The Nikkāh Project

The Nikkāh Project A shariah-compliant Matrimonial platform and insights into Islamic marriage wisdom.

Missions

- မြန်မာမွတ်စ်လင်မ်လူငယ်များ၊ မိဘများနှင့် လူကြီးသူမများအား အစ္စလာမ့်တရားတော်နှင့်အညီလက်ထပ်ထိမ်းမြားခြင်း၏ အရေးကြီးပုံကို ပိုမိုသိရှိလာစေရန် အသိပညာမျှဝေခြင်း။

- မြန်မာမွတ်စ်လင်မ်လူငယ်များကြားတွင် Halal Relationship ပိုမိုအားကောင်းလာစေရန်နှင့် Haram Relationship များ လျော့နည်းသွားစေရန် အသိပညာဖြန့်ဝေခြင်း။

- To empower and educate Myanmar Muslim youth, parents, and elders worldwide about

the significance of Islamic marriage.

- To spread the knowledge to strengthen Halal Relationships and decrease Haram Relationships among Burmese Muslim youth. Visions

- အစ္စလာမ့်တရားတော်နှင့်အညီလက်ထပ်ထိမ်းမြားခြင်း၏ သဘောသဘာဝကို ပိုမိုနားလည်သဘောပေါက်လာနိုင်စေရန် အထောက်အပံ့ပေးနိုင်သည့် ပလက်ဖောင်းတစ်ခုဖြစ်ပေါ်လာစေခြင်း။

- အစ္စလာမ့်တရားတော်နှင့်အညီ အိမ်ထောင်ဖက်ရှာဖွေရာတွင် မိဘများနှင့် လူကြီးသူမများ၏ အားပေးထောက်ခံမှုနှင့်တကွ မြန်မာမွတ်စ်လင်မ်လူငယ်များ ခိုင်လုံသည့်ဆုံးဖြတ်ချက်ကောင်းများ ပြုလုပ်နိုင်ရန် ခွန်အား‌‌‌ပေးခြင်း။

- အစ္စလာမ့်တရားတော်နှင့်အညီ ကမ္ဘာတစ်ဝန်းလုံးရှိ မြန်မာမွတ်စ်လင်မ်များ အိမ်ထောင်ဖက်ရှာဖွေရာတွင် ပါဝင်ကူညီအားဖြည့်ပြီး အသိပညာမျှဝေမှု၊ ဆွေးနွေးမှုစကားဝိုင်းများမှတစ်ဆင့် မြန်မာမွတ်စ်လင်မ်အချင်းချင်း ရင်းနှီးချစ်ခင်အားကိုးစားမှု ပိုမိုခိုင်မာလာစေရန် ရည်ရွယ်ခြင်း။

- Our vision is to create a global platform of knowledge and guidance for Myanmar Muslims of all ages, fostering a culture where the importance of Islamic marriage is widely understood and embraced.

- We envision a community where youth are empowered with the wisdom and tools needed to make informed decisions about marriage, supported by the guidance and encouragement of their parents and elders.

- Through the power of education and open dialogue, we aspire to strengthen the foundations of Islamic marriages, thereby contributing to the overall well-being and harmony of the Myanmar Muslims.

تَقَبَّلَ اللَّهُ مِنَّا وَمِنكُمْ وَجَعَلَهُ عِيدًا مُبَارَكًا 🕊️ပျော်ရွှင်စွာ အိးဒ်နေ့ဖြစ်ပါစေ။
20/03/2026

تَقَبَّلَ اللَّهُ مِنَّا وَمِنكُمْ وَجَعَلَهُ عِيدًا مُبَارَكًا 🕊️
ပျော်ရွှင်စွာ အိးဒ်နေ့ဖြစ်ပါစေ။

Ramadan Mubarak!Nikkah Project ရဲ့ စာဖတ်ပရိသတ်အားလုံး...လမြတ်ရမဿွာန် တစ်လလုံး စိတ်ရောကိုယ်ပါ ကျန်းမာပြီး အိဗာဒဟ် တွေအမျာ...
18/02/2026

Ramadan Mubarak!

Nikkah Project ရဲ့ စာဖတ်ပရိသတ်အားလုံး...လမြတ်ရမဿွာန် တစ်လလုံး စိတ်ရောကိုယ်ပါ ကျန်းမာပြီး အိဗာဒဟ် တွေအများကြီးလုပ်နိုင်ပါစေလို့ ဒုအာအ်တောင်းရင်း ဒီလမြတ်ကို အတူတူ ကြိုဆိုကြရအောင်...

27/12/2025

Haram Relationship (ဟရာမ် ဆက်ဆံရေး) တွေက ကိုယ့်ရဲ့အနာဂတ် အိမ်ထောင်ရေးကို ဘယ်လောက်ထိ ထိခိုက်နိုင်သလဲ။

13/12/2025

ကိုယ်ကတစ်ယောက်ယောက်ကို သဘောကျနေပြီဆိုရင်....ဘာဆက်လုပ်မလဲ။

08/12/2025

အိမ်ထောင်ရေးတိုင်းမှာ ပျော်ရွှင်ရတဲ့အချိန်တွေနဲ့ စိတ်ဆင်းရဲရတဲ့အချိန်တွေ ရှိတတ်ပါတယ်။

တမန်တော်မြတ်မုဟမ္မဒ်(ﷺ)က မိန့်ကြားခဲ့တယ် -

“ယုံကြည်သူအမျိုးသားတစ်ယောက်ဟာ ယုံကြည်သူအမျိုးသမီးတစ်ယောက်ကို မမုန်းတီးသင့်ပါဘူး။ သူ့ရဲ့ အကျင့်တစ်ခုကို မကြိုက်ရင်တောင် တခြားအကျင့်တစ်ခုခုကတော့ အသင့်ကို ကျေနပ်စေမှာမို့ပါ” (Sahih Muslim 1468b)

ကောင်းတဲ့အရာတွေကိုပဲ အာရုံထားစိုက်ပျိုးပါ။ ကောင်းတဲ့အရာတွေအပေါ် ကရုဏာရဲ့ ရေလောင်းပေးပါ။ အကြင်နာမြေဩဇာ သွန်းလောင်းပါ။

သည်းမခံနိုင်လောက်အောင် ဖြစ်လာတဲ့အခါဆိုလဲ... အသင့်ရဲ့ဇနီး/ခင်ပွန်းက အသင့်ရဲ့ရန်သူမဟုတ်ဘူးဆိုတာကို သတိရလိုက်ပါ။ အသင်တို့က တစ်ဖွဲ့တည်းပါ၊ ဂျန္နဟ်သုခဘုံကို အတူတူလျှောက်လှမ်းနေကြတဲ့ တစ်ဖွဲ့တည်းသားတွေမဟုတ်လား...

Ref; Dr Muhammad Salah

ရဲမျိုးဇော်
✍🏻Content Contributor, TNP

စိတ်ရောကိုယ်ပါလှပမယ့် လက်တွဲဖော်ကို ဘယ်လိုရှာမလဲ ❓အိမ်ထောင်ရေးဆိုတာ လူသားတိုင်းရဲ့ဘဝမှာ အရေးပါတဲ့အခန်းကဏ္ဍတစ်ခုပါ။ ဒီလို...
06/12/2025

စိတ်ရောကိုယ်ပါလှပမယ့် လက်တွဲဖော်ကို ဘယ်လိုရှာမလဲ ❓

အိမ်ထောင်ရေးဆိုတာ လူသားတိုင်းရဲ့ဘဝမှာ အရေးပါတဲ့အခန်းကဏ္ဍတစ်ခုပါ။ ဒီလိုအရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချတဲ့အခါ အလ္လာဟ်အရှင်မြတ်ရဲ့ လမ်းညွှန်မှုတွေနဲ့အညီ စနစ်တကျစဉ်းစားဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ရဲ့ဘဝလက်တွဲဖော်ကို ရွေးချယ်တဲ့အခါ ကိုယ်ပိုင်အမြင်တွေအပြင် အစ္စလာမ်က သတ်မှတ်ပေးထားတဲ့ အခြေခံမူတွေကိုလည်း နားလည်ထားသင့်ပါတယ်။

လူအများစုဟာ အိမ်ထောင်ဖက်ရွေးချယ်တဲ့အခါ ရုပ်ပိုင်းဆိုင်ရာအလှအပ၊ စည်းစိမ်ဥစ္စာနဲ့ လူမှုရေးဂုဏ်ပုဒ်တွေကို ဦးစားပေးလေ့ရှိပါတယ်။ ဒါပေမဲ့ အစ္စလာမ်ကတော့ ဒီထက်ပိုပြီး နက်နဲတဲ့အရာတွေကို မြင်စေချင်ပါတယ်။ ကိုယ်နဲ့အတူတူ ဂျန္နသ် (Jannah) ကို လိုက်မယ့်သူတစ်ယောက်ကို ရွေးချယ်ဖို့ အဓိကထားရမှာဖြစ်ပါတယ်။ ဘာသာရေးနဲ့ ကိုယ်ကျင့်တရားကောင်းမွန်ခြင်းဟာ စစ်မှန်တဲ့ပျော်ရွှင်ခြင်းကို ပေးစွမ်းနိုင်ပါတယ်။

ကျမ်းတော်မြတ်ကုရ်အာန်မှာ အလ္လာဟ်အရှင်မြတ်က “ကုရ်အာန် (၄၉:၁၃) (၁၃) အို-လူသားအပေါင်းတို့၊ အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်တို့အား ယောကျ်ားတစ်ယောက်၊ မိန်းမတစ်ယောက်မှ (စတင်)ဖန်ဆင်းတော်မူခဲ့သည်။ *၁၁ ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့အချင်းချင်း တစ်ဦးကိုတစ်ဦးခွဲခြားသိမြင် မှတ်မိကြရန်အတွက် လူမျိုးစုများ၊ မျိုးနွယ်များ ပြုလုပ်တော်မူခဲ့သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်ထံတော်တွင် အသင်တို့ထဲမှ အမြတ်ဆုံးသူသည် အသင်တို့ထဲမှ အကြောက်ရွံ့ဆုံး အပြစ်အရှောင်ကြဉ်ဆုံးသူပင်ဖြစ်သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိတော်မူသောအရှင်၊ အကြွင်းမဲ့ကြားသိတော်မူသောအရှင်ဖြစ်တော်မူသည်။ လို့ မိန့်တော်မူထားပါတယ်။ ဒီအာယသ်က အလှအပ၊ ဂုဏ်ဒြပ်ထက် ဘာသာတရားကိုင်းရှိုင်းမှုက ဘယ်လောက်တန်ဖိုးရှိတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြသနေပါတယ်။ အိမ်ထောင်ဖက်ရဲ့ ကိုယ်ကျင့်တရားကောင်းမွန်မှုဟာ မိသားစုတစ်ခုလုံးရဲ့ ငြိမ်းချမ်းရေးနဲ့ ခိုင်မာမှုကို တိုက်ရိုက်အကျိုးသက်ရောက်စေပါတယ်။

ဘာသာရေးလိုက်နာမှု ဆိုတာ နေ့စဉ်ဝတ်ပြုဆုတောင်းခြင်းတင်မကဘဲ၊ တာဝန်ယူတတ်ခြင်း၊ သစ္စာရှိခြင်းနဲ့ ကိုယ်ချင်းစာတရားရှိခြင်းလိုမျိုး ကိုယ်ရည်ကိုယ်သွေးတွေကိုပါ ဆိုလိုပါတယ်။ ဘာသာတရားကို ရိုသေလေးစားတဲ့သူဟာ အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့တာကြောင့် မတရားမှုတွေကို ရှောင်ကြဉ်ပြီး တရားမျှတတဲ့ဘဝကို တည်ဆောက်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့ မိမိရဲ့ဘဝလက်တွဲဖော်ကို ရွေးချယ်တဲ့အခါ သူတို့ရဲ့ ဘာသာရေးအသိ၊ အလ္လာဟ်အပေါ်ထားရှိတဲ့ သက်ဝင်ယုံကြည်မှုကို ပထမဦးစားပေး စဉ်းစားသင့်ပါတယ်။

အစ္စလာမ်မှာ မိဘတွေရဲ့အခန်းကဏ္ဍလည်း အရေးကြီးပါတယ်။ အိမ်ထောင်ဖက်ရွေးချယ်တဲ့အခါ သူတို့ရဲ့ မိသားစုနောက်ခံနဲ့ ယဉ်ကျေးမှုကိုလည်း လေ့လာသင့်ပါတယ်။ ကုရ်အာန်မှာ အလ္လာဟ်အရှင်မြတ်က “မိဘများအပေါ် ကရုဏာထားကြလော့” လို့ မိန့်တော်မူထားပါတယ်။ မိဘတွေကို ရိုသေလေးစားတဲ့သူတစ်ယောက်ဟာ မိမိအပေါ်ကိုလည်း တန်ဖိုးထားပြီး ချစ်ခင်လေးစားမှာဖြစ်ပါတယ်။

တစ်ဦးနဲ့တစ်ဦး အပြန်အလှန်နားလည်မှုနဲ့ သည်းခံမှုဆိုတာလည်း အိမ်ထောင်ရေးအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ အလ္လာဟ်အရှင်မြတ်က “ကုရ်အာန် (၃၀:၂၁) ထို့ပြင် အရှင်မြတ်၏သက်သေလက္ခဏာများထဲတွင် (ဤသည်လည်း ပါဝင်သည်)- အရှင်မြတ်သည် အသင်တို့အတွက် အသင်တို့၏အမျိုးအစားထဲမှပင် ဇနီးကြင်ရာများအား သူတို့ထံတွင် အသင်တို့ စိတ်ချမ်းသာမှုနှင့် အနားယူကြရန်အတွက် ဖန်ဆင်းတော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် အသင်တို့ကြားတွင် ချစ်ခင်မှုနှင့် ကြင်နာမှုကို ပြုလုပ်ပေးတော်မူခဲ့သည်။ အမှန်စင်စစ် ထိုအထဲတွင် စဉ်းစားဆင်ခြင်သူများအတွက် အမှန်ပင် သက်သေလက္ခဏာများ ရှိသည်။ လို့ မိန့်တော်မူပါတယ်။ ဒီအာယသ်ဟာ အိမ်ထောင်ရေးရဲ့ ရည်ရွယ်ချက်ဟာ အပြန်အလှန်နားလည်မှုနဲ့ ချစ်ခြင်းမေတ္တာအပေါ်မှာ အခြေခံတယ်ဆိုတာကို ဖော်ပြနေပါတယ်။

အိမ်ထောင်ဖက်ရွေးချယ်မှုမှာ ဒုအာအ် (Dua) ခေါ်တဲ့ ဆုတောင်းခြင်းဟာ အလွန်အရေးကြီးပါတယ်။ အလ္လာဟ်အရှင်မြတ်ဆီမှာ အကောင်းဆုံးလမ်းပြမှုကို တောင်းခံခြင်းက မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေကနေ ကာကွယ်ပေးနိုင်ပါတယ်။ အိစ်သီခါရာ (Istikhara) ဆုတောင်းခြင်းဟာ အိမ်ထောင်ဖက်ရွေးချယ်မှုလိုမျိုး အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေမှာ အသုံးပြုလေ့ရှိပြီး အလ္လာဟ်အရှင်မြတ်ဆီကနေ အဖြေကိုရယူဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့၊ အိမ်ထောင်ဖက်ကို ရွေးချယ်တဲ့အခါ တာဝန်ယူတတ်တဲ့စိတ် ရှိမရှိကို သေချာလေ့လာသင့်ပါတယ်။ ဘဝရဲ့အခက်အခဲတွေကို အတူတူရင်ဆိုင်ဖို့ တာဝန်ယူတတ်ပြီး ရင့်ကျက်တဲ့စိတ်ဓာတ်ရှိဖို့ လိုအပ်ပါတယ်။ ဘဝရဲ့ဝန်ထုပ်ဝန်ပိုးကို ဝိုင်းပြီးထမ်းနိုင်မယ့်သူ၊ အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းနိုင်မယ့်သူကို ရွေးချယ်ဖို့ အလွန်အရေးကြီးပါတယ်။

နိဂုံးချုပ်အနေနဲ့ဆိုရရင် အိမ်ထောင်ဖက်ရွေးချယ်ခြင်းဟာ အလွယ်တကူဆုံးဖြတ်ရမယ့်ကိစ္စမဟုတ်ပါဘူး။ ရုပ်ပိုင်းဆိုင်ရာအလှအပ၊ ဓနဥစ္စာတွေက ခေတ္တသာဖြစ်ပေမဲ့ ဘာသာရေးနဲ့ ကိုယ်ကျင့်တရားကောင်းမွန်ခြင်းဟာ အလ္လာဟ်အရှင်မြတ်ရဲ့ ကာရုဏာတော်ကြောင့် ဘဝရဲ့အဆုံးအထိ တည်မြဲနေမှာဖြစ်ပါတယ်။ ဒီအချက်တွေကို ဦးစားပေးပြီး အိမ်ထောင်ဖက်ကို ရွေးချယ်မယ်ဆိုရင် ငြိမ်းချမ်းသာယာပြီး အလ္လာဟ်အရှင်မြတ်ရဲ့ ကောင်းချီးမင်္ဂလာတွေနဲ့ပြည့်နှက်နေတဲ့ အိမ်ထောင်ရေးတစ်ခုကို တည်ဆောက်နိုင်ပါလိမ့်မယ်။

✍️ Grayson Washington West

27/09/2025

ကိုယ့်မှာ Crush တစ်ယောက်ရှိနေပြီဆိုရင် ဘယ်လိုဆက်လုပ်ကြမလဲ။

🔹အိမ်ထောင်မပြုခင် မေးသင့်တဲ့ မေးခွန်း (၁၂) ချက်🔹🌙 အိမ်ထောင်ပြုမယ့်သူကို တွေ့ဆုံဖို့၊ စကားပြောဖို့နဲ့ အချိန်ယူဖို့၊ အလျင်...
22/09/2025

🔹အိမ်ထောင်မပြုခင် မေးသင့်တဲ့ မေးခွန်း (၁၂) ချက်🔹

🌙 အိမ်ထောင်ပြုမယ့်သူကို တွေ့ဆုံဖို့၊ စကားပြောဖို့နဲ့ အချိန်ယူဖို့၊ အလျင်စလို မလုပ်ဖို့ အစ္စလာမ်မှာ အကြံပြုထားပါတယ်။

မေးခွန်းတွေ မေးတာ၊ ဆွေးနွေးတာ၊ သေချာလေ့လာ စူးစမ်းတာ တွေလုပ်ပြီးမှ ဆုံးဖြတ်ပါ။ လေ့လာစူးစမ်းတယ်ဆိုတာ ရဲလို စစ်ဆေးတာမျိုး မဟုတ်ပါဘူး။

👓တစ်ယောက်အကြောင်း တစ်ယောက် သိအောင်လုပ်ထားဖို့ လိုပါတယ်။ ရုပ်ရည်၊ အလှအပတွေက နောက်ပိုင်းကိစ္စတွေပါ။ အလှအပဆိုတာ ကြည့်တဲ့သူရဲ့ အမြင်ပေါ် မူတည်ပါတယ်။

လက်ထပ်ပြီးမှ သိရမယ့် ပြဿနာဖြစ်နိုင်တဲ့ အရာတွေကို မင်္ဂလာမဆောင်ခင်မှာပဲ သိအောင်လုပ်ထားပါ။

ကိုယ့်ကိုယ်ကိုယ် ဘယ်သူလဲဆိုတာ သိဖို့ အရေးကြီးပါတယ်။ ကိုယ့်တန်ဖိုးတွေ၊ ဘယ်အရာကို လက်ခံနိုင်လဲ၊ ဘယ်အရာကို လက်မခံနိုင်ဘူးလဲဆိုတာ သိထားပါ။

ကိုယ်တကယ်လိုချင်တဲ့ အရာ (၇) ချက်လောက်ကို "Red Lines" အဖြစ် သတ်မှတ်ထားပါ။ ဥပမာ - ဟီဂျဗ်မဝတ်တဲ့သူဆို လက်မခံနိုင်ဘူးဆိုရင် ဟီဂျဗ်ဝတ်ပြီးသားသူကို ရှာပါ။

💍လူတစ်ယောက်ရဲ့ ပြောင်းလဲမယ်ဆိုတဲ့ ကတိကို သတိထားပါ။ လူတွေက ပြောင်းလဲမယ်လို့ ကတိပေးတတ်ပေမဲ့ တကယ်တမ်းကျတော့ အခြေအနေအကြောင်းကြောင်းတွေပြပြီး မဖြစ်မြောက်တာ ဒါမှမဟုတ် အချစ်တွေ လျော့လာတဲ့အခါ ပြောင်းလဲသွားတာမျိုးတွေ အများကြီး တွေ့ရပါတယ်။ ဒါကြောင့် သင်တကယ်လိုချင်တဲ့ အရည်အသွေးတွေ ရှိပြီးသားသူကို ရှာဖွေတာ အကောင်းဆုံးပါ။

🌱လူငယ်တွေမှာ စိတ်ခံစားချက်တွေက အသိဉာဏ်ကို လွှမ်းမိုးတတ်ပါတယ်။ စိတ်ခံစားမှုတွေက လှည့်စားတတ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အကြာကြီး ရင်းနှီးသွားတဲ့အခါ သံယောဇဉ်တွေက အားကောင်းလာပြီး ကောင်းကောင်း မစဉ်းစားနိုင်တော့ပါဘူး။

🎯အိမ်ထောင်ပြုဖို့ ဆုံးဖြတ်ပြီး ကိုယ့်လက်တွဲဖော်ကို ရွေးချယ်ထားပြီဆိုရင် ဒီအရေးကြီးတဲ့ အချက် (၁၂) ချက်ကို လေ့လာပြီးမှ ဆုံးဖြတ်ပါ။

⛔ဒီအကြောင်းအရာတွေကို မေးခွန်းထုတ်သလိုမျိုး မလုပ်ပါနဲ့။ အချိန်ယူပြီး ပြောဆိုဆွေးနွေးပါ။ ဖြစ်နိုင်ရင် မိဘအိမ်မှာ ဒါမှမဟုတ် မိသားစုတွေ ရှိတဲ့ ပတ်ဝန်းကျင်မှာ တွေ့ဆုံဆွေးနွေးတာ ပိုကောင်းပါတယ်။ အဲဒီမှာ လူတစ်ဦးရဲ့ စစ်မှန်တဲ့ ပုံစံကို ပိုသိနိုင်ပါတယ်။ စကားစမြည်ပြောဖို့ အခက်အခဲ မရှိရအောင် ရာသီဥတုအကြောင်း၊ ဒါမှမဟုတ် ရယ်စရာတွေနဲ့ စကားစကြည့်ပါ။ တစ်ဖက်သားရဲ့ အပြင်
ပန်းကို မြင်မြင်ချင်း ချီးကျူးတာမျိုး ရှောင်ပါ။

1. အိမ်ထောင်ရေးဘဝကို ဘယ်လိုမြင်လဲ❓

◦ အိမ်ထောင်ရေးဆိုတာ ဘာလဲ၊ ခင်ပွန်းနဲ့ ဇနီးကြား ဆက်ဆံရေး ဘယ်လိုရှိသင့်လဲ၊ မိသားစုဘဝကို ဘယ်လိုမြင်လဲဆိုတာ ဆွေးနွေးပါ။ ကိုယ့်အမြင်ကို အရင်စပြောပြီး တစ်ဖက်လူကို ဆက်ပြောစေပါ။

2. အိမ်ထောင်ဖက်ဆီက ဘယ်လိုအရည်အသွေးတွေ လိုချင်လဲ ❓

◦ ကိုယ့်အိမ်ထောင်ဖက်မှာ ဘယ်လိုအရည်အသွေးတွေ မြင်ချင်လဲဆိုတာ ဆွေးနွေးပါ။ ကိုယ်လိုချင်တာကို ပြောပြပြီး သူ့ဘက်ကလည်း ဘာလိုချင်လဲဆိုတာကို နားထောင်ပါ။

3. မိသားစုဆက်ဆံရေးပုံစံနဲ့ ယဉ်ကျေးမှု ❓

◦ ဒါက အရမ်းအရေးကြီးပါတယ်။ အိမ်ထောင်ပြုတယ်ဆိုတာ လူနှစ်ဦးတည်း မဟုတ်ဘဲ မိသားစုတွေ၊ ယဉ်ကျေးမှုတွေ၊ တခါတလေ မျိုးနွယ်စုတွေပါ ပေါင်းစပ်ကြတာပါ။ ယောက္ခမတွေနဲ့ ဘယ်လိုဆက်ဆံရမလဲ၊ မိသားစုထဲက ဆက်ဆံရေးပုံစံ ဘယ်လိုရှိသလဲ၊ မိဘ၊ မောင်နှမတွေနဲ့ ကိုယ့်ဆက်ဆံရေး ဘယ်လိုရှိသလဲဆိုတာ ဆွေးနွေးပါ။ တချို့ယဉ်ကျေးမှုတွေမှာ မင်္ဂလာဆောင်ပြီးရင် အပတ်တိုင်း ယောက်ျားလေးမိဘအိမ်ကို သွားရတာမျိုးတွေ ရှိတယ်။ ဒါတွေက ကြိုတင်ဆွေးနွေးသင့်တဲ့ ကိစ္စတွေပါ။ အိမ်ထောင်ရေးဆိုတာ အပေးအယူ၊ အလျှော့အတင်းလုပ်တာပါ။

4. အတူနေထိုင်ရေး စီစဉ်မှု ❓

◦ ဒီအချက်က မိသားစုဆက်ဆံရေးပုံစံနဲ့ နီးစပ်ပါတယ်။ တချို့ယဉ်ကျေးမှုတွေမှာ သားနဲ့ချွေးမကို မိဘတွေနဲ့ အတူနေဖို့ ဖိအားပေးတတ်ကြတယ်။ ဒါက ဇနီးသည်အတွက် ဖိနှိပ်မှု၊ မတရားမှု ဖြစ်ပါတယ်။ ဒါပေမဲ့ အစ္စလာမ်မှာ ဇနီးသည်ကို ယောက္ခမတွေ ဒါမှမဟုတ် တခြားဘယ်သူနဲ့မှ အတူနေဖို့ ဖိအားပေးတာကို အကြံမပြုပါဘူး။ ဇနီးသည်မှာ သူ့ကိုယ်ပိုင် နေအိမ်၊ ကိုယ်ပိုင်သီးသန့်နေရာ ရှိပိုင်ခွင့်ရှိပါတယ်။ မင်္ဂလာဆောင်ပြီးမှ မိဘအိုကြီးတွေ နာမကျန်းဖြစ်လို့ ပြုစုဖို့ လိုအပ်လာရင်တောင် ဇနီးသည်ကို အတူနေဖို့ မဖြစ်မနေ တောင်းဆိုခွင့် မရှိပါဘူး။ ဒါက သူ့ရဲ့ ဆွဒ်ကဟ် (အလှူသဒ္ဓါတရား) ဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေမှာ ဆွေးနွေးပြီး အတူတူ ဖြေရှင်းကြဖို့၊ အိမ်နီးနားချင်းအနေနဲ့ နေတာ၊ မောင်နှမတွေ အလှည့်ကျ ပြုစုတာမျိုးတွေ လုပ်နိုင်ပါတယ်။ ဒီလိုကိစ္စတွေ မဆွေးနွေးလို့ ပြဿနာတွေ၊ ကွာရှင်းမှုတွေ အများကြီး ရှိနေပါတယ်။

5. အားလပ်ချိန် ဘယ်လိုကုန်ဆုံးလဲ ❓

◦ ဝါသနာတွေ၊ လူမှုရေးလုပ်ငန်းတွေ၊ ရုပ်ရှင်ကြည့်တာ၊ လူမှုကွန်ရက်သုံးတာ စတာတွေကို ဆွေးနွေးပါ။ ဒီခေတ်မှာ လူမှုကွန်ရက်နဲ့ ပတ်သက်တဲ့ သစ္စာဖောက်မှုကိစ္စတွေကိုပါ ဆွေးနွေးသင့်ပါတယ်။

6. ငွေကြေးစီစဉ်မှု ❓

◦ ငွေကြေးအကြောင်း ဆွေးနွေးဖို့ နည်းလမ်းရှာပါ။ "မင်းရဲ့ပိုက်ဆံနဲ့ ငါ့ပိုက်ဆံက အတူတူလား၊ ဒါမှမဟုတ် မင်းပိုက်ဆံက မင်းပိုက်ဆံ၊ ငါ့ပိုက်ဆံက ငါ့ပိုက်ဆံလား" စသဖြင့် ဆွေးနွေးပါ။ အစ္စလာမ်မှာ ဇနီးသည်ရဲ့ပိုက်ဆံက သူ့ပိုက်ဆံပါ။ ဒါပေမဲ့ ခင်ပွန်းသည်ရဲ့ပိုက်ဆံ အားလုံးက ဇနီးသည်ရဲ့ပိုက်ဆံ မဟုတ်ပါဘူး။ ခင်ပွန်းသည်က ဇနီးနဲ့ သားသမီးတွေရဲ့ နေထိုင်မှု၊ အဝတ်အစား၊ အစားအစာ၊ အကာအကွယ်နဲ့ လုံခြုံရေး စတဲ့ လိုအပ်ချက်အားလုံးကို ထောက်ပံ့ပေးဖို့ တာဝန်ရှိပါတယ်။
◦ ငွေကြေးအကြောင်း ပွင့်ပွင့်လင်းလင်း ပြောဆိုနိုင်ဖို့ ယုံကြည်မှုက အရေးကြီးဆုံးပါ။ ယုံကြည်မှုမရှိရင် ဘယ်လိုဆက်ဆံရေးမှ မရှိနိုင်ပါဘူး။ ယုံကြည်မှု (Trust)၊ ပွင့်လင်းမြင်သာမှု (Transparency)၊ အချိန် (Time)၊ စကားပြောဆိုမှု (Talking) နဲ့ သည်းခံမှု (Tolerance) ဒီ 5T က အိမ်ထောင်ရေးမှာ အရေးကြီးပါတယ်။

7. လူမှုဘဝ ❓

◦ လူမှုဘဝ၊ အပေါင်းအသင်းတွေအကြောင်း ဆွေးနွေးပါ။ သူငယ်ချင်းတွေက လူတစ်ဦးအကြောင်း အများကြီး ပြောပြနိုင်ပါတယ်။ လူမှုကွန်ရက်မှာ စုံစမ်းတာ၊ တခြားသူတွေကို မေးမြန်းတာလည်း ပြုလုပ်နိုင်ပါတယ်။

8. ကလေးယူခြင်း၊ ပြုစုပျိုးထောင်ခြင်းနဲ့ အမည်ပေးခြင်း ❓

◦ ကလေးယူဖို့ စဉ်းစားထားလား၊ ဘယ်နှစ်ယောက် လိုချင်လဲ၊ ကလေးတွေကို ဘယ်လို ပညာရေးပေးမယ်ဆိုတာတွေ ဆွေးနွေးပါ။ အရေးကြီးဆုံးတစ်ခုကတော့ ကလေးအမည်ပေးခြင်းပါ။ တချို့ယဉ်ကျေးမှုတွေမှာ အဖိုးရဲ့နာမည်ကို ပေးရတာမျိုးတွေ ရှိပြီး ဒါကလဲ ပြဿနာဖြစ်စေနိုင်ပါတယ်။

9. အနာဂတ် ရည်မှန်းချက်နဲ့ အလုပ်အကိုင် ❓

◦ အနာဂတ် ရည်မှန်းချက်တွေ၊ ပန်းတိုင်တွေ၊ အထူးသဖြင့် အလုပ်အကိုင်က ဘယ်လောက်အရေးပါလဲဆိုတာ ဆွေးနွေးပါ။

10. ကျန်းမာရေးပြဿနာ၊ မသန်စွမ်းမှု ❓

◦ ကျန်းမာရေးပြဿနာတွေ၊ မသန်စွမ်းမှုတွေ ရှိရင် ဖုံးကွယ်ထားတာ ဟရာမ် (အပြစ်ကြီး) ဖြစ်ပါတယ်။ ရှက်လို့ ပြောဖို့ခက်ရင် တခြားသူတစ်ယောက်က တစ်ဆင့် သွယ်ဝိုက်ပြောခိုင်းပါ။ အိမ်ထောင်ကျပြီးမှ သိရရင် ပြဿနာဖြစ်ပြီး အိမ်ထောင်ရေးကို ထိခိုက်နိုင်ပါတယ်။ ဇနီးရော၊ ခင်ပွန်းပါ ဒါတွေကို သိပိုင်ခွင့် ရှိပါတယ်။

11. အတိတ် ❓

◦ ပညာရှင်တွေက အတိတ်က အပြစ်တွေကို ဖုံးကွယ်ထားသင့်တယ်လို့ ပြောကြတာမှန်ပါတယ်။ အလ္လာဟ်အရှင်မြတ်က အပြစ်အားလုံးကို ခွင့်လွှတ်တော်မူပါတယ်။ ဒါပေမဲ့ အတိတ်က အပြစ်တွေဟာ သင့်အိမ်ထောင်ရေးထဲကို ပြန်ဝင်လာနိုင်ခြေ ရှိမရှိကို စဉ်းစားဖို့ လိုပါတယ်။ ဥပမာ - မူးယစ်ဆေးစွဲဖူးရင် ~ အိမ်ထောင်ရေးမှာ စိတ်ဖိစီးမှုတွေ ကြုံလာတဲ့အခါ ပြန်စွဲနိုင်ခြေ ရှိပါတယ်။
◦ အတိတ်က အပြစ်တွေကို တိုက်ရိုက် မပြောဘဲ အရိပ်အမြွက် ပြောပြတာ ဒါမှမဟုတ် တခြားသူတစ်ယောက်ကတစ်ဆင့် ပြောပြခိုင်းတာမျိုး လုပ်နိုင်ပါတယ်။ ဒါပေမဲ့ တစ်ဖက်လူက မေးလာရင် ဖြေဖို့ တာဝန်မရှိပါဘူး။ လက်ထပ်မလား၊ မလက်ထပ်ဘူးလားဆိုတာ သူတို့ရဲ့ ဆုံးဖြတ်ချက်ပါပဲ။
◦ အစ္စလာမ်ကို ကူးပြောင်းလာတဲ့ နောင်မွတ်စ်လင်မ်တွေ၊ အပြစ်တွေအတွက် နောင်တရပြီးသားသူတွေဆိုရင် "ကျွန်တော်/ကျွန်မ အပြစ်တွေနဲ့ ပြည့်နေတဲ့ ဘဝကို ဖြတ်သန်းခဲ့ဖူးပါတယ်။ အခု နောင်တရပါပြီ" လို့ ပြောလိုက်ရုံပါပဲ။ အသေးစိတ် ပြောပြဖို့ မလိုပါဘူး။ ဒါပေမဲ့ အတိတ်ကနေ သင့်အိမ်ထောင်ရေးကို ပြန်လည် ထိခိုက်စေနိုင်တဲ့ အရာတွေဆိုရင် အရိပ်အမြွက်ဖြစ်စေ ပြောပြတာ ကောင်းပါတယ်။ ထောင်ကျဖူးတာမျိုး ရှိရင် ဒါတွေကို ပြောပြဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့ ဒါက မိသားစုကိုပါ ထိခိုက်နိုင်လို့ပါ။

12. မင်္ဂလာဆောင် အစီအစဉ် ❓

◦ မင်္ဂလာဆောင်ကို ဘယ်လိုပုံစံမျိုး လိုချင်လဲဆိုတာ ဆွေးနွေးဖို့ အရေးကြီးပါတယ်။ မင်္ဂလာဝတ်စုံ၊ လက်စွပ်၊ ပန်းစည်း၊ ကားအမျိုးအစား၊ ပွဲကျင်းပမယ့် နေရာ စတာတွေ မဆွေးနွေးမိလို့ နှစ်ဖက်မိသားစုချင်း ပြဿနာတွေ၊ ကွာရှင်းမှုတွေတောင် ဖြစ်ခဲ့တာတွေ အများကြီး ရှိပါတယ်။


🎯အရေးအကြီးဆုံးကတော့ သင်သိတဲ့ အချက်အလက်တွေကို အိမ်ထောင်ပြုဖို့ ရည်ရွယ်ချက်အတွက်သာ အသုံးပြုပြီး ဘယ်သူ့ကိုမှ ပြန်ပြောပြတာ၊ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်တာမျိုး လုံးဝမလုပ်ပါနဲ့။ ကိုယ့်မိဘတွေကိုတောင် မပြောသင့်တဲ့ အခြေအနေတွေ ရှိပါတယ်။ လျှို့ဝှက်ချက်ကို ထိန်းသိမ်းဖို့ အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ပြီး ခိုင်မာစွာ ရပ်တည်ပါ။

🌟အိမ်ထောင်ပြုခြင်းဆိုတာ ဘဝမှာ အရေးကြီးဆုံး ဆုံးဖြတ်ချက်တွေထဲက တစ်ခုပါ။ ဒါကြောင့် ယုံကြည်မှု၊ ပွင့်လင်းမြင်သာမှု၊ အချိန်ယူ စကားပြောဆိုမှုနဲ့ သည်းခံမှု (5 T) တို့က အင်မတန်အရေးကြီးပါတယ်။ အလ္လာဟ်အရှင်မြတ်က ကျွန်တော်တို့အားလုံးကို အကောင်းဆုံး လမ်းညွှန်ပြသပေးပါစေလို့ ဆုတောင်းလျက်~

Ref; https://youtu.be/BKo59kxohe0?feature=shared

ရဲမျိုးဇော်
✍🏻Content Contributor, TNP

✨  ٱلْحَمْدُ لِلَّٰهِ ✨ The Nikkāh Training သင်တန်းလေးဟာ ယခုဆိုရင်တော့ session 12 ခုအထိ သင်ကြားပြီးသွားပြီပဲ ဖြစ်ပါတယ်ရှ...
21/09/2025

✨ ٱلْحَمْدُ لِلَّٰهِ ✨

The Nikkāh Training သင်တန်းလေးဟာ ယခုဆိုရင်တော့ session 12 ခုအထိ သင်ကြားပြီးသွားပြီပဲ ဖြစ်ပါတယ်ရှင့် 🎓💍

အပတ်စဉ် သင်ခန်းစာတွေထဲမှာ နီကာဟ်နှင့် ပတ်သက်တဲ့ လေ့လာသင်ယူစရာ အကြောင်းအရာအသစ် အသစ်တွေအပြင် နိကာဟ်မပြုခင်မှာ မိမိအနေနဲ့ သိသင့်သိထိုက်ပြီး ပြင်ဆင်ဖို့ လိုအပ်နေကြတဲ့ အရာတွေလည်း ပါဝင်ပါတယ်ရှင့် 🌸

17/09/2025

အမျိုးသမီးတွေ အိမ်ထောင်မပြုခင်..."ငါဘာကြောင့် လက်ထပ်ချင်တာလဲ?" ဆိုတဲ့ မေးခွန်းကို ကိုယ့်ကိုကိုယ် မေးကြည့်ဖူးလား။

တကယ်တော့ ဒီမေးခွန်းရဲ့ အဖြေက အရေးကြီးလွန်းတယ်။

"အိမ်ကပေးစားလို့" ဆိုရင် အဲ့ဒါ မှန်တဲ့ အကြောင်းပြချက် မဟုတ်ဘူး။

"တစ်ယောက်တည်း မနေချင်လို့" ဆိုတာလဲ တကယ်တော့ guarantee မရှိဘူး။

"သူ့ကိုသဘောကြလို့" ဆိုတာတောင် လုံလောက်တဲ့ အဖြေ မဟုတ်သေးဘူး။

ဖြစ်သင့်တဲ့ အဖြေက "အလ္လာဟ်(سبحانه وتعالى) အတွက်" ဖြစ်ရမယ်။ ဆိုလိုတာက အလ္လာဟ် (سبحانه وتعالى) ကို နှစ်သက်စေဖို့အတွက်၊ ကိုယ့်ဒီးန်ကို မွန်မြတ်အောင် လုပ်ဖို့အတွက်လက်ထပ်တာ။

အဲ့ဒီလို မေးကြည့်ရင်တော့ ကိုယ့်ရဲ့ intention က ရှင်းလာပါလိမ့်မယ်။

အိမ်ထောင်ရေးမှာ ခိုင်မာတဲ့ အခြေခံရဖို့အတွက် ဒါဟာအရေးကြီးတယ်လို့ ထင်ပါတယ်။

စာဖတ်သူတို့ရော ဘယ်လိုထင်ပါသလဲ။

14/09/2025

အမျိုးသမီးတွေ အမျိုးသားတွေရှာတဲ့ ငွေတွေကို ထိန်းသိမ်းတတ်ဖို့ ဘယ်လောက်ထိ အရေးကြီးလဲ။

Address

Dubai

Telephone

+66952363933

Website

Alerts

Be the first to know and let us send you an email when The Nikkāh Project posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share