BridgeX

BridgeX Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from BridgeX, Event Planner, 991 Myitta Road, South Okkalapa Township, 9th Ward, Yangon.

BridgeX is a dynamic event series initiated by Makers Matter and UXMM (User Experience Myanmar), created to bridge the gap between business and audience, product and emotion, vision and ex*****on.

May the year ahead be filled with bold ideas, meaningful connections, and bridges to new opportunities. 🎅🎁☃️🎄🎊
25/12/2025

May the year ahead be filled with bold ideas, meaningful connections, and bridges to new opportunities. 🎅🎁☃️🎄🎊

BridgeX နဲ့ Sharrtz Organization တို့ပူးပေါင်းပြီးကျင်းပပြုလုပ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး Metaverse webinar လေးကတော့ ပ...
16/12/2025

BridgeX နဲ့ Sharrtz Organization တို့ပူးပေါင်းပြီးကျင်းပပြုလုပ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး Metaverse webinar လေးကတော့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အောင်မြင်စွာနဲ့ ပြီးဆုံးသွားပါပြီ 💕

ဒီပွဲလေးကိုတော့ မြန်မာစံတော်ချိန် (၁) နာရီကစတင်ပြီး (၄) နာရီအထိ ၃နာရီတိုင်တိုင် ကျင်းပခဲ့ပါတယ်။ ပွဲစချိန်မှစပြီး ပွဲပြီးဆုံးတဲ့အချိန်ထိတိုင် အဆုံးထိ ပါဝင်ပေးခဲ့ကြတဲ့ participants တွေကိုအကုန်လုံးကိုလည်း ကျေးဇူးအထူးပင်တင်ရှိပါတယ်။

ဒါ့အပြင် BridgeX ရဲ့ Volume 1 Episode 2 Metaverse webinar ပွဲလေးဖြစ်မြောက်အောင် ၀ိုင်း၀န်းကူညီပံ့ပိုပေးကြတဲ့ အထူးကျေးဇူးတင်ထိုက်သူတွေကတော့..

Keynote speaker အဖြစ် ကူညီပံ့ပိုးပေးတဲ့
❣️U9 ရဲ့ CEO ဖြစ်တဲ့ မကယ်ရိုလိုင်းယဉ်ယဉ်ဌေး
Panelists များအနေနဲ့
❣️Honey Mya Win - HoneyHunt.ai ၏ Founder နှင့် CEO
❣️Sharr Thet Zaw - Sharrtz.org ၏ Founder
❣️Khine Nandar Lin - TRINKORA clothing brand ၏ Founder နှင့် MD
❣️Hnin Hay Mar Aung - Celestial Dragon Tech ၏ Founder

Moderator အဖြစ်
❣️Wai Yi Mon Soe - BridgeX နဲ့ UXMM ၏ Founder
Closing Remark ပြောကြားပေးတဲ့
❣️May Thandar Win - BridgeX နဲ့ Makers Matter တို့၏ Founder

Host အဖြစ် ကူညီပံ့ပိုးပေးတဲ့
❣️Thiri Phyoe Naing (Program Manager, UXMM)
❣️Aung Soe Khine (Program Manager, UXMM)

Back End Support အဖြစ်
❣️Ei Thazin Phyo (Marketing executive, Makers Matter)
❣️Myat Thawtar Htet (Marketing executive, Makers Matter)
❣️Htet Paing Lin (Freelancer)

BridgeX Logo, Website Design & Development အတွက်
❣️Aung Phone Myat - Development Specialist (UXMM)
❣️Nyein Zayar Naing - Content & Visual Design Specialist (UXMM)

BridgeX Branding, Communications, Social Media and Website Contents, Visuals and Management
❣️Makers Matter Team

Co-organiser အဖြစ်
❣️Sharrtz.org Myanmar

Platform ပံ့ပိုးသူအဖြစ်
❣️Myoe Pya platform

ပွဲနဲ့ပတ်သတ်တဲ့ promo video ဖန်တီးရာမှာ အားတက်သရော ကူညီ၀ိုင်း၀န်းပေးခဲ့ကြတဲ့ Untitled Space and Dessert Studio ရဲ့ owner Ei Thinzar Kyaw နဲ့ Handmade by Theint က Theint Theint Myat တို့ကို လည်း အထူးပဲကျေးဇူးတင်ကြောင်းပြောပါရစေ။

အကြောင်းကြောင်းကြောင့် ပွဲမတက်လိုက်ရတဲ့သူတွေကလည်း တောင်းဆိုထားတဲ့အတွက် webinar အစအဆုံးကို BridgeX ရဲ့ youtube channel မှာ မကြာခင် ပြန်လည်တင်ပေးသွားမှာဖြစ်ပါတယ်။

အခု Metaverse အတွေ့အကြုံက အများစုအတွက် ပထမဆုံးဖြစ်တာကြောင့် နည်းပညာဆိုင်ရာ အခက် အခဲ တချို့ ရှိခဲ့ရင်တောင် နောက်လာမယ့် event များမှာတော့ အခုထက်ပိုပြီး ကောင်းမွန်တဲ့၊ ချော့မွေ့တဲ့ အတွေ့အကြုံမျိုးပေးသွားဖို့ကြိုးစားသွားမှာဖြစ်တာမို့ စောင့်ကြည့်ပေးပါဦးနော်။

နောက်ထပ်လာမယ့် စိတ်လှုပ်ရှားစရာ မတူညီတဲ့ အစီအစဉ်တွေမှာ ပါ၀င်နိုင်ဖို့ BridgeX ရဲ့ page ကို Like & Follow လုပ်ပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

Thank you for being part of this transformation. Let's keep building together.

BridgeX where Vision meets Action 💕








Helloမကြာခင် နာရီပိုင်းအတွင်းမှာ BridgeX Vol1 Ep 2 : Women in Tech - Wired for Change metaverse webinar လေးစတင်တော့မှာဖြ...
14/12/2025

Hello

မကြာခင် နာရီပိုင်းအတွင်းမှာ BridgeX Vol1 Ep 2 : Women in Tech - Wired for Change metaverse webinar လေးစတင်တော့မှာဖြစ်ပါတယ်။ တက်ရောက်ဖို့ စာရင်းပေးထားတဲ့သူများကိုလည်း ပွဲရဲ့လင့်ခ်ကလေး အီးမေးလ်ပို့ထားပါတယ်။

ပေးပို့ထားသည့်လင့်ခ်ကို ‌နှိပ်ပြီးပါက မိမိယခင်က Myoe Pya Metaverse ထဲတွင် ကြိုတင်ဖွင့်လှစ်ထားသည့် မေးလ်နှင့် password တို့ကိုရိုက်နှိပ်ပြီး ၀င်ရောက်လို့ရပြီဖြစ်ပါသည်။

❗အထူးသတိပြုရန်

နံပါတ် ၁
ပွဲ လင့်ခ်အတွင်းသို့၀င်ရောက်ရန် ပထမပေးပို့ထားသည့် အီးမေးလ်ညွန်ကြားချက်အတိုင်း (https://www.myoepya.com) တွင် အကောင့်ကြိုတင်ဖွင့်လှစ်ထားရန်နှင့် ဖြစ်နိုင်လျှင် မိမိကိုယ်ပိုင် avatar ကြို တင်ဖန်တီးထားရန်လိုအပ်ပါသည်။
သို့မှသာလျှင် ယခု အပေါ်တွင်ပေးပို့ထားသည့်လင့်ခ်ထဲသို့၀င်ရောက်နိုင်မည်ဖြစ်ပါသည်။

နံပါတ် ၂
ပွဲထဲ၀င်ရောက်ပြီးပါက ပူးတွဲပေးထားသည့် screenshot နှင့် youtube link (https://youtu.be/mrgnWrpbqAM?si=RTN1h-H2JN012wWD) တို့တွင် ညွန်ကြားထားသည့် အညွန်းများအတိုင်း လမ်းလျှောက်ခြင်း ရွေ့လျားခြင်း အချင်းချင်းစကားပြောခြင်း တခန်းလုံးကြားအောင် မေးခွန်းများမေးခြင်းတို့ကို ပြုလုပ်လို့ရပါသည်။

သတိပြုရန်မှာ စတိတ်စင်ပေါ်သို့ avatar များ တက်ရောက်ပါကစင်အောက်မြုပ်၀င်သွားပြီး လမ်း‌ပျောက် ပြီး ပွဲခင်းထဲသို့ ပြန်လည်ရောက်ရှိရန် တချို့သောသူများအတွက် ခက်ခဲတတ်ပါသဖြင့် စင်အောက်ရှိ လူအများကြည့်ရှုရန်နေရာကသာ ကြည့်ရှုပါရန် မေတ္တာရပ်ခံပါသည်။ *(အခြား billboard and booth များကိုသွား ရောက်ကြည့်ရှုနိုင်ပါသည်)

အကယ်၍ လမ်းပျောက်နေပါက ကီးဘုတ်ရှိ esc ဘား သို့မဟုတ် space ဘားများကို သုံး၍ ပွဲခင်းထဲသို့ပြန်ရောက်ရန် ရှာဖွေနိုင်ပါသည်။

ပွဲ agenda အသေးစိတ်ကိုလည်း BridgeX Website မှာ ရှာဖွေကြည့်ရှုနိုင်ပါတယ်။

အကြောင်းကြောင်းကြောင့် အီးမေးလ်မရရှိပါက သို့မဟုတ် ပွဲမစခင် မေးစရာများရှိလျှင် BridgeX team သို့ အောက်ပါဆက်သွယ်ရမည့် လင့်ခ်များသို့ ဆက်သွယ် အကူအညီတောင်းခံနိုင်ပါသည်။
[email protected] (or)
BridgeX Viber Community (https://url-shortener.me/25SQ)
(or) တယ်လီဂရမ်ချန်နယ် (https://t.me/BridgeXChannel) ကို join ပြီး အချိန်မရွေး ဆက်သွယ်အကူအညီရယူနိုင်ပါတယ်။

Women in Tech: Wired for Change ပွဲမှာဆုံတွေ့ဖို့အတွက် BridgeX အဖွဲ့သားများအားလုံး စိတ်အားထက်သန်စွာ စောင့်မျှော်နေပြီး metaverse အတွေ့အကြုံ အပြည့်အဝကို ပျော်ရွှင်စွာ ခံစားနိုင်စေဖို့ မျှော်လင့်ပါတယ်။

လေးစားစွာဖြင့်

BridgeX နှင့် Sharrtz.org စီစဉ်သူအဖွဲ့

နည်းပညာလောကမှာ ရှေ့ပြေးဖန်တီးနေသူ ပရော်ဖက်ရှင်နယ်အမျိုးသမီးများနဲ့ ဒစ်ဂျစ်တယ်နည်းပညာကိုအသုံးပြုပြီး မိမိတို့ရဲ့လုပ်ငန်းမ...
13/12/2025

နည်းပညာလောကမှာ ရှေ့ပြေးဖန်တီးနေသူ ပရော်ဖက်ရှင်နယ်အမျိုးသမီးများနဲ့ ဒစ်ဂျစ်တယ်နည်းပညာကိုအသုံးပြုပြီး မိမိတို့ရဲ့လုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်အောင် ဖန်တီးနိုင်သူအမျိုးသမီးများကနေ အတွေ့ အကြုံများ၊ အကြံဉာဏ်များကိုမျှဝေပေးမယ့်..

BridgeX series ရဲ့ ဒုတိယမြောက် episode ဖြစ်တဲ့ ''Women in Tech- Wired for Change'' metaverse edition webniar ပွဲကို မနက်ဖန် ဒီဇင်ဘာ ၁၄ ရက် တနင်္ဂနွေနေ့ နေ့လည် ၁ နာရီ မှာကျင်းပမှာဖြစ်ပါတယ်

မကြာခင်မှာ register လုပ်ထားတဲ့ email တွေကနေတဆင့် Metaverse ထဲက ပွဲကျင်းပမယ့် အခန်းထဲကိုဝင်ရမယ့် room link လေးကို ပေးပို့သွားမှာ ဖြစ်ပါတယ်။

❗❗ထပ်မံသတိပေးလိုတာကတော့ အဲဒီပွဲလုပ်တဲ့အခန်းထဲကိုဝင်ဖို့ Myoe Pya Metaverse (www.myoepya.com) ထဲမှာ အကောင့်နဲ့ avatar (ကိုယ်ပွား) ကြိုတင်ဖန်တီးထားဖို့လိုပါတယ်နော်။ အခက် အခဲတစုံတရာ ရှိပါက >>

FB messenger or

[email protected] or

BridgeX Viber Community >>> https://shorturl.at/Avyd5

Telegram Channel >> https://t.me/BridgeXChannel

တို့မှာလာရောက်မေးမြန်း အကူအညီတောင်းခံနိုင်ပါတယ်။

မနက်ဖန် Metaverse ထဲမှာဆုံကြမယ်။

တီထွင်ဖန်တီးလိုသူ လူငယ်တွေ၊ လုပ် ငန်းခွင်ထဲက young professional တွေနဲ့ MSME တွေ အတွက် အနာဂတ်ရဲ့အခွင့်အလမ်းတွေကိုပိုမိုတွ...
12/12/2025

တီထွင်ဖန်တီးလိုသူ လူငယ်တွေ၊ လုပ် ငန်းခွင်ထဲက young professional တွေနဲ့ MSME တွေ အတွက် အနာဂတ်ရဲ့အခွင့်အလမ်းတွေကိုပိုမိုတွေမြင်နိုင်ဖို့..

BridgeX Vol1 Ep-2 ''Women in Tech- Wired for Change'' metaverse edition webinar ပွဲလေးကျင်းပရန်(၂)ရက်သာလိုပါတော့ သည်။

နည်းပညာကိုထိထိရောက်ရောက်အသုံးချပြီးဖန်တီးသူတွေဖြစ်လာဖို့ အထောက်အကူဖြစ်မယ့် နည်းလမ်းကောင်း‌တွေကိုမျှဝေပေးသွားမယ့်BridgeX ...
11/12/2025

နည်းပညာကိုထိထိရောက်ရောက်အသုံးချပြီးဖန်တီးသူတွေဖြစ်လာဖို့ အထောက်အကူဖြစ်မယ့် နည်းလမ်းကောင်း‌တွေကိုမျှဝေပေးသွားမယ့်

BridgeX seriesရဲ့ ဒုတိယမြောက် Episode ဖြစ်တဲ့ ''Women in Tech- Wired for Change'' metaverse edition webinar ပွဲလေး ကျင်းပရန်(၃)ရက်သာလိုပါတော့သည်။

10/12/2025

မမေ့နဲ့နော်.. ခုလာမယ့် ဒီဇင်ဘာ ၁၄ ရက်နေ့ နေ့လည် ၁ နာရီနော်..

ထင်မှတ်မထားလောက်အောင်ဘဲ စာရင်းပေးတဲ့သူရာချီရှိပြီး စိတ်၀င်စားကြတာမို့ ဒီတခေါက်စီစဥ်ထားတဲ့ capacity အရ တက်ရောက်ဖို့ စာရင်းသွင်းမှုလက်ခံတာလေးကို ဒီ‌နေ့မှာပဲ ရပ်လိုက်ရပါတယ်။ ဒီတခေါက်မှာ မ join လိုက်ရတဲ့သူတွေ နောက်အခေါက်တွေမှာ ခုထက် ပိုမိုက်၊ ပိုအကျိုးရှိမယ့် activities တွေနဲ့အတူ BridgeX က ပြန်လာခဲ့မှာမို့ စောင့်နေပေးနော်။

See you in the metaverse!

(ဒီ video clip အတွက် ‌ကူညီအားဖြည့်ပေးကြတဲ့ Untitled Space and Dessert Studio ပိုင်ရှင်ညီမလေးနိုရယ်၊ by theint က သိမ့် နဲ့ BridgeX team ကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။)

Join BridgeX Community to connect, to share & to grow! မကြာခင်ပြုလုပ်မယ့် BridgeX ရဲ့ Women in Tech - Wired for Change m...
09/12/2025

Join BridgeX Community to connect, to share & to grow!

မကြာခင်ပြုလုပ်မယ့် BridgeX ရဲ့ Women in Tech - Wired for Change metaverse webinar ကို join ဖို့အတွက်လိုအပ်တဲ့ လင့်ခ်တွေနဲ့ လမ်းညွန်ချက်လေး တွေကို အီးမေးလ်နဲ့ပေးပို့ပေးထားပေမယ့် အခက် အခဲ တစုံတရာရှိခဲ့ရင် ချက်ခြင်းမေး၊ ချက်ခြင်း ပြန်ဖြေပေးလို့ရအောင် BridgeX ရဲ့ Viber နဲ့ Telegram က community group တွေကို join ထားဖို့ အကြံပြုလိုပါတယ်။

နောက်ပိုင်းကြရင်လည်း BridgeX ကလုပ်တဲ့ပွဲတွေ၊ activity တွေနဲ့ပတ် သက်ရင် အချိန်နဲ့တပြေးညီ support ရဖို့အတွက်သာမက၊ အချင်းချင်းချိတ်ဆက်ဖို့၊ မျှ၀ေဖို့နဲ့ အတူတူတိုးတက်ဖို့အတွက်ဆို ဒီ community group တွေကနေတဆင့် လုပ်ဆောင်သွားနိုင်တာမို့ ခုကစပြီး မပျက်မ ကွက် join ထားလိုက်ဦးနော်။

Viber Community Group ကို join ရန် >>> https://shorturl.at/Avyd5

Telegram Channel ကို join ရန် >>https://t.me/BridgeXChannel

BridgeX နှင့်ပတ်သက်ပြီး ပိုမိုသိရှိလိုပါက BridgeX website https://bridgex.uxmm.org တွင်လည်း သွားရောက်လေ့လာဖတ်ရှုနိုင်ပါသည်။


09/12/2025

BridgeX ရဲ့ Women in Tech - Wired for Change webinar မှာ မက်တာဗာစ် (metaverse) ရဲ့အတွေ့အကြုံကို လာပြီး ရှာဖွေကြည့်ပါ။ Metaverse ဆိုတာ ခေတ်ရေစီးကြောင်းတစ်ခုသက်သက်မဟုတ်ပါဘူး။တဦးချင်းဖန်တီးသူတွေအတွက်ရော၊ စီးပွားရေးလုပ်ငန်းတွေအတွက်ပါ ဆက်သွယ်မှု၊ သင်ယူမှုနဲ့ အခွင့်အလမ်းသစ်တွေ ထွက်ပေါ်လာနိုင်မယ့် နေရာသစ်တစ်ခုပါ။ နည်းပညာဟာ လူတွေကို ပိုမိုဝေးကွာစေတာမျိုး မဖြစ်စေဘဲ ပိုမိုနီးစပ်စေနိုင်တယ်ဆိုတာကို BridgeX နဲ့ Sharrtz. org က လက်တွေ့ ပြသပေးချင်ပါတယ်။

ဒီဇင်ဘာ ၁၄ ရက်နေ့မှာဆုံကြပါမယ်။ 🙋‍♀️🙋‍♂️

📌 ပြည်တွင်းက MSME တွေအတွက် virtual billboard complimentary ပေးတဲ့ အစီအစဥ်လေးကိုတော့ ဒီနေ့ ပိတ်လိုက်ပြီဆိုတဲ့အကြောင်းလေး ပြောပါရစေ။ စာရင်းပေးတဲ့သူများနေလို့ပါ။ နောက်တခါ ဒီ့ထက်ပိုစုံ၊ ဒီ့ထက် activities တွေပိုပါမယ့် ပွဲမှာ ပါ၀င်ခွင့်ရအောင် ပြန်ပြောပေးပါ့မယ်နော်။

09/12/2025

Tech becomes a "Necessity", Not a" Nice-to-Have" !
၁၄ ရက်နေ့ နေ့လည် ၁ နာရီ မှာ ဆုံကြမယ်

08/12/2025

ဒီဇင်ဘာ ၁၄ ရက်နေ့ နေ့လည် ၁ နာရီ BridgeX ရဲ့ "Women in Tech - Wired for Change" Metaverse Webinar မှာဆုံကြမယ် 💁‍♀️💁‍♂️🙋🙋‍♂️

Address

991 Myitta Road, South Okkalapa Township, 9th Ward
Yangon
811111

Alerts

Be the first to know and let us send you an email when BridgeX posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category