Weddings By Winnie

Weddings By Winnie Wedding and events planning advice blog by Winnie B

Who wouldn't want this for Valentine's Day 😍
16/01/2022

Who wouldn't want this for Valentine's Day 😍

Pastel Wedding Theme Inspiration unicode version ~~>> မင်္ဂလာမောင်နှံ များ နှင့် တကွ အားလုံးပဲ မင်္ဂလာပါရှင် 😊ဒီတခါ ပြော...
29/01/2020

Pastel Wedding Theme Inspiration

unicode version ~~>> မင်္ဂလာမောင်နှံ များ နှင့် တကွ အားလုံးပဲ မင်္ဂလာပါရှင် 😊

ဒီတခါ ပြောပြချင်တာလေးကတော့ Pastel color theme မင်္ဂလာဆောင်လေးတွေ အကြောင်းပဲ ဖြစ်ပါတယ်။ ဝင်နီ လေ့လာမိသလောက်မှာ အနောက်တိုင်းမင်္ဂလာဆောင်တော်တော်များများ ဟာ အထူးပြုအရောင် (theme colors) ကို 2 ရောင် ပဲရွေးချယ်ကျတာ များပါတယ် ဒါပေမယ့် ခုတခါပြောပြမယ့် Pastel theme မှာတော့ အရောင် နု 3 ရောင် 4 ရောင်လောက် သုံးတာကို တွေ့ရတတ်ပါတယ်။ Pastel colors လေးတွေက ပင်ကိုအားဖြင့် စိတ်ကူးယဉ်ဆန်တယ်၊ ကြော့ရှင်း ဂုဏ်သိက္ခာရှိတယ်လို့ ညွန်းဆိုချင်လောက်အောင် အမြင် မှာရည်မွန်အေးချမ်းတယ်၊ ချစ်ခြင်းမေတ္တာရဲ့နူးညံ့ သိမ်မွေ့ ခြင်းကို ဖော်ကျူးတဲ့ အရောင်လေးတွေ ဖြစ်ပါတယ်။ Pastel theme ကို ရွေးချယ်သူတွေကတော့ အဓိက နှစ်ရောင်သို ့မဟုတ် သုံးရောင် ကိုရွေးချယ်ပြီး အဖြူ၊ဆင်ဆွယ်၊မီးခိုးနု စတဲ့ တဖက်သတ်မဆန်တဲ့သဘာဝ အရောင် လေးတွေ နဲ ့ တွဲဖက်ပြီး သိမ်မွေ့နူးညံ့စွာ ခေတ်ဆန်သော ဒီဇိုင်းလေးတွေ ဖန်တီးပြီးတော့ မင်္ဂလာပွဲလေးတွေ ကို အလှဆင်ကြပါတယ်။
ဘယ်လို အယူဆတွေကြောင့် Pastel အရောင်လေးတွေကို ရွေးချယ်တတ်ကြလဲ?
>> အိမ်မက်ဆန် တဲ့ ဒီ အရောင်နုနုလွင်လွင်လေးတွေက တခါတလေ ငယ်ဘဝ ကိုပြန်ရောက်သလို ခံစားမှု မျိုးကိုလည်း ပေးတတ်ပြန်ပါတယ်၊ ငယ်ဘဝ မှာ သကြားလုံးလေးတွေ ၊ နတ်မြင်းပျံလေးတွေ ဘာဘီ အရုပ်မ လေးတွေ ကို ချစ်မြတ်နိုးရူးသွပ်ခဲ့ဖူးတဲ့ သတို့သမီး လောင်းလေးတွေက ဒီလို အရောင်မျိုးလေးတွေ ကို ရွေးချယ်တာ ပိုတွေ့ရတတ်ပါတယ်။
>> အမြင်အေးစေတဲ့ ဒီအရောင်နုနုလေးတွေက ပေးတတ်တဲ့ နောက်ထပ် ခံစားမှုတမျိုးကတော့ သောက နဲ့ ကင်းဝေးပြီး စိတ်တည်ငြိမ်မှု ဖြစ်တဲ့အတွက် မင်္ဂလာမောင်နှံနဲ့ တကွ ဧည် ့သည်တွေ အတွက်နေ ့ဒဓူဝဖြစ်စဉ်တွေကနေ ခဏတာ လွတ်မြှောက်စေချင်တဲ ့ ဆန္ဒနဲ ့လည်း အသုံးပြုတတ်ကြပါတယ်။
>>အေးဆေးတည်ငြိမ်မှုရှိတဲ့ ဒီလို အရောင်နုလေးတွေ ဟာဆိုရင် တခြား theme တွေနဲ ့ တွဲဖက်ဖန်တီးရတာ လည်း လွယ်ကူမှုရှိလှပါတယ်။ ကမ်းခြေ ဒီဇိုင်း လေးနဲ ့လည်း လိုက်ဖက်မှုရှိသလို အိမ်မက်ဆန်တဲ့တောအုပ်လေး တို့ ဒဏ္ဏာရီ ဆန်တဲ့တော်ဝင်ပုံစံ မင်္ဂလာပွဲ ကနေ စလို ့ကျေးလက်တောရွာဆန်တဲ့ ပကာသန မပါတဲ့ rustic theme မင်္ဂလာပွဲ တွေ အထိ ချယ်မှုန်းဖန်တီးလို့ကောင်းတဲ ့ အရောင်လေးတွေ ဖြစ်တဲ ့အတွက် ရွေးချယ်ကြတာလည်းဖြစ်ပါတယ်။

မင်္ဂလာပွဲရဲ့ ဘယ်နေရာတွေ မှာ ထည့်သွင်းအသုံးပြုလေ့ ရှိလဲ?
✉️ ဖိတ်စာ
👗သတို့သမီးအရံ ဝတ်စုံ
👔 သတို့သား နှင့် အရံများ ဝတ်စုံ +ties
🌷သတို့သား ရင်ကပ်ပန်း၊ သတို့သမီး/အရံ ပန်းစည်း၊ table centrepiece၊ ထိုင်ခုံ အလှဆင်ပန်း
🎂🍬 မင်္ဂလာ ကိတ်မုန့်နှင့် sweet table မှအချိုပွဲ နှင့်မုန့်မျိုးစုံ
💕💞 စားပွဲခင်း မှ အစ အဝင်ပန်းခုံး၊ chair sashes အပါဝင် နောက်ခံ ခန်းစီး နှင့် decoration အမျိုးမျိုး

Zawgyi Version

vမင်္ဂလာမောင်နှံ များ နှင့် တကွ အားလုံးပဲ မင်္ဂလာပါရှင် 😊


✉️ ဖိတ်စာ
👗သတို့သမီးအရံ ဝတ်စုံ

Photo sourced and credits : Pinterest and their rightful owners
Inspiration board design by : Winnie

Last minutes Christmas centerpiece 🥰
24/12/2019

Last minutes Christmas centerpiece 🥰

မြင်တာနဲ့ ကြွေ သွားမိ တဲ့  wedding bouquet Photo credit to : Weddingfoward (Pinterest )
23/10/2019

မြင်တာနဲ့ ကြွေ သွားမိ တဲ့  wedding bouquet

Photo credit to : Weddingfoward (Pinterest )

Parramatta (Sydney, Australia) Wedding expo ကို ဒီနေ့  ရောက် သွားတော့  ရိုက်ဖြစ် ခဲ့  သမျှ ပြန် share ပေးလိုက်ပါတယ်နော်။...
14/04/2019

Parramatta (Sydney, Australia) Wedding expo ကို ဒီနေ့  ရောက် သွားတော့  ရိုက်ဖြစ် ခဲ့  သမျှ ပြန် share ပေးလိုက်ပါတယ်နော်။
ဒီမှာတော့  wedding expo ဆို ကိုယ့်  ဆိုင်ခန်းခ ကိုယ်ပေးပြီး လာဖွင့်  ကြတာဆိုတော့  မင်္ဂလာဆောင်မယ့်  စုံတွဲ တွေ အတွက်ရွေးချယ်စရာ များစွာနဲ့  တော်တော် စည်ကားပါတယ်။
ဝင်ကြေး က လည်း Free ဆိုတော့  လာကြတဲ့  မင်္ဂလာစုံတွဲတွေ လည်း များ တယ် လုပ်ငန်း ဆိုင်ခန်းတွေက လည်း ၁၆၀ ကျော် တောင် ရှိတော့  ကိုယ့်  မင်္ဂလာဆောင် အတွက် လိုအပ်သမျှ ကို တနေရာတည်းမှာ စုံစမ်း မေးမြန်းလို့ ရတော့  အတိုင်းထက် အလွန် အဆင်ပြေတဲ့  ကုန်စည်ပြပွဲ တခု လို့  ဆိုလို ရပါတယ်။
မင်္ဂလာ အလှစီးကား 🚘 မှ အစ ၊ ဖိတ်စာ 💌၊ မင်္ဂလာဝတ်စုံ 👗၊ အခမ်းနားပြင်ဆင် သူများ👫👭၊ မိတ်ကပ် ဆံပင် ပညာရှင်တွေ💄💆🏻‍♀️💇🏻‍♀️💇🏻‍♂️၊ skincare,spa and cosmetics 💄💋👄💅🏻👠လုပ်ငန်းများ၊ ဓါတ်ပုံ ဗီဒီယို လုပ်ငန်း📷🎥၊ မင်္ဂလာ ပြန်ကမ်း🎁၊ အချိုပွဲ နှင့် ကိတ်မုန့် 🍮🍨🎂 ၊ သရဖူ လက်ဝတ်ရတနာ 💍👑📿၊ ပန်းအလှဆင်💐🌺🌹၊ photobooth📹🎞၊ mobile cocktail bar🍹🍷🍾 ၊ ခရီးသွားလုပ်ငန်း✈️🛳 တွေ အပြင် အိမ်🏘ဝယ် မယ့်  စုံတွဲ တွေ အတွက် ဘဏ်ချေးငွေ ပွဲစားများ ပါ ခင်းကျင်းပြသ သော လုပ်ငန်းတွေ ထဲ ပါဝင်တဲ့  အတွက် ကိုယ့် ရဲ့  မင်္ဂလာဆောင် တင်မက ဟန်းနီးမွန်း နဲ့  ဘဝ ရှေ့ ရေးပါ တိုင်ပင်ဆွေးနွေး လို့ ရပါတယ်။
P.S စိတ်ဝင်စားစရာ expo တခု ဖြစ်တဲ့  အတွက် ဗဟုသုတ အနေနဲ့  ဝေမျှပါတယ် share သွားနိုင်ပါတယ် ရှင့်  သို့ ပေမယ့်  ပြန်လည် ကူးယူခြင်း မပြုကြဖို့  မေတ္တာရပ်ခံပါတယ်နော်။

14/04/2019


2019 မှာ ခေတ်အစားဆုံး မင်္ဂလာဆောင် theme တခု ဖြစ်လာမယ်လို့  wedding experts တွေ ခန့် မှန်းထားတဲ့  Garden Theme အတွက် inspi...
19/02/2019

2019 မှာ ခေတ်အစားဆုံး မင်္ဂလာဆောင် theme တခု ဖြစ်လာမယ်လို့  wedding experts တွေ ခန့် မှန်းထားတဲ့  Garden Theme အတွက် inspiration board လေး လုပ်ပေးထားပါတယ်။
ယနေ့ ခေတ်ကြီးမှာ ကမ္ဘာနဲ့ အနှံ့ လေထု ၊ရေထု ညစ်ညမ်းမှု ၊ သစ်တော ပြုန်းတီမှု ၊ မိုးလေဝါသ ဖောက်လွှဲ ဖောက်ပြန်မှုတွေ နဲ့  ကြုံတွေ နေကြရပါတယ်။
ဒီ garden and green မင်္ဂလာဆောင် theme လေးကို တော့  သဘာဝ အလှ လေးတွေ ကို ချစ်တတ် တန်ဖိုးထားတတ်တဲ့  မင်္ဂလာမောင်နှံလေးတွေက ကြွရောက်လာမယ့်  မိတ်ဆွေ သင်္ဂဟ များရဲ့ ရင်ထဲ ကို သဘာဝ အလှ လက်ဆောင် လေးတွေ ထည့် ပေးဖို့  ရည်ရွယ်ပြီး အလှဆင် အသုံးပြုကြတာ ဖြစ်ပါတယ်။
Photo sourced and credits : Pinterest and their rightful owners
Inspiration board design by : Winnie

ရိုးရှင်းတဲ့  ဖန်တီးမှု ၊ ဆန်းသစ်တဲ့  ဒီဇိုင်း ၊ သေသပ်ကျွမ်းကျင်သော လုပ်အား နဲ့  ဖြူစင်ပြည့် ဝ တဲ့ စေတနာ တို့ ဖြင့် သာ ဝန...
11/12/2018

ရိုးရှင်းတဲ့  ဖန်တီးမှု ၊ ဆန်းသစ်တဲ့  ဒီဇိုင်း ၊ သေသပ်ကျွမ်းကျင်သော လုပ်အား နဲ့  ဖြူစင်ပြည့် ဝ တဲ့ စေတနာ တို့ ဖြင့် သာ ဝန်ဆောင်မှု ပေးတဲ့  Faithfully Yours 😍😍😘😘

Address

Sydney, NSW
2147

Alerts

Be the first to know and let us send you an email when Weddings By Winnie posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Weddings By Winnie:

Share