MYH's Floral Bouquet

MYH's Floral Bouquet Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MYH's Floral Bouquet, Florist, Kyauktada Township , 35 Street, Yangon.

Hello 👋🏻 MYH’s page လေးမှပြန်လည်ကြိုဆိုပါတယ်ရှင်🤍မင်မင်တို့ကို ညက customer တစ်ယောက်ကအမေဖြစ်သူမွေးနေ့အတွက် ပန်းစည်းလဲလိုခ...
03/03/2026

Hello 👋🏻 MYH’s page လေးမှပြန်လည်ကြိုဆိုပါတယ်ရှင်🤍

မင်မင်တို့ကို ညက customer တစ်ယောက်ကအမေဖြစ်သူမွေးနေ့အတွက် ပန်းစည်းလဲလိုချင်တယ်၊အချိန်လဲမရတော့လို့ ပန်းစည်းကိုမင်တို့စိတ်ကြိုက်လှအောင်လုပ်ပေးပါဆိုပြီးအတင်းခေါင်းစားသွားပါတယ်ရှင်😭😭

ဒါနဲ့ဘဲ ပန်းစည်းလှလှလေးကိုအချိန်မှီဖြစ်အောင်လှလှလေးပြင်ဆင်ပေးလိုက်ပါတယ်ရှင်။✨

ငွေသားသုံးသိန်းဖိုးနဲ့ပန်းပွင့်လေးတွေအလှဆင်ထားတဲ့အဖြူရောင်ပန်းစည်းလေးကိုမင်မင်တို့အလှဆုံးနဲ့ လူကြီးပိုင်းကိုပေးမှာဖြစ်တဲ့အပေါ်မှာ အမြင်အေးအောင် ရိုးရိုးရှင်းရှင်းလေးဖန်တီးပေးဖြစ်ပါတယ်ရှင်။🤍✨

မင်မင်တို့ page လေးကိုမှာယူအားပေးတဲ့ Customer ကိုလဲကျေးဇူးတင်ပါတယ်ရှင်။🤍✨

ဒီနေ့တော့ မင်မင်တို့ Page ရဲ့ Bouquet ပိုင်းအလှဆင်သူFounder ရဲ့ အမဖြစ်သူ မကေသီအောင်အတွက် Money Bouquet လှလှလေး💸🩷✨အမဆိုတာ...
12/02/2026

ဒီနေ့တော့ မင်မင်တို့ Page ရဲ့ Bouquet ပိုင်းအလှဆင်သူFounder ရဲ့ အမဖြစ်သူ မကေသီအောင်အတွက် Money Bouquet လှလှလေး💸🩷✨

အမဆိုတာ ဒုတိယအမေလို့တောင် တင်စားကြတယ်... 🩷အမြဲတမ်း ကိုယ့်အနားမှာ ရှိပေးပြီး လိုလေသေးမရှိ ဂရုစိုက်ပေးတဲ့ အမအတွက် ဒီနေ့တော့ အမှတ်တရလေးဖြစ်အောင် ကိုယ်တိုင်လုပ်ပေးဖြစ်တဲ့ Money Bouquet လေးနဲ့ Surprise တိုက်လိုက်ပါပြီနော် 😜🩷

ချစ်ရတဲ့ အမအတွက် ကိုယ်တိုင် အပင်ပန်းခံ ဖန်တီးပေးထားတဲ့ ဒီလက်ဆောင်လေးက အမရဲ့ ပျော်ရွှင်စရာနေ့ရက်လေးကို ပိုပြီး ထူးခြားစေမယ်လို့ မျှော်လင့်ပါတယ်နော်✨✨

အမအတွက်ဆို အကောင်းဆုံးတွေပဲ ပေးချင်တာမို့ လက်ဝင်ပေမယ့် ကိုယ်တိုင်ပဲ စိတ်တိုင်းကျ ပြင်ဆင်ပေးဖြစ်ခဲ့တဲ့ လက်ဆောင်လေးကိုရပြီး ပျော်မယ်လို့မျှော်လင့်ပါတယ်နော်🩷🩷🩷

Hello 👋🏻 MYH’s page လေးမှပြန်လည်ကြိုဆိုပါတယ်ရှင်🩵🤍မင်မင်တို့ page လေးမှာပုံတွေမတင်တာကြာလို့ပျောက်နေတယ်ထင်ကြတယ်ဟုတ် 😜ဒီလိ...
11/02/2026

Hello 👋🏻 MYH’s page လေးမှပြန်လည်ကြိုဆိုပါတယ်ရှင်🩵🤍

မင်မင်တို့ page လေးမှာပုံတွေမတင်တာကြာလို့ပျောက်နေတယ်ထင်ကြတယ်ဟုတ် 😜ဒီလိုပန်းစည်းလှလှလေးတွေကိုရက်ဆက်ပြီး Order တွေများနေလို့ ပျောက်နေတာပါနော်✨

ဒီနေ့တော့ Valentine’s Day မှာချစ်သူကောင်မလေးကိုမေတ္တာလက်ဆောင်ပေးမလို့ အပြာရောင်လေးကိုအဆင်ပြေသလိုလှလှလေးလုပ်ပေးပါဆိုလို့ မင်မင်တို့လှလှလေးလုပ်ပေးဖြစ်ပါတယ်ရှင်။🤍🩵အရမ်းလှလို့ ဓာတ်ပုံပြေးရိုက်ပြီးရှင်တို့ကြွေအောင်လာတင်ပေးတာ😜🩵

Cloudy blue and pure white. ☁️✨
မြင်လိုက်တာနဲ့ စိတ်ကို အေးချမ်းသွားစေမယ့် အရောင်လေး။ ကိုယ့်အတွက်ကိုယ်ပဲ ဝယ်ဝယ်၊ ချစ်ရသူကိုပဲ ပေးပေး စိတ်ကိုအေးချမ်းစေမယ့် ပန်းစည်းလေးနော်။🤍✨

Hello 👋🏻 MYh’s page လေးမှပြန်လည်ကြိုဆိုပါတယ်ရှင်💕 မနေ့ကမင်မင်တို့ နယ်အော်ဒါပို့ပေးဖြစ်တာလေးပါ✨ငါးခုပါ တစ်ထုတ် 100 တိတိကိ...
25/01/2026

Hello 👋🏻 MYh’s page လေးမှပြန်လည်ကြိုဆိုပါတယ်ရှင်💕
မနေ့ကမင်မင်တို့ နယ်အော်ဒါပို့ပေးဖြစ်တာလေးပါ✨
ငါးခုပါ တစ်ထုတ် 100 တိတိကိုယုံကြည်စွာနဲ့မှာယူအားပေးလို့ကျေးဇူးတင်ပါတယ်ရှင်။ 💕

Hello 👋🏻 MYH’s page လေးမှပြန်လည်ကြိုဆိုပါတယ်ရှင်💕 မင်မင်တို့ဆီကနေ ပန်ပန်း အခက် 50 ကိုယုံယုံကြည်ကြည်နဲ့မှာယူအားပေးတဲ့ Cus...
22/01/2026

Hello 👋🏻 MYH’s page လေးမှပြန်လည်ကြိုဆိုပါတယ်ရှင်💕

မင်မင်တို့ဆီကနေ ပန်ပန်း အခက် 50 ကိုယုံယုံကြည်ကြည်နဲ့မှာယူအားပေးတဲ့ Customer ကိုကျေးဇူးတင်ပါတယ်ရှင်။✨

ဒီနေ့ ဖော့နှင်းဆီပန်ပန်း တစ်ရာ အားပေးသွားတဲ့ Customer လေးကိုကျေးဇူးတင်ပါတယ်ရှင်။✨💕ဒီပန်းလေးက Page မှာတစ်ခါမှမတင်ဖူးပင်မယ...
16/01/2026

ဒီနေ့ ဖော့နှင်းဆီပန်ပန်း တစ်ရာ အားပေးသွားတဲ့ Customer လေးကိုကျေးဇူးတင်ပါတယ်ရှင်။✨💕

ဒီပန်းလေးက Page မှာတစ်ခါမှမတင်ဖူးပင်မယ့် လုပ်လုပ်ချင်းကြိုက်ပြီးအများကြီးအားပေးရတဲ့ထိ လှတာလေးတွေနော်💕

📌လက်ကားရလားဆိုတဲ့လူတွေအတွက် မိမိတို့ယူတဲ့အရေအတွက်အပေါ်မူတည်ပြီး လက်ကားစျေးနဲ့ရပါတယ်နော်။🫶🏻

Hello 👋🏻 MYH’s Floral Bouquet Page လေးမှကြိုဆိုပါတယ်ရှင်။✨ပုံတစ်ပုံချင်းစီရဲ့အသေးစိတ်ကိုတော့ မင်မင်တို့ Page ထဲမှာအကုန်တ...
14/01/2026

Hello 👋🏻 MYH’s Floral Bouquet Page လေးမှကြိုဆိုပါတယ်ရှင်။✨

ပုံတစ်ပုံချင်းစီရဲ့အသေးစိတ်ကိုတော့ မင်မင်တို့ Page ထဲမှာအကုန်တင်ထားတာဖြစ်လို့ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်ရှင်။✨

ချစ်ခင်ရသူတွေကို လက်ဆောင်ပေးဖို့ပဲဖြစ်ဖြစ်၊ ကိုယ်တိုင်အတွက်ပဲဖြစ်ဖြစ် ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းနေမယ့် အလှပဆုံး ပန်းစည်းမျိုးစုံ ကို တစ်နေရာတည်းမှာရရှိနိုင်ပါပြီရှင်။

ကျွန်မတို့ဆီမှာ ဘာတွေရနိုင်မလဲဆိုတော့...

လူကြိုက်အများဆုံး ပန်းစည်း ဒီဇိုင်းများ
• Single Rose 🌹: ချစ်သူသက်တမ်း တစ်လပြည့်၊ တစ်နှစ်ပြည့်တွေအတွက် ရိုးရိုးရှင်းရှင်းနဲ့ အဓိပ္ပာယ်ရှိတဲ့ တစ်ပွင့်တည်းသော နှင်းဆီပန်းစည်း။
• Money Bouquet 💸: လက်ဆောင်လည်းဖြစ်၊ ငွေလည်းဖြစ်... အခုခေတ်မှာ အကျော်ကြားဆုံးနဲ့ အပေးများဆုံး ပိုက်ဆံပန်းစည်း။
• Silk & Ribbon Flowers 🎀: အမြဲစိမ်းလန်းပြီး သိမ်းထားလို့ရတဲ့ ပိုးသားပန်းလေးတွေနဲ့ လက်ရာမြောက်စွာ ပြုလုပ်ထားတဲ့ ပန်းစည်းများ။
• Box & Bag Collection 🛍️: သယ်ရလွယ်ကူပြီး အမြဲလှပနေမယ့် Box ပန်းစည်းနဲ့ Bag ဒီဇိုင်းလေးများ။
• Chocolate Bouquet 🍫: ပန်းလေးတွေကြားထဲမှာချောကလက်လေးတွေ ထည့်သွင်းထားတဲ့ ချိုမြိန်ပြီး သေသပ်လှပသောပန်းစည်းများ။

✨ ဘာကြောင့် ကျွန်မတို့ဆီက ဝယ်သင့်တာလဲ?
✅ လက်ရာသေသပ်ခြင်း: ပန်းတစ်ပွင့်ချင်းစီ၊ စက္ကူအရောင်စပ်တာကအစ စိတ်တိုင်းကျဖြစ်အောင် အသေးစိတ် ဂရုစိုက်ပေးပါတယ်။
✅ ဈေးနှုန်းသင့်တင့်ခြင်း: လူတန်းစားမရွေး၊ အလှပဆုံး ပန်းစည်းကို အတန်ဆုံးဈေးနဲ့ ရရှိစေရမယ်။
✅ Special Request: မိမိစိတ်ကြိုက် ပန်းအရောင်၊ စက္ကူအရောင်နဲ့ အပြင်အဆင်တွေကို ကြိုတင်ပြောဆို မှာယူနိုင်ပါတယ်ရှင်။💕

📩 အသေးစိတ် သိရှိလိုပါက Messenger (CB) ကနေ အခုပဲ ဆက်သွယ်မေးမြန်းနိုင်သလို၊ ပန်းစည်းဒီဇိုင်းလေးတွေကို ပုံမှာ တစ်ပုံချင်းစီ ကြည့်ရှုနိုင်ပါတယ်ရှင်။✨

📦 Delivery: မှာယူတဲ့ပန်းအမျိုးစားပေါ်မူတည်ပြီးမင်မင်တို့ဘက်ကရနိုင်တဲ့နေရာတွေအကုန်ပို့ပေးပါတယ်ရှင်။✨

Hello 👋🏻 MYH’s page လေးမှပြန်လည်ကြိုဆိုပါတယ်ရှင်။"စကားလုံးတွေနဲ့ ဖော်ပြလို့မရတဲ့ မေတ္တာတွေကို ဒီပန်းစည်းလေးနဲ့အတူ ဖော်ပြ...
13/01/2026

Hello 👋🏻 MYH’s page လေးမှပြန်လည်ကြိုဆိုပါတယ်ရှင်။

"စကားလုံးတွေနဲ့ ဖော်ပြလို့မရတဲ့ မေတ္တာတွေကို ဒီပန်းစည်းလေးနဲ့အတူ ဖော်ပြလိုက်ပါ။ 🌻✨

ဒီပန်းစည်းလေးက တကယ့်ကို လှပြီး စိတ်ကြည်နူးစရာကောင်းပါတယ်ရှင်။💛 အဝါရောင်နေကြာပန်းကြီးက အလယ်မှာ ပေါ်လွင်နေပြီး ဘေးပတ်လည်မှာ အဖြူရောင်နှင်းဆီပန်းလေးတွေနဲ့ပေါ်လွင်အောင်အလှဆင်ပေးထားပါတယ်ရှင်။🌻✨

📌စျေးလေးကတော့ page cb မှာအားမနာတမ်းလာမေးပါရှင်။🫶🏻

☎️ 09 421 148 381/09 253 347 546

Hello 👋🏻 MYH’s page လေးမှပြန်လည်ကြိုဆိုပါတယ်ရှင်💕 "ပန်းလည်းလှချင်တယ်၊ ငွေသားလည်း ပါချင်တယ်" ဆိုတဲ့သူများအတွက် အထူးအစီအစဉ...
12/01/2026

Hello 👋🏻 MYH’s page လေးမှပြန်လည်ကြိုဆိုပါတယ်ရှင်💕

"ပန်းလည်းလှချင်တယ်၊ ငွေသားလည်း ပါချင်တယ်" ဆိုတဲ့
သူများအတွက် အထူးအစီအစဉ်။ 💐💵

မွေးနေ့ပဲဖြစ်ဖြစ်၊ Anniversary ပဲဖြစ်ဖြစ် ချစ်ရတဲ့သူကို ပျော်သွားစေဖို့ ဒီလို "Money Cake" လေးတွေနဲ့ Surprise လုပ်လိုက်တော့နော်။✨
ပန်းလေးတွေနဲ့ လှပနေရုံတင်မကဘူး၊ လက်ဆောင်ရတဲ့သူအတွက် တကယ်အသုံးဝင်မယ့် ငွေသားလေးတွေပါ ပါတာဆိုတော့ အကြိုက်တွေ့မှာ အသေအချာပါပဲ။ အမှတ်တရနေ့လေးတွေမှာ အမြဲတမ်းအမှတ်ရနေစေမယ့် မေတ္တာလက်ဆောင်လေးပါရှင်။💛

✅ မိမိစိတ်ကြိုက် ငွေသားပမာဏဖြင့်ပြုလုပ်ပေးပါတယ်ရှင်။

☎️ 09 421 148 381/09 253 347 546

Hello 👋🏻 MYH’s page လေးမှကြိုဆိုပါတယ်ရှင်။🩷နှင်းဆီပန်းရဲ့အဓိပ္ပာယ်ကတော့ "နူးညံ့မှု"၊ "နှစ်လိုဖွယ်ကောင်းမှု" နဲ့ "သနားကြင...
11/01/2026

Hello 👋🏻 MYH’s page လေးမှကြိုဆိုပါတယ်ရှင်။🩷

နှင်းဆီပန်းရဲ့အဓိပ္ပာယ်ကတော့ "နူးညံ့မှု"၊ "နှစ်လိုဖွယ်ကောင်းမှု" နဲ့ "သနားကြင်နာမှု"တဲ့

စကားလုံးတွေနဲ့ ဖော်ပြဖို့ခက်တဲ့အခါ... ပန်းလေးတွေကတစ်ဆင့် မိမိတို့ရဲ့ခံစားချက်ကို ပြောပြခိုင်းလိုက်ပါ။😜

တစ်ခါတလေမှာ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး လက်ဆောင်ပေးတာပဲဖြစ်ဖြစ်၊ ကိုယ်တန်ဖိုးထားရသူကို ဂရုစိုက်ကြောင်း ပြသတာပဲဖြစ်ဖြစ် ဒီပန်းစည်းလေးက အဓိပ္ပာယ်အရှိဆုံး ဖြစ်နေမှာပါ။ နှင်းဆီပန်းလေးရဲ့ ဆွဲဆောင်မှုက နှလုံးသားကို အေးချမ်းစေမှာပါရှင်။✨🩷

📌စျေးနှုန်းလေးကိုတော့ Page Cb မှာမေးမြန်းနိုင်ပါတယ်ရှင်။✨

☎️ 09 421 148381/09 253 347546

Address

Kyauktada Township , 35 Street
Yangon

Website

Alerts

Be the first to know and let us send you an email when MYH's Floral Bouquet posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category