The Nikkāh Project

The Nikkāh Project A shariah-compliant Matrimonial platform and insights into Islamic marriage wisdom.

Missions

- မြန်မာမွတ်စ်လင်မ်လူငယ်များ၊ မိဘများနှင့် လူကြီးသူမများအား အစ္စလာမ့်တရားတော်နှင့်အညီလက်ထပ်ထိမ်းမြားခြင်း၏ အရေးကြီးပုံကို ပိုမိုသိရှိလာစေရန် အသိပညာမျှဝေခြင်း။

- မြန်မာမွတ်စ်လင်မ်လူငယ်များကြားတွင် Halal Relationship ပိုမိုအားကောင်းလာစေရန်နှင့် Haram Relationship များ လျော့နည်းသွားစေရန် အသိပညာဖြန့်ဝေခြင်း။

- To empower and educate Myanmar Muslim youth, parents, and elders worldwide about

the significance of Islamic marriage.

- To spread the knowledge to strengthen Halal Relationships and decrease Haram Relationships among Burmese Muslim youth. Visions

- အစ္စလာမ့်တရားတော်နှင့်အညီလက်ထပ်ထိမ်းမြားခြင်း၏ သဘောသဘာဝကို ပိုမိုနားလည်သဘောပေါက်လာနိုင်စေရန် အထောက်အပံ့ပေးနိုင်သည့် ပလက်ဖောင်းတစ်ခုဖြစ်ပေါ်လာစေခြင်း။

- အစ္စလာမ့်တရားတော်နှင့်အညီ အိမ်ထောင်ဖက်ရှာဖွေရာတွင် မိဘများနှင့် လူကြီးသူမများ၏ အားပေးထောက်ခံမှုနှင့်တကွ မြန်မာမွတ်စ်လင်မ်လူငယ်များ ခိုင်လုံသည့်ဆုံးဖြတ်ချက်ကောင်းများ ပြုလုပ်နိုင်ရန် ခွန်အား‌‌‌ပေးခြင်း။

- အစ္စလာမ့်တရားတော်နှင့်အညီ ကမ္ဘာတစ်ဝန်းလုံးရှိ မြန်မာမွတ်စ်လင်မ်များ အိမ်ထောင်ဖက်ရှာဖွေရာတွင် ပါဝင်ကူညီအားဖြည့်ပြီး အသိပညာမျှဝေမှု၊ ဆွေးနွေးမှုစကားဝိုင်းများမှတစ်ဆင့် မြန်မာမွတ်စ်လင်မ်အချင်းချင်း ရင်းနှီးချစ်ခင်အားကိုးစားမှု ပိုမိုခိုင်မာလာစေရန် ရည်ရွယ်ခြင်း။

- Our vision is to create a global platform of knowledge and guidance for Myanmar Muslims of all ages, fostering a culture where the importance of Islamic marriage is widely understood and embraced.

- We envision a community where youth are empowered with the wisdom and tools needed to make informed decisions about marriage, supported by the guidance and encouragement of their parents and elders.

- Through the power of education and open dialogue, we aspire to strengthen the foundations of Islamic marriages, thereby contributing to the overall well-being and harmony of the Myanmar Muslims.

27/09/2025

ကိုယ့်မှာ Crush တစ်ယောက်ရှိနေပြီဆိုရင် ဘယ်လိုဆက်လုပ်ကြမလဲ။

🔹အိမ်ထောင်မပြုခင် မေးသင့်တဲ့ မေးခွန်း (၁၂) ချက်🔹🌙 အိမ်ထောင်ပြုမယ့်သူကို တွေ့ဆုံဖို့၊ စကားပြောဖို့နဲ့ အချိန်ယူဖို့၊ အလျင်...
22/09/2025

🔹အိမ်ထောင်မပြုခင် မေးသင့်တဲ့ မေးခွန်း (၁၂) ချက်🔹

🌙 အိမ်ထောင်ပြုမယ့်သူကို တွေ့ဆုံဖို့၊ စကားပြောဖို့နဲ့ အချိန်ယူဖို့၊ အလျင်စလို မလုပ်ဖို့ အစ္စလာမ်မှာ အကြံပြုထားပါတယ်။

မေးခွန်းတွေ မေးတာ၊ ဆွေးနွေးတာ၊ သေချာလေ့လာ စူးစမ်းတာ တွေလုပ်ပြီးမှ ဆုံးဖြတ်ပါ။ လေ့လာစူးစမ်းတယ်ဆိုတာ ရဲလို စစ်ဆေးတာမျိုး မဟုတ်ပါဘူး။

👓တစ်ယောက်အကြောင်း တစ်ယောက် သိအောင်လုပ်ထားဖို့ လိုပါတယ်။ ရုပ်ရည်၊ အလှအပတွေက နောက်ပိုင်းကိစ္စတွေပါ။ အလှအပဆိုတာ ကြည့်တဲ့သူရဲ့ အမြင်ပေါ် မူတည်ပါတယ်။

လက်ထပ်ပြီးမှ သိရမယ့် ပြဿနာဖြစ်နိုင်တဲ့ အရာတွေကို မင်္ဂလာမဆောင်ခင်မှာပဲ သိအောင်လုပ်ထားပါ။

ကိုယ့်ကိုယ်ကိုယ် ဘယ်သူလဲဆိုတာ သိဖို့ အရေးကြီးပါတယ်။ ကိုယ့်တန်ဖိုးတွေ၊ ဘယ်အရာကို လက်ခံနိုင်လဲ၊ ဘယ်အရာကို လက်မခံနိုင်ဘူးလဲဆိုတာ သိထားပါ။

ကိုယ်တကယ်လိုချင်တဲ့ အရာ (၇) ချက်လောက်ကို "Red Lines" အဖြစ် သတ်မှတ်ထားပါ။ ဥပမာ - ဟီဂျဗ်မဝတ်တဲ့သူဆို လက်မခံနိုင်ဘူးဆိုရင် ဟီဂျဗ်ဝတ်ပြီးသားသူကို ရှာပါ။

💍လူတစ်ယောက်ရဲ့ ပြောင်းလဲမယ်ဆိုတဲ့ ကတိကို သတိထားပါ။ လူတွေက ပြောင်းလဲမယ်လို့ ကတိပေးတတ်ပေမဲ့ တကယ်တမ်းကျတော့ အခြေအနေအကြောင်းကြောင်းတွေပြပြီး မဖြစ်မြောက်တာ ဒါမှမဟုတ် အချစ်တွေ လျော့လာတဲ့အခါ ပြောင်းလဲသွားတာမျိုးတွေ အများကြီး တွေ့ရပါတယ်။ ဒါကြောင့် သင်တကယ်လိုချင်တဲ့ အရည်အသွေးတွေ ရှိပြီးသားသူကို ရှာဖွေတာ အကောင်းဆုံးပါ။

🌱လူငယ်တွေမှာ စိတ်ခံစားချက်တွေက အသိဉာဏ်ကို လွှမ်းမိုးတတ်ပါတယ်။ စိတ်ခံစားမှုတွေက လှည့်စားတတ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အကြာကြီး ရင်းနှီးသွားတဲ့အခါ သံယောဇဉ်တွေက အားကောင်းလာပြီး ကောင်းကောင်း မစဉ်းစားနိုင်တော့ပါဘူး။

🎯အိမ်ထောင်ပြုဖို့ ဆုံးဖြတ်ပြီး ကိုယ့်လက်တွဲဖော်ကို ရွေးချယ်ထားပြီဆိုရင် ဒီအရေးကြီးတဲ့ အချက် (၁၂) ချက်ကို လေ့လာပြီးမှ ဆုံးဖြတ်ပါ။

⛔ဒီအကြောင်းအရာတွေကို မေးခွန်းထုတ်သလိုမျိုး မလုပ်ပါနဲ့။ အချိန်ယူပြီး ပြောဆိုဆွေးနွေးပါ။ ဖြစ်နိုင်ရင် မိဘအိမ်မှာ ဒါမှမဟုတ် မိသားစုတွေ ရှိတဲ့ ပတ်ဝန်းကျင်မှာ တွေ့ဆုံဆွေးနွေးတာ ပိုကောင်းပါတယ်။ အဲဒီမှာ လူတစ်ဦးရဲ့ စစ်မှန်တဲ့ ပုံစံကို ပိုသိနိုင်ပါတယ်။ စကားစမြည်ပြောဖို့ အခက်အခဲ မရှိရအောင် ရာသီဥတုအကြောင်း၊ ဒါမှမဟုတ် ရယ်စရာတွေနဲ့ စကားစကြည့်ပါ။ တစ်ဖက်သားရဲ့ အပြင်
ပန်းကို မြင်မြင်ချင်း ချီးကျူးတာမျိုး ရှောင်ပါ။

1. အိမ်ထောင်ရေးဘဝကို ဘယ်လိုမြင်လဲ❓

◦ အိမ်ထောင်ရေးဆိုတာ ဘာလဲ၊ ခင်ပွန်းနဲ့ ဇနီးကြား ဆက်ဆံရေး ဘယ်လိုရှိသင့်လဲ၊ မိသားစုဘဝကို ဘယ်လိုမြင်လဲဆိုတာ ဆွေးနွေးပါ။ ကိုယ့်အမြင်ကို အရင်စပြောပြီး တစ်ဖက်လူကို ဆက်ပြောစေပါ။

2. အိမ်ထောင်ဖက်ဆီက ဘယ်လိုအရည်အသွေးတွေ လိုချင်လဲ ❓

◦ ကိုယ့်အိမ်ထောင်ဖက်မှာ ဘယ်လိုအရည်အသွေးတွေ မြင်ချင်လဲဆိုတာ ဆွေးနွေးပါ။ ကိုယ်လိုချင်တာကို ပြောပြပြီး သူ့ဘက်ကလည်း ဘာလိုချင်လဲဆိုတာကို နားထောင်ပါ။

3. မိသားစုဆက်ဆံရေးပုံစံနဲ့ ယဉ်ကျေးမှု ❓

◦ ဒါက အရမ်းအရေးကြီးပါတယ်။ အိမ်ထောင်ပြုတယ်ဆိုတာ လူနှစ်ဦးတည်း မဟုတ်ဘဲ မိသားစုတွေ၊ ယဉ်ကျေးမှုတွေ၊ တခါတလေ မျိုးနွယ်စုတွေပါ ပေါင်းစပ်ကြတာပါ။ ယောက္ခမတွေနဲ့ ဘယ်လိုဆက်ဆံရမလဲ၊ မိသားစုထဲက ဆက်ဆံရေးပုံစံ ဘယ်လိုရှိသလဲ၊ မိဘ၊ မောင်နှမတွေနဲ့ ကိုယ့်ဆက်ဆံရေး ဘယ်လိုရှိသလဲဆိုတာ ဆွေးနွေးပါ။ တချို့ယဉ်ကျေးမှုတွေမှာ မင်္ဂလာဆောင်ပြီးရင် အပတ်တိုင်း ယောက်ျားလေးမိဘအိမ်ကို သွားရတာမျိုးတွေ ရှိတယ်။ ဒါတွေက ကြိုတင်ဆွေးနွေးသင့်တဲ့ ကိစ္စတွေပါ။ အိမ်ထောင်ရေးဆိုတာ အပေးအယူ၊ အလျှော့အတင်းလုပ်တာပါ။

4. အတူနေထိုင်ရေး စီစဉ်မှု ❓

◦ ဒီအချက်က မိသားစုဆက်ဆံရေးပုံစံနဲ့ နီးစပ်ပါတယ်။ တချို့ယဉ်ကျေးမှုတွေမှာ သားနဲ့ချွေးမကို မိဘတွေနဲ့ အတူနေဖို့ ဖိအားပေးတတ်ကြတယ်။ ဒါက ဇနီးသည်အတွက် ဖိနှိပ်မှု၊ မတရားမှု ဖြစ်ပါတယ်။ ဒါပေမဲ့ အစ္စလာမ်မှာ ဇနီးသည်ကို ယောက္ခမတွေ ဒါမှမဟုတ် တခြားဘယ်သူနဲ့မှ အတူနေဖို့ ဖိအားပေးတာကို အကြံမပြုပါဘူး။ ဇနီးသည်မှာ သူ့ကိုယ်ပိုင် နေအိမ်၊ ကိုယ်ပိုင်သီးသန့်နေရာ ရှိပိုင်ခွင့်ရှိပါတယ်။ မင်္ဂလာဆောင်ပြီးမှ မိဘအိုကြီးတွေ နာမကျန်းဖြစ်လို့ ပြုစုဖို့ လိုအပ်လာရင်တောင် ဇနီးသည်ကို အတူနေဖို့ မဖြစ်မနေ တောင်းဆိုခွင့် မရှိပါဘူး။ ဒါက သူ့ရဲ့ ဆွဒ်ကဟ် (အလှူသဒ္ဓါတရား) ဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေမှာ ဆွေးနွေးပြီး အတူတူ ဖြေရှင်းကြဖို့၊ အိမ်နီးနားချင်းအနေနဲ့ နေတာ၊ မောင်နှမတွေ အလှည့်ကျ ပြုစုတာမျိုးတွေ လုပ်နိုင်ပါတယ်။ ဒီလိုကိစ္စတွေ မဆွေးနွေးလို့ ပြဿနာတွေ၊ ကွာရှင်းမှုတွေ အများကြီး ရှိနေပါတယ်။

5. အားလပ်ချိန် ဘယ်လိုကုန်ဆုံးလဲ ❓

◦ ဝါသနာတွေ၊ လူမှုရေးလုပ်ငန်းတွေ၊ ရုပ်ရှင်ကြည့်တာ၊ လူမှုကွန်ရက်သုံးတာ စတာတွေကို ဆွေးနွေးပါ။ ဒီခေတ်မှာ လူမှုကွန်ရက်နဲ့ ပတ်သက်တဲ့ သစ္စာဖောက်မှုကိစ္စတွေကိုပါ ဆွေးနွေးသင့်ပါတယ်။

6. ငွေကြေးစီစဉ်မှု ❓

◦ ငွေကြေးအကြောင်း ဆွေးနွေးဖို့ နည်းလမ်းရှာပါ။ "မင်းရဲ့ပိုက်ဆံနဲ့ ငါ့ပိုက်ဆံက အတူတူလား၊ ဒါမှမဟုတ် မင်းပိုက်ဆံက မင်းပိုက်ဆံ၊ ငါ့ပိုက်ဆံက ငါ့ပိုက်ဆံလား" စသဖြင့် ဆွေးနွေးပါ။ အစ္စလာမ်မှာ ဇနီးသည်ရဲ့ပိုက်ဆံက သူ့ပိုက်ဆံပါ။ ဒါပေမဲ့ ခင်ပွန်းသည်ရဲ့ပိုက်ဆံ အားလုံးက ဇနီးသည်ရဲ့ပိုက်ဆံ မဟုတ်ပါဘူး။ ခင်ပွန်းသည်က ဇနီးနဲ့ သားသမီးတွေရဲ့ နေထိုင်မှု၊ အဝတ်အစား၊ အစားအစာ၊ အကာအကွယ်နဲ့ လုံခြုံရေး စတဲ့ လိုအပ်ချက်အားလုံးကို ထောက်ပံ့ပေးဖို့ တာဝန်ရှိပါတယ်။
◦ ငွေကြေးအကြောင်း ပွင့်ပွင့်လင်းလင်း ပြောဆိုနိုင်ဖို့ ယုံကြည်မှုက အရေးကြီးဆုံးပါ။ ယုံကြည်မှုမရှိရင် ဘယ်လိုဆက်ဆံရေးမှ မရှိနိုင်ပါဘူး။ ယုံကြည်မှု (Trust)၊ ပွင့်လင်းမြင်သာမှု (Transparency)၊ အချိန် (Time)၊ စကားပြောဆိုမှု (Talking) နဲ့ သည်းခံမှု (Tolerance) ဒီ 5T က အိမ်ထောင်ရေးမှာ အရေးကြီးပါတယ်။

7. လူမှုဘဝ ❓

◦ လူမှုဘဝ၊ အပေါင်းအသင်းတွေအကြောင်း ဆွေးနွေးပါ။ သူငယ်ချင်းတွေက လူတစ်ဦးအကြောင်း အများကြီး ပြောပြနိုင်ပါတယ်။ လူမှုကွန်ရက်မှာ စုံစမ်းတာ၊ တခြားသူတွေကို မေးမြန်းတာလည်း ပြုလုပ်နိုင်ပါတယ်။

8. ကလေးယူခြင်း၊ ပြုစုပျိုးထောင်ခြင်းနဲ့ အမည်ပေးခြင်း ❓

◦ ကလေးယူဖို့ စဉ်းစားထားလား၊ ဘယ်နှစ်ယောက် လိုချင်လဲ၊ ကလေးတွေကို ဘယ်လို ပညာရေးပေးမယ်ဆိုတာတွေ ဆွေးနွေးပါ။ အရေးကြီးဆုံးတစ်ခုကတော့ ကလေးအမည်ပေးခြင်းပါ။ တချို့ယဉ်ကျေးမှုတွေမှာ အဖိုးရဲ့နာမည်ကို ပေးရတာမျိုးတွေ ရှိပြီး ဒါကလဲ ပြဿနာဖြစ်စေနိုင်ပါတယ်။

9. အနာဂတ် ရည်မှန်းချက်နဲ့ အလုပ်အကိုင် ❓

◦ အနာဂတ် ရည်မှန်းချက်တွေ၊ ပန်းတိုင်တွေ၊ အထူးသဖြင့် အလုပ်အကိုင်က ဘယ်လောက်အရေးပါလဲဆိုတာ ဆွေးနွေးပါ။

10. ကျန်းမာရေးပြဿနာ၊ မသန်စွမ်းမှု ❓

◦ ကျန်းမာရေးပြဿနာတွေ၊ မသန်စွမ်းမှုတွေ ရှိရင် ဖုံးကွယ်ထားတာ ဟရာမ် (အပြစ်ကြီး) ဖြစ်ပါတယ်။ ရှက်လို့ ပြောဖို့ခက်ရင် တခြားသူတစ်ယောက်က တစ်ဆင့် သွယ်ဝိုက်ပြောခိုင်းပါ။ အိမ်ထောင်ကျပြီးမှ သိရရင် ပြဿနာဖြစ်ပြီး အိမ်ထောင်ရေးကို ထိခိုက်နိုင်ပါတယ်။ ဇနီးရော၊ ခင်ပွန်းပါ ဒါတွေကို သိပိုင်ခွင့် ရှိပါတယ်။

11. အတိတ် ❓

◦ ပညာရှင်တွေက အတိတ်က အပြစ်တွေကို ဖုံးကွယ်ထားသင့်တယ်လို့ ပြောကြတာမှန်ပါတယ်။ အလ္လာဟ်အရှင်မြတ်က အပြစ်အားလုံးကို ခွင့်လွှတ်တော်မူပါတယ်။ ဒါပေမဲ့ အတိတ်က အပြစ်တွေဟာ သင့်အိမ်ထောင်ရေးထဲကို ပြန်ဝင်လာနိုင်ခြေ ရှိမရှိကို စဉ်းစားဖို့ လိုပါတယ်။ ဥပမာ - မူးယစ်ဆေးစွဲဖူးရင် ~ အိမ်ထောင်ရေးမှာ စိတ်ဖိစီးမှုတွေ ကြုံလာတဲ့အခါ ပြန်စွဲနိုင်ခြေ ရှိပါတယ်။
◦ အတိတ်က အပြစ်တွေကို တိုက်ရိုက် မပြောဘဲ အရိပ်အမြွက် ပြောပြတာ ဒါမှမဟုတ် တခြားသူတစ်ယောက်ကတစ်ဆင့် ပြောပြခိုင်းတာမျိုး လုပ်နိုင်ပါတယ်။ ဒါပေမဲ့ တစ်ဖက်လူက မေးလာရင် ဖြေဖို့ တာဝန်မရှိပါဘူး။ လက်ထပ်မလား၊ မလက်ထပ်ဘူးလားဆိုတာ သူတို့ရဲ့ ဆုံးဖြတ်ချက်ပါပဲ။
◦ အစ္စလာမ်ကို ကူးပြောင်းလာတဲ့ နောင်မွတ်စ်လင်မ်တွေ၊ အပြစ်တွေအတွက် နောင်တရပြီးသားသူတွေဆိုရင် "ကျွန်တော်/ကျွန်မ အပြစ်တွေနဲ့ ပြည့်နေတဲ့ ဘဝကို ဖြတ်သန်းခဲ့ဖူးပါတယ်။ အခု နောင်တရပါပြီ" လို့ ပြောလိုက်ရုံပါပဲ။ အသေးစိတ် ပြောပြဖို့ မလိုပါဘူး။ ဒါပေမဲ့ အတိတ်ကနေ သင့်အိမ်ထောင်ရေးကို ပြန်လည် ထိခိုက်စေနိုင်တဲ့ အရာတွေဆိုရင် အရိပ်အမြွက်ဖြစ်စေ ပြောပြတာ ကောင်းပါတယ်။ ထောင်ကျဖူးတာမျိုး ရှိရင် ဒါတွေကို ပြောပြဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့ ဒါက မိသားစုကိုပါ ထိခိုက်နိုင်လို့ပါ။

12. မင်္ဂလာဆောင် အစီအစဉ် ❓

◦ မင်္ဂလာဆောင်ကို ဘယ်လိုပုံစံမျိုး လိုချင်လဲဆိုတာ ဆွေးနွေးဖို့ အရေးကြီးပါတယ်။ မင်္ဂလာဝတ်စုံ၊ လက်စွပ်၊ ပန်းစည်း၊ ကားအမျိုးအစား၊ ပွဲကျင်းပမယ့် နေရာ စတာတွေ မဆွေးနွေးမိလို့ နှစ်ဖက်မိသားစုချင်း ပြဿနာတွေ၊ ကွာရှင်းမှုတွေတောင် ဖြစ်ခဲ့တာတွေ အများကြီး ရှိပါတယ်။


🎯အရေးအကြီးဆုံးကတော့ သင်သိတဲ့ အချက်အလက်တွေကို အိမ်ထောင်ပြုဖို့ ရည်ရွယ်ချက်အတွက်သာ အသုံးပြုပြီး ဘယ်သူ့ကိုမှ ပြန်ပြောပြတာ၊ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်တာမျိုး လုံးဝမလုပ်ပါနဲ့။ ကိုယ့်မိဘတွေကိုတောင် မပြောသင့်တဲ့ အခြေအနေတွေ ရှိပါတယ်။ လျှို့ဝှက်ချက်ကို ထိန်းသိမ်းဖို့ အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ပြီး ခိုင်မာစွာ ရပ်တည်ပါ။

🌟အိမ်ထောင်ပြုခြင်းဆိုတာ ဘဝမှာ အရေးကြီးဆုံး ဆုံးဖြတ်ချက်တွေထဲက တစ်ခုပါ။ ဒါကြောင့် ယုံကြည်မှု၊ ပွင့်လင်းမြင်သာမှု၊ အချိန်ယူ စကားပြောဆိုမှုနဲ့ သည်းခံမှု (5 T) တို့က အင်မတန်အရေးကြီးပါတယ်။ အလ္လာဟ်အရှင်မြတ်က ကျွန်တော်တို့အားလုံးကို အကောင်းဆုံး လမ်းညွှန်ပြသပေးပါစေလို့ ဆုတောင်းလျက်~

Ref; https://youtu.be/BKo59kxohe0?feature=shared

ရဲမျိုးဇော်
✍🏻Content Contributor, TNP

✨  ٱلْحَمْدُ لِلَّٰهِ ✨ The Nikkāh Training သင်တန်းလေးဟာ ယခုဆိုရင်တော့ session 12 ခုအထိ သင်ကြားပြီးသွားပြီပဲ ဖြစ်ပါတယ်ရှ...
21/09/2025

✨ ٱلْحَمْدُ لِلَّٰهِ ✨

The Nikkāh Training သင်တန်းလေးဟာ ယခုဆိုရင်တော့ session 12 ခုအထိ သင်ကြားပြီးသွားပြီပဲ ဖြစ်ပါတယ်ရှင့် 🎓💍

အပတ်စဉ် သင်ခန်းစာတွေထဲမှာ နီကာဟ်နှင့် ပတ်သက်တဲ့ လေ့လာသင်ယူစရာ အကြောင်းအရာအသစ် အသစ်တွေအပြင် နိကာဟ်မပြုခင်မှာ မိမိအနေနဲ့ သိသင့်သိထိုက်ပြီး ပြင်ဆင်ဖို့ လိုအပ်နေကြတဲ့ အရာတွေလည်း ပါဝင်ပါတယ်ရှင့် 🌸

17/09/2025

အမျိုးသမီးတွေ အိမ်ထောင်မပြုခင်..."ငါဘာကြောင့် လက်ထပ်ချင်တာလဲ?" ဆိုတဲ့ မေးခွန်းကို ကိုယ့်ကိုကိုယ် မေးကြည့်ဖူးလား။

တကယ်တော့ ဒီမေးခွန်းရဲ့ အဖြေက အရေးကြီးလွန်းတယ်။

"အိမ်ကပေးစားလို့" ဆိုရင် အဲ့ဒါ မှန်တဲ့ အကြောင်းပြချက် မဟုတ်ဘူး။

"တစ်ယောက်တည်း မနေချင်လို့" ဆိုတာလဲ တကယ်တော့ guarantee မရှိဘူး။

"သူ့ကိုသဘောကြလို့" ဆိုတာတောင် လုံလောက်တဲ့ အဖြေ မဟုတ်သေးဘူး။

ဖြစ်သင့်တဲ့ အဖြေက "အလ္လာဟ်(سبحانه وتعالى) အတွက်" ဖြစ်ရမယ်။ ဆိုလိုတာက အလ္လာဟ် (سبحانه وتعالى) ကို နှစ်သက်စေဖို့အတွက်၊ ကိုယ့်ဒီးန်ကို မွန်မြတ်အောင် လုပ်ဖို့အတွက်လက်ထပ်တာ။

အဲ့ဒီလို မေးကြည့်ရင်တော့ ကိုယ့်ရဲ့ intention က ရှင်းလာပါလိမ့်မယ်။

အိမ်ထောင်ရေးမှာ ခိုင်မာတဲ့ အခြေခံရဖို့အတွက် ဒါဟာအရေးကြီးတယ်လို့ ထင်ပါတယ်။

စာဖတ်သူတို့ရော ဘယ်လိုထင်ပါသလဲ။

14/09/2025

အမျိုးသမီးတွေ အမျိုးသားတွေရှာတဲ့ ငွေတွေကို ထိန်းသိမ်းတတ်ဖို့ ဘယ်လောက်ထိ အရေးကြီးလဲ။

လူတိုင်းမိမိရဲ့ စိတ်နေစိတ်ထား၊ အပြုအမူ၊ နေထိုင်မှုပုံစံတို့ကို ထိန်းသိမ်းဖို့အရေးကြီးပါတယ် 💫။ အရှက်သိက္ခာကို အလေးထားခြင်...
01/09/2025

လူတိုင်းမိမိရဲ့ စိတ်နေစိတ်ထား၊ အပြုအမူ၊ နေထိုင်မှုပုံစံတို့ကို ထိန်းသိမ်းဖို့အရေးကြီးပါတယ် 💫။ အရှက်သိက္ခာကို အလေးထားခြင်းဆိုတာ လိင်အမျိုးအစားအလိုက် ခွဲခြားတာမျိုးမဟုတ်ဘဲ လူသားအားလုံးအတွက် အခြေခံကျတဲ့ လူ့ကျင့်ဝတ်တစ်ခုပဲဖြစ်ပါတယ် 🤝

ယနေ့ခေတ်မှာ အလှအပကို ထုတ်ဖော်ပြသတာ၊ ခန္ဓာကိုယ်ကို ရောင်းကုန်သဖွယ် အသုံးချတာတွေဟာ ပုံမှန်လိုဖြစ်နေပါတယ် 📱💄। ဒါပေမဲ့ ဒီလိုလုပ်ရပ်တွေက ရေရှည်မှာ ဘဝအတွက်တန်ဖိုးရှိတဲ့ အကျိုးကျေးဇူးတွေထက် ပျက်စီးဆုံးရှုံးမှုတွေကိုပဲ ပိုမိုဖြစ်ပေါ်စေနိုင်ပါတယ် ⚠️💔
အထူးသဖြင့် အမျိုးသမီးတွေရဲ့ အရှက်သိက္ခာနဲ့ လုံခြုံမှုကို ထိခိုက်စေပြီး မလိုလားအပ်တဲ့ပြဿနာတွေ ဖြစ်လာနိုင်ပါတယ် 🛡️👩။

အရှက်နဲ့သိက္ခာကို ထိန်းသိမ်းခြင်းဆိုတာ လူ့ဘဝမှာ အမြဲတမ်းတန်ဖိုးထားရမယ့် အရာတစ်ခုဖြစ်ပါတယ် 💎✨। ဒီအရာတွေက ကိုယ်ကျင့်တရားနဲ့ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုအတွက် အခြေခံအုတ်မြစ်တစ်ခုလိုပါပဲ 🏗️🕊️။

အမျိုးသမီးတွေဟာ အထူးသဖြင့် ကိုယ့်ရဲ့ အရှက်နဲ့သိက္ခာကို စောင့်ထိန်းဖို့ အရေးကြီးပါတယ် 👸🌸။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ ရိုးသားဖြူစင်မှုနဲ့ သန့်ရှင်းစင်ကြယ်မှုက မိသားစုနဲ့ လူ့အဖွဲ့အစည်းတစ်ခုလုံးအတွက် အဓိကကျတဲ့ အစိတ်အပိုင်းဖြစ်လို့ပါပဲ 👨‍👩‍👧‍👦🏠

အရှက်သိက္ခာကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် မိမိကိုယ်ကို တန်ဖိုးရှိတဲ့လူတစ်ဦး အဖြစ်ခံယူနိုင်ပြီး လောကရဲ့ မကောင်းမှုတွေကနေလည်း ရှောင်ကျဉ်နိုင်ပါတယ် 🌟🔒

အစ္စလာမ်ဘာသာမှာ အမျိုးသမီးတွေရဲ့ အရှက်သိက္ခာကို အလေးအနက်ထားဖို့အတွက် ရှင်းလင်းပြတ်သားတဲ့ လမ်းညွှန်မှုတွေ ပေးထားပါတယ် ☪️📖

အရှက်သိက္ခာကို ထိန်းသိမ်းဖို့ အတွက် ကောင်းမွန်တဲ့ဝတ်စားဆင်ယင်မှုနဲ့ အပြုအမူတွေကနေတစ်ဆင့် ပြုမူနေထိုင်ကြဖို့ ကုရ်အာန်မှာ အတိအကျ ဖော်ပြထားပါတယ် 👗

အလ္လာဟ်အရှင်မြတ်က အမျိုးသမီးတွေရဲ့ အပြုအမူ၊ နေထိုင်မှုပုံစံနဲ့ပတ်သက်ပြီး ဒီလိုမိန့်ဆိုထားပါတယ် 🕌✨။

ကုရ်အာန် (၃၃:၅၉) 📜
"အို- တမန်တော်၊ အသင်သည် အသင်၏ကြင်ရာတော်များနှင့် အသင်၏သမီးတော်များအပြင် အီမာန်ယုံကြည်သူများ၏ဇနီးမိန်းမများကိုလည်း 'သူမတို့သည် သူမတို့၏ အပေါ်ခြုံထည်(စောင် သို့မဟုတ် ပဝါစသည်)များကို သူမတို့အပေါ်တွင် (ဖုံးကွယ်နိုင်အောင်) တွဲလောင်းချထားကြရမည်'ဟု ပြောလိုက်ပါ။ ဤသည် သူမတို့ကို ခွဲခြားမှတ်မိရန် ပိုနီးစပ်သည်။ သို့ဖြစ်ရာ သူမတို့အနေနှင့် နှောင့်ယှက်ခြင်းခံကြရမည် မဟုတ်ပေ။ ထို့ပြင် အရှင်မြတ်သည် အလွန် လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အလွန် သနားကြင်နာတော်မူသောအရှင်ဖြစ်တော်မူသည်။"

ဒီအာယသ်က အမျိုးသမီးတွေကို လေးစားသမှုနဲ့ အသိအမှတ်ပြုမှု ရရှိစေဖို့ ကူညီပေးတဲ့ ဝတ်စားဆင်ယင်မှုဆိုင်ရာ ကျင့်ဝတ်တစ်ခုကို ဖော်ပြထားပါတယ် 🤲💝။

ဒီအာယသ်က အမျိုးသမီးတွေရဲ့ လုံခြုံရေးနဲ့ သိက္ခာကို အလေးအနက်ထားဖို့ လမ်းညွှန်ထားတာဖြစ်ပြီး ယနေ့ခေတ်ကာလမှာလည်း အကျုံးဝင်နေဆဲဖြစ်ပါတယ် 🌍⏰။

လူမှုကွန်ရက်တွေမှာ လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုရှိတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို တင်ပြတာ၊ မသင့်လျော်တဲ့ အပြုအမူတွေလုပ်တာက တာဝန်မဲ့တဲ့လုပ်ရပ်တစ်ခုသာဖြစ်ပြီး ရေရှည်မှာ ဘဝကို ပျက်စီးစေနိုင်ပါတယ် 📳❌💸။

တစ်ခါတစ်ရံမှာ ဇေနာဟ် (အိမ်ထောင်ရေးဖောက်ပြန်မှု) ကိစ္စရပ်တွေအထိဖြစ်နိုင်ပြီး ဒါတွေဟာ အစ္စလာမ်ဘာသာမှာ အပြစ်ကြီးဖြစ်ပါတယ် ⚡💥။

အလ္လာဟ်အရှင်မြတ်က ဇေနာဟ်နဲ့ပတ်သက်ပြီး ဒီလိုမိန့်ကြားထားပါတယ် 🚫⛔။
ကုရ်အာန် (၁၇:၃၂) 📖
"ထို့ပြင် အသင်တို့သည် တရားမဝင်သော ကာမလိုက်စားပြုကျင့်မှု အနားကိုပင် မကပ်ကြနှင့်။ ထို့ပြင် ထိုအရာသည် အလွန်စက်ဆုပ် ရွံ့ရှာဖွယ်ဖြစ်သည့်အပြင် အလွန်ဆိုးဝါးသောလမ်းစဉ်လည်း ဖြစ်သည်။"

ဒါကြောင့် အရှက်နဲ့သိက္ခာကို အလေးထားတာဟာ မိမိကိုယ်ကိုယ် ကာကွယ်ရုံသာမက မိမိပတ်ဝန်းကျင်ကိုပါ ကာကွယ်ပေးရာရောက်ပါတယ် 🛡️🏡💚။

အရှက်နဲ့သိက္ခာဆိုတာ လူတစ်ယောက်ရဲ့ အဖိုးတန်ဆုံးဂုဏ်ပုဒ်ဖြစ်ပါတယ် 👑💎। ဘယ်ခေတ်ဘယ်အချိန်ရောက်ရောက် ဒါကို ရောင်းကုန်အဖြစ် မသတ်မှတ်သင့်ဘဲ စောင့်ထိန်းကြဖို့လိုပါတယ် ⏳🔐။

အမျိုးသမီးတွေအနေနဲ့ မိမိရဲ့တန်ဖိုးကို ကိုယ်တိုင်သိရှိပြီး လူမှုကွန်ရက်တွေနဲ့ ပြင်ပကမ္ဘာရဲ့ ဖိအားပေးမှုတွေအောက်မှာ မရောက်စေဖို့ အရေးကြီးပါတယ် 💪🌺🌍။

အစ္စလာမ်ဘာသာက အရှက်သိက္ခာနဲ့ပတ်သက်ပြီး လမ်းညွှန်မှုတွေပေးထားတဲ့အပေါ် နားလည်ပြီး မိမိရဲ့ကိုယ်ကျင့်တရားကို ထိန်းသိမ်းခြင်းဖြင့် ဒီဘဝမှာရော နောက်ဘဝမှာပါ အလ္လာဟ်အရှင်မြတ်ရဲ့ ကရုဏာတော်ကို ရရှိစေနိုင်မှာဖြစ်ပါတယ် ☪️🤲🌙✨

✍️ Grayson Washington West

26/08/2025

ခုတလော Facebook မှာ နာမည်ကြီးနေတဲ့ 'Norma' လို့ခေါ်တဲ့ Indonesia movie တစ်ကားအကြောင်း အရမ်းပြောနေကြတာနော်။ ဖြစ်ရပ်မှန်ကိုရိုက်ထားတဲ့ ဇာတ်ကားမို့ လူတွေပို စိတ်ဝင်စားကြတာဖြစ်မယ်။ ရုပ်ရှင်ထဲမှာတော့ သားမက်နဲ့ In-laws ကြားက affairs ကိုပုံဖော်ထားတာ တော်တော်စိတ်ပျက်စရာကောင်းတဲ့ ကိစ္စနော်။

ဒီဇာတ်ကားကို ကြည့်ရင်း စိတ်ထဲ တွေးမိတာက... တကယ်လို့ ကျွန်မတို့ အသိုင်းအဝန်းတွေထဲမှာ ဒီလိုမျိုးသာ ဖြစ်လာရင် ဘယ်လောက် နာကျင်စရာကောင်းလိုက်မလဲ၊ ဘယ်လောက် ရှက်ဖွယ်အတိဖြစ်မလဲ၊ ဘယ်လောက် စိတ်ပျက်စရာကောင်းမလဲ ဆိုတာပါ။ အထူးသဖြင့် ကလေးတွေအတွက်တော့ ဘယ်လောက် ထိခိုက်မလဲ မတွေးရဲဘူး။

အလ္လာဟ်အရှင်မြတ်က ကျွန်မတို့ကို အချစ်ဆိုတာကိုအကြောင်းပြပြီး ဖောက်လွှဲဖောက်ပြန်တွေ ပြုလုပ်တတ်ကြတဲ့ အန္တရာယ်ကနေ ကာကွယ်ဖို့ နည်းလမ်းတွေ ပေးထားတယ်။ ကျမ်းမြတ်ကုရ်အာန်မှာ "မျက်နှာကို ငုံ့ချပြီး ကိုယ်ကျင့်တရားကို စောင့်ရှောက်ကြလော့" လို့ ပြောထားတယ်။ ဒါက ရိုးရှင်းတဲ့ စကားလုံးတွေလို ထင်ရပေမယ့် နက်နဲတဲ့ အဓိပ္ပါယ် ရှိတယ်။ မျက်လုံးက နှလုံးသားရဲ့ ပြတင်းပေါက် ဖြစ်လို့ မျက်နှာကို ငုံ့ချခြင်းက နှလုံးသားကို ထိန်းသိမ်းကာကွယ်ခြင်း ဖြစ်တယ်။

အမျိုးသမီးတွေအနေနဲ့ ယောက်က္ခထီး ရှေ့မှာ ဟီဂျဗ်လေး၊ ပရ်ဒါရ် ထားပြီးနေထိုင်ခြင်း၊ အမျိုးသားတွေအနေနဲ့ ယောက္ခမနဲ့ နှစ်ဦးတည်း မနေထိုင်ခြင်း၊ မလိုအပ်တဲ့ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုတွေ ရှောင်ကြဉ်ခြင်း... ဒါတွေက ကန့်သတ်ချက်တွေ မဟုတ်ပါဘူး။ မလိုအပ်ဘဲပေါ်ပေါက်သွားနိုင်တဲ့ နီးစပ်ခြင်းမျိုးကို ကာကွယ်ပေးထားတဲ့ အကာအကွယ်တွေပါ။

တကယ်တမ်း စဉ်းစားကြည့်ရင် ကျွန်မတို့ ပတ်ဝန်းကျင်မှာ ဒီလို အရေးပါတဲ့ စည်း၊ ဘောင်တွေကို လျစ်လျူရှုလိုက်တဲ့ အခါ ဘယ်လို ဆိုးကျိုးတွေ ဖြစ်လာတယ်ဆိုတာ မကြာခဏ တွေ့ရတယ်။ မိသားစု ကွဲသွားတယ်၊ ကလေးတွေ စိတ်ထိခိုက်တယ်၊ လူမှုအသိုင်းအဝိုင်းမှာ အရှက်ရတယ်၊ ပြီးတော့ အဓိကက နှလုံးသားတွေ နာကျင်ကြတယ်။

မဟ်ရမ် In-laws တွေနဲ့ အလွန်အကျွံ ရင်းနှီးခြင်း၊ လျို့ဝှက်စွာ စကားပြောခြင်း၊ စိတ်ပိုင်းဆိုင်ရာ မှီခိုမှုပြုခြင်း စတာမျိုးတွေက အန္တရာယ်ရှိတဲ့ လမ်းစတွေပါ။ ဒါတွေက တဖြည်းဖြည်း တိုးလာပြီး နောက်ဆုံးမှာ ပြန်မလှည့်နိုင်တဲ့ အဆုံးတွေ ရောက်သွားတတ်တယ်။

အလ္လာဟ်အရှင်မြတ်က ကျွန်မတို့ကို အသိပညာပေးအပ်ထားတယ်၊ အိမ်ထောင်ရေးရဲ့ အဓိက အာရုံကို ခင်ပွန်း/ဇနီး အပေါ်မှာ စိုက်ဖို့ပါ။ In-laws တွေနဲ့ ဆက်ဆံရေးမှာ Islam က ရှင်းရှင်းလင်းလင်း သတ်မှတ်ပေးထားတယ်။

ယောက္ခမနဲ့ သားမက် အကြား - ရိုသေလေးမြတ်မှု ရှိရမယ်ဆိုပေမယ့် မိတ်ဆွေလို ရင်းနှီးခြင်း မဟုတ်ဘူး။ သားမက်က ယောက္ခမကို အမေလို လေးစားရမယ်ဆိုပေမယ့် နှစ်ယောက်တည်း အချိန်ကုန်ခြင်း၊ ကိုယ်ရေးကိုယ်တာ ပြဿနာတွေ မျှဝေခြင်း၊ ဇနီးရဲ့ အားနည်းချက်တွေအကြောင်း ပြောဆိုခြင်း မျိုးတွေက မသင့်လျော်ဘူး။

ယောက္ခထီးနဲ့ ချွေးမ အကြား - ချွေးမက ယောက္ခထီးကို ဖခင်လို လေးစားရမယ်ဆိုပေမယ့် ပရ်ဒါရ်ရဲ့ အကာအကွယ်ကို လျော့ချပလိုက်လို့မရပါဘူး။ ယောက္ခထီးကလည်း ချွေးမနဲ့ စကားပြောတာ လိုအပ်တာမျိုးလောက်ပဲ ရှိသင့်တယ်။ ခင်ပွန်းမရှိတဲ့အခါ ရှည်လျားတဲ့ စကားပြောမှုတွေ၊ ပုဂ္ဂိုလ်ရေး အကြံဉာဏ်တွေ ပေးခြင်းမျိုးတွေက ရှောင်သင့်တယ်။
Islam မှာ In-laws တွေကို လေးစားတန်ဖိုးထားရမယ်လို့ သင်ပေးထားပေမယ့် တစ်ချိန်တည်းမှာ"လေးစားတန်ဖိုးထားခြင်းရဲ့ စည်း၊ ဘောင်သတ်မှတ်ချက်" ရှိတယ်ဆိုတာကို နားလည်ဖို့ လိုတယ်။ ဒါက မုန်းတီးစွာဆက်ဆံခြင်း မဟုတ်ဘူး၊ အဝေးကနေ ထားခြင်း မဟုတ်ဘူး၊ မိသားစု တစ်ခုလုံးရဲ့ ငြိမ်းချမ်းမှုကို ကာကွယ်ခြင်းပါ။

ရင်းနှီးမှု၊ စိတ်ပိုင်းဆိုင်ရာ မှီခိုမှု၊ ချစ်ခင်မှု စတာတွေက ခင်ပွန်းနဲ့ဇနီး အကြားမှာသာ ရှိသင့်တယ်လို့ သင်ပေးထားတယ်။

ဒါကြောင့် ဒီလို ဇာတ်ကားတွေကို ကြည့်တဲ့အခါ သင်ခန်းစာ ယူသင့်တယ်။ အလ္လာဟ်အရှင်မြတ်ရဲ့ လမ်းညွှန်ချက်တွေက ကျွန်မတို့ကို ဘယ်လို နာကျင်မှုတွေ၊ ရှက်မှုတွေ၊ ပြစ်မှုတွေကနေ ကာကွယ်ပေးတယ်ဆိုတာ နားလည်သင့်တယ်။ ဒီ boundaries တွေက love နဲ့ wisdom ကနေ ကာကွယ်ပေးထားတဲ့ gift တွေပါ။

အစ္စလာမ်သာသနာဆိုတာ ကျွန်မတို့ရဲ့ အကောင်းဆုံး အကျိုးကို စဉ်းစားပြီး လမ်းညွှန်ပေးတဲ့ ဘာသာတရားပါ။ ဒါကြောင့် ဒီ သင်ခန်းစာတွေကို စိတ်နှလုံးသားထဲ သိမ်းဆည်းပြီး စည်းနဲ့ဘောင်နဲ့ နေထိုင်တတ်ခြင်းကို လက်တွေ့ ကျင့်သုံးကြရအောင်နော်။

19/08/2025

“သင်တန်းကကောင်းလွန်းလို့ သင်တန်းချိန်လေးကို စောင့်နေမိတယ်” တဲ့ ….. Alhamdullilah 🌸💜

ကျွန်မတို့ရဲ့ The Nikkāh Training သင်တန်းလေး စတင်တာယခုဆို နှစ်ပတ်သာရှိသေးပေမယ့် သင်တန်းသူ မရတနာဦးက သူမရဲ့ သင်တန်းအတွေကြုံလေးကို အောက်ပါအတိုင်း မျှဝေထားပါတယ်ရှင့်။ 👇🏻✨

🌸 𝗧𝗵𝗲 𝗡𝗶𝗸𝗸𝗮𝗵 𝗧𝗿𝗮𝗶𝗻𝗶𝗻𝗴 𝗙𝗲𝗲𝗱𝗯𝗮𝗰𝗸 🌸

"အိမ်ထောင်ရေးဟာ ဘဝနဲ့ချီတဲ့
ကြီးမားတဲ့ကိစ္စရယ်ပါ။

💞ဘဝရဲ့တဆစ်ချိုးဖြစ်သလို
တချို့အိမ်ထောင်ရေးဟာ
မိဘနဲ့‌နေစဉ် (မူလဘဝ)ထက် ပိုကောင်းကြသလို
အိမ်ထောင်ကျပြီးမှ ဆိုးရွားသွားတာလဲရှိပါတယ်။
ကွာရှင်းမှုတွေ မြင့်မားလာတဲ့ခေတ်မှာ
📚𝐓𝐡𝐞 𝐍𝐢𝐤𝐤𝐚𝐡 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 ဟာ
လူတိုင်းတတ်သင့်တဲ့သင်တန်းပါပဲ။
……………………………………………………………………………………
Assalamualaikum
❤️ကျမက‌တော့
𝐓𝐡𝐞 𝐍𝐢𝐤𝐤𝐚𝐡 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 မှ သင်တန်းသူဖြစ်ပါတယ်။

💭အိမ်ထောင်ရေးဆိုတာကံစမ်းမဲလားဆိုပြီးယူဆတတ်ကြတယ်။ တကယ်တော့
- ချစ်‌ခြင်းမေတ္တာ နေကာက်
ဆိုတာ Allah ရှင်မြတ်ဘက်ကဖြစ်တာဖြစ်သလို
နေကာက်ဆိုတာ
အီမန်တဝက်ဖြစ်တာမလို့
ဘယ်လိုပိုပြီးစဝဘ်ရအောင်ကျင့်ကြံကြမလဲ။??
- အိမ်ထောင်မကျသေးတဲ့လူငယ်တွေ ရဲ့စိုးရိမ်မှု
တွေအတွက်နည်းလမ်းတွေရယ်
- အိမ်ထောင်ကျပြီးသူတွေ အတွက် နည်းလမ်းတွေရယ်
- တမန်တော်မြတ် (ဆွ) တို့ရဲ့စံပြအိမ်ထောင်ရေးတွေကိုသင်ကြား‌လေ့လာခွင့်ရခဲ့ပါတယ်။
……………………………………………………………………………………
🕊️လူတယောက်ကိုဘယ်လိုစိတ်ချမ်းသာအောင်ထားရမလဲ။??
👉ကိုယ်တိုင်ရောဘယ်လိုစိတ်ထားထားရမလဲ။??
Love & Marriage မေတ္တာတရားတွေ
Mental & Spiritual ပိုင်းတွေ ဘယ်လို control လုပ်ကြမလဲ။?? ကိုယ်ချင်းစာတရားတွေ
သင်ကြားပေးတာတကယ်ကို ကြည်နူးရပါတယ်။
……………………………………………………………………………………
❤️နာမည်ကြီးProfessor Doctor ဆရာကြီးဆရာမကြီးတို့ရဲ့
Positive Energyအကြည်ဓာတ်တွေနဲ့
စကားပြောမှုစွမ်းအင်တွေဟာ
တကယ်ကိုအံမခန်းပါ။
မိမိကိုယ်တောင် ကူးစက်သွားစေပါတယ်။
Alhamdulillah
……………………………………………………………………………………
သင်တန်းကကောင်းလွန်းလို့
သင်တန်ချိန်လေးကိုစောင့်နေမိတဲ့ထိပါပဲ
𝐓𝐡𝐞 𝐍𝐢𝐤𝐤𝐚𝐡 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 ကို
💻Online Learningအ‌နေနဲ့
သင်ကြားခွင့်ရတဲ့အတွက်
အရမ်းကိုပီတိဖြစ်ကျေနပ်ရပါတယ်။
🚫အိမ်ထောင်ရေးမသာယာဖြစ်ရတဲ့ ဘဝတွေရပ်စဲဖို့ရယ် အစ္စလာမ့်အဆုံးမတွေကို သင်ကြားခွင့်ရတာမို့ 𝐓𝐡𝐞 𝐍𝐢𝐤𝐤𝐚𝐡 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠ဟာ
အထောက်ပံ့ကောင်းတခုပါပဲ။
ကျေးဇူးတင်စွာဖြင့်"

ဆိုပြီး သူမရဲ့အတွေ့ကြုံကို မျှဝေထားပါတယ်ရှင့်။

ချစ်လှစွာသော စာဖတ်ပရိသတ်ကြီးတို့အနေနှင့်လည်း The Nikkāh Project ကနေ နောက်ထပ်နောက်ထပ်လာမဲ့ သင်တန်းတွေ၊အစီစဉ်တွေကို လက်မလွှတ်ပဲ အတူပါဝင်လေ့လာနိုင်ရအောင် The Nikkāh Project Facebook နဲ့ Instagram page တို့မှာ စောင့်မျှော်ပေးကြပါဦးရှင့်။ 🫶🏻

🎯တကယ်တော့ အမျိုးသမီးဟာ အမျိုးသားတွေအဖို့ အကြီးဆုံးစမ်းသပ်ချက်တစ်ခု ဖြစ်တယ်။ ဟဇရသ်အိုစာမဟ်(အ)သခင်က ဆင့်ပြန်ခဲ့တယ်။ တမန်တေ...
15/08/2025

🎯တကယ်တော့ အမျိုးသမီးဟာ အမျိုးသားတွေအဖို့ အကြီးဆုံးစမ်းသပ်ချက်တစ်ခု ဖြစ်တယ်။ ဟဇရသ်အိုစာမဟ်(အ)သခင်က ဆင့်ပြန်ခဲ့တယ်။ တမန်တော်မြတ်မုဟမ္မဒ် (ﷺ) က အမိန့်ရှိတော်မူခဲ့တယ်။ အလိုသဘောက ငါကိုယ်တော် မရှိပြီးသည်နောက် အမျိုးသားတွေအဖို့ အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး ကြုံတွေ့ရမဲ့ပြဿနာ အခက်အခဲတွေထက် ကြီးကျယ်တဲ့ ပြဿနာတွေဆိုတာ ရှိတော့မှာမဟုတ်ဘူး။ ဆိုလိုတာက ဒီပြဿနာတွေဟာ အမျိုးသားတွေအဖို့ အလွန်ကြီးမားတဲ့ ဆုံးရှုံးနစ်နာမှုတွေ ကြုံတွေ့ရစေနိုင်တယ်။ ဒီပြဿနာဟာ ဘာလဲဆိုတာ သိထားသင့်တယ်။

1️⃣ပထမစမ်းသပ်ချက်က မိမိရဲ့ဆန္ဒကိုဖြေဖျောက်ဖို့ ဟလာလ်နည်းနဲ့ ဟရာမ်နည်းလမ်းတွေရှိတယ်။ ဒါဟာ အကြီးမားဆုံးသော စမ်းသပ်ချက် တစ်ခုဖြစ်တယ်။

2️⃣ဒုတိယစမ်းသပ်ချက်က အလ္လာဟ်နဲ့ အလ္လာဟ့်ရစူလ်အမိန့်ရှိထားတဲ့ အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး တာဝန်ဝတ္တရားတွေ ကျေပွန်ရဲ့လား/မကျေပွန်ဘူးလားဆိုတဲ့ စမ်းသပ်ချက်ဖြစ်တယ်။

3️⃣တတိယစမ်းသပ်ချက်ကတော့ ဇနီးသည်အပေါ်မှာ အချစ်လွန်ကဲပြီး ဇနီးသည်အပေါ် လိုအပ်တာထက် သာပိုလိုက်လျောပြီး ဇနီးသည် စိတ်ချမ်းသာပျော်ရွှင်ရေးတစ်ခုထဲပဲ အာရုံစိုက်နေတယ်၊ တာဝန်ကျေဖို့ ကြိုးစားနေတယ်။ တစ်ဖက်က တရားတော်နဲ့ ပတ်သက်ငြိစွန်းနေသမျှကို ပြုပြင်တည့်မတ်ဖို့ မကြိုးစားဘူး။ ဇနီးသည် အပြစ်ဂိုနာဟ် ကျူးလွန်နေတာကို တားမြစ်ဖို့၊ ဟန့်တားဖို့ မစဉ်းစားရဲဘူး။ မကြိုးစားရဲဘူး။ ဒါလဲ စမ်းသပ်ချက် တစ်ခုပဲ။ ခင်ပွန်းဖြစ်သူက နှစ်ဖက်စလုံးကို ချိန်ဆပြီး ကိုင်တွယ်တတ်ရမယ်။ ရှီရီအသ်တရားဘောင်ထဲမှာပဲ ထားရမယ်။ စိတ်ပျော်အောင်လဲထားရမယ်။

🤲ဒီတော့ အမျိုးသားတစ်ယောက်အဖို့ ဒီစမ်းသပ်ချက်တွေကို လွယ်ကူစွာနဲ့ ကျော်လွှားအောင်နိုင်ဖို့ဆိုတာ အရှင်မြတ်ရဲ့ သောင်ဖီးက် စွမ်းအားပေးမှုလည်း အထူးလိုအပ်တယ်။ ဒါကြောင့်လဲ တမန်တော်မြတ် (ﷺ) က ဒီလိုဒိုအာ လုပ်ခဲ့တယ်။

اللهم اني اعوذ بك من فتنه النسا

"အို..အလ္လာဟ်အရှင်မြတ်... ကျွန်တော်မျိုးကို အမျိုးသမီးတွေရဲ့ ပြဿနာလုပ်ခြင်း အဖုံဖုံကနေ ကင်းဝေးရန် အရှင်မြတ်ထံ အကာအကွယ်ခိုလှုံပါ၏။ အမျိုးသမီးများနဲ့ပတ်သက်ပြီး အရှင်မြတ်၏ စမ်းသပ်ချက်ဟူသမျှအပေါ် အပြည့်အဝ အောင်မြင်ကျော်လွှားနိုင်ရန် အရှင်မြတ်ထံ ခိုလှုံဆည်းကပ်ပါ၏။ အမျိုးမျိုးသော မှားယွင်းမှု၊ ချွတ်ချော်တိမ်းပါးမှုများနဲ့ မသိမိုက်မဲကျူးလွန်ပြစ်မှားမှု အမျိုးစုံမှ ကင်းဝေးရန်လည်း အရှင်မြတ်ထံ ခိုလှုံဆည်းကပ် အသနားခံပါ၏" ဆိုတဲ့ ဒိုအာကိုနေ့စဉ်တောင်းနေကျ ဒိုအာတစ်ပုဒ်အဖြစ် သတ်မှတ်ထားရမယ်။

ကိုးကား - မော်လာနာဟာဖိဇ်အဗ်ဒွလ်ကာဒိရ် (ဒါရုလ်အုလူးမ်-ဗဟန်း) မြန်မာပြန်ပြီး ဟဇရသ်မုဖ်သီသကီးဆပ်ဟောကြားသော "အိဆွ်လာဟီးခွသ်ဗားသ်"

ရဲမျိုးဇော်
✍🏻Content Contributor, TNP

🚨 The Nikkāh Training လေးကို တက်ဖို့ စဉ်းစားထားသူများအတွက် အထူးပရိုမိုးရှင်း ပက်ကေ့ချ်လေးလာပါပြီရှင့်။ သင်တန်းစတော့မယ့်န...
05/08/2025

🚨 The Nikkāh Training လေးကို တက်ဖို့ စဉ်းစားထားသူများအတွက် အထူးပရိုမိုးရှင်း ပက်ကေ့ချ်လေးလာပါပြီရှင့်။ သင်တန်းစတော့မယ့်နေ့လေးလည်း နီးလာပြီဆိုတော့ စိတ်ဝင်စားသေးတယ်ဆိုရင်တော့ ဒီအထူးပရိုမိုးရှင်းနှင့်အတူ လျှောက်ထားလိုက်တော့နော်။

ဒီ Special Promotion လေးမှာတော့ အောက်ပါအတိုင်း Package လေး (၃) ခု ပါရှိပါတယ်။

💍 ၁။ စုံတွဲ package – 20% OFF (10% OFF for each)
စေ့စပ်ထားပြီး နိကာဟ်ပြုရန် စီစဉ်နေသူများ (သို့) အိမ်ထောင်သည်များ စုံတွဲအတူတက်ရောက်လိုပါက ဒီ Package လေးကို လျှောက်ထားလို့ရပါတယ်။

�🎓 ၂။ ကျောင်းသား ပရိုမိုးရှင်း – 20% OFF
လက်ရှိမှာ ခေတ်ပညာသင်ကြားနေဆဲဖြစ်ကြတဲ့ တက္ကသိုလ်ကျောင်းသား/ကျောင်းသူ (သို့) အာလင်မ်ပညာ ဆည်းပူးနေတဲ့ ကျောင်းသား/ကျောင်းသူတိုင်းအတွက် Student ID (or) Verification ရှိပါက ၂၀% promotion လေးလည်းရှိပါတယ်။

�👭 ၃။ Plus One Deal – 10% OFF for Each
မိမိနှင့်အတူ မောင်နှမ၊ ဆွေမျိုးသားချင်း (သို့) မိတ်ဆွေ တစ်ဦးဦးပါ အတူတက်ရောက်လျှင် တစ်ယောက်ကို ၁၀% စီ လျှော့ပေးမဲ့ အစီစဉ်လေးပဲဖြစ်ပါတယ်။

သင်တန်းအကြောင်းအရာအသေးစိတ်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

📆 သင်တန်းစမည့်နေ့ - 9 August 2025

🕖 အချိန် - စနေ-တနင်္ဂနွေ | 4:00-6:00 PM (August 9, 10, 16, September 7, 13, 14, 20, 21 and October 25)

All classes: စနေ-တနင်္ဂနွေ | 7:00-9:00 PM (except above classes)

📖 သင်ခန်းစာ/Module -14 modules (23 Lessons)

💵 သင်တန်းကြေး - 150,000 MMK (3 Installments available)

🔗 လျှောက်ထားရန်လင့် - https://forms.gle/Nj4J3GDN9tGGn8L29

📤ဒီ Special Promotion လေးက August 5 ရက်နေ့ မှ August 7 ရက်နေ့ အတွင်း လျှောက်ထားကြသူများအတွက်သာ ဖြစ်လို့ အမြန်ဆုံး စာရင်းသွင်းလိုက်ကြတော့နော်။

📞 သင်တန်းနှင့် ပတ်သက်ပြီး မေးမြန်းစုံစမ်းလိုပါက page ရဲ့ facebook messenger မှတစ်ဆင့်လည်း DM လုပ်နိုင်ပါတယ်။

❓လူငယ်တွေ နေကာဟ် (လက်ထပ်ထိမ်းမြှားခြင်း) မပြုနိုင်သေးခင်မှာ ဇေနာဟ် (မင်္ဂလာမဆောင်ဘဲ အတူနေခြင်း) ကိစ္စတွေကို ဘယ်လိုရှောင်...
03/08/2025

❓လူငယ်တွေ နေကာဟ် (လက်ထပ်ထိမ်းမြှားခြင်း) မပြုနိုင်သေးခင်မှာ ဇေနာဟ် (မင်္ဂလာမဆောင်ဘဲ အတူနေခြင်း) ကိစ္စတွေကို ဘယ်လိုရှောင်ရှားရမလဲ။

ခေတ်ကာလအခြေအနေအရ စိန်ခေါ်မှုတွေ များပြားလာပေမဲ့ အစ္စလာမ်သာသနာရဲ့ လမ်းညွှန်မှုတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်မယ်ဆိုရင် ဇေနာဟ်ကို ရှောင်ကြဉ်ဖို့ ဖြစ်နိုင်ပါတယ်။

▪️ပထမဆုံးနဲ့ အရေးအကြီးဆုံးအချက်ကတော့ ဘာသာရေးအသိပညာကို မြှင့်တင်ပြီး ကိုယ့်ရဲ့ ယုံကြည်ချက်ကို ခိုင်မာစေဖို့ပါပဲ။ ကုရ်အာန်ကျမ်းတော်မြတ်နဲ့ တမန်တော်မြတ် မုဟမ္မဒ်(ဆွလ် လလ္လာဟု အလိုင်ဟိ ဝစလ္လမ်) ရဲ့ လမ်းညွှန်မှုတွေကို သေချာလေ့လာပါ။ ဇေနာဟ်ရဲ့ ဆိုးကျိုးတွေနဲ့ နေကာဟ်ရဲ့ ကောင်းကျိုးတွေကို နားလည်အောင် ကြိုးစားပါ။ ကုရ်အာန် (၁၇:၃၂) ထို့ပြင် အသင်တို့သည် တရားမဝင်သော ကာမလိုက်စားပြုကျင့်မှု အနားကိုပင် မကပ်ကြနှင့်။* ထို့ပြင် ထိုအရာသည် အလွန်စက်ဆုပ် ရွံ့ရှာဖွယ်ဖြစ်သည့်အပြင် အလွန်ဆိုးဝါးသောလမ်းစဉ်လည်း ဖြစ်သည်" လို့ ပြတ်ပြတ်သားသား မိန့်ဆိုထားတာကို အမြဲသတိရပါ။ ဒီလို ဘာသာရေးအသိပညာတွေက မိမိကိုယ်ကို ထိန်းချုပ်နိုင်ဖို့ အခိုင်မာဆုံး ဒိုင်းကာတစ်ခု ဖြစ်လာပါလိမ့်မယ်။

▪️နောက်တချက်အနေနဲ့ အမြင်အာရုံကို ထိန်းချုပ်ဖို့နဲ့ မလိုအပ်တဲ့ အဆက်အသွယ်တွေကို ရှောင်ရှားဖို့ လိုအပ်ပါတယ်။ ဆိုရှယ်မီဒီယာတွေ၊ ရုပ်ရှင်တွေနဲ့ မီဒီယာအမျိုးမျိုးကနေ လိင်မှုကိစ္စတွေကို မြှူဆွယ်တဲ့ ပုံရိပ်တွေ အလွန်အကျွံ ဝင်ရောက်လာတဲ့ခေတ်မှာ ကိုယ့်ရဲ့ အမြင်အာရုံကို ထိန်းချုပ်နိုင်ဖို့က တကယ့်ကို အရေးကြီးပါတယ်။ ကုရ်အာန် (၂၄:၃၀) (အို- တမန်တော်)အသင်သည် အီမာန်ယုံကြည်သူများကို သူတို့၏မျက်စိများကို နှိမ့်ချထားရန်နှင့် သူတို့၏အရှက်အင်္ဂါများကို ထိန်းသိမ်းကြရန် ပြောကြားပါ။ ဤသည် သူတို့အတွက် အစင်ကြယ်ဆုံးပင်ဖြစ်သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် သူတို့ပြုလုပ်သမျှကို အကြွင်းမဲ့သိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူသည်" လို့ လမ်းညွှန်ထားပါတယ်။ ဒါ့အပြင် လိင်ကိစ္စတွေဆီ ဦးတည်သွားနိုင်တဲ့ မလိုအပ်တဲ့ တစ်ကိုယ်ရေ ဆက်ဆံမှုတွေ၊ နှစ်ဦးတည်း တွေ့ဆုံမှုတွေကို ရှောင်ရှားဖို့လည်း အရေးကြီးပါတယ်။

▪️တတိယအနေနဲ့ အကောင်းမြင်စိတ်ထားနဲ့ အကျိုးရှိတဲ့ ကိစ္စတွေမှာ အချိန်ကုန်ဆုံးဖို့ ကြိုးစားပါ။ ကိုယ့်ရဲ့အားလပ်ချိန်တွေကို အကျိုးမရှိတဲ့ အရာတွေမှာ အသုံးမပြုဘဲ ဘာသာရေးစာပေ လေ့လာတာ၊ အားကစားလုပ်တာ၊ ပရဟိတလုပ်ငန်းတွေမှာ ပါဝင်တာ စတဲ့ အပြုသဘောဆောင်တဲ့ လုပ်ငန်းတွေမှာ အချိန်ကုန်ဆုံးသင့်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် စိတ်ကို မကောင်းတဲ့ အတွေးတွေဆီကနေ လွှဲပြောင်းနိုင်ပြီး အာရုံစိုက်မှုကို အကျိုးရှိရာဆီ ပို့ဆောင်ပေးနိုင်ပါတယ်။ ကုရ်အာန် (၅၁:၅၆) ထို့ပြင် ငါအရှင်မြတ်သည် ဂျင်န် သတ္တဝါနှင့် လူသားကို ငါအရှင်မြတ်အား ကိုးကွယ်ရန်အတွက်ပင် ဖန်ဆင်းတော်မူခဲ့ခြင်းဖြစ်သည်။ * လို့ ဖော်ပြထားတာကို သတိရပြီး ဘဝရဲ့ ရည်ရွယ်ချက်ကို မြဲမြဲကိုင်စွဲပါ။

ထို့အပြင် နေကာဟ်ပြုဖို့ ကြိုးပမ်းခြင်းဟာ ဇေနာဟ်ကို ရှောင်ရှားဖို့ အကောင်းဆုံးနည်းလမ်းပါပဲ။ ဘာသာရေးကလည်း အိမ်ထောင်ပြုဖို့ တိုက်တွန်းထားပါတယ်။ ငွေကြေးအခက်အခဲတွေ ရှိရင်တောင် မိဘတွေနဲ့ ဆွေးနွေးပြီး အကူအညီတောင်းခံတာ၊ ဒါမှမဟုတ် ရိုးရှင်းစွာ နေကာဟ်ပြုဖို့ ကြိုးစားတာမျိုးတွေ လုပ်ဆောင်သင့်ပါတယ်။ တတ်နိုင်သလောက် ရိုးရှင်းစွာ နေကာဟ်ပြုပြီး တာဝန်ယူမှုရှိတဲ့ ဘဝကို စတင်ဖို့ ကြိုးစားပါ။

နောက်အချက်တစ်ခုကတော့ သူငယ်ချင်းရွေးချယ်မှုနဲ့ လူမှုပတ်ဝန်းကျင်ကို သန့်စင်အောင် နေထိုင်ခြင်းပါပဲ။ ကိုယ်နဲ့ စိတ်တူကိုယ်တူရှိပြီး ဘာသာရေးနဲ့ ကိုယ်ကျင့်တရားကို လေးစားလိုက်နာတဲ့ သူငယ်ချင်းတွေကို ပေါင်းပါ။ အကျင့်စာရိတ္တ မကောင်းတဲ့သူတွေ၊ ဇေနာဟ်ကို အားပေးအားမြှောက်ပြုတဲ့သူတွေနဲ့ ဝေးဝေးနေပါ။ လူမှုပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုက လူတစ်ယောက်ရဲ့ အပြုအမူကို အကြီးအကျယ် သက်ရောက်နိုင်ပါတယ်။

အစာရှောင်ခြင်း ၀ါ ရိုဇာဥပုဒ်သီလစောင့်တည်ခြင်းကလည်း လိင်ပိုင်းဆိုင်ရာ ဆန္ဒတွေကို ထိန်းချုပ်ရာမှာ အကူအညီပေးနိုင်ပါတယ်။ တမန်တော်မြတ် မုဟမ္မဒ် (ဆွလ် လလ္လာဟု အလိုင်ဟိ ဝစလ္လမ်) က "အိုလူငယ်တို့၊ သင်တို့အနက်မှ အိမ်ထောင်ပြုနိုင်သူသည် လက်ထပ်ပါစေ။ အကြောင်းမှာ ၎င်းသည် အမြင်အာရုံကို ထိန်းသိမ်းပေးပြီး လိင်အင်္ဂါကို စောင့်ရှောက်ပေး၏။ အိမ်ထောင်မပြုနိုင်သူသည် အစာရှောင်ပါစေ။ ၎င်းသည် သူ့အတွက် (ဒိုင်းကာ) ဖြစ်၏။" လို့ မိန့်ကြားထားပါတယ်။ ပုံမှန်အစာရှောင်ခြင်းက ကိုယ့်ရဲ့ စိတ်ဆန္ဒတွေကို ထိန်းချုပ်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်ပါတယ်။

နောက်ဆုံးအနေနဲ့ အလ္လာဟ်အရှင်မြတ်အား တိုင်တည်ဆုတောင်းခြင်းဟာ ဘယ်အရာမဆို အခက်အခဲတွေကို ကျော်လွှားရာမှာ အကောင်းဆုံး အားပေးမှုပါပဲ။ ဇေနာဟ်ကို ရှောင်ရှားနိုင်ဖို့နဲ့ ဖြောင့်မတ်တဲ့လမ်းမှာ နေနိုင်ဖို့ အလ္လာဟ်အရှင်မြတ်ရဲ့ အကူအညီကို အမြဲတောင်းခံပါ။ နေ့စဉ် ဆွလာသ် (ဝတ်ပြုဆုတောင်းခြင်း) တွေကို အချိန်မှန် ပြုလုပ်ပြီး အလ္လာဟ်အရှင်မြတ်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး တည်ဆောက်ပါ။

အချုပ်အားဖြင့်ဆိုရသော် လူငယ်တွေအနေနဲ့ နေကာဟ်မပြုနိုင်သေးခင်မှာ ဇေနာဟ်ကို ရှောင်ရှားနိုင်ဖို့အတွက် ဘာသာရေးအသိပညာကို ခိုင်မာအောင် လုပ်ဆောင်တာ၊ အမြင်အာရုံကို ထိန်းချုပ်တာ၊ အကျိုးရှိတဲ့ ကိစ္စတွေမှာ အချိန်ကုန်ဆုံးတာ၊ နေကာဟ်ပြုဖို့ ကြိုးစားတာ၊ ကောင်းမွန်တဲ့ သူငယ်ချင်းတွေနဲ့ ပေါင်းသင်းတာ၊ အစာရှောင်တာနဲ့ အလ္လာဟ်အရှင်မြတ်ကို အမြဲတိုင်တည်ဒုအာတောင်းတာ စတဲ့ နည်းလမ်းတွေကို လိုက်နာကျင့်သုံးဖို့ အရေးကြီးပါတယ်။ ဒါမှသာ အောင်မြင်တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

လူငယ်တွေ ဘာလို့ နေကာဟ် (လက်ထပ်ထိမ်းမြှားခြင်း) နဲ့ဝေးပြီး ဇေနာဟ် (မင်္ဂလာမဆောင်ဘဲ အတူနေခြင်း) နဲ့နီးစပ်နေကြတာလဲ ဆိုတဲ့အကြောင်း Content တပုဒ်ကိုရှေ့မှာဖော်ပြထားပါတယ်၊ ဖတ်ရှုကြည့်နိုင်ပါတယ်။

Link 👉 https://www.facebook.com/share/p/15kvxESiqN/

✍️

Address

Dubai

Telephone

+66952363933

Website

Alerts

Be the first to know and let us send you an email when The Nikkāh Project posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share