ရွှေသရဖူ - Shwe Tharaphu

ရွှေသရဖူ - Shwe Tharaphu Shwe Tharaphu - Gold Crown Event & Wedding Planning Service specializes in organizing events and launching ceremonies.

ရွှေသရဖူ - Shwe Tharaphu မိသားစု မှတော်သလင်းလပြည့် ( #ဂရုဓမ္မအခါတော်နေ့) တွင် ဓမ္မမိတ်ဆွေအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမ...
25/09/2026

ရွှေသရဖူ - Shwe Tharaphu မိသားစု မှတော်သလင်းလပြည့် ( #ဂရုဓမ္မအခါတော်နေ့) တွင် ဓမ္မမိတ်ဆွေအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါသည်၊၊ 🤝
✨ယနေ့ #တော်သလင်းလပြည့်နေ့သည် ရှေးသမိုင်းဇာတ်တော်လာ ကမ္ဘာသူကမ္ဘာသားတို့ ဂရုတစိုက် ကျင့်ကြံအပ်သော၊ မိုးလေဝသမှန်ကန်စေပြီး တိုင်းပြည်ကို အေးချမ်းစေတတ်သော "ဂရုဓမ္မတရား ( #ငါးပါးသီလ)" ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသော နေ့ထူးနေ့မြတ် ဖြစ်သည်။
✨ဓမ္မမိတ်ဆွေများအားလုံး ယနေ့မှစ၍ ကိုယ်စီကိုယ်ငှ ငါးပါးသီလမြတ်ကို ဆောက်တည်နိုင်ကြပါစေကြောင်းနှင့် စီးပွားလာဘ်လာဘများ ဒီရေအလား တိုးပွားကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏🌕

“ #မင်္ဂလာမနက်ခင်းလေးပါ”⚜️နိုးထသည့်မနက်ခင်းမှအစပြု၍ မကောင်းသောအရာမှန်သမျှဝေးပါစေ။⚜️ကောင်းခြင်းသုခအဖြာဖြာနှင့်သာပြည့်စုံက...
14/09/2026

“ #မင်္ဂလာမနက်ခင်းလေးပါ”

⚜️နိုးထသည့်မနက်ခင်းမှအစပြု၍ မကောင်းသောအရာမှန်သမျှဝေးပါစေ။
⚜️ကောင်းခြင်းသုခအဖြာဖြာနှင့်သာပြည့်စုံကြပါစေ။
⚜️မေတ္တာတရားများဖြင့် အစဉ် အေးချမ်းကြပါစေ။

#ရွှေသရဖူ ရွှေသရဖူ - Shwe Tharaphu

🌸 ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ မောင်အောင်ဆန်းမျိုး ❤️ မသဲပွင့်ဖြူ တို့ရဲ့ မင်္ဂလာပွဲလေးကို ဂုဏ်ယူစွာ ပါဝင်ဆင်နွှဲခွင့်ရ...
03/09/2026

🌸 ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ မောင်အောင်ဆန်းမျိုး ❤️ မသဲပွင့်ဖြူ တို့ရဲ့ မင်္ဂလာပွဲလေးကို ဂုဏ်ယူစွာ ပါဝင်ဆင်နွှဲခွင့်ရခဲ့ပါတယ်။
🌸အလှပဆုံးနဲ့ အလိုက်ဖက်ဆုံး မင်္ဂလာစုံတွဲလေး၊ ထာဝရရွှေလက်မြဲပါစေ။


ရွှေသရဖူ - Shwe Tharaphu

မနက်ဖြန် (၂၈.၀၈.၂၀၂၆) သောကြာနေ့🌕  #ဝါခေါင်လပြည့်နေ့  #မေတ္တာအခါတော်နေ့ဥပုသ်နေ့ ဖြစ်ပါသည်။ 🙏🌿ဝါတွင်းကာလရဲ့ အဖိုးတန်ဥပုသ်န...
27/08/2026

မနက်ဖြန် (၂၈.၀၈.၂၀၂၆) သောကြာနေ့
🌕 #ဝါခေါင်လပြည့်နေ့ #မေတ္တာအခါတော်နေ့
ဥပုသ်နေ့ ဖြစ်ပါသည်။ 🙏🌿

ဝါတွင်းကာလရဲ့ အဖိုးတန်ဥပုသ်နေ့လေးမှာ ဓမ္မမိတ်ဆွေများအားလုံး ဥပုသ်သီလ ဆောက်တည်ပြီး ကုသိုလ်ကောင်းမှုများ ပြုလုပ်နိုင်ကြစေရန် ကြိုတင်အသိပေး နှိုးဆော်အပ်ပါတယ်ခင်ဗျာ။ 🙏

🌿 မေတ္တာအခါတော်နေ့လေးမှာ

🙏 မိမိကိုယ်တိုင်အပေါ် #မေတ္တာ ထားပါ။

🙏 မိဘ၊ ဆွေမျိုး၊ ဆရာသမားနှင့် ကျေးဇူးရှင်များအပေါ် မေတ္တာပို့ပါ။

🙏 မိတ်ဆွေများနှင့် ကိုယ်ချစ်ရသူများအပေါ် မေတ္တာပို့ပါ။

🙏 မိမိနှင့် မသင့်မြတ်သူများအပေါ်မှာလည်း အမျက်မထားဘဲ မေတ္တာစိတ်ထားနိုင်အောင် ကြိုးစားပါ။

🙏 သက်ရှိသတ္တဝါအားလုံး ဘေးရန်ကင်း၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေဟု မေတ္တာပို့ကြပါ။

🌸 မေတ္တာဆိုတာ ကိုယ်တိုင်ပွားများလေလေ ကိုယ့်စိတ်ကိုလည်း နူးညံ့အေးချမ်းစေလေလေ ဖြစ်ပါတယ်။

ထို့အပြင် ဥပုသ်နေ့ဖြစ်သည့်အတွက်

🙏 ဥပုသ်သီလ ဆောက်တည်ပါ
🙏 ဘုရားရှိခိုး၍ ပန်း ရေချမ်း ဆီမီးများ ကပ်လှူပါ
🙏 ဂုဏ်တော် ပုတီးစိပ်ပါ
🙏 ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပါ
🙏 တရားနာ တရားထိုင်၍ စိတ်ကို အေးချမ်းအောင် လေ့ကျင့်ပါ
🙏 ဒါန သီလ ဘာဝနာ ကုသိုလ်များ ပြုလုပ်ပါ
🙏 မိမိပြုသမျှ ကုသိုလ်များကို သက်ရှိသတ္တဝါအားလုံးအား အမျှဝေပေးပါ

🌕 ဝါခေါင်လပြည့်နေ့လေးမှာ
လပြည့်ဝန်းကြီးလို မိမိတို့ရဲ့ စိတ်နှလုံးလည်း ကြည်လင်ဝင်းပလာပြီး မေတ္တာတရားများ ပိုမိုပြည့်ဝလာကြပါစေ။

တစ်နေ့တာလုံးကို အပြစ်ရှာခြင်း၊ အမျက်ထွက်ခြင်း၊ မနာလိုခြင်းတို့နဲ့ မဖြတ်သန်းဘဲ မေတ္တာတစ်စိတ်၊ ကုသိုလ်တစ်ခု၊ အပြုံးတစ်ပွင့် နဲ့ ဖြတ်သန်းကြရအောင်ပါ။ 🌿🙏

ဝါတွင်းသုံးလအတွင်း #ဥပုသ်သီလ၊ #ဒါန၊ #သီလ၊ #ဘာဝနာ ကုသိုလ်များကို တတ်နိုင်သမျှ ဆက်လက်ပြုလုပ်နိုင်ကြပြီး စိတ်အေးချမ်းခြင်း၊ ကိုယ်ကျန်းမာခြင်းနှင့် ကောင်းမြတ်သောအကျိုးတရားများ ရရှိကြပါစေ။ 🙏🌸

မေတ္တာတရားများ ပွားများနိုင်ကြပြီး အချင်းချင်း ချစ်ခင်ကြင်နာမှုများ တိုးပွားကြပါစေ။

🌕 #ဝါခေါင်လပြည့်နေ့ #မေတ္တာအခါတော်နေ့ တွင်ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ မိမိတို့ပြုသမျှ ကုသိုလ်ကောင်းမှု အစုစုတို့၏ အကျိုးကျေးဇူးများကို ကောင်းမွန်စွာ ခံစားနိုင်ကြပါစေ။ 🙏
#ရွှေသရဖူ ရွှေသရဖူ - Shwe Tharaphu

#မယ်ရစ် #ဥပုသ်နေ့ #ဝါခေါင်လပြည့်နေ့
#မေတ္တာအခါတော်နေ့ #ဝါတွင်းကုသိုလ်

🪷ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့မှာ ကမ္ဘာသူကမ္ဘာသားအားလုံး ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။ 🕯️Wishing everyone peace, mindful...
29/07/2026

🪷ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့မှာ ကမ္ဘာသူကမ္ဘာသားအားလုံး ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။ 🕯️Wishing everyone peace, mindfulness, and wisdom on this sacred Dhamma Cakka Day (Full Moon Day of Waso). 🙏🤍
#ဓမ္မစကြာအခါတော်နေ့ #ဝါဆိုလပြည့်နေ့ #ဗုဒ္ဓဘာသာ

🌸ကမ်းတစ်ဖက်သို့ ရောက်ကုန်🌸လူအပေါင်းတို့သည်  #ကာမဂုဏ်၊  #ဒေါသ၊  #မာန၊ ထိနမိဒ္ဓ၊ ဥဒိစ္စတရား တို့ ကပ်ငြိခြင်းခံရလျှင် သေခြင...
24/07/2026

🌸ကမ်းတစ်ဖက်သို့ ရောက်ကုန်🌸
လူအပေါင်းတို့သည် #ကာမဂုဏ်၊ #ဒေါသ၊ #မာန၊ ထိနမိဒ္ဓ၊ ဥဒိစ္စတရား တို့ ကပ်ငြိခြင်းခံရလျှင် သေခြင်းကင်းရာ နိဗ္ဗာန်သို့ မရောက်နိုင်ချေ။ ကောင်းစွာဟောကြားအပ်သော တရားတို့ကို တရားအားလျော်စွာ ကျင့်ကြံကုန်သော သူတို့သည် ကူးမြောက်နိုင်ခဲသော သေမင်း နေရာ သံသရာကို ကူးမြောက်၍ ကမ်းတစ်ဖက်သို့ ရောက်ကုန်လတ္တံ့။ နိဗ္ဗာန်တည်းဟူသော
#ပဏ္ဍိတဝဂ် ( #ဓမ္မပဒ – ၈၆)
ရွှေသရဖူ - Shwe Tharaphu

🦁The Second Myanmar International Auto Expo 光明 Myanmar Guang Ming Lion Dance Troupe                                     ...
17/07/2026

🦁The Second Myanmar International Auto Expo

光明 Myanmar Guang Ming Lion Dance Troupe

ရွှေသရဖူ - Shwe Tharaphu

🌸ချစ်ခြင်းမေတ္တာနှင့် ကတိသစ္စာများ ပြည့်နှက်နေမည့် နေ့ရက်တစ်ရက်။Dr. Yan Naing Oo နှင့် Doctor Thet Nwe Oo တို့ရဲ့ ဘဝမှတ်...
16/07/2026

🌸ချစ်ခြင်းမေတ္တာနှင့် ကတိသစ္စာများ ပြည့်နှက်နေမည့် နေ့ရက်တစ်ရက်။
Dr. Yan Naing Oo နှင့် Doctor Thet Nwe Oo တို့ရဲ့ ဘဝမှတ်တိုင်တစ်ခုဖြစ်တဲ့ မင်္ဂလာအခမ်းအနားကို #ရွှေသရဖူ Wedding and Event Planning Service မှ အစအဆုံး စိတ်တိုင်းကျ စီစဉ်ဆောင်ရွက်ပေးခွင့်ရရှိခဲ့ပါတယ်။
✨မောင်နှံနှစ်ဦးရဲ့ အနှစ်သာရ ရှိလှတဲ့ မေတ္တာခရီးလမ်း အစပြုခြင်းကို ပိုမိုတောက်ပပြီး ပြည့်စုံလှပစေဖို့အတွက် #ရွှေသရဖူ အဖွဲ့သားများက အသေးစိတ်ကအစ ဂရုတစိုက် ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။
💕တစ်သက်တာလုံး အမှတ်ရနေမည့် အခိုက်အတန့်တွေကို အနုပညာဆန်ဆန်နဲ့ စနစ်တကျ ပုံဖော်ပေးခွင့်ရတဲ့အတွက်လည်း အထူးပင် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။
🧑‍❤️‍💋‍🧑မင်္ဂလာမောင်နှံနှစ်ဦးအနေနဲ့ နားလည်မှု၊ ယုံကြည်မှုတို့ဖြင့် ထာဝရလက်တွဲခိုင်မြဲပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်နိုင်ပါစေကြောင်း #ရွှေသရဖူ မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။
👰‍♀️🤵🏼မိမိတို့ရဲ့ တစ်သက်တာအမှတ်တရ အခမ်းအနားတွေကို အကောင်းမွန်ဆုံး ပုံဖော်ချင်တယ်ဆိုရင်တော့ ရွှေသရဖူ Wedding and Event Planning Service ကို ယုံကြည်စိတ်ချစွာ ဆက်သွယ်နိုင်ပါတယ်။

🌸ဂုဏ်သတင်းပျံ့နှံ့လှိုင်ကြူ🌸🌸ပန်းရနံ့သည် လေညာကိုမသွား၊ စန္ဒကူးအနံ့၊ တောင်ဇလပ်ပန်း အနံ့၊ စံပယ်ကြက်ရုန်းပန်းအနံ့သည်လည်း လေ...
02/07/2026

🌸ဂုဏ်သတင်းပျံ့နှံ့လှိုင်ကြူ🌸

🌸ပန်းရနံ့သည် လေညာကိုမသွား၊ စန္ဒကူးအနံ့၊ တောင်ဇလပ်ပန်း အနံ့၊ စံပယ်ကြက်ရုန်းပန်းအနံ့သည်လည်း လေညာသို့မသွား။
🌸သူတော်ကောင်းတို့၏ အနံ့သည်သာ လေညာသို့သွား၏။ 🌟သူတော် ကောင်းတို့၏ ဂုဏ်သတင်းသည် အရပ်မျက်နှာအားလုံးတို့သို့ ပျံ့နှံ့လှိုင်ကြူ၏။

#ပုပ္ဖဝဂ်( #ဓမ္မပဒ-၅၄)

Congratulations Ko Thant Zaw Htet နဲ့ Ma Ei Ei Thwe! 🥂💍     #ရွှေသရဖူ
01/07/2026

Congratulations Ko Thant Zaw Htet နဲ့ Ma Ei Ei Thwe! 🥂💍
#ရွှေသရဖူ

Address

Yangon

Website

Alerts

Be the first to know and let us send you an email when ရွှေသရဖူ - Shwe Tharaphu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share