
12/28/2021
လက်နက်မဲ့ ပြည်သူများကို ကာကွယ်စောင့်ရှောက်ပေးနေလျှက်ရှိကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ PDF အပေါင်းတို့ တစ်ဦးချင်းစီ အားဘေးရန်ကင်းကြပါစေကြောင်း ဆုတောင်းလျှက်ပါ 🙏🙏🙏
�ဒီ page လေးဟာ ခရီးသွားရင်းလေ့လာမိသမျှ အတွေ့ကြုံ ဗဟုသုတလေးများကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။ ခရီးသွားခြင်းဆိုင်ရာနှငိ့အခြားဗဟုသုတပေါင်းစုံ မျှဝေပေးမှာဖြစ်ပါတယ်။
Operating as usual
လက်နက်မဲ့ ပြည်သူများကို ကာကွယ်စောင့်ရှောက်ပေးနေလျှက်ရှိကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ PDF အပေါင်းတို့ တစ်ဦးချင်းစီ အားဘေးရန်ကင်းကြပါစေကြောင်း ဆုတောင်းလျှက်ပါ 🙏🙏🙏
အမေရိကရောက်တုန်း မင်မင် ပြင်ဆင်ဖြစ်တဲ့ မင်္ဂလာပွဲ လက်ရာလေးများ
ရှဲကြပါရှင့်
❗❗ပြည်သူများ သတိပြုရန်❗❗Ygn ❗
အရေးကြီး သတင်းပါ ❗❗
♦️ဒီည ၇း၄၅ လောက်က ၃၈ လမ်းအလယ်ဘလောက်မှာ ကောင်လေးတယောက်ကို သူခိုး သူခိုးလို့အော်ပီး လိုက်ဖမ်းကြတယ်
သူခိုးဆိုတော့လဲ လူတွေကဝိုင်းဖမ်းကြသပေါ့ လမ်းထဲဝင်လာတဲ့ ပြည်သူ၂ ယောက်နဲ့ မျက်နှာခြင်းဆိုင်မိတဲ့အချိန်မှာ ကောင်လေးကို သူခိုးမှတ်ပီး မရိုက်ရဲရိုက်ရဲနဲ့ ပါလာတဲ့ထီးနဲ့ ရိုက်လိုက်တာ ကောင်လေးမျက်နှာကို ရိုက်မိပီးကောင်လေးလဲကျသွားတယ် သူ့အနောက်ကနေသူခိုးလို့အော်ပီးလိုက်ဖမ်းတဲ့ အကောင်တွေက လူမိုက်ဒီဇိုင်းတွေနဲ့ ကောင်လေးကိုလဲမိရော သူတို့အိတ်ထဲကနေ ၃ ဆစ်ချိုး လက်ကိုင်တုတ်တွေကိုထုတ်ပီး ရိုက်ပါလေရော အဲ့အကောင်တွေနောက်မှာ တပွင့်နဲ့ရဲခွေးတကောင်ပါတယ် ကျန်တဲ့အရပ်ဝတ်တွေနဲ့ရောပေါ့ ကောင်လေးကို လက်ပြန်လက်ထိပ်ခတ်ပီးခေါ်သွားတယ်
မီးတန်းကားပါတခါတည်းပါလာတာက စဥ်းစားစရာ
သူခိုးတယောက်ကို အဲ့ဟာတွေကအရေးတယူလုပ်ပီးမဖမ်းဘူးဆိုတာပြည်သူတွေသိသင့်တယ်
အခုမှသတင်းသေချာသိရတာက အပေါ်ဘလောက်မှာ သတင်းရလို့ ခွေးကားတွေနဲ့ ဝင်ရှာနေတုန်း အဲ့ကလေးက သတင်းကြားလို့ ထွက်ပြေးလာတာ ဖိနပ်တောင်မပါဘူးတဲ့😢😢 ကျန်တဲ့ကလေး ၆ယောက်လဲဖမ်းသွားတယ်တဲ့ 😥😥
ပြောချင်တာက သူခိုး ဟုတ်ဟုတ် မဟုတ်ဟုတ် စိတ်မဝင်စားကြပါနဲ့ ပြေးလမ်းသာဖွင့်ထားပေးလိုက်ကြပါ
7 Oct 2021
“ပုဂံမှ တိုက်သောကြိမ်စာ စူးလာနေကြပြီ။”
ယနေ့ သစ္စာဖေါက် ကျေးဇူးကမ်း မိစ္ဆာတွေ ပုဂံ မှ တိုက်ထားခဲ့သော ကြိမ်စာ စူးလာနေကြပြီဖြစ်ပါသည်။
တနည်းဆိုရရင် တိုင်းပြည်နဲ့ လူထုအပေါ် သစ္စာဖေါက် ကျေးဇူးကန်း ယုတ်မာမှုအကျိုးဆက် ပြန်လည်ခံစားနေကြရပြီ ဖြစ်ပါသည်။
သစ္စာစောင့်သိသောအားဖြင့် စစ်မှန်သော တိုင်းပြည်နဲ့ လူထုအကျိုးကိုအဓိကထားခြင်းဖြင့် အမြန်ဆုံး စခ/ရခ ဘဝတွေက ရုန်းထွက်ကြပါ။
ပုဂံရဲ့ကျိန်စာ (ထပ်ဆင့်မျှဝေရန်)
{၆-၃-၂၀၂၁ နေ့ ကျိန်စာတိုက်ခဲ့ကြသည်~~} ယခုကျိန်စာတိုက်သည့်အတိုင်းအမှန်ဖြစ်နေပါသည်။
ဤကြိမ်စာစူးပါက အောက်ပါအချက်များ တခုပြီးတခု ခံစားကြရမည်ဖြစ်သည်
(၁) လမ်းလွဲနေသောကျည်ဆံပင် ဖြစ်လင့်ကစား အတည့်လာမှန်၏။ မည်သို့ပင် ရှောင်စေကာမူ မလွတ်ကုန်။
(၂) ရန်သူကို မမြင်ရပဲ ရန်သူ၏အမြင်ကိုသာ ခံရ၏။ ထို့ကြောင့် ရန်သူ၏သုတ်သင် သတ်ဖြတ်ခြင်းကိုသာ ခံရကုန်၏။
(၃) မိမိတပ်ဖွဲ့ဝင် အချင်းချင်းကို ရန်သူဟု့ အထင်မှား အမြင်မှားဖြစ်ကာ ပစ်ခတ်ဗုံးကျဲ သေပွဲဝင်ရာ၏။
(၄) မြေကြီးနင်းလျှင်မိုင်းကွဲ၍ ရေထဲဆင်းလျှင် ညောင့်စူးကြကုန်၏။
(၅) တိုက်သည့်တိုက်ပွဲတိုင်း ရူံး၏။ မရူမလှ ခွေးသေဝက်သေ အသေဆိုးဖြင့်သာ သေဆုံးရ၏။
(၆) သေသောအခါ၌လည်း မိမိ၏အလောင်းကို လမ်းဘေးတွင်လည်းကောင်း၊ မြစ်ချောင်းတို့တွင်လည်းကောင်း၊ အိမ်သာမစင်ကျင်းတို့တွင်လည်းကောင်း၊ ပစ်ချစွန့်ပစ်ခြင်းကိုသာ ခံကြရကုန်၏။
(၇)မိမိအသေဆိုးဖြင့်သေသည့် သတင်းကို အရပ်လေးမျက်နှာမှ လူပုဂ္ဂိုလ်အများ ကြားရသည်ရှိသော် နှစ်ထောင်းအားရဖြစ်ကာ လက်ပမ်းဖေါက်လျှက် ဝမ်းသာရွှင်မြူးကြကုန်၏။ မသနားသည့်အပြင် ဆဲရေးတိုင်းထွာကဲ့ရဲ့ခြင်းပင် ပြုကြ၏။
(၈) ဒဏ်ရာရသော် ခြေပြတ်လက်ပြတ်ဖြစ်ကာ သူဖုန်စားအဖြစ် လှည့်လှည်တောင်းစားရ၏။
(၉)မလုံမခြုံနေထိုင်ကြရပြီး စိုးရွံထိတ်လန့်မူသာ အချိန်ပြည့်ခံစားရကုန်၏။
(၁၀) မိမိ၏မိသားစု့ဝင်များနှင့် အဆွေအမျိုးတို့သည် အရပ်တကာတွင် ခေါင်းငုံ့ ရှက်ရွံ့စွာဖြင့် ဂုဏ်ငယ်ကြရကုန်၏။
(၁၁)သစ္စာစူးမူ့ဒဏ်ကြောင့် သေသော် ငရဲ၌ မကျွတ်တမ်း မလွတ်တမ်း ခံစားရကုန်၏။
ဤသည်ကား ပြည်သူ့သစ္စာ/မေတ္တာ စူးခြင်းကြောင့် ခံစားရမည့်ရလာဒ်များဖြစ်ပါသည်။
Athena Floral Design updated their phone number.
Athena Floral Design updated their business hours.
D Day စခေါ်လိုက်တာနဲ့အတူ ထိန်းချုပ်ရခက်တဲ့
မြို့ကြီးတွေထဲမှာ ရန်ကုန်ကထိပ်ဆုံးပါပဲ။ ရှည်လျားတဲ့လမ်းမကြီးတွေမှာ အထပ်မြင့်တိုက်တွေက ဘေးဘယ်ညာမှာရှိနေပါတယ်။
ဒါကိုပြည်သူတွေကောင်းကောင်းအသုံးချတတ်ရင်
သတ်ကွင်းပါ။ ဆိုလိုတာက မြို့တွင်းက STF တွေတိုက်တာပဲဖြစ်ဖြစ်၊ ဝိုင်းခံရတာပဲဖစ်ဖြစ်၊ အများကြီးကူညီလို့ရပါတယ်။
တိုက်ခန်းစေ့ ရေနွေးပူ၊ ဆီပူတည်ထားပါ။
တိုက်အမြင့်ကျဉ်ကွယ်သေချာယူပြီး မအလတွေကို
လှန့်ကြပါ။ မအလတွေမှာအရှေ့က ကျဉ်လည်းကြောက်ရ၊ အပေါ်ကအပူကိုလည်းရှောင်ရနဲ့ ငရဲလိုဖြစ်နေမှာပါ။
STF တွေအနေနဲ့လည်း အဲ့အခွင့်ရေးကို အကောင်းဆုံးအသုံးချမှာပါ။ တိုက်ခန်းစေ့သာ လုပ်နိုင်မယ်ဆို ရန်ကုန်ုမြို့မှာ သူတို့အတွက် လုံခြုံတဲ့နေရာမရှိပါဘူး။
တော်လှန်ရေးမှာ အကုန်လုံးက ပေးဆပ်နေရတာမို့ နောက်ဆုံးအခွင့်ရေးကို ပိုင်နိုင်စွာ အသုံးချပါ။ ရန်ကုန်မြို့ဟာ NUG ရဲ့ကိုယ်ပိုင်နယ်မြေတခုဖြစ်ကိုဖြစ်ရမှာပါ။
အရေးတော်ပုံအောင်ရမည်။
Crd
ပြည်သူကိုအမှန်တကယ် ကာကွယ်ပေးနေသော ပြည်သူဘက်တော်သား ပြည့်သူ့ အချစ်တော် တိုင်းရင်းသားလက်နက်ကိုင်များနှင့် PDF တို့အားလုံးဘေးရန်ကင်းကြပါစေ။ အထိအခိုက်အနည်းဆုံးနဲ့ တိုက်ပွဲတိုင်းအောင်ပါစေ ။
အရေးတော်ပုံ အောင်ကိုအောင်ရမည်။
"မင်းရဲ့ပို့စ်ကြောင့် ဖင်မခံရစေနဲ့"
ရုပ်ရှင်မင်းသား (ဦး)လူမင်း ပုန်းနေရင်းက
Live လွင့်တယ်။ စခ တွေက နေရာသိသွားပြီး ဝိုင်း
ဖမ်းတာ မိသွားရော။ ဘယ်သူတွေကများ သင်ခန်း
စာ ယူကြသလဲ..နိုး ။
Pdf တွေအတွက် ငွေနဲ့ရိက္ခာ လှူကြတာကို
ကြိုပို့သယ်ဆောင်ပေးကြတယ်။ အစ အဆုံး အား
လုံး လိုင်းပေါ် ပေါ်တင်ကြီး ခင်းပြနေတာဆိုတော့
စခတွေက လမ်းကနေ ဖြတ်ဖမ်း သိမ်းယူသွားလို့
ပါကုန်ရော။ သင်ခန်းစာယူကြပြီလား.. နိုး။
Pdf ရဲ့ လိုအပ်ချက်တွေအတွက် တိုက်ထဲ
မှာ တိတ်တိတ်စုဝေးနေတယ်။ အမိုးပေါ်က လူရိပ်
ကို ဓာတ်ပုံရိုက်ပြီး တင်သူတင်တယ်။ မကြာဘူး။
စခတွေ ဝိုင်းကိုက်တာ ခံစားသွားကြရတယ်။ သင်
ခန်းစာယူကြပြီလား..နိုး။
လက်လုပ်လက်နက်တွေ စီမံကြတယ်။ ok
တယ်။ တိတ်တိတ်မနေဘူး။ ဓာတ်ပုံရိုက်ပြီး လိုင်း
ပေါ်တင်ပြီး ကြွားကြတယ်။ မြို့အမည်ပါ ဂုဏ်ယူ
ပြီး ထည့်ရေးလိုက်သေးတယ်။ ၂၄နာရီ မကြာခင်
ပဲ စုံစမ်းသိရှိပြီး ဝိုင်း စိ ခံလိုက်ရတယ်။ သင်ခန်း
စာယူကြပြီလား..နိုး။
နိုးဟာ နိုးပဲ။ အမြဲတမ်း..နိုး။ ကိုယ့်ကိုယ်
ကိုလည်း မထိန်းဘူး။ အချင်းချင်းလည်း မထိန်း
ဘူး။ ကြွားချင်စိတ်..အမှတ်များများ ရချင်စိတ်..
လေးစားဦးညွတ်ခံချင်စိတ်.. လက်ခုပ်သံကို သာ
ယာတဲ့စိတ်.. အဲဒါတွေအကုန် မရှင်းပစ်မချင်း..
ငါတို့တော်လှန်ရေးဟာ မလိုအပ်တဲ့ထိခိုက်မှုတွေ
ခဏ ခဏ ထထဖြစ်နေအုံးမှာပဲ။ ခဏ ခဏ ခံရ
အုံးမှာပဲ။ ဘယ်အချိန်မှ သင်ခန်းစာယူကြမှာလဲ။
ဘယ်အချိန်မှ ပိပိရိရိ နေထိုင်လှုပ်ရှားကြမှာလဲ။
ခုတော့.. ထစ်ခနဲရှိ လိုင်းပေါ်တင်မယ်
ဆိုတာကြီးပဲ။ လိပ်စာပါ ထည့်ရေးတာလောက်
အသဲယားဖို့ကောင်းတာ မရှိတော့ဘူး။ ပွဲကိုနိုင်
အောင်တိုက်ပြီးလို့ နောင်အခါကျမှ မှတ်တမ်း
မှတ်ရာတွေ ပြန်စုစည်းဖော်ထုတ် မော်ကွန်းတင်
လို့ မရဘူးလား။ အခု..တိတ်တိတ်လေး မနေပေး
နိုင်ကြဘူးလား။ လျှို့ဝှက်သင့်တဲ့ကိစ္စတွေကို ပြော
တာ။ ပိပိရိရိ လုပ်သင့်တာတွေကို ပြောတာ။ အဲ့လို
နေရာတွေမှာ အာမချောင်ဖို့ ပြောတာ။
တို့ရဲ့ တော်လှန်ရေးသမားလေးတွေကို ဒုက္ခ
ပေးနိုင်သူတွေထဲမှာ "ဦးနှောက်မရှိတဲ့ Like ရူးတွေ၊
လက်ခုပ်သံရူးတွေ"လည်း ရှေ့ဆုံးက ပါတယ်။ ပို့စ်
တင်ချင်စိတ်ပေါ်လာရင် ခဏစဉ်းစားလိုက်အုံး။ တို့
ရဲ့တော်လှန်ရေးဘက်သားတွေ.. မင်းရဲ့ပို့စ်ကြောင့်
ဖင်မခံရပါစေနဲ့.. ။ ။
======= MLN =======
New creations in Spain. 🇪🇸 🇪🇸 🇪🇸
Created by me 🦋💐🐝
ဩဂုတ် 𝟏𝟗 ဒီနေ့အတွက် 𝐑𝐚𝐟𝐟𝐥𝐞 𝐓𝐢𝐜𝐤𝐞𝐭 တွေ မြန်မြန်ဝယ်လို့ရမယ့် တရားဝင် 𝐏𝐚𝐠𝐞 များ
မနေ့က အားလုံးဝိုင်းတွန်းကြတာ
လက်မှတ် ၇သောင်းကျော်ကနေ
တစ်သိန်းတစ်သောင်းထိ တက်သွားပါတယ်။
လက်မှတ် ၅ သိန်းပြည့်ဖို့
ကျန်၈ရက်တာနဲ့ တွက်မယ်ဆို
၄ သိန်း ဝန်းကျင်စာကျန်သေးတာမို့
တစ်ရက်ကို လက်မှတ် ၅ သောင်းနဲ့အထက် ဝယ်နိုင်မှ ရတော့မှာပါ။
မနေ့က ကိုယ်ညွှန်းလိုက်တဲ့ Page က
ကိုယ်ဝယ်နေတုန်းမှာ Ticket 9,000 ကျော်ကျန်သေးတယ်ဆိုလို့ ညွှန်းလိုက်တာ
ခု လူတွေအရမ်းပြုံနေပြီး နောက်ထပ် ၂ရက်စာလောက် ဖြေမလောက်ဖြစ်နေလို့ Messenger ခဏပိတ်ထားပါတယ်တဲ့။
အဲ့ဒါမို့ သူ့ဆီ တိုးမနေဘဲ လိုရင်းမြန်မြန်ရောက်အောင် ဒီနေ့အတွက် ဝယ်လို့ရမယ့် Page တွေကို စုထားပေးပါတယ်။
မနက်ဖြန်မှာ Update တွေ ထပ်စုပေးပါဦးမယ်။
ဒီ Post ကို Credit လုံးဝ မပေးဘဲ Copy ယူသွားပြီး ဖြန့်ဝေနိုင်ပါတယ်!
🔴ဝယ်တဲ့အခါ ဘယ်လိုဝယ်မလဲ?🔴
ကိုယ်ဝယ်မယ့် Page Messenger တွေမှာ အောက်က Format အတိုင်း Copy ကူး ပြီး အချက်လက်ထည့်ဝယ်ရုံပါပဲ။ (ဒီ Format အပြည့်စုံဖြစ်မှရမှာပါ။ email အသစ်ဖွင့်လည်းရပါတယ်။)
နာမည်-
ဝယ်မယ့်အစောင်ရေ-
ဝယ်မယ့်နိုင်ငံ-
ပေးချေမယ့် payment system-
email-
Phone No.-
အဲ့ဒီ Format အတိုင်းသာပို့ထားပါ။ သူတို့ တစ်ယောက်ချင်းစီ အသေးစိတ်ရှင်းပြနေဖို့ အချိန်မရှိတော့တာကြောင့် ကိုယ့်ဘက်က အပြည့်စုံဆုံးရေးပို့ထားလိုက်ပါ။ အဲ့ဒါမှ ဟိုဘက်က ငွေလွှဲလို့ရမယ့် Acc တွေ တခါတည်း တန်းပို့ပေးပါလိမ့်မယ်! (တစ်ရက်နဲ့တစ်ရက် မတူနိုင်ပါဘူး)
ကိုယ်က ငွေလွှဲပေးပြီး သူတို့ Ticket Number ပြန်ပေးတာ စောင့်ရုံပါပဲ။
၃,၄ ရက်လောက် ကြာနိုင်ပါတယ်။
အဲ့ Number က အရေးမကြီးပါဘူး။
စိတ်ထဲအရမ်း မထားပါနဲ့။
အဓိက က ငွေလွှဲပေးပြီး လိုတာ ရောက်သွားဖို့ပါပဲ!
🔴ဒီနေ့အတွက် ဝယ်လို့ရနိုင်မယ့် တရားဝင် Page တွေ🔴
Support Our People -https://www.facebook.com/supportourpeople/
ရုန်းထွက်စို့-https://www.facebook.com/yonehtwet/
Tgi CDM Foundation-https://www.facebook.com/Tgi-CDM-Foundation-106952331440192/
Gen Z CDM Supporting Squad-https://www.facebook.com/Gen-Z-CDM-Supporting-Squad-102281555362094/
ဒီ Group ကို Join ပြီးတာနဲ့ ရောင်းပေးနေတဲ့ Admin တွေ Post တွေ့ပါလိမ့်မယ်။သူတို့ဆီမှာ ဝယ်လို့ရပါတယ်။ Admin 6 ယောက်လားမသိရှိပါတယ်။ တရားဝင်ပါပဲ။
CDM Donation Group-https://facebook.com/groups/132307928831250/?tsid=0.3175890629264657&source=result
တယောက်ချင်းစီဝယ်မယ့်အစား နီးစပ်ရာ ဝယ်တဲ့သူတွေ၊ Fb Friend တွေနဲ့စုဝယ်ပေးပါ။ အဲ့ဒါမှ ပိုမြန်မြန်အလုပ်ဖြစ်နိူင်လို့ပါ။
🔴ဝယ်တဲ့အခါတွေ့လာနိုင်တဲ့အခက်ခဲတွေ 🔴
⚠️Message ပို့တာ Failed ဖြစ်တယ်ဆိုတာ အဝင် Message တွေအရမ်းများလို့ ရောင်းတဲ့ Page ဘက်က ခေတ္တပိတ်လိုက်ရင် ဖြစ်တတ်ပါတယ်။
⚠️ကိုယ်ချက်ချင်းစာပို့ပြီး ချက်ချင်းဝယ်လို့ရမယ် မထင်ပါနဲ့။ လက်မှတ် ၅သိန်းကို Fb ပေါ်မှာရှိတဲ့ နည်းပညာ လက်လှမ်းမီ သလောက် လူငယ်လူကြီးတွေကပဲ ဝယ်နေရောင်းနေကြရတာမို့ စိတ်ရှည်ဖို့လိုပါတယ်။
⚠️အချက်လက်သာ ပြည့်စုံရင် ရတာက သေချာပေါက် ဝယ်လို့ရပါလိမ့်မယ်။
⚠️ ရောင်းတဲ့သူတွေဘက်မှာလည်း တစ်ရက်တစ်ရက် Transactions တွေအရမ်းပြည့်လို့ Acc Limit ဖြစ်သွားတာတွေ၊ စခတွေက အကောင့်တွေအကုန် freeze လုပ်နိုင်တာတွေရော Risk ယူပြီး အကုန် Volunteer လုပ်ပေးနေကြပါတယ်။ စိတ်ရှည်ရှည်လေး ထား ဝယ်ပေးပါ။
⚠️ ခုဆို ၃,၄ရက်ထိကြာနိုင်ပါတယ်။ မရရင် ရတဲ့နေရာ ရှာဝယ်ပြီးတာနဲ့ ကိုယ်အရင်ဝယ်ဖို့ အချက်လက်ပို့ထားတဲ့page တွေကို cancel ပြန်လုပ်တဲ့အကြောင်း မမေ့မလျော့သွားပြောပေးပါ။ ထပ် Count လုပ်မိမှာစိုးလို့ပါ။
⚠️နောက်ဆုံး Page တွေမှာဝယ်မရတော့ရင် နီးစပ်ရာ ရောင်းပေးနေတဲ့ စိတ်ချယုံကြည်ရသူတွေ ရှိပါတယ်။
⚠️ဝယ်ချင်ပေမယ့် နားမလည်တဲ့ မိဘလူကြီးတွေကို သေချာရှင်းပြပေးပါ။
⚠️ စိတ်ပူတတ်ကြောက်တတ်ရင် နီးစပ်ရာ ဝယ်မယ့်သူတွေရှိတဲ့အခါ ငွေလွှဲပေးပြီး ကိုယ့်အစောင်ရေလေးပါ ထည့်ဝယ်ခိုင်းလိုက်ပါ။
⚠️ ဝယ်ပြီး Ticket Number ရသွားသူများ ဒီကိစ္စနဲ့ပတ်သက်တဲ့ Conversation အကုန်ဖျက်ပစ်ပါ။ ၂ဖက်လုံးရဲ့ Safety အရ တဖက်ကိုလည်း ဖျက်ပေးခိုင်းပါ။
မျှော်နေကြတဲ့ နေ့ရက်တွေ နီးပါပြီ!
မမျှော်လင့်ထားတာတွေလည်း ဖြစ်နိုင်ပါတယ်!
တဖက်မှာလည်း ဖြတ် ၄ ဖြတ် နဲ့ ပွဲသိမ်းတိုက်ပွဲ ကာလတွေအတွက် လိုအပ်တာအကုန် ဒီလမကုန်ခင်မှာပဲ စပြီး စဉ်းစားပြင်ဆင်ထားဖို့ လိုပါပြီ!
ပြောချင်တာက ဒီရက်ပိုင်းအတွင်းမှာပဲ -
📍NUG Radio 📻 စပြီး Launch လုပ်တာ ရိုးရိုးတမ်းတမ်းမဟုတ်ပါ။
(ရေဒီယိုလေလှိုင်းကနေ နားထောင်စေချင်ရင် ရေဒီယိုလေလှိုင်းကနေ နားထောင်လို့ရမယ့် ဆက်သွယ်ရေးကိရိယာတွေ ဝယ်ထားသင့်ပြီ)
📍လက်မှတ် ၅ သိန်းပြည့်ဖို့ ဒီလမကုန်ခင် တွန်းနေတာ ရိုးရိုးတမ်းတမ်း မဟုတ်ပါ။
📍ဟိုဘက်က ပိုတင်းကျပ်ပြီး ညတိုင်း ကလေးတွေ၊ လူငယ်တွေ လိုက်ဆွဲနေတာ ရိုးရိုးတမ်းတမ်းမဟုတ်ပါ။
အစစ ပြင်ဆင်ထားရတော့မလား လာမေးရင် ပြင်ထားတာ လုံးဝ မမှားပါဘူး လို့ပြောချင်ပါတယ်။
ဘယ်လို ဘာညာပြင်ရမှာလဲဆိုရင်တော့ ဒီ Post ကို ဖတ်ပါ။ 👇
https://www.facebook.com/539837820263048/posts/678119573101538/?d=n
အရေးတော်ပုံ အနှေးနဲ့အမြန်အောင်ဖို့ နီးလာနေပါပြီ!
အောင်ချင်လား Raffle Ticket ဝယ်!
အောင်ချင်လား DDayမမေးနဲ့ကျည်ဖိုးပဲပေး!
#5MillionChallenge
ပြည်ပခရီးစဉ်များအတွက် ခရီးသွားရာတွင်အထောက်ကူဖြစ်စေရန် မျှဝေပေးခြင်းဖြစ်ပါတယ်။
https://youtu.be/BfKdQoAoaBY
The traveling tips for baggage!-ယေဘူယအားဖြင့်သယ်ယုခွင့်ရှိတာများကိုပြောပြပေးထားပါတယ်။သို့သော် ကိုယ်ဝယ်ထားတဲ့လေပြောင်းလိုင်...
ကြယ်တွေရဲ့တန်ဖိုးထက်သူ့တစ်ဘဝစါပဲသိနိူင်တဲ့ဗိုလ်တစ်ထောင်မြို့နယ်၄၄လမ်း
ဒလန်
photo#credit
ကျဆုံး PDF သူရဲကောင်းတို့ အတွက်ပြည်သူတဦးအနေနဲ့များစွာ ဝမ်းနည်းကြေကွဲရပါတယ်။ သူရဲကောင်းတို့ R.I.Power ပါ။ ပြည်သူ့ PDF အပေါင်းတို့တရားသောစစ်အောင်မြင်ပါစေ။ ရတနာ ( ၃ ) ပါးနှင့်ပြည်သူ့မေတ္တာများ လွှမ်းခြုံ၍ ဘေးရန်ကင်းကြပါစေ။
ကျေးဇူးပြုပီး ပုံတွေမဖြန့်ကျပါနဲ့ဗျာ..
တကယ်တောင်းပန်ပါတယ်... ။ အော်သူလားဆိုပီး .. ဝမ်းနည်းရတာထက် အာ့ကနေတဆင့် သူဘယ်နေရာမာဘယ်သူနဲ့ရှိဖူးတယ်တို့ သူက ဘယ်သူ့သားသမီးတို့ ဆိုပီး ကျန်တဲ့မိသားစုတွေအတွက်ပါ အန္တရာယ်များပါတယ် ၊
မိသားစုဝင်တွေအတွက်လည်း.တကယ် စိတ်ထိခိုက်စရာဖြစ်ရတာမို့ပါ.. ကျေးဇူးတင်ပါတယ် ။ ethics လေးထားပေးကျပါခဗျာ ။
#အရေးတော်ပုံအောင်ရမည်
ရန်ကုန်နေ ပြည်သူများခင်ဗျာ
ဘယ်နေရာပဲ ဖြစ်ဖြစ်
ဗုံးပေါက်တယ် အသံကြားရတယ်ဆိုရင်
မြို့နယ် တခုကျော် နှစ်ခုလောက်ဆီက ကြားရတတ်ပါတယ်။ (သေနတ်သံကတော့အနီးကပ်မှ ကြားရတာမျိုးပါ)
ဒါကြောင့် ပေါက်တဲ့နေရာ ကို ချက်ချင်းအတည်ပြုဖို့ရာ
စစ်ခွေးတွေက မတတ်နိုင်ပါဘူး။
မြို့ပြပျောက်ကျားရဲဘော်တွေ ပြန်လည်ဆုတ်ခွာဖို့အတွက်
အချိန် လိုအပ်ပါတယ်။
ဒါပေမယ့် မြေပြင်က ပြည်သူတွေက ဘယ်နေရာမှာ
ဘယ်အချိန် ပေါက်တယ်လို့ သေနတ်နဲ့ပစ်တယ်စတဲ့
တည်နေရာ ကို Facebook ပေါ်က
တက်ရေးလိုက်ရင် စစ်ခွေး ရဲခွေးများက ချက်ချင်း
တည်နေရာကို Google Map ကေန ကြည့်ပီး ထွက်လမ်း တွေကို ပိတ်ဆို့လိုက်တဲ့အခါ ပျောက်ကျားရဲဘော်တွေက
ပြေးဖို့အလွန်ခက်ခဲသွားပီး အဖမ်းခံကြရပါတယ်။
အဲ့တော့ အိမ်မှာနေရင်း ဗုံးပေါက်သံကြားရင် တည်နေရာ အတိအက်ကို မိမိရဲ့ တကိုယ်ရေ အာသာပြေဖို့ စိတ်နဲ့ Facebook မွာ မတင်ကြဖို့ မေတ္တာရပ်ခံလိုပါတယ်။
သေနတ်နဲ့ ပစ်သွားလည်း မသိချင်ယောင် ဆောင်နေလိုက်ကြပါ။
အရမ်းတင်ချင်စိတ်ပြင်းပြနေရင်လည်း
ဖြစ်ပီးတော့ ၂နာရီလောက်မှ တင်ကြပါ
ဘယ်တော့မှ အောင်ပွဲခံ မစောပါနဲ့ ခင်ဗျာ
အရေးအကြီးဆုံးက တော်လှန်ရေးမှာ
မိမိကိုယ်တိုင် ဒလန် မလုပ်ဖို့ပါပဲ
အရပ်ဝတ်နဲ့ သေနတ်ကိုင်ထားတဲ့
ဒလန်များ စစ်ခွေးများ ကြံ့ဖွတ်များလည်း
နေရာတိုင်းလိုလို ရှိနေတာကြောင့်
ရန်သူကို ဘယ်တော့မှ လျော့မတွက်ပါနဲ့
ဘယ်အချိန် ဘယ်နေရာကို လူဘယ်နှစ်ယောက်
ဘယ်လိုပုံစံ ဘာနဲ့ လာတယ်ဆိုတာကအစ မတင်ကြဖို့
မမြင်ချင် မသိချင်ယောင်ဆောင်ပေးကြဖို့
အထူးမေတ္တာရပ်ခံပါတယ် ခင်ဗျာ ။
အရေးတော်ပုံ အောင်ရမည် 💪
#yangonfederalarmy
San Francisco, CA
Traveling, General Knowledge, Fashion, Flowers , Beauty, Perfume, Skincare, Cosmetics
Be the first to know and let us send you an email when Athena Floral Design posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Bridal bouquet by Athena Floral Design #floristinbudapest #orchid #wedding #event #jewelry #bigday #giftidea #floral #ideas #calla lily #orchids
အခမဲ့ မေတ္တာဖြင့်မျှဝေပေးတာပါ ။ဝါသနာရှင်များနဲ့ပန်းအလှဆင်တွေမှာ မှာယူဖို့အဆင်မပြေတဲ့ ရပ်ဝေးကမိတ်ဆွေများအတွက် အထောက်အကူ ဖြစ်မယ်လို့မျှော်လင့်ပါတယ်။
(အခမဲ့ မျှဝေပေးပါတယ်)ချစ်လှစွာသော Ei Phyu Floral Design မိတ်ဆွေများအတွက် backdrop လှလှလေး ဖန်တီး လို့ရအောင် တင်ပေးလိုက်ပါတယ်။
Japonica Espresso Bar + Floral & Gift Boutiqu
5501 California St