Mother’s House J

Mother’s House J Your choice is our option.

ပါးစပ်တွေပျက်လို့ ထမင်းစားမကောင်းဖြစ်နေပြီလား။မိုးအေးအေးလေးမှာ ချဉ်ငံစပ်လေးစားချင်ပေမယ့် အပြုတ်တွေကိုလည်း ငြီးငွေ့နေပြီလ...
27/09/2021

ပါးစပ်တွေပျက်လို့ ထမင်းစားမကောင်းဖြစ်နေပြီလား။
မိုးအေးအေးလေးမှာ ချဉ်ငံစပ်လေးစားချင်ပေမယ့် အပြုတ်တွေကိုလည်း ငြီးငွေ့နေပြီလား။

🥳 အိမ်မှာ အမေနယ်ပေးတဲ့ ထမင်းကိုအားရပါးရ ဆွဲရသလို ဆွဲချင်ပြီဆိုရင်တော့ ဇလုံကြီး နဲ့ ဆွဲရမယ့် MHJ ရဲ့ New Menu ဇလုံထမင်းနယ် လေးတွေ လာပါပြီနော် 🥳

ရုံးမှာအလုပ်များတဲ့ရက်တွေ အိမ်ကနေအလုပ်လုပ်နေရတဲ့အချိန်တွေမှာ ဟင်းအမယ်စဉ်းစားစရာ မလို၊ အလုပ်ရှုပ်သက်သာပြီး တစ်ဇလုံတည်းနဲ့ အာဟာရဓာတ်အပြည့် ပါတဲ့ နေ့လယ်စာမျိုး စားချင်တဲ့ သူတွေအတွက် ကွက်တိပါပဲ
ရနိုင်တဲ့ ဇလုံထမင်းနယ် အရသာတွေကတော့...

🍛ခရမ်းချဉ်သီးရှူးရှဲ ထမင်းနယ်
🍛 ချဉ်ပေါင် ထမင်းနယ်
🍛လက်ဖက် ထမင်းနယ်
🍛 ပုန်းရည်ကြီး ထမင်းနယ် ဆိုပြီး ၄ မျိုးတောင် ရွေးချယ်စရာရှိပြီး

ထမင်းနယ်တွေနဲ့ တွဲဖက်စားစရာ
🍗ကြက်သားကြော်
🥓ဝက်သားကြော်
🍤ငါးဖယ်ကြော် တို့နဲ့ ကြိုက်နှစ်သက်ရာ ရွေးချယ်စားလို့ရတော့ ရှယ် ပါ ပဲ ။

ဘာအသားနဲ့စားစား 2️⃣0️⃣0️⃣0️⃣ ကျပ်ပဲတဲ့ 😱😍
ကဲ အခုလိုကုန်ဈေးနှုန်းနဲ့ မတန်ဘူးလားပြော.😋

ပုံထဲကအတိုင်း ရှုးရှဲ ထိမိ အတို့အမြှုပ်အစုံအလင်နဲ့ အစပ်အဟပ်တည့်လွန်းလို့ မင်မင်ဆို ရေနွေးကြမ်း ပူပူလေးနဲ့ တစ်ဇလုံလုံး တစ်ယောက်တည်းစားတာတောင် ၅မိနစ်ပဲဗျို့...🤤😬

မင်မင့်လို့ ဆွဲချင်တယ် ဆိုရင်တော့ MHJ ရဲ့ page သို့မဟုတ်
ဆိုင်☎️ 09885002421 ကို အခုပဲဆက်သွယ်ပြီး မှာလိုက်တော့နော်... ဇလုံထမင်းနယ် များကို နေ့စဉ်မှာလို့ရနိုင်ပါတယ်ခင်ဗျ ကြိုမှာပေးဖို့တော့ မေတ္တာရပ်ခံပါတယ်နော်။🙏🏻

Covid center များကိုလှူဒါန်းလိုသောအလှူရှင်များအတွက် မင်မင်တို့ MHJ Kitchen မှ ကြက်ဆေးပေါင်း ၊ ကြက်သားဆန်ပြုတ် စတာတွေသာမက...
25/07/2021

Covid center များကိုလှူဒါန်းလိုသောအလှူရှင်များအတွက် မင်မင်တို့ MHJ Kitchen မှ ကြက်ဆေးပေါင်း ၊ ကြက်သားဆန်ပြုတ် စတာတွေသာမက
အာဟာရ ပြည့်ဝပြီး အရသာလိုက်ဖက်သော အတွဲအစပ်များဖြင့် Lunch Box ထမင်းဘူးများကို ကျန်းမာရေး စံချိန်စံနှုန်းများ နှင့်အညီလက်ခံဆောင်ရွက်ပေးနေပါတယ် ခင်ဗျာ... ❤️

ထမင်းဘူး ၁ဘူး - ၂၂၀၀ ကျပ် (Bank Transfer)
ထမင်းဘူး ၁ဘူး - ၂၀၀၀ ကျပ် (Cash)

ဘူး ၃၀ နှင့်အထက်မှာယူမည့်သူများအတွက် Delivery အခမဲ့ပို့ဆောင်ပေးပါမယ် ခင်ဗျာ ... 🙏🏻

page messenger သို့မဟုတ် ☎️ 09885002421 သို့ဆက်သွယ်မှာယူနိုင်ပါတယ် ခင်ဗျာ

Covid patient တွေဆီသို့ အလှူရှင်များ နှင့် Volunteer များမှ သွားရောက်လှူဒါန်းပေးသော ထမင်းဘူး Order လေးများ ကို လည်း အားလုံးသာဓုခေါ်နိုင်အောင် တင်ပေးလိုက်ပါတယ် ...🥰
အလှူရှင်များနဲ့ ဒါနမြောက်အောင် ကူညီပေးကြသူများ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါတယ် ခင်ဗျာ 🙏🏻🙏🏻🙏🏻

မင်မင်တို့ ကြက်ဆေးပေါင်း အော်ဒါလေးတွေကို အင်္ဂါ ၊ ကြာသပတေးနဲ့ စနေတနင်္ဂနွေ တို့မှာ ပုံမှန်ချက်ပေးနေပါတယ်ခင်ဗျ(မနက်ဖြန်အတ...
17/07/2021

မင်မင်တို့ ကြက်ဆေးပေါင်း အော်ဒါလေးတွေကို အင်္ဂါ ၊ ကြာသပတေးနဲ့ စနေတနင်္ဂနွေ တို့မှာ ပုံမှန်ချက်ပေးနေပါတယ်ခင်ဗျ
(မနက်ဖြန်အတွက်ကိုလည်းကြိုပြီး order တင်ပေးကြဖို့ မေတ္တာရပ်ခံ အပ်ပါတယ်) 🙏🏻🙏🏻🙏🏻

ဒီနေ့ဆို အခုရသေးလားဆိုပြီး မေးကြတဲ့ order အချို့ကို မင်မင်တို့ဘက်ကလည်း ပိုမလုပ်ထားမိတဲ့အတွက် cancel လိုက်ရလို့ အရမ်းပဲ စိတ်မကောင်းဖြစ်ရလို့ပါ🥺

ကျန်ရက်တွေအတွက်ကတော့ ပွဲအရေအတွက် အများနဲ့မှာချင်ရင်တော့ အဆင်ပြေအောင် လုပ်ပေးပါတယ်ခင်ဗျာ...
မင်မင်တို့ MHJ Kitchen မှ တခြား Menu တွေလည်းရောင်းတာမို့ လက်ခံပြီး လူမနိုင်ရင် လက်ရာ မမှန်တာမျိုးမဖြစ်ချင်လို့ပါဗျ။
ထမင်းရှင်တွေအားလုံး ကျန်းမာ ချမ်းသာကြပါစေ...ကျေးဇူးတင်ပါတယ်ခင်ဗျာ🙏🏻

ဒီနေ့အတွက် အရသာရှိရှိစားပြီးအားမွေးကြစို့နော် 💝🍲💝စရောင်းတဲ့ရက်မှာပဲ ယုံယုံကြည်ကြည်နဲ့ မှာယူအားပေးကြလို့ ကျေးဇူးအထူးတင်ပါ...
17/07/2021

ဒီနေ့အတွက် အရသာရှိရှိစားပြီး
အားမွေးကြစို့နော် 💝🍲💝

စရောင်းတဲ့ရက်မှာပဲ ယုံယုံကြည်ကြည်နဲ့ မှာယူအားပေးကြလို့ ကျေးဇူးအထူးတင်ပါတယ်🙏🏻🥰

အခုရက်တွေမှာ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင်မချက်ပြုတ်နိုင်သူတွေ နဲ့ တနေရာစီရောက်နေတဲ့ မိမိချစ်သူခင်သူတွေကို အရောက်ပို့ပေးချင်သူတွေအတွက် တစ်ထောင့်တစ်နေရာကနေဖြည့်ဆည်းပေးခွင့်ရတဲ့အတွက် အတိုင်းမသိပီတိဖြစ်ရပါတယ်ခင်ဗျာ...😍😍

ကြက်ပေါင်း နှင့်အတူ ဆိုင်ရှိ တခြားအားရှိမယ့် Menu တွေကိုပါ လာမေးပြီး တွဲမှာကြလို့လည်း ပိုကျေးဇူးတင်ရပါတယ်။💕

အားလုံးပဲ ဒီကာလကြီးကို ဘေးမသီရန်မခ ပဲ အမြန်ဆုံး
ကျော်လွှားနိုင်ကြပါစေလို့ MHJ မိသားစုမှ ဆုတောင်မေတ္တာ ပို့သလိုက်ပါတယ် ခင်ဗျာ...🙏🏻🙏🏻🙏🏻

နိုင်ငံနဲ့အဝှမ်းရောဂါဘေးကျရောက်နေတဲ့ ယခုကာလမှာ နေပြည်တော်မှာ ရှိကြတဲ့ Customer တွေ အာဟာရရှိတာလေးတွေကို အရသာရှိရှိစားပြီး...
15/07/2021

နိုင်ငံနဲ့အဝှမ်းရောဂါဘေးကျရောက်နေတဲ့ ယခုကာလမှာ နေပြည်တော်မှာ ရှိကြတဲ့ Customer တွေ
အာဟာရရှိတာလေးတွေကို အရသာရှိရှိစားပြီး အမြန်ဆုံး
နေကောင်းကျန်းမာကြအောင်
MHJ Kitchen မှ ရှယ် ကြက်ဆေးပေါင်း လေးရောင်းပေးပါမယ် ခင်ဗျာ။ 🥳

🍲ကြက်သားကို အသားရော အရိုးပါ အာဟာရဓာတ်တွေထွက်အောင် ကြက်သွန်ဖြူ၊ချင်း၊ငရုတ်ကောင်း စတဲ့ မြန်မာ့ဆေးဖက်ဝင်ပရဆေးများနဲ့
မုန်လာဥ ဖြူ/နီ ၊ ပြောင်းဖူး ၊ မုန်ညင်းစိမ်း စတဲ့ လတ်ဆတ်တဲ့ အသီးအရွက်တွေနဲ့ နာရီနဲ့ချီ နူးအိနေအောင် ပေါင်းထားတာမို့ ဗိုက်တာမင် A to Z အစုံရရှိပြီး ခွန်အားတိုးစေမှာပါ...

🍲ဆီလုံးဝမပါ အရသာကိုလည်း ကြက်သား ၊ ပြောင်းဖူး နဲ့ အသီးအရွက်တွေက ထွက်တဲ့ သဘာဝအချိုကို ဆား၊ငါးမှုန့်အနဲငယ်သာထည့်ထားလို့ အိမ် မှာချက်သလို ကျန်းမာရေးနဲ့ညီညွတ်ကြောင်း အာမခံပါတယ်ဗျ .

🍲အချိုလေးပဲ ငရုတ်ကောင်း ရှောက်ရွက်လေး ခတ်သောက်မလား ပါးစပ်ပျက်နေလို့ ရှူးရှဲလေးကို သံပုရာသီးလေးညှစ်သောက်ပြီး ပွင့်သွားချင်လား အချို/အစပ် ကြိုက်ရာ ပြော မှာနိုင်ပါတယ်နော်....

❤️ကိုယ့်ရဲ့ ချစ်ခင်ရသူတွေ နဲ့ လူကြီးမိဘများအတွက် ဂရုစိုက်ကြောင်း ပြသဖို့ ပို့ပေးချင်ကြသူတွေ အတွက်လဲ နေပြည်တော်မြို့အတွင်း အိမ်အရောက် ပို့ပေးပါတယ်ခင်ဗျာ .❤️

တစ်ပွဲ 8000 mmk ပါ ၃ပွဲ နှင့် အထက်မှာရင် MHJ ရဲ့ လူကြိုက်အများဆုံး ဖက်ထုပ်ကြော် or ကော်ပြန့်ကြော် ၁ပွဲလည်း လက်ဆောင်ထည့်ပေးဦးမှာနော်...💝🥟🫔

🗓အပတ်စဉ် အင်္ဂါ ၊ ကြာသပတေး နဲ့ ပိတ်ရက် ( စနေ ၊ တနင်္ဂနွေ ) နေ့များအတွက် ကြိုတင်မှာယူနိုင်ပါတယ်။

📞 09885002421 သို့မဟုတိ page messenger သို့ ဆက်သွယ်မှာယူနိုင်ပါတယ်ခင်ဗျာ...

မင်္ဂလာပါ ခင်ဗျာ🙏🏻ယခုလို အချိန်ကာလမှာ Work from home နေကြသူတွေ ၊ မဖြစ်မနေ workplace တွေကို သွားနေရဆဲ သူတွေ နဲ့ တတ်နိုင်သ...
11/07/2021

မင်္ဂလာပါ ခင်ဗျာ🙏🏻

ယခုလို အချိန်ကာလမှာ Work from home နေကြသူတွေ ၊ မဖြစ်မနေ workplace တွေကို သွားနေရဆဲ သူတွေ နဲ့ တတ်နိုင်သမျှ အပြင်မထွက်ပဲ Stay at home နေကြသူတွေ အတွက်ပါ အရေးအကြီးဆုံးကတော့ ကိုယ်ခံအားကောင်းအောင် အစားများများ ဝင်အောင်စားကြဖို့ပါပဲ...

အာဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်ဖွယ်ရာ များကို ဝယ်ယူ ချက်ပြုတ်ဖို့ အခက်အခဲရှိနေသူတွေ
ရုံး meeting များအတွက် covid စံနှုန်းများနှင့်အညီ catering service လိုအပ်နေသူများ အတွက်လည်းပူစရာမလိုပါဘူးနော်...

❤️မင်မင်တို့ MHJ Kitchen မှ Menu များကို ရုံးဖွင့်ရက် နေ့စဉ် နဲ့ weekend တွေအတွက် အနည်းဆုံး တစ်ရက် order ကြိုတင်ရုံနဲ့ နေပြည်တော် မြို့တွင်း အိမ်အရောက်ပို့ဆောင်ပေးနေပါပြီ ခင်ဗျာ။

❤️ချက်ပြုတ်ချိန်ရော delivery ပို့ဆောင်ချိန်မှာပါ ကျန်းမာရေးဝန်ကြီးဌာန မှ ချမှတ်ထားသော စည်းကမ်းများနှင့်အညီ face mask ,shield , gloves , alcohol spray, sanitizers များကို ကျန်းမာတဲ့ဝန်ထမ်းများမှ ဂရုတစိုက်သုံးစွဲပြီး ပို့ဆောင်ပေးတာမို့လို့ ယုံကြည်စိတ်ချစွာ မှာယူနိုင်ပါတယ် ခင်ဗျ...

မကြာခင် ကိုယ်ခံအားကောင်းစေမယ့် Menu အသစ်လေးတွေနဲ့လည်း မိတ်ဆက်ပေးသွားမှာမို့လို့ အားပေးကြပါဦးနော်... မင်မင်တို့ online မရှိလို့ page messenger မှာ active မဖြစ်ရင်လည်း
❤️ဖုန်း 09885002421 ကို ဖုန်းဆက်ပြီးမှာယူနိုင်ပါတယ် ခင်ဗျ။

အားလုံးပဲ အရသာရှိတာလေးတွေ စားပြီး အမြန်ဆုံး နေကောင်း ကျန်းမာကြပါစေ လို့ ဆန္ဒပြုလိုက်ပါတယ်ခင်ဗျာ...🙏🏻🍀

🥳MHJ Kitchen is back🥳နေပြည်တော် မှ မိတ်ဟောင်း မိတ်သစ်များ အားလုံး မင်္ဂလာပါ လို့ MHJ မိသားစု မှ ပြန်လည် နှုတ်ဆက်လိုက်ပါတ...
19/06/2021

🥳MHJ Kitchen is back🥳
နေပြည်တော် မှ မိတ်ဟောင်း မိတ်သစ်များ အားလုံး မင်္ဂလာပါ လို့ MHJ မိသားစု မှ ပြန်လည် နှုတ်ဆက်လိုက်ပါတယ်...🙏🏻
ပျောက်နေတာကြာလို့ မေ့နေကြပြီလား ခင်ဗျာ

ပိုမိုကောင်းမွန်သော လက်ရာ နှင့် ဝန်ဆောင်မှုများဖြင့် ကျွန်တော်တို့ ပြန်လာပါပြီနော် ...

ဒီအတော အတွင်း internet condition ကြောင့် post လေးတွေ မတင်ဖြစ်ပေမယ့် ဖုန်းနံပါတ် မှတ်ထားပြီး ဆိုင်ကို ဆက်သွယ် မှာယူ ပေးခဲ့ကြတဲ့ MHJ မှ MHJ ဆိုတဲ့ ချစ် customer ထမင်းရှင် တို့ကြောင့် နေ့စဉ်မပြတ် ရောင်းခဲ့ရပါတယ် ။ 🙏🏻🙏🏻🙏🏻

✨ရုံးဖွင့်ရက်တွေ မနက်စာ ၊ နေ့လည်ဘာစားရမလဲ မသိဘူးဖြစ်နေပြီဆိုရင်တော့ MHJ ကို ဖုန်းဆက်လိုက်ပါဗျ
✨MHJ မှာ မနက်စာ မျိုးစုံ ၊ ရှမ်း/တရုတ်/ထိုင်း အစားအစာ မျိုးစုံ ၊ အဆာပြေ teatime snacks မျိုးစုံ ၊ အပူ အအေး သောက်စရာ မျိုးစုံ ၊
နေ့လည်စာ တစ်ယောက်စာ one portion sets တွေ ပါအများကြီးရနေပြီနော်
✨လူကြီး လူငယ် မရွေး ကြိုက်တဲ့ မာလာရှမ်းကော ဆိုတာလည်း ဆိုင်ရဲ့နာမည်ကြီး menu ပါတဲ့ခင်ဗျာ ...

( အလှူအတန်း များအတွက် orders များ နှင့်
ဌာနဆိုင်ရာ ရုံး အဖွဲ့အစည်းများ အတွက်လည်း ပုံပါအတိုင်း Catering service လည်း ဆောင်ရွက်ပေးပါတယ် ခင်ဗျ ။ weekend အတွက်မှာချင်ရင်တော့ အနည်းဆုံး တစ်ရက် ကြိုမှာပေးပါနော် )

ဘာမှာရမှန်း မသိရင်လည်း ရုပ်ချောသလောက် စိတ်ရှည် သဘောကောင်း တဲ့ Admin က recommendation လေးတွေလုပ်ပေးတာမို့ 🌚
page cb or ph 09885002421 ကို ဆက်သွယ် မှာယူလိုက်တော့နော်...💕

20/02/2021

လက်ရှိပြည်တွင်းမှာဖြစ်ပွားနေတဲ့ မငြိမ်မသက်မှုတွေကြောင့် ဆိုင်ကို ခဏပိတ်ထားရပေမယ့် 🥺🥺
မြန်မာပြည်ကြီးနှင့်တကွ ပြည်သူပြည်သားများအားလုံး ​အရင်လို ပြန်လည် လုံခြုံအေးချမ်းကြဖို့
MHJ Kitchen မိသားစုမှ အမြဲဆုတောင်းလျက်ရှိပါတယ်ခင်ဗျာ... 🙏🏻🙏🏻🙏🏻
ဆိုင်ပိတ်ထားရပေမယ့် Delivery ဖြင့် မှာယူနိုင်ပါတယ်
European foods များမှ လွဲလို့ ကျန်Menu တော်တော်များများ ရရှိနိုင်ပါတယ်နော် ။ တစ်ရက် သို့မဟုတ် အချိန်အနည်းငယ်တော့ ကြိုမှာပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ် ။
အသေးစိတ်ကိုတော့ ဖုန်း 09885002421 or page chatbox မှတဆင့် စုံစမ်းနိုင်ပါတယ်ဗျ...❤️🍀

မြန်မာ ရှမ်း တရုတ် ထိုင်း ဥရောပ အစားအစာ အစုံရတဲ့ MHJ Kitchen ရဲ့ Menu တိုင်းက အရသာ ရှိနေတာဆိုတော့ ဒီလအတွက် လူကြိုက်အများ...
25/01/2021

မြန်မာ ရှမ်း တရုတ် ထိုင်း ဥရောပ အစားအစာ အစုံရတဲ့ MHJ Kitchen ရဲ့ Menu တိုင်းက အရသာ ရှိနေတာဆိုတော့ ဒီလအတွက် လူကြိုက်အများဆုံး best seller items လေးတွေ ဘယ်နှမျိုးရှိလဲ သိချင်ကြလားဗျ ??? 😍

Admin survey လုပ်ထားတဲ့ List လေးထဲမှာတော့ 14 မျိုးတောင် ရှိတယ် ... 🙊

No(1). ဆွေမျိုးမေ့သွားမယ့် စားတော်ကဲ ဖက်ထမင်း - 3700 mmk 💥

No(2). Snacks ချစ်သူတွေအတွက် တစ်မျိုးတည်းနဲ့ 6မျိုး အစုံစားရမယ့် Class6 Pack - 15000 mmk 💥

No(3). အသားနှစ်မျိုး အသီးအရွက် အရည်သောက် အစုံအလင်နဲ့ MHJ Fried Rice - 3700 mmk 💥

No(4). ဒီတိုင်းပဲစားစား ကိုရီးယားကားတွေထဲကလို ဆိုဂျူ လေးနဲ့ပဲ မြည်းမြည်း ချိုချိုစပ်စပ်လေးနဲ့ လိုက်ဖက်တဲ့ Korean Spicy Fried Chicken - 4100 mmk 💥

No(5). ကလေးရော လူကြီးရော သည်းခြေကြိုက်စားစရာဖြစ်တဲ့ အာလူးချောင်းကြော်လေးတွေကို မာလာအနှစ်လေးနဲ့ modify ပြန်လုပ်ထားတဲ့ အာလူးမာလာ - 2100 mmk 💥

No(6). အရသာကောင်းလွန်းလို့ ကမ္ဘာကျော်တဲ့ ပင်လယ်စာနဲ့ မလေးရှား ခေါက်ဆွဲကြော်စပ်စပ် Mie Goreng - 3100 mmk 💥

No(7). ရှမ်းတို့ရိုးရာအရသာ ကို မြန်မာပါးစပ်နဲ့ ကိုက်ညီအောင် စီမံထားတဲ့ ချဉ်ငံစပ် မြေအိုးမြီးရှည် - 2700 mmk 💥

No(8). ငါးမစားသူတွေပါ ကြိုက်ကြတဲ့ ငါးအသားချည်းပဲ နွှင်ပြီးအကြွတ်ကြော်ထားတာကို စင်ကာပူစတိုင် ချိုချဉ်ဆော့စ်လေးနဲ့ Singapore Sauce Fish with Rice - 2600 mmk 💥

No(9). Fine Dining တွေက quality နဲ့ အရသာ အတိုင်း လုံးဝမလျော့တဲ့ ခရမ်းချဉ်သီး အမဲသားဆော့စ်နဲ့ အီတလီခေါက်ဆွဲ Bolognese - 4200 mmk 💥

No(10). ရုံးသမားတွေ Tea time မှာမပါမဖြစ် လက်မလည်အောင်ရောင်းရတဲ့ Fish & Chips - 3200 mmk 💥

No(11). ဘန်ကောက်မှာ စားရတဲ့အရသာအတိုင်း အနံ့မပြင်းပဲ ထိမိတဲ့ ထိုင်းပုစွန်ငါးပိ ထမင်းကြော် - 3200 mmk 💥

No(12). Ready made အနှစ်ထုတ်တွေကို မသုံးပဲ MHJ chef ရဲ့ကိုယ်တိုင်စပ် ရှယ် မာလာအနှစ်ကြောင့် စထွက်တည်းက တစ်နေ့မှ order မတက်တဲ့ရက်မရှိလောက်အောင် လူကြိုက်များတဲ့ ရှယ် မာလာရှမ်းကော ကြက်/ဝက်/ပင်လယ်စာ - 6200 / 8200 mmk 💥

No(13). နေ့စဉ်မနက်တိုင်း နွားခြံကနေ ကိုယ်တိုင် သွားယူထားတဲ့ လတ်လတ်ဆတ်ဆတ် နွားနို့ မလိုင် တို့ကိုသာ သုံးထားတာ ကြောင့် ဆိုင်ရဲ့ Signature လိုတောင်ဖြစ်နေတဲ့ ရှယ် စီလုံတီး - 1100 mmk 💥

No(14). Arabic drink တစ်မျိုးဖြစ်တဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သစ်သီးစုံဖျော်ရည် Fruits Punch - 1500 mmk 💥

စတဲ့ အကောင်းတကာ့ အကောင်းဆုံး Menu တွေကို အိမ်ကနေ အေးဆေး ဖုန်းလေး ဆက်မှာလိုက်ရုံနဲ့ ပို့ပေးနေတဲ့ အပြင် နေပြည်တော် မြို့တွင်း
3️⃣0️⃣0️⃣0️⃣0️⃣ ကျပ် ဖိုးနဲ့ အထက် မှာယူရင်လည်း FREE Delivery နဲ့ ပို့ပေးနေပြီ ဆိုတော့ အခုပဲ စုမှာလိုက်တော့နော် ... 🥳

Page Chatbox or Phone 09885002421 သို့
နေ့စဉ် နံနက် 8AM မှ ညနေ 5PM အတွင်း
ဆက်သွယ် မှာယူနိုင်ပါတယ် ခင်ဗျာ ။
အများ Order များနဲ့ Weekend order များကိုတော့
နှစ်ရက် သို့မဟုတ် တစ်ရက် တော့ အနည်းဆုံး ကြိုမှာပေးကြဖို့ မေတ္တာရပ်ခံပါတယ်ဗျ ။ 🙏🏻

မကြာသေးမီကမှ ထွက်ရှိထားတဲ့ Menu အသစ်လေးဖြစ်တဲ့ “ စားတော်ကဲ ဖက်ထမင်း " ကို စထွက်တည်းက တခဲနက် အားပေးကြပြီး best seller လေး...
15/01/2021

မကြာသေးမီကမှ ထွက်ရှိထားတဲ့ Menu အသစ်လေးဖြစ်တဲ့ “ စားတော်ကဲ ဖက်ထမင်း " ကို စထွက်တည်းက တခဲနက် အားပေးကြပြီး best seller လေးဖြစ်ခဲ့ပါတယ်...🥰

မြည်းကြည့်ပြီး ကြိုက်နှစ်သက်လို့ အားပေးကြတဲ့ orders လေးတွေထဲကမှ Company တစ်ခုရဲ့ အရာရှိတစ်ဦး မှ မှာယူတဲ့ မွေးနေ့အလှူ လေးပါခင်ဗျာ ။🙏🏻

နေ့လည်စာဖြစ်တာကြောင့် လတ်ဆတ်မှုရှိစေရန် ပုံမှန် packaging လေးမဟုတ်ပဲ အနှစ် အသား အရန်ဟင်းသက်သက်စီ ထုတ်ပိုး ပြင်ဆင်ပေးခဲ့ပြီး မေတ္တာလက်ဆောင် အဖြစ် မုန်လာဥငါးခေါင်းချဉ်ရည်ဟင်း လေးကိုပါ စီစဉ်ပေးခဲ့ပါတယ်ဗျ ။🙏🏻

အလှူအတန်း ပွဲတိုင်း အတွက် ပုံမှန် မြန်မာ ထမင်း၊ဟင်း များ အပြင် ထူးထူးခြားခြား Menu လေးတွေအစုံရရှိတဲ့ MHJ’s Kitchen လေးကို သတိရလိုက်ပါနော်... 🥳

❤️ အသေးစိတ်စုံစမ်းလိုပါက Page Chatbox or Ph : 09885002421 သို့ ဆက်သွယ်မေးမြန်း နိုင်ပါတယ်ခင်ဗျာ ❤️

⁉️ Friday Night တွေမှာ အရင်လို အပြင်လျှောက်သွားဖို့ အဆင်မပြေတော့ တစ်ယောက်တည်း အထီးကျန်နေပြီလား...⁉️ လုပ်ဖော်ကိုင်ဖက် တွေ...
10/01/2021

⁉️ Friday Night တွေမှာ အရင်လို အပြင်လျှောက်သွားဖို့ အဆင်မပြေတော့ တစ်ယောက်တည်း အထီးကျန်နေပြီလား...
⁉️ လုပ်ဖော်ကိုင်ဖက် တွေနဲ့ သောက်ရင်း စားရင်း ခင်မင်ရင်းနှီးမှုတွေ တိုးအောင် memories လေးတွေ ဖန်တီး ကြမလား...

✨နောက်ပိုင်းမှာ မြန်မာလူမျိုးတွေနဲ့ မစိမ်းတော့တဲ့ ဘိုဆန်ဆန် friday night culture လေး ကို မိမိတို့ work place တွေမှာ ဆင်နွှဲကြမယ် ဆိုရင် နိုင်ငံတကာ အဆင့်မီ ဟင်းပွဲ တွေ နဲ့ drinks မျိုးစုံ ရရှိနိုင်တဲ့ MHJ Kitchen ကို သတိရလိုက်ပါနော် ။ ✨

✨ဝန်ကြီးဌာန များမှ အမြဲ ယုံကြည်စွာ မှာယူနေပြီး VIP များစွာ ကို စိတ်တိုင်းကျ serve လုပ်နိုင်ခဲ့တဲ့ catering service ဖြစ်တာကြောင့် အရည်အသွေးကိုတော့ အထူးကြေညာနေစရာ မလိုတော့ပါဘူးနော် review တွေနဲ့ ပုံတွေ ကသက်သေပါပဲဗျ ။🥳

✨ဈေးနှုန်း အပိုင်းမှာလည်း ဆိုင်ရဲ့ menu တွေကိုက ဈေးနှုန်း အလွန်ချိုသာလို့ နာမည်ကြီးသလို မိမိတို့လိုချင်တဲ့ amount ကို ညှိနိှုင်းပြီးလည်း ဆောင်ရွက်ပေးလို့ ဒီထက်ကောင်းတာတောင် ဒီလောက် မကောင်းနိုင်တော့ပါဘူးနော် 👨🏻‍🍳🙆🏻‍♀️

✨ကျန်းမာရေးဝန်ကြီးဌာန မှ ခွင့်ပြုထားတဲ့ စည်းကမ်းချက် များနဲ့ အညီသာ ဝန်ဆောင်မှုပေးတာကြောင့် စိတ်ချလက်ချ အားပေးနိုင်ပါတယ်ခင်ဗျာ ...

😍 ပြီးခဲ့တဲ့ Decemberလ အတွင်း ဝန်ကြီးဌာန များနှင့် အရာရှိ နေအိမ်များ မှမှာယူအပ်နှံ ခဲ့တဲ့ catering orders များနဲ့ office friday night orders လေးတွေကိုလည်း တင်ပေးလိုက်ပါတယ် 😍

စိတ်ဝင်စားလို့ မှာယူ လိုပါက
page chatbox သို့မဟုတ် hotline number: ☎️ 09885002421
သို့ ဆက်သွယ်စုံစမ်း နိုင်ပါတယ်ခင်ဗျ ။ (နေပြည်တော် only ပါခင်ဗျာ) ☺️

Address

No. 431/A, Thu Dhama Sar Yi Street, Myit Tar Nyunt (Ward), Tamwe Tsp
Ygn

Telephone

+959885002421

Website

Alerts

Be the first to know and let us send you an email when Mother’s House J posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mother’s House J:

Share

Category