစ်၏
လေထဲ လွှင့်ပစ် ချစ်ရနံ့ဖြစ်၏

မင်းကို
ထက်ခြမ်းခွဲချ နေလဖြစ်၏
ကောင်းကင်မှာဖြန့် သက်တန့်ဖြစ်၏

မင်းကို
ငါ့ခေါင်းထဲနှစ် အိပ်မက်ဖြစ်၏
ငါ့လည်မှာဆွဲ ငါ့ရင်ထဲမှ အသဲဖြစ်၏

( ၄ )
မင်းစွန့်သွားလျှင်
နေဝင်ချိန်လည်း မကြည့်ရဲဘဲ နေလိမ့်မည်
မိုးနဲ့မြေလည်း နေရာလွဲလျက်
အိုးထိန်းစက်ပမာ လည်လိမ့်မည် ။

မင်းစွန့်သွားလျှင်
ကြည့်မြင်လေရာ မင်းမျက်နှာချည်း ထင်လိမ့်မည်
သစ်ရွက်တို့လည်း ပိုလို့ပဲ စိမ်းလိမ့်မည်

မင်းစွန့်သွားလျှင်
အိပ်မက်ပင်လည်း မပွင့်သီးဘဲ နေလိမ့်မည်
ငါ့နှုတ်ခမ်းလည်း အလုပ်လက်မဲ့ဖြစ်လိမ့်မည်။

မင်းစွန့်သွားလျှင်
ခုံတန်းလျားဖြူ ထိုင်သူမရှိ ဖြစ်လိမ့်မည်
မျက်ရည်ကန်လည်း နွေမဟုတ်ဘဲ ခမ်းလိမ့်မည်

မင်းစွန့်သွားလျှင်
ပန်ဆင်သူဝေး ပန်းကလေးများ ငိုလိမ့်မည်
သောကတစ္ဆေ
ကိုယ်ယောင်ပြပြီး ပျောက်လိမ့်မည် ။

- သစ္စာနီ

page မှာ တင်ထားတဲ့ ဖုန်းနံပါတ်ထဲက ဒုတိယတစ်ခုဖြစ်တဲ့  09752847470 ဆိုတဲ့ SIM Card ကို admin ပြည်ပထွက်လာကတည်းက မသုံးတော့တာ...
26/01/2026

page မှာ တင်ထားတဲ့ ဖုန်းနံပါတ်ထဲက ဒုတိယတစ်ခုဖြစ်တဲ့ 09752847470 ဆိုတဲ့ SIM Card ကို admin ပြည်ပထွက်လာကတည်းက မသုံးတော့တာ ကြာပါပြီရှင့်။ သူငယ်ချင်းက telegram မှာ တခြားသူပုံနဲ့ တက်လာတယ်ပြောလို့ ဆက်သွယ်ကြည့်မှ သူများက ယူသုံးထားတာ ဖြစ်နေပါတယ်။ Valentine's Day ကာလမှာ page နာမည်သုံးပြီး လိမ်လည်တာမျိုးဖြစ်မှာစိုးလို့ ထိုနံပါတ်သို့ ငွေမလွှဲကြဖို့ နဲ့ ကိစ္စအရှုပ်အရှင်းရှိပါက တာဝန်မယူဘူးဆိုတဲ့အကြောင်း အသိပေးတာပါရှင့်။ နာမည်ပေါက် SIM Card မလို့ operator ကို ဆက်သွယ်ပြီး card ပိတ်ဖို့တော့ ကြိုးစားနေပါတယ်ရှင့်။

မင်းက ချစ်ဖို့ကောင်းတယ်ဘယ်လောက်ထိလဲဆိုငါ့မှာ တစ်ယောက်တည်း ပြုံးနေရတဲ့ထိမင်းက ချစ်ဖို့ကောင်းတယ်။ငါ့အဖြစ်က တစ်ယောက်တည်း ပြ...
23/11/2025

မင်းက ချစ်ဖို့ကောင်းတယ်
ဘယ်လောက်ထိလဲဆို
ငါ့မှာ တစ်ယောက်တည်း ပြုံးနေရတဲ့ထိ
မင်းက ချစ်ဖို့ကောင်းတယ်။

ငါ့အဖြစ်က
တစ်ယောက်တည်း ပြုံး
ခိုးခိုးပြီး ချစ်

မင်းရဲ့ အပြိုင်းအရိုင်း အဝါရောင်တွေ
ငါ့ရင် လာလာစိုက်နေတာများ
ဘယ်လိုစိတ်နဲ့မှ ဆွဲနုတ်မပစ်ရက်ပါ။

ယောက်ျားတစ်ယောက်ကို
ပန်းတစ်ပွင့်အဖြစ် ငါ နှိုင်းမယ်ကွယ်
မင်းက ငါ့ရဲ့ နေကြာရိုင်းလေးပဲ။

မြကျေး

🎶ရှေ့နှစ်ဆယ့်ငါးနှစ်မှာ မတွေ့ဖူးသေးတဲ့မင်းနဲ့လမ်းတွေ့ နှုတ်ဆက်မယ် ဘာဟင်းနဲ့စားခဲ့လဲလမ်းလျှောက်ထွက်ကြမယ် ပိတောက်ပန်းကြွေတ...
10/04/2025

🎶ရှေ့နှစ်ဆယ့်ငါးနှစ်မှာ မတွေ့ဖူးသေးတဲ့မင်းနဲ့
လမ်းတွေ့ နှုတ်ဆက်မယ် ဘာဟင်းနဲ့စားခဲ့လဲ
လမ်းလျှောက်ထွက်ကြမယ် ပိတောက်ပန်းကြွေတဲ့လမ်းထဲ🎶

၂၅ - square lake pirates

🍂🍃
03/02/2025

🍂🍃

🎶Wishing on dandelions all of the timePraying to God that one day you'll be mine🎶ပန်းလေးတွေအကြောင်း မတင်ပေးဖြစ်တာ ကြာသွာ...
03/02/2025

🎶Wishing on dandelions all of the time
Praying to God that one day you'll be mine🎶

ပန်းလေးတွေအကြောင်း မတင်ပေးဖြစ်တာ ကြာသွားပြီနော် 🥰 dandelion ပန်းလေးတွေကိုတော့ ရင်းနှီးတဲ့သူ များမယ် ထင်ပါတယ် 🌼

ဒဏ္ဍာရီတွေအရ dandelion စေ့ အဖြူလေးတွေက ကိုယ့်ရဲ့ဆန္ဒတွေကို ကောင်းကင်ဘုံဆီ သယ်ဆောင်သွားပေးတယ်တဲ့။ ဒါကြောင့် လိုချင်တဲ့ဆုကို တောင်းပြီး dandelion စေ့လေးတွေကို လေနဲ့ မှုတ်ထုတ်လိုက်ရင် ဆုတောင်းပြည့်တယ်လို့ အယူရှိကြတယ် 🌼

dandelion လေးတွေက hope, strength နဲ့ resilience တွေကို ကိုယ်စားပြုတဲ့ ပန်းကလေးတွေပါ 🌼

ဒီပုံလေးတွေကတော့ admin ခရီးသွားရင်း dandelion လေးတွေနဲ့ အပြင်မှာဆုံလို့ ဝမ်းသာအားရ ဓာတ်ပုံရိုက်ယူလာခဲ့တဲ့ ပုံလေးတွေပါရှင် 🤭🌼

အဆုံးထိ အချိန်ပေးပြီး ဖတ်ပေးလို့ ကျေးဇူးပါ 😚 love you ❣️

သတိရခြင်းဟာ နေ့စဉ် ပန်းလိုပွင့်ပါတယ် တစ်နေ့တာ အထိအခိုက် နည်းပါစေ -မြကျေး
15/12/2024

သတိရခြင်းဟာ
နေ့စဉ် ပန်းလိုပွင့်ပါတယ်
တစ်နေ့တာ အထိအခိုက် နည်းပါစေ

-မြကျေး

If healing is a colour, it must be blue 🩵
07/11/2024

If healing is a colour, it must be blue 🩵

03/11/2024

" ခင်ဗျားမှာ ခင်ဗျား ပင်လယ် ရှိနိုင်တယ်။ အားလုံးဟာ ကိုယ့်ပင်လယ်နဲ့ကိုယ် ကူးခတ်နေသူတွေချည်းပဲ။ ကျွန်တော်တို့ကတော့ ဒီမှန်ပုံးကို ပင်လယ်လို့ သတ်မှတ်တယ် "

တာရာမင်းဝေ - ကျွန်တော်နှင့်အရုပ်မြို့တော်မှ

She said she loves sunflowers 🌻
31/10/2024

She said she loves sunflowers 🌻

Hello 😽admin နေရာသစ်မှာ အခြေကျအောင် ကြိုးစားနေရလို့ တစ်လကျော်လောက် page လေးကို ပစ်ထားမိသွားသလို ဖြစ်သွားတယ် ❣️message လေ...
07/10/2024

Hello 😽
admin နေရာသစ်မှာ အခြေကျအောင် ကြိုးစားနေရလို့ တစ်လကျော်လောက် page လေးကို ပစ်ထားမိသွားသလို ဖြစ်သွားတယ် ❣️

message လေးတွေ အချိန်မီ reply မပြန်ပေးနိုင်တာကိုလည်း အားနာပါတယ် ❣️

floral service မလုပ်ဖြစ်တော့ရင်တောင် monetisation ရနေလို့ ပန်းစည်းနည်း tutorial လေးတွေတင်ပြီး ပိုက်ပိုက်ရအောင် ကြိုးစားကြည့်မယ် တွေးထားတာ
ရောက်နေတဲ့နေရာက ပန်း အလွယ်တကူ ဝယ်လို့မရတဲ့ ဒေသ ဖြစ်နေတယ် သဲလေးတို့ရယ် 😿

ဆိုတော့ page လေး active ဖြစ်အောင် ပန်းအကြောင်းမဟုတ်ဘဲ တခြားအရာတွေ တင်ရင်လည်း အပြစ်မမြင်ဘဲ သည်းခံ ကြည့်ပေးကြပါဦးနော် 😽 love you

Address

Jalan Movieland Blok A2-26
Cikarang 3

Alerts

Be the first to know and let us send you an email when Floral Universe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Floral Universe:

Share

Category