Pyae Minn - Myat Minn

Pyae Minn - Myat Minn ချစ်သောအနုပညာ....
မြန်မာ့ ရုပ်ရှင် နှင့် ဂီတ၊ စာပေ ကိုနှစ်သက်သော
ကျွန်တော်။။။။���

ဖီလင်  🎥  #သေချာပေါက်ကြည့်သင့်သောထင်ထားတာ က တစ်ကားလုံး ကြမ်းလိုက် Ro လိုက် နဲ့ ဖီလင် နဲ့ မျောနေရမယ်ထင်ခဲ့တာ ...နောက်ထပ်ထ...
26/05/2025

ဖီလင် 🎥 #သေချာပေါက်ကြည့်သင့်သော

ထင်ထားတာ က တစ်ကားလုံး ကြမ်းလိုက် Ro လိုက် နဲ့ ဖီလင် နဲ့ မျောနေရမယ်ထင်ခဲ့တာ ...
နောက်ထပ်ထင် မိတာက ဦးဝိုင်းရဲ့လက်ရာ ဖီလင် ဆိုတဲ့ Video ကား ကို Remake ပြန်လုပ်မယ် ပေါ့ ....

မထင်မှတ်ထား တဲ့ ဖီလင် ကို ကြည့်နေရင်း ရခဲ့မိတို့တဲ့ အဖြစ်။

ထိုင်ခုံလေး မှာ နေရာယူရင်း ထိုင်ကတည်းက ဘေးက ညီမတော် နဲ့ အကိုတော်ကို ကြိုပြောထား ရတယ်
Novotel မှာ မိတ်ဆက်ပွဲလေး တတ်ချင်လို့ အပြီး အထိ မကြည့်တော့ ဘူး 7ခွဲရင် လစ်ကြမယ် ပေါဘ

ကြည့်နေရင်း အားလုံးထပြီး လက်ခုပ်တွေ တီး တော့မှ နာရီကြည့်ပြီး ပြေးရတဲ့ အဖြစ် ...
ဘယ်သူ မှသတိမရတော့လောက်အောင် ဆွဲခေါ်သွားတာ တကယ် အမှတ်တရ ပါပဲ ။

Big Congratulations ဦးဝိုင်း ... Actors တိုင်း လိုလို ရိုက်ခွင့်ရ ချင်ကြတဲ့ Super Director တစ်ယောက် တကယ် ပီသခဲ့ပါတယ်။
ဇာတ်ကောင် တွေရဲ့ အိုက်တင်တွေ ဘယ်လောက်ထိ ရင်ထဲ ရောက်လဲ ဆိုရင် အခုဒီစာ ရေး နေတဲ့ အချိန်အထိ ပီပီသသ မြင်နေရတဲ့ အထိ ကို ရင်ထဲ ရောက်ခဲ့ပါတယ်။

နေဝင်း
ဒီကာရိုက်တာ ၊ဒီအိုက်တင် ပဲလား ဆို တဲ့မိတ်ဆွေ တွေ နေဝင်း ရဲ့ မတူ ညီ တဲ့ အိုက်တင် တွေ Mood တွေ နဲ့ Next Character တစ်ယောက် အနေနဲ့ သေချာပေါက် မြင်ရမှာပါ။

ကျွန်တော့ အနေ နဲ့ တကယ် အားရတယ် ။
ငယ်ငယ် ကတည်း က စိတ်ခံစား မူ့ အစွဲ တစ်ခု ကို ကြီး လာ တဲ့ အထိ Carry လုပ် ရင်း လူတစ်ကိုယ် စိတ် နှစ်မျိုး နဲ့ ရှင်သန် နေရတဲ့ သူတစ်ယောက် အဖြစ် လုံးဝ ထိမိနေရောပဲ။

ကိုယ်ဖြတ်ကျော်ခဲ့ရတဲ့ နယ်ပါယ် အရ အထက်စီးဆန်မူ့တွေ ၊ဖိနှိမ် မူ့တွေ ကို မကြာခဏ မြင်နေ ကြား နေကြုံတွေ့ နေရတဲ့ အတွက် အချို့ အရမ်း ဆိုး နေတဲ့ သူတွေ အပေါ် ပါ စာနာနားလည် စိတ်ဝင်မိတယ်။

Delivery သမား တွေ ရဲ့ အလုပ်၊ တာဝန် ၊ဝတ္တရား တွေ ကို mentionပေး ပြီး တာဝန်ယူမူ့ တာဝန်ခံမူ့ တွေ ရှိလာ စေဖို့ အတွက် message လေး ပေး ထား လေး လည်း တော်တော် ထိပါတယ်။

လူရင်း ဆိုတဲ့ သူတွေ ရဲ့ ပြောင်းလဲ မူ့တွေ ...ရှေ့တည့်တည့် က ထိုး...တဲ့ဒဏ်ရာ တွေ ကို မြင်ရတဲ့ အတွက်
စာနာနားလည် မူ့တွေ နဲ့လအတူ သတိထား ဆင်ခြင် စရာ လေး တွေပါ ရခဲ့ပါတယ်။

အရမ်း အရမ်း ကြိုက်တယ် အားပေးရကျိုးနပ်သော

ခြူးလေး

တကယ် အိုက်တင် ပီပြင်သော မင်းသမီး တစ်လက်ပါ ။ ဒီနှစ်လည်း ကြည့်ရသလောက် အကယ်ဒမီ စကာတင် ထဲဒီကား နဲ့ သေချာပေါက် ဝင်မယ် ထင်ပါတယ်။

တော်လိုက်တာ ...ဒီလိုဇာတ် ကောင်မျိုး နဲ့ ရုပ်ကှင်မှာ မြင်ချင်နေတာ ကြာခဲ့ ပါပြီ ...မြင်ခွင့်ရသလို ကျေလည်း ကျေနပ်ခဲ့ ရပါတယ်။

အိမ်အကူ ...အကြီးဆုံး ဆိုတဲ့ခေါင်းစဉ် အောက်က နေ အိမ် ရဲ့ တာဝန် တွေ ကို တစ်ဖက် က ထမ်းရ ...
မိဘတွေရဲ့ လောင်းကစား ဝါသနာထုံမူ့တွေ ၊မောင်ရဲ့ စရိုက် ကျမူ့ တွေ ကြား မှာ အပူ မီး တွေ ဝိုင်း နေရတဲ့ အပြင် ...အလုပ်အပေါ်တာ ဝန်ကျေသလို ချစ်သူ အပေါ်လည်း တာဝန်ကျေ ချင်သူလေး ....

သေချာပါတယ် အပြင်မှာလည်း ဘဝနဲ့ ချစ်သူ ယှဉ်ရွေး ကြကြေးဆို ...တကယ် ခက်ခဲ မယ့် အဖြေ တစ်ခု ဆိုပေမယ့် သေချာပေါက် ဘဝ ကို ပဲ ဦးစား ပေး ကြမယ် ထင် ပါတယ်။

သဘာဝ နဲ့သွေဖယ် မသွား အောင် Acting တွေ Mood တွေ က အစ ပူလိုက်၊ အေးလိုက် နဲ့ သူ့ကြည့်ပြီး စိုးရိမ် စိတ်က ကိုယ့်ဆီပါ ကူးစက်စေတဲ့ အထိ သရုပ်ဆောင် ပိုင်လွန်း ပါတယ်။

အိမ်မက်တွေ တစ်လှေကြီး နဲ့ရူပါ ... ရိုးသားလွန်းတာလည်း မဟုတ် ..ကောက်ကျစ်တာ လဲ မဟုတ် နဲ့ ယောင်လည်လည် မလည်ရူတ်မလေး ရူပါ ...
တာဝန်ကျေလွန်းပါတယ်။

မျိုးကိုကျော်

ရွေးထားတာ တော်လိုက်တာ ...
ကိုကိုလေး ဆို တာနဲ့ ကိုယ်ပါ ကြောက်နေရတယ်... ဘာမှ လုပ်မပြ သေးဘူးနော် ...
Face Expressions,နဲ့ စကား ပြောတဲ့ အသံ ကို နား ထောင် ရုံ နဲ့ လန့်မိတာ ...

"နင့်ကို $ဆံပေး ပြီးခိုင်းထားတာ "" ဆိုတာ ကြီးက ကြောက်လိုက်တာ ... ကိုပါ လန့်လန့်နေရတယ် ..
Overseas ကနေ တစ်သက်လုံး ပြန်မလာ ပါစေနဲ့ ဆုတောင်း နေမိတဲ့ အထိ ....

မျိုးကိုကျော် ရဲ့ ကြိုးစားမူ့ တွေ ကိုကြည့်ပြီး ဒါရိုက်တာ Train နိုင် လိုက်တာ ဆိုပြီး သဘောကျနေမိတယ်။

ဥဩသံသာ

မန္ဒာ ရယ် ... ချိုလိုက် ချဉ် လိုက်နဲ့ အမြင်ကပ်လောက်အောင် ကို သရုပ်ဆောင် ပီပြင် လွန်းပါတယ်။
တကယ် အဆိပ် ရှိပါသော ။

အရင်ကြည့် ခဲ့ဘူးတဲ့ ဥဩ နဲ့ တစ်ခြား စီ ...အရမ်း
ဟိုတစ်ယောက် ပါးတွေ ဆက်တိုက် ချတဲ့ Scene ဆို
ကြည့် နေရင်း ကျေနပ် လိုက်တာ ...😆
အဲ့ အချိန် အရမ်းအားရ တဲ့ ဖီလင်ကြီး ခံစားရတာ 😁

နိုင်ငံခြား ကို ခေါ်သွားဖို့ အိမ်ပေါ်တတ် အယုံ သွင်း ပီုး ကား ပေါ် ရောက်သွား တဲ့ အခါ ချိန်း သွား တဲ့ Scene ကြီး အရမ်း ကြိုက် အရမ်း ကျေနပ်ပဲ ...

သရုပ်ဆောင်အရမ်းတော်ပါ‌သော။

တီစိုးမိုးကြည်

ကြည့်နေရင်း မိခင်တစ်ယောက် ရဲ့ အထီးကျန်မူ့ တွေ ၊မေတ္တာ တရား ငတ်မွတ် မူ့တွေ ကို ခံစား နေရတယ် ။
သနား လိုက် ၊ စိတ်တို လိုက်နဲ့
ဝါရင့် မင်းသမီး ပီပီ Acting တွေ ကို ထိထိ မိမိ လုပ် ပြ သွား တာ ။

နောက်ဆုံး ဆုံးဖြတ်ချက်မှာ Surprise ဖြစ်မိတယ်...

ကို အောင်ဇော်မင်း

သူ့ကို မြင်တော့ နိုင်နိုင်း ကို သတိရမိတာ တော့ အမှန်ပဲ ... သရုပ်ဆောင် အရမ်း ကောင်း ပြီး ဇာတ် ပို့ဆု နဲ့ တူ မြင်ချင်နေမိတဲ့ ဇာတ်ပို့ထဲ မှာ သူလည်းပါတယ်။
နောက်ပိုင်း ရုပ်ရှင် ပိတ်ကား ပေါ်မှာ မမြင်ရတာ ကြာပါပြီ ...

အခု ပြန် မြင်ရတော့ လည်း ကြိုးစား မူ့ကြီးက တကယ် ကောင်း ပါတယ် ... ဖခင်တစ်ယောက် ရဲ့ မေတ္တာ တွေ ကို မြင်ရတာ မျက်ရည်ပါ ဝဲမိတယ်။

ကာရိုက်တာ ပိုင်သော သရုပ်ဆောင်တစ်ယောက်ပါ။

မဟေမာမန်းဝင်း ၊မင်းအာကာ နဲ့ အတူ အခြား သော သရုပ်ဆောင် တွေ ကလည်း တာဝန် ကျေကြပါသော။

DOP လည်း မိုက်တယ် ။ Editing လည်း ကောင်းတယ်။ Sound System ရော Theme Soung ကရော ဇာတ် နဲ့ လိုက်ဖက် မူ့ ရှိပြီး ထိမိနေရော ။

ကျွန်တော် တကယ်ပဲ ဦးဝိုင်း ရဲ့ ဖီလင် ထဲကို နောက်ထပ် ထပ်မျော ဖို့ရာ အတွက် ၆ရက်နေ့ ကို ထပ်စောင့် နေပါတယ်။

နေဝင်းကို လက်ထိပ် နဲ့ မြင်ရ တဲ့ Scene ခြူးလေး ကို ထရိုက် ချင်တာ မှ အရမ်း 😁😁😁
အဆုံးသတ် ပေးသွားတာလေး အရမ်းမိုက်တယ်။

အကြီးကြီးအောင်မြင်ပါ‌စေ။

ချစ်ခြင်းများစွာဖြင့်
Pyae Minn
03:33 AM

🎥နွေရာသီ ၃၆ ကြိုက်လိုက်တာ...ဇာတ်လမ်း ပြီးတာတောင် ထိုင်နေမိတဲ့ အဖြစ် ... ၃၆လမ်းက ဆန်ပြုပ်ဆိုင်လေး ၊လမ်းကျဉ်းလေး နဲ့ ..တို...
17/05/2025

🎥နွေရာသီ ၃၆

ကြိုက်လိုက်တာ...ဇာတ်လမ်း ပြီးတာတောင် ထိုင်နေမိတဲ့ အဖြစ် ... ၃၆လမ်းက ဆန်ပြုပ်ဆိုင်လေး ၊လမ်းကျဉ်းလေး နဲ့ ..တိုက်ခန်း ကျဉ်းကျဉ်း လေး တွေ ကို
ရှယ် ပလန်နဲ့ ရိုက်ပြသွားတာ ...

ဇာတ်လမ်း လေးက ချိုလိုက် ၊ငိုလိုက်နဲ့ ... အချို့ အတည်ပေါက် Scene တွေ ဆို လိုက် မျောပြီး ပြုံး နေမိတယ်...

ဇာတ်ညွန်းကြပြန် တော့လည်း နေ့စဉ်သုံးစကား လေး တွေကို သဘာဝ ကျကျ သေသေသပ်သပ်လေး နဲ့ ထည့်သုံးထားတာ နားလည်ရလွယ်ကူစေတယ် ...လေးပြီး လိုက်တွေး စရာ မလိုတော့ဘူး ....

Director ကိုကောင်း ရဲ့ Skills တွေ ကိုမြင်ရတာ ကျေနပ်လိုက်တာဗျာ ... ကာရိုက်တာ တွေ ရွေး ချယ်မူ့ အရမ်း မိုက်သလို ပုံဖော်မူ့ က လည်း အရမ်း ကောင်းတယ် Acting အထူကြီး တွေ လုပ်မပြဘဲ Actors တေွရဲ့ အပြင် Character နဲ့ အနီးစပ်ဆုံး Acting ပါးပါး လေး တွေ နဲ့ လုပ်ပြသွားတာ အရမ်းမိုက်တယ် ....

အကြိုက်ဆုံးကတော့ ဇာတ်ရှိန် အနိမ့်အမြင့် အလိုက် ခံစားမူ့ ရသကို ပေါ်လွင်စေ ‌ဖို့အတွက် အရောင် တွေ ကို စနစ် တကျ သုံးသွားတာပဲ ။

နောက်ထပ် ကြိုက်မိတာ တစ်ခုက location ရွေးချယ်မူ့နဲ့ Title နဲ့ လိုက် အောင်သုံး ထား တဲ့ Items လေး တွေ ... Theme လေး တွေ အရမ်း တော်တော် သဘောကျ တယ်။

ဇော်ထက်အောင်

ကျွန်တော် ပြောပါတယ် မင်းဘုန်းမြတ် ဆိုတာ သွေးရင်သွေး သလောက် အရောင်တတ် ပြီး တန်ဖိုးရှိမယ့် စိန်တစ်ပွင့်ပါ ။ အခွင့်အရေး ရရင်ရသလို Acting Skills တွေကို ဆရာကျကျ လုပ်နိုင်တယ် ဆိုတာ ယုံကြည်ပြီးသား ။

ဒီကာရိုက်တာ မှာ Acting အထူ ကြီး တွေ ဘာမှ မလုပ် ပြဘူး ... Face Emotion ကို Step By Step ပါးပါး လေး သဘာဝကျကျ ပုံဖော်သွားတာ ။
စပြီးရင်း နှီး တဲ့အဆင့်
ပိုပြီး ရင်နှီး လာတာ တဲ့ အဆင့်
(ပြုံးပြီး လိုက်ခံစား ခဲ့ရတဲ့ Scene တွေပေါ့ )
ချစ်မိနေကြောင်း သတိထား လာ ပြီး တိတ်တိတ်လေး ခံစား နေတဲ့ အဆင့် ... စတာ တွေ ကို သဘာဝ ကျကျ လေး ပုံဖော်နိုင်တယ်။

ဆရာမ နဲ့ English စာ သင်တဲ့ Scene နဲ့ ထမင်းကြော် ဆိုင်က Scene လေး တွေ ဆို ကြည့်ပြီး ကြည်နူးလိုက်ရတာ ....

အဘွား နဲ့ Scene တွေ မှာ ဆို Chemistry မိချက်
ကောင်လေး ရဲ့ရိုးသား မူ့ နဲ့ အဘွား ရဲ့ ပွင့်လင်းပုံ တွေ က ကြည့်နေ တဲ့သူ အား လုံး ကို ပြုံးနေမိစေတယ်။ အသံလည်း မိုက်နေရော ... 🎼😍

ဟေမာန်ဦး

ဒါရိုက်တာက ပဲ တော်တာ လား သူမကိုယ်တိုင်ပဲ အရမ်း တော် နေတာ လား တော့မသိဘူး အရင်က
Over Acting ‌လေးတွေ ကပ်နေတဲ့ သူမ ... ဘာ Over Acting တွေ မှ မတွေ့ရ ဘဲ လူပ်ရှားမူ့ တိုင်းက အပြက်က Social ကျကျ ကောင်မလေး တစ်ယောက် ကို ထိုင်ကြည့် နေရသလိုပဲ။

ရည်းစား ဟောင်းရဲ့ မုန့်ဖိုးတောင်း တဲ့ Message လေး တွေ ဝင်လာ တိုင်း သတိထား မိတယ်။
ပထမဆုံး အကြိမ်ဝင်လာတော့ ကျေနပ် ပြီးအရမ်း အယုံလွယ် ရက်ရော တတ်တဲ့ Mood လေး ..
ဒုတိယ အကြိမ်စာဝင်လာတော့ သူငါ့ကို ချူစားနေပါလား ဆိုတဲ့ အသိ နဲ့ သတိထား နေပေမယ့် ကိုယ့်ရည်းစား ပါလား ဆိုတဲ့ စိတ်နဲ့ ပြန်သတိကပ်နေတဲ့ Mood လေး တွေပါ သတိထား မိတယ်။

တောသူဌေး နဲ့လက်ထပ်ဖို့ ဆုံးဖြတ် ပြန်တော့လည်း
ချစ်တဲ့ စိတ် အားနာတဲ့စိတ် ၊လိုချင်တပ်မတ်တဲ့ စိတ် ဘာမှ မရှိဘဲ မလွဲသာ လို့ လက်ခံလိုက်ရတယ် ဆိုတာ ကို အရုပ်တွေ နဲ့ ပဲ ပါးပါး လေး ပြသွားတာ ။

လုံချည်ဝတ်ပြီး All Star စီးတဲ့ Mood ချစ်စရာ ကောင်း လိုက်တာ ပြန်မမြင်ရတော့ဘူး ထင်ထားတာ တော်သေးတယ် ဒါရိုက်တာ ပြန်ခေါ်ပေးလို့ ။

သရုပ်ဆောင်နေတယ် လို့ မခံစားရဘဲ အပြင်မှာသူငယ်ချင်း နှစ်ယောက် ပြောဆိုဆက်ဆံ နေသလို Mood ကို အပြည့် အဝ ခံစားရတာ။ ဘီယာ ကြိုက်ပြီး အာဗြဲ ကြီး ငိုတတ်တဲ့ ကောင်မလေး ...
တော်တော်လေး သဘောကျတယ်။

မီးမီး

ကိုဘုန်း နဲ့ တွဲတာ အရမ်း ငယ်လွန်း တယ် လို့ခံစားရတယ်။ ဘယ်လို လူကြီး ပုံပြောင်းပြောင်း ကလေး Mood က ကပ်နေတော့ လူကြီးတစ် ယောက် ပုံ နဲ့ တော့ မလိုက်ဘူး ...

Acting လုပ်တဲ့ အခါ မှာ တစ်ချက်ချက် ကလေး ကာရိုက်တာက ရောက်ရောက် လာတာ တွေ့ရတယ် ။
အထူးသဖြင့် ထက်ထက်ထွန်း နဲ့ အပြင်မှာ တွေ့ တဲ့ Scene နှစ်ခု လုံး မှာ။

ချစ်တဲ့ သူကို အရမ်းချစ်ရတဲ့ အတွက် အဆုံးရူံးမခံချင်တဲ့ Mood , ချစ်သူ အပေါ်တွယ်ကပ်ရင်း အရာရာ ဖြည့်ဆည်း ပေးချင်တဲ့ Mood လေး တွေ တော့ ရအောင် သရုပ်ဆောင်နိုင်ပါတယ်။

(ငယ်လွန်းတယ် လို့ ခံစားရတယ် ဆိုလို့ နို့ဘူးတို့ ပဲနို့တို့ သောက်တာ ကိုဆိုလိုတာ မဟုတ်ဘူး နော် ...)

အရမ်းကြီး ရုပ်ပေါက်အောင် ကြည့်မကောင်း နေတာ တော့ မဟုတ်ပါဘူး ...သူလဲ အရွယ်နဲ့ မလိုက် အောင်တော့ ကြိုးစား ထားတာ လေး တွေ့ရပါတယ်။

ထူးနိုင်လင်း

တောသူဌေး... လိုက်တယ် ကာရိုက်နဲ့ ရွာသူဌေး ရုပ်လေး နဲ့ ...
တောမှာ ထက်ထက်ထွန်း ကို လိုက်ကပ်တာ တို့ ကြောင်တာ ‌တို့ မပြဘဲ စကား နဲ့ ချုံ့ ပြီး ကျော်လိုက်တဲ့ အတွက် တောသူဌေး ဘယ်လောက် ချစ်ကြောင်း လဲ သိပ် ပြီး မသိလိုက်ရဘူး ။
အဲ့ Scene လေး သာပါရင် ပို Chemistry မိပြီး ကြည့်ကောင်း နေ‌မယ်ထင်တယ်။

လမ်းမလျောက် နိုင်တာ ကတော့ ကိုပြည့်နဲ့ အတော်တူတယ် 😁 နယ်မှာ ဆို ဆိုင်ကယ်စီး သွားရင် ခဏပဲ ဆိုပြီး ရန်ကုန် နဲ့ နယ် ရဲ့ ကွာ ခြား ချက်လေး ကို A little လေး Mention သွားတာ လေး ကအစ မိုက်တယ်။

အဘွား

ကြိုက်တယ် ... အရမ်း လုပ်နိုင်တယ် .. မြိုမှာ တိုက်ခန်း မှာ နေ ပြီး မီးမမှန် ခြင်း အောက်ဆင်ူရ ၊တတ်ရ တာ ဒုက္ခရောက်ခြင်း တွေ ကို အဘွားက စနစ်တကျ ဖော်ပြသွားတာ ။

မြန်မာ့သနပ်ခါး ဖြစ်တဲ့ နံသာဖြူ ရဲ့ကောင်း ကျိုး တွေ အပြင် ... social ကျတဲ့ အဘွား အဖြစ် အပျင်း ပြေ ဖဲရိုက်တာ ... ဘီယာ တိုးတိုးလေးမှာတာ လေး တွေ ...
CD မသူံးတော့ တဲ့ အတွက် Bluetooth speaker လေး နဲ့ သီချင်း ဆို တတ်တာ လေး ‌တွေက အစ သရုပ်ဆောင်နေတယ် လို့ မထင်ရဘဲ အပြင်က Social ကျကျ အဘွား တစ်ယောက် ကို ထိုင်ကြည့် နေရတဲ့ အတိုင်း ပါပဲ....

မအေဏီဇော်

ဇာတ်ကား တွေ အများ ကြီးမှာ အရံအဖြစ် တွေ့နေကျ ဖြစ်ပေ မယ့် ဒီဇာတ်လမ်း မှာ သူမအတွက် လုပ်ကွက်ရတယ် ... လုပ်လဲ လုပ်နိုင်တယ်။

ဖောက်ပြန် နေတဲ့ လင်ကို ပြန်ပေါင်း မထုပ်ပေး ခဲ့ရင် သိပ်ကောင်း မှာပဲလို့ တွေး မိတယ် ။
ဖောက်ပြန်ချင်တဲ့ စိတ် ရှိတဲ့ လူတစ်ယောက်က ဘယ်လောက် ပဲ ရေခြား၊မြေခြား ပြောင်းပြောင်း
ဖောက်ပြန်ချင်တဲ့ စိတ်ရှိနေသရွေ့ တစိနေ့နေ့ အလားတူ ဖြစ်ရပ်မျိုး ထပ်ကျူး လွန်တတ်လို့လေ။

Thangyan Scene ကို ဒီထက် ပို မြိုင်‌အောင်လုပ်လို့ ရပါလျက် ချုံ့ပစ်တာ A little လေး များ သွားတယ်။

Editing အနေနဲ့ အချို့သော Scene တွေ ကို အချိန် အကြာ ကြီး Drama မချိုး ပဲ လိုသလို Cut နိုင်တာ လေး သဘောကျတယ်။ Scene အချိတ်အဆက်မိတယ်။

Sound System , ကောင်းတယ် ...နောက်ခံ Music ပံ့ပိုး မူ့လေး မိုက်တယ် ။ Theme Soung လေး တွေ ဆို အခုထိ လိုက်ရွတ် နေမိတုန်း ...

ဇာတ်လမ်း၊ဇာတ်ညွန်း၊ ဒါရိုက်တာ နေရာ သုံးခုလုံးကို တာဝန်ယူ ပြီး လုပ်ရတဲ့ အလုပ်က အတော်ကို တာဝန်ကြီးလွန်းပါတယ်။
မျော်မှန်း ထားသလို အကောင်းဆုံးလုပ်နိုင်တဲ့ အတွက် Big Congratulations ပါ Ko Kaung Myat Thu Kyaw

Video ဖြစ်တဲ့ အတွက် ရုပ်ရှင်လောက် Budget မသုံး ရပါပဲ ရုပ်ရှင် Quality အတိုင်း အကောင်း ဆုံး Management လုပ်နိုင်ခဲ့ပါတယ်။

ပါဝင်ထားကြတဲ့ သရုပ်ဆောင် အား လုံး နဲ့ Teams တစ်ခု လုံး ရဲ့ ကြိုးစား မူ့ကို တွေ့ရပါတယ်။

၃၆ လမ်း ကိုရောက်ခဲ့ရင် အဲ့ဆိုင်လေး ကို သေချာပေါက်ရှာပြီး ဆန်ပြုတ် သောက်ဦးမယ် ...😆😍🥰

ကျွန်တော် ကိုယ်တိုင် လွန်ခဲ့တဲ့ ၄ရက်လောက်က ဘီယာ ကို ရေခဲစိမ် ပြီး သောက်ခဲ့ သေးတယ် ...အရသာအရမ်းပေါ့ တယ် ခံစားရတယ် မကြိုက်ဘူး ...
မြင်းခွါ ဘီယာတော့ အခုထိ မသောက်ဘူးသေးဘူး😁

ချစ်ခြင်းများစွာဖြင့်
PyaeMinn

နေမဝင်ရွာ  ...  #နည်းနည်းလေးရှည်မယ်နော်😬😁စီစဉ်သူ၊ ဇာတ်လမ်း၊ ဒါရိုက်တာ ၊ပျာတာ ၊မင်းသား ...အမျိုးစုံ ကြိုးခုန်ပြီး ကခဲ့တဲ့...
14/05/2025

နေမဝင်ရွာ ... #နည်းနည်းလေးရှည်မယ်နော်😬😁

စီစဉ်သူ၊ ဇာတ်လမ်း၊ ဒါရိုက်တာ ၊ပျာတာ ၊မင်းသား ...အမျိုးစုံ ကြိုးခုန်ပြီး ကခဲ့တဲ့ KKTT ဒီလောက် မိုက်တဲ့ လက်ရာ မျိုးတာဝန် ကျေစွာ ချပြနိုင်ခဲ့ တဲ့ အတွက် Big Congratulations 👏 🎉 ပါ

ဒါရိုက်တာ ဆရာချမ်း ...လက်ရာ ဆိုကတည်း က ယုံပြီး သား ... Creation ကောင်းတယ် ..အလုပ်အပေါ် ရူးသွပ်တယ် ...လိုချင်တဲ့ ပုံစံ ရအောင် ယူတတ်တယ်။
အပင်ပန်းခံတယ် ။ စတဲ့ အရည်အချင်းတွေ ရှိတဲ့ ဒါရိုက်တာ ကောင်း ဖြစ်တဲ့ အတွက် ယုံပြီးသားပါ။

ဇာတ်လမ်း မှာ အသုံးပြုသွား သဘင်ပိုင်းဆိုင်ရာ အပြင်အဆင်၊ အသုံးအနူန်း ၊ အသုံးအဆောင် တွေ ‌
၊Mood တွေ ကအစ ထောက်ပြစရာ မလိုအောင် ဟာကွက် မရှိအောင် ဇာတ်ပွဲတစ်ပွဲ ရဲ့ပါရမယ့် အသေး စိတ် အပြင် ကိုယ်ပိုင်သီချင်း ကအစ သဘာ ဝကျအောင် ဖန်တီး ထားတာ အတော်လေး သဘောကျမိတယ် ။

ဇာတ်လမ်းက ရည်ရွယ်ချက်က လူတွေ ရဲ့သံသယစိတ် တွေ ၊ အမြင်မရှင်း မူ့တွေ ၊ မစူးစမ်း မဆင်ခြင် သတိမမူ မိတာ လေး တွေ ကြောင့် ဖြစ်တတ်တဲ့ငဘောတရား လေး တွေ ကို သင်ခန်းစာယူစရာ ကောင်း တဲ့ အပြင် ဇာတ်သဘင်ပညာရှင်တွေ ရဲ့ ဘဝတစ်စိတ်တစ်ပိုင်း ကိုပါ ပေါ်လွင်ထင်ဟက်စေတယ်။

ဇာတ်ညွန်း အနေနဲ့လည်း ရွာဓလေ့ရဲ့ အသုံးအနူန်း ‌တွေ ၊ ‌ရွာသား တွေရဲ့ ရိုးသားမူ့တွေ ကို ကိုထင်သက်အောင် သုံးထား တဲ့ အပြင် သဘင်သည်တွေ ရဲ့ အသုံးအနူန်း လေး တွေ ကိုကအစ ထောက်ပြစရာ မရှိအောင် သေချာ လေး သုံးနူန်းထားတာ တွေ့ရတယ်။

သရုပ်ဆောင်တွေ ရဲ့ Acting တွေက ကျွတ်ဆင် ကြီး .. ရုပ်တည်ကြီးတွေ နဲ့ ဟာသ တစ်ခွန်း မှမပြောဘဲ အခြေအတင် ဖြစ်နေကြတာ ကို ကြည့်နေရင်း နဲ့ ရယ်နေရတာ ။ သရုပ်ဆောင် တွေရဲ့ သဘာ ကို တွေ့ရတယ်။

ကျွန်တော့ အတွက်တော့ စကားတစ်ခွန်းမှမပြောသွားတဲ့ ဝစီပိတ် ဆရာတော် နဲ့ ဇာတ်သဘင် ကြိုက်တဲ့ ဦးဆင်မ က ဒီဇာတ်ကား ရဲ့ ခရာပဲ ... ဦးဆင်မ အရမ်း
လုပ်နိုင်တယ် (Acting တွေ ကိုပြောတာ ) 😬

ဇာတ်‌ခေါင်း ...ဇာတ်မင်းသား တွေ သရုပ်ဆောင်ရင် နှာသံတွေ ၊ဇာတ်သံတွေ ဖျောက်မရ သလို အချို့ Acting တွေ မလုပ်တတ်တာ တွေလည်း ရှိပါတယ်။
ကိုဆန်းမင်း ရဲ့ကာရိုက်တာ အသက်ဝင်နေမူ့ ကြီးက တကယ် မိုက်တာ ။
ဇာတ်ခေါင်း ပီပီ တာဝန်ယူမူ့ ၊တာဝန်ခံမူ့တွေ ...
အကူအညီရလိုရငြား ကြောက်စိတ်ကိုအသာထား ပြီး ဇာတ် အဖွဲ့ ရဲ့ အကျိုး အတွက် စွန့် စားမူ့တွေ😁
ရှယ်မှ ရှယ်တကယ် မိုက်နေရော ။။။

အရက်သမား သာပြောတယ် ညီမကိုလည်း သိပြီး သဝန်တိုတတ် သလို ဖွန်လည်း ကြောင်တတ်တယ်။
ကိုဖြိုး ရဲ့ ရုပ်ရှင်တွေ ခပ်စိတ်စိတ် မြင်ရ တာ တကယ် ကျေနပ်တယ် ...အိုက်တင်ကောင်း ပြီး သရုပ်ဆောင်တော် တယ် ဆိုတာ အထူး ညွန်းစရာ မလိုအောင် သရုပ်ဆောင်နိုင်တာ ။
ပုလင်းသေးသေး လေး တစ်လုံး ခါးမှာ ထိုး ..တစ်ရွာသူ လှလှ ကို ပိုး နေတဲ့ ကျော် ညွန့် အရမ်း မိုက်ပဲ။

ဇာတ်မင်းသား စိန်ဝင်း ... ကာရိုက်တာ နဲ့တကယ့်အံကိုက်ပါပဲ ... အနေအထား ၊အပြင်အဆင် ကအစ သဘာဝ ကျတာ ... "စိန်ဝင်း စိန်ဝင်း ဇာတ်မင်းသားလေး မောင်စိန်ဝင်း ...ဖေဖေ‌၊မေမေ၊ကိုကို၊မမ အားပေးကြတဲ့ မောင်စိန်ဝင်း" အပိုထည့် ရေးတာ မဟုတ်ဘူး ရစ်ပြီး နား ထောင်ကြည့် ခံစားချက်ကြီး ပါနေတာ ... အသံ၊ရုပ် ၊ အမူအယာ ကအစ ကြောက်နေတာ သိပေမယ့် ရယ်‌‌နေမိတာ ။ တော်ချက် ။။။။

စန်းသော်တာ ... သဘင်ဆင်မြင့်ပေါ်မှာ အဆိုအငို တွေ နဲ့အရင်က အငြိမ့်ကို ပြန်ကြည့်ရတော့ မယ် ထင်ခဲ့တာ
ကြည့်တော့ ကြည့်ခဲ့ရပါတယ် ...လွဲရော 😁
"ခံစားချက်တွေ မကောင်းတော့ဘူး "ဆိုတာ ကြီးက နားထဲမှာစွဲကျန် ခဲ့တဲ့ အထိ တော်တာ ။
စင်ပေါ်မှာက တဲ့ မျက်နှာပေးတွေ ၊ အဝါရောင် လေး ပျောက် လို့ ကြိမ်း တဲ့ Scene တွေ တွေး မိတိုင်း ပြုံးနေမိတာ ။ သဘာဆိုတာ ဒါပါပဲ။ အရမ်းကြိုက်တယ်။

ငွေမိုး ...တကယ့်မင်းသား ပါ လက်ချိုး ခြေထိုး ကအစ ရယ်ချင်နေမိတာ မျက်နှာ အမူအယာ နဲ့ ပေါင်း လိုက်တော့ ဝက်ဝက်ကွဲရော ။ ပါရသမျှ ဇာတ်ကား တိုင်း လိုလို ဇာတ်ကောင် ရဲ့ ကာရိုက်တာ ကို တာဝန်ကျေကျေ နဲ့ လုပ်နိုင်တဲ့ သူတစ်ယောက်ပါ။
လူရွှသ်တော်လည်းရတယ်နော် ..

လူရွှင်တော် တဲ့ ဦးကြာနွယ် တဲ့ ပျက်လုံးထုပ်သမျှ ရွာသူ/ရွာသား တွေ မရယ် ရပေမယ့် ရုံထဲက လူတွေ လိုက်ရယ် ရအောင်လုပ်နိုင်တာ 😁
ပထမဆုံး ရုပ်ရှင် ဆိုပေမယ့် တော်တယ် ၊ လုပ်နိုင်တယ် ။ အတွဲညီတယ် ၊လူကြီး ရော လူငယ်တွေ နဲ့ပါ Chemistry မိအောင် သရုပ်ဆောင်နိုငိတယ်။

မြခင် ...အက ဝါသနာပါသူလေး မထူးရဲ့ အံစာတုံး မှာ ကတည်းက သူ့ကို သတိထား မိတာ ... တကယ် တော်တယ် ...ကိုထွန်း တဲ့ ကိုဖြိုး တို့ နဲ့ အတွဲ ညီအောင် သရုပ်ဆောင် နိုင်တယ် ...

ထွေးထွေး ‌ဆရာ့တပည့် ပီသပါတယ် ...အိုက်တင်တွေ လုပ်နိုင်တယ် ...လုပ်ကွက် ရသမျှ ကို အပြည့် လုပ်နိုင်တယ် ၊ ဟာကွက်မရှိခဲ့ဘူး ၊ Dialogue တွေက မစ စာဖတ်သလိုဖြစ်မနေဘူး ၊ Face Expressions တွေ နဲ့ တွဲပြီး မျက်လုံး ပါကစား သွားတာလေး တွေ သတိထားမိတယ် ။

ကိုနေလင်း ကြီးကလည်း ဘာလာ သရုပ်ဆောငိကောင်း တဲ့ သရုပ်ဆောင်တဲ့ သရုပ်ဆောင် ကောင်း တစ်ယောက် မို့ သူ့ခင်မျာ သူကြီး ကြောက် ရ ...
ဟိုပုန်းရ ဒီပုံးရနဲ့ တကယ် တော်ခဲ့ ပါတယ်။

လှလှ သဘင်လောက ကဆိုပေမယ့် သူလေး လဲ ပေးတဲ့ တာဝန် ကိုကျေတဲ့ အထဲ မှာပါတယ်။
သတိမေ့တတ် တဲ့သူတွေ လည်း အပြင်မှာ ရှိကြပါတယ်။

အဲ...ရေးကောင်းကောင်း နဲ့ရေး လိုက် တာ KKTT ကျန်ခဲ့တာ သတိမထား မိလိုက်ဘူး 😬😁
ကိုဘ ‌ဦးကို ရှေ့မှီနောက်မှီ လို့ ထင်လိုက်တာ ... 😬
ရွာရဲ့ ဂေါင်း ..(ကာလသား ခေါင်း) ကြောက်လိုက်တာလဲ လွန်လို့ ...ဖွန်လဲ ကြောင်ချင်သေးရဲ့ ...
ကိုထွန်းက တာဝန် တွေ အများ ကြီး ယူထားရတယ် လို့ သိရပေမယ့် တကယ်တော်တယ် ဇာတ်လမ်း ပိုင်းရော ၊ ပြာတာ ပိုင်းရော အခု သရုပ်ဆောင် ပိုင်း မှာပါ တကယ် တာဝန် ကျေးစွာ နဲ့ လုပ်နိုင်ခဲ့ တယ် အတွက်
အရမ်း လေးစားမိတယ်။
အားနည်းချက် ချို့ယွင်းချက်ရယ် လို့ မတွေ့မိခဲ့ဘူး ။

လှလှ အနေနဲ့ သတိမေ့တာ က နည်းနည်း လေး များ လွန် သလို ဖြစ်နေမလား ဆိုတာ လေးရယ်
စိတ်မနှံ့တာ မဟုတ်ပါဘဲ နဲ့ ဇာတ်အဝတ်အစားဝတ် ပြီး အကလေ့ ကျင့်ရုံမက မျက်နှာပါ ပေါင်ဒါမူန့် ဖြူး ထား တာလေးရယ်
အရူးကို ပြန်ဖော်ပြီး အလောင်း ကိစ္စ mention မပေး ခဲ့တာ လေး ရယ် လောက် ပါပဲ။

DOP မကောင်း ဆုံး လုပ်နိုင်ခဲ့တယ်။ Editing တာတ်ကျေတယ်။ အသံပိုင်း ဆိုင်ရာ ပံ့ပိုးမူ့လည်း ကောင်းတယ် ။ Location လည်း ကောင်းတယ်။
Teams တစ်ခုလုံးရဲ့ကြိုးစား မူ့တွေ ပေါ်လွင်တယ်။

ဇာတ်သဘင်ကား တစ်စီးလုံး ဖုန်းအလိမ်းလိမ်း နဲ့ လမ်းပျောက် တဲ့ Scene သဘာဝကျနေရော။

အခုထိ ဖုန်းဆက် အဲ့ရွာကို ပွဲလက်ခံပြီး ထပ်သွားကစေချင်နေတာ ... တကယ် စိတ်ကူးထဲ မှာတောင် ဇာတ်သိမ်း က ၃မျိုး ပြောင်းသွားတယ်။

ရုံငှား စနစ် နဲ့ ပြရတာ ဖြစ်တဲ့ အတွက် ရုပ်ရှငိဇာတ်ကား ကောင်း တစ်ကား မလွတ်သွားရအောင် မနက် ဖြန် ကြည့်လို့ ရပါပြီ ဖြစ်ပါကြောင်း။

Congratulations 👏 🎉 နေမဝင်ရွာ Teams
အများ ကြီး အောင်မြင် ပါစေ။

ချစ်ခြင်းများစွာဖြင့်
Pyae Minn

🎥လောကဓံ  #ကျွန်တော့အမြင် Director ကပြောရှာတယ် ...အားမနာနဲ့ကိုပြည့်တဲ့😍 ိုချင်လို့Attentionရှာပြီးရေးတာမဟုတ်ပါ_ဝါသနာအရပါ ...
07/05/2025

🎥လောကဓံ #ကျွန်တော့အမြင်

Director ကပြောရှာတယ် ...အားမနာနဲ့ကိုပြည့်တဲ့😍
ိုချင်လို့Attentionရှာပြီးရေးတာမဟုတ်ပါ_ဝါသနာအရပါ

လောကဓံရဲ့ အလှည့်အ‌ပြောင်းတွေ နဲ့ ဆင်းရဲခြင်း ၊ချမ်းသာခြင်း ၊ရာထူး အာဏာ ပါဝါ ရှိသူ တွေ ရဲ့ အစွန်းရောက်မူ့ တွေ ရဲ့ အစွန်းရောက်မူ့ တွေထဲမှာ မြေစာပင် ဖြစ်ခဲ့ရတဲ့ လူတစ်စု ရဲ့ အကြောင်း တွေ ကို စုံစုံလင်လင် နဲ့ ရသ မျိုးစုံ ပေးခဲ့တဲ့ ရုပ်ရှင်ပါ။

Congratulations 👏 🎉 Director Ko Soemoe Minn😍

ကျော်ထက်အောင်

Next Character တစ်ခုလို ခံစားရတယ် ။ အဆိုတော်ရူး Mood တော့ အပြည့် မရလိုက် မိခဲ့ဘူး ။

အိုက်တင်တော့ရူးတာ တွေ့ရတယ် ၊ ဇာတ်ကောင်ကာရိုက်တာ အရမ်း ပီပြင်လွန်း တဲ့ အတွက် ညီမဖြစ်တဲ့ သူနဲ့ အဆုံ Scene တွေ မှာ ကို မိုက်ခဲ ရဲ့ အိုက်တင် နောက် ကိုမလိုက်နိုင် တော့ ကြည့်ရတာ နွေးထွေး မူ့လိုနေသလို ခံစားခဲ့ရတယ်။

နောက်သိသာတာ တစ်ချက်က သူလိုက်တဲ့ ရည်စား နဲ့ Scene တွေ မှာ...အခြားယူတတ်တဲ့ သူတွေ ဆို ကိုမိုက်ခဲ နဲ့ Chemistry မိပြီး သေချာပေါက် ပေါက်မှာ မြင်မိတယ် ။

ကိုမိုက်ခဲ ရဲ့တာ ဝန်ကျေမူ့ ကြီးက တော့ ပျံကျလူငယ် ပုံစံ နဲ့ အသားအရောင် ၊ မျက်နှာကျ တွေ ကအစ ၊ Dialogue ပြောပုံ‌တွေ Acting အဝင်အထွက်တွေ အဆုံး သေသပ် ပြီး မိုက်ခဲ ဖြစ်ခဲ့ပါတယ်။

ရှင်မွေလ

ရှယ်မိုက်တာ နော် ဇိုးအထာ နဲ့ကြမ်းချက်ကြီးက ရှယ်ပဲ ။ စော်ချောချော လေး ကို အနား မှာ ထား ပြီး တစ်ချိန် လုံး ကြူးပြနေ ကတည်း က တစ်ခုခု ဖြစ်တော့ မယ် ဆိုတာ သတိထား မိခဲ့ပါတယ်။

လူငယ်တစ်ယောက်ရဲ့ ဒေါသတွေ ၊ ပေါက်ကွဲသံစဉ်တွေ နဲ့ အတူ သူငယ်ချင်း တွေ အပေါ် အလေး ထား မူ့ ၊ချစ်သူ အပေါ် ဂရုစိုက်မူ့တွေကို တကယ်ပေါ်လွင် တစေခဲ့ပါတယ်။

တစ်ခုလေး ပါပဲ ...တစ်ယောက်ကသီချင်း ဆို၊တစ်ယောက်က တစ်ခုခု တီး နေချိန် ၊ တစ်ယောက် ကိုတော့ ဂီတာ ဖြစ်ဖြစ် Instrument တစ်ခုခု ပေး တီးထား လိုက်ရင် ဖျော်ဖြေမူ့က ပိုပြည့်စုံမယ် ထင်မိတယ်။

ဇာတ်ကို အတွဲညီညီ အရောက် ပို့နိုင်တဲ့ အပြင် Fashion တွေကို တော့ အရမ်းခိုက် ပဲ ။

ဘုန်းမင်းနေလ

Acting တွေ တစ်ဖြေးဖြေး သူနေရာနဲ့သူ တစ်ဆင့်ချင်း တတ်လာ တဲ့ သရုပ်ဆောင်ထဲ မှာ ဘုန်းမင်းကို သတိထား မိစေတဲ့ အထိ Acting Skills တွေ တတ်လာတယ်။

လှဖို့ ဆိုတာ ထက် ကာရိုက်တာ ပီ ပြင် ဖို့ ကို ပိုအား စိုက်ထား တာ သိသာတယ်။ တကယ် လဲ ငကျစ် ကာရိုက်တာ ပီပြင်ပါတယ်။

မိုက်တာလည်း မဟုတ်ဘူး ၊ဆိုးလဲမဆိုးဘူး သူငယ်ချင်းတွေ နဲ့ အတူ လိုက်ပြီး အိမ်ဖြည့်ပေး နေပေမယ့် Acting တွေ ကောင်းတယ် ထိမိနေရော ပဲ။

ရွှေသမီး

ဆရာမကြီး ပဲ ... သူနဲ့ မိုက်ခဲနဲ့ အဆုံ Scene နောက် ပိုင်း မှ ဇာတ်က ပိုပြီး အရှိန်တတ်လာတာ ။
အိုက်တင် တွေ အလွန့်အကျွံ လုပ်မနေဘူး ...
လိုသလောက် ပဲ အပေးအယူ မျှပြီး သရုပ်ဆောင် သွား တာ တကယ်သဘော ကျတယ်။

ကျော်ထက်အောင် ရဲ့ရည်းစားသာ ရွှေသမီးလိူ မျိုး
အိုက်တင် ချိတ်မိခဲ့မယ် ဆိုရင် ဇာတ်က ပိုမြိုင်နေမှာ။

လျို့ဝှက်ချက်‌တွေ နဲ့ ဘာကြောင့် အငြိုးခံနေရတာ လဲ ဆိုတာ မနည်းနား လည်အောင် ကြည့်ရတယ်။

အမျိုးသမီးတစ်ယောက် တည်းရပ်တည် နေရတဲ့ ဘဝ မှာ ကိုယ့်ကို ကာကွယ် ဖို့ အကာ အကွယ်တွေ
ဆောင်ထား တတ်တာ လေး ရယ် ၊ ဖြတ်ထိုးညာဏ် သုံး တတ်တာ လေး တွေ ရယ်က အမျိူသမီး တွေ အတုယူစရာပါ။

မေဂရေ့စ်

ဒါနဲ့ ဆို ၂ကား ကြည်ဖူးပြီ ...
ဒါရိုက်တာ က ‌မေ ကို အလှ Scene တွေ နဲ့ ကြူး ဖို့ အတွက် Target ထား ပြီး ... Dialogue တွေ အများ ကြီး ပေး မထားတာက တော်တော် မှန်တယ်။

မင်းသမီးတစ်လက် မဟုတ်သေးတဲ့ အတွက် Acting ပိုင်း လိုအပ်ချက်လေး တွေ ရှိတာ မှန်ပေမယ့် ...
တာဝန်ကျေခဲ့ပါတယ် ။

လှလှပပလေး နဲ့ အကောင်း ဆုံးသရုပ်ဆောင်နိုင်ခဲ့တတယ်။

ဟိန်းသီဟ

ရှေ့မှာ တစ်ကား ၊အခုတစ်ကား ...
နှစ်ကား လုံးကလည်းကာရိုက်တာ တွေ ကွဲတယ် ။
အသစ်တစ်ယောက် အနေနဲ့ အခွင့်အရေးလည်း ရသလို လုပ်လည်း လုပ်နိုင်ခဲ့ပါတယ်။

ဇာတ်ကောင် ပီသချင်ဇော နဲ့ အရမ်း ကြိုးစားထား ရတဲ့ အတွက် အချို့ နေရာတွေ မှာ လိုအပ်ချက်လေး တွေ တော့ ရှိနေပါသေးတယ်။

ဇိုးကာရိုက်တာ နဲ့ ကြည့်ချင်နေ ခဲ့တာ ကြည့်လည်း ကြည့်ခဲ့ ရပြီ .. ပေါ့ပေါ့ပါး‌ပါး လေး နဲ့ သရုပ်ဆောင် ရင်ကို ဇိုးကာရိုက်တာ က ပီပြင်ပြီးသား ...

ဇာတ်ကောင်အပေါ် အားထည့် လွန်းတဲ့ အတွက် အချို့ Over လေး တွေ ဖြစ်သွားတာ လေး တွေ ..
ရယ်တာက အစ မရောက်တာ လေး တွေ ... ဇာတ်တွေ အကြိမ်ကြိမ် ချိုး နေတာ လေး တွေ တွေ့ရတော့ အားမလိုအားမရ တာ လေး တွေ ဖြစ်မိတယ် ။

ကျွန်တော် အရမ်းကြီး မှန်းထားမိလို့လဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် အကောင်း ဆုံး လုပ်နိုင် ခဲ့တာ ဂုဏ်ယူတယ် ။

ပိုင်အုပ်စိုးအောင်

စလာကတည်းက အဘိုးကို ကပ်ချွဲပြီး တောင်းတ တိုင်းရနေတဲ့ ခလေး လေး ... တကယ် လိုက်တယ် ။
ခလေး မျက်နှာပေါက် လေး နဲ့ လိုက်တယ် ။

လွန်ခဲ့တဲ့ ၄နှစ်က လည်း ဆိုရော ဟာက နဲ ဖြစ်သွားတော့တာ ပဲ ... ဒီလိုအတည် ကြီးမမျှော်လင့်ထားဘူးကွာ ... အခြားပုံစံ နဲ့ မြင်ရမယ် ထင်ခဲ့တာ ...

ဘေးနားက အရံ တွေက အစကလေး သာသာ လေး တွေ ဖြည့် ထား တော့ ...

ကျတဲ့ ကာရိုက်တာ ကို ရအောင် အပီပြင်ဆုံး ဖြစ်ပအာင် သရုပ်ဆောင် ခဲ့ပါတယ်။

ရဲသူ

ပါတဲ့ Scene နည်း ပေမယ့် ... ပီပြင်တဲ့ ထဲမှာ သူလဲပါတယ် ။ အိမ်မကပ်တဲ့ လူငယ်စတိုင်လေး နဲ့ လိုက်တယ်။

အမအပေါ် ဆိုးတာ ၊စကားနားမထောင်တာ ၊ Night Out ထွက်တာ လေး တွေက အစ သဘာဝကျတယ်။

ဦးနေမျိုးအောင်

တကယ် အဓိက သရုပ်ဆောင် ...
Acting ပိုင်ပြီးသား ဖြစ်တဲ့ အတွက် ထိမိနေရောပဲ။

မြေးကို ချစ်တဲ့ အဘိုး ၊ အတ္တ ကြီးတဲ့ အဘိုး တကယ် ပီသတယ် ။

Design ရော ၊စတိုင်ရော ၊ Acting Skills တွေ မှာရော
ယူတတ်ရင် သရုပ်ဆောင်အသစ်တွေ အတွက် ပညာရတယ်။

DOP အထူးသဖြင့် ရှင်မွေလနဲ့ မေ‌ဂရေစ် ကဒ်တိုင်း စိုပြီး လှနေရော ... State Show Scene လည်း အလွင့်ကြီး ...

Editing လည်း တော်တယ်ဗျာ ... Scene တွေ ကို တစ်ခု နဲ့ တစ်ခု ပြန် ချိတ် ယူနေရတယ်။
( ကျွန်တော့ တစ်ဦး တည်း အမြင်အရ ဆို အချို့ Scene တွေ ရှေ့နောက် ချိန်း ပစ်တယ်)

Makeup ရှင်မွေလ ၊မေ ၊ ဟိန်းသီဟ ကလွဲ ပြီး မိတ်ကပ် အထူး သုံး ထား တာ မရှိ ...

အသံဖမ်းတာ လေး တွေ ကြည်လင်တယ်ရှင်းတယ် ...
Location နီးနီး လေး တွေ ကို လှည့် ပြီး ပတ်ရိုက် သွားတာ မိုက်တယ်

Theme song လည်း ကြွေတယ် ... ကြိုက်လည်း ကြိုက်တယ် ။

အခြားသော ပါဝင်ထား တဲ့ သရုပ်ဆောင်တွေကလည်း ထိထိ‌ ရောက်ရောက် ပို့နိုင်ကြပါတယ်။

လောကဓံ ကိုကြည့်ပြီး လောကမှာ ကြုံတွေ့လာမယ့် အလှည့် အပြောင်း တွေ ကို ရင်ဆိာင်ကြပါစို့ ဗျာ ...

ခိုခို Suu Htet Myat လာမှ ပုံလှလှရရှာတဲ့ ကိုပြည့်ဘွ

ချစ်ခြင်းများစွာဖြင့်
PyaeMinn

ဆရာ့ဆရာ ကြီးများ   #ထပ်ကြည့်ပြီးထပ်ရယ်ဦးမည်တကယ်သေး‌ကြိုပေါက်ပြီး ကြည့်ပါ ။ (ဘေးကကြည့်တဲ့ သားတော်မောင်ဆို ရယ်ကြောမိသွားလေ...
06/05/2025

ဆရာ့ဆရာ ကြီးများ #ထပ်ကြည့်ပြီးထပ်ရယ်ဦးမည်

တကယ်သေး‌ကြိုပေါက်ပြီး ကြည့်ပါ ။
(ဘေးကကြည့်တဲ့ သားတော်မောင်ဆို ရယ်ကြောမိသွားလေ သလား ပဲ သူ့မှာ ဖြတ်လို့ကို မရတော့ဘူး ) 😁

ဦးဇော် လက်ရာတွေ အများ ကြီး ထပ်နေတဲ့အတွက် ရှေ့နည်း တူ အလားတူ ဇာတ်တွေ ပဲဖြစ်မယ် ဆိုပြီးတွေး ထားတာပါ။

ထင်မထားရလောက်အောင်ပါးစပ်မစိရဘဲရယ်ခဲ့ရပါတယ် ။ ဦးဇော် ရဲ့ ဟာသလက်ရာတွေကမှ တမျိုးဆန်းပြီး ရယ်နေခဲ့ရတဲ့ ရုပ်ရှငိပါ။

ဇာတ်ညွန်း ကလဲ တကယ့် ရှယ် ထိမိနေအောင် ညွန်းပို့ထားတာ တစ်ဆုံးအထိပါပဲ။ (ရုံထဲ ဝင်ကြည့်လို့ ကိုပြည့် အပိုပြောတယ်ထင်ရင် စိတ်ကြိုက်ဝေဖန် နိုက်ပါတယ်)

တိုင်ရွန်

ထူးအောင် နဲ့Chemistry မိပြီး အတွဲ ညီပါတယ်။ တိုင်ရွန် ရဲ့သရုပ်ဆောင်ကောင်း မူ့ကြီးက တကယ် မိုက်တယ်။

အခြား တိုင်ရွန်ရဲ့ ကားတိုင်း လိုလိုမှာ တွေ့ရလေ့ မရှိတဲ့ Acting တွေ ကိုတွေ့ရတယ် ။ (ထမင်းစား တံ Face Expressions 😁 ‌ရေးနေရင်းတောင်ရယ်နေရတယ်)

ရုပ်တည်ကြီး နဲ့ထထဖောက်တာ တွေ ၊ နော်ဖောနဲ့ အပေးအယူ မျှမူ့တွေ ၊ Actors တွေ နဲ့ အချိတ်အဆက် မိမူ့တွေ ၊ လေယူလေသိမ်း Flow တွေ ကအစ Details ကျကျ သရုပ်ဆောင် သွားတာ တွေ့ရတယ်။

ထူးအောင်

အခြားကာရိုက်တာ တွေ နဲ့ယှဉ်ကြည့်ကြည့်ပါ ထူးအောင် နဲ့ အော်ကြီး ရဲ့ ကာရိုက်တာ နဲ့ က တစ်ထပ်တည်း ဖြစ်နေရလောက်အောင် ကောင်းနေတယ်။

တစ်သက်လုံးစားမကုန်တဲ့ အကိတ်ပေါင်း သောင်းခြောက်ထောင် လောက်ကြီး နဲ့ သူ့ရဲ့ ကာရိုကိတာ ကြီးနဲ့ တကယ်လိုက်တယ် ။ (Gay ကာရိုက်တာ ဟုတ်မဟုတ် ဆိုတာ တော့ ရုံထဲရောက်မှကြည့်ပါ)😁

လုံးဝ စိတ်ရော ကိုယ်ရောနှစ်ပြီးသရုပ်ဆောင်ထားတယ်ဆိုတာ သိသာတယ်။

ခြူးလေး

လှလိုက်တာ .....။ စထွက်လာကတည်းက ရန်ကုန်သူပီပီ Fashion အလန်း ... Style အလန်း နဲ့
သွက်လက် ပြီး ချစ်စရာ ကောင်းချက်။

နော်ဖော နဲ့ အပြိုင် ရန်ဖြစ်တဲ့ Scene ဆို အသက်ဝင်တယ် ... စကားပြောရင် ဖြစ်ဖြစ် အိုက်တင် လုပ်ရင်ပဲ ဖြစ်ဖြစ် အရမ်းပွင့်လာတယ် ... လုပ်လိုက်ရင် အားရပါးရ အားကြီး နဲ့ 😁
(ရူတင်မှာ ဘယ်လောက် ဂရက်ထပြီး ပွဲကျနေမလဲ မြင်ယောင်မိတယ်🤣)

နောဖော

တောသူ ... လှနေအောင် ပြင်မထားဘူး ... Fashion ကလည်း သာမန်ပဲ ...အသံသေးသေးလေး နဲ့ စွာတာ ဆိုတာ လေ ... ကပ်ကပ်လန်နေတာပဲ ။

အစက သူနဲ့ တိုင်ရွန်ကို ထူးအောင်မြင်သလိုပဲ ကိုလဲ မြင်မိသေးတာ ... မတည့်ကြပါလားပေါ့ 😁
ရည်းစား ထိ ဝါးလုံး ကြည့် ဆိုတဲ့ အတိုင်း ဝင်စော် တဲ့ Scene ၊ ခြူး‌ခြူး နဲ့ ပြိုင် Fight တဲ့ Scene တွေ ဆို ထိမိချက် ။။။။

Actors တွေ အကုန် လုံး က အနုပညာ မှာ မလုပ်ဖူး တဲ့ ဇာတ်ကောင် ဆိုလို့ သိပ်မရှိ‌ေတာ့ လောက်အောင် အသားကျနေပြီး သားဖြစ်နေကြပေမယ့် ....

ဒီရုပ်ရှင်မှာတော့ ကြည့်နေတဲ့ ပရိတ်သတ်ကို ပါးစပ် မစေ့ရအောင် ကျေနပ်စေ တဲ့ အထိ စွမ်းဆောင်နိုင်ကြပါတယ်။

ဦးခင်လိူင်နဲ့ မကြီး စိုးတို့ကို သားအမိ ဇာတ် သွင်း ပြီး ဇာတ် ကို ချိုးလိုက်တာ က တကယ် ထင်မထား လောင်အောင် ဝက်ဝက်ကွဲ ရယ်ရစေတာ။

ဦးနိုင်နဲ့ ဦးရဲအောင် တို့ကလည်း ပါရတဲ့ Scene နည်းပေမယ့် ပညာစား မချန်ဘူး တကယ်ရုပ်တည်ကြီး နဲ့ ဘာဟာသမှမလုပ်ပြဘဲ ရယ်ရစေတာ။

အခြားသောပါဝင်တဲ့ သရုပ်ဆောင်တွေ ရဲ့ အရောက် ပို့တွေ ကြောင့်လည်း ရုပ်ရှင်က ကျေနပ်စရာ ကောင်း လောက်အောင် ရယ်ခဲ့ရတာပါ။

သန္တာကို ကို ကျော်ကြီး တို့က ဘာကြောင့်ဖမ်းသွားရတာ လဲဆိုတာ ပြန်မဖြေပေး ခဲ့တာ လား ကျွန်တော် လွတ် သွားတာ လား မသိဘူး ရယ် ....

ကွမ်းဆိုင် ကို ပထမဆုံး လာဝယ် တဲ့ဝယ်သူ က ကွမ်းစား တတ်တဲ့ သူကို ထည့်ထားမိတာလေးရယ်

Scene အကူး တွေ မှာ Black ကြီးချချ ပစ်မယ့်အစား သေသေသပ်သပ် လေး ချိတ် စေချင်မိတာလေး တစ်ခုရယ် လောက်ပါ ပဲ။

Sound System လည်းကောင်းပါတယ် ( ရုပ်ရှင်ကြည့်နေရင်း ၅မိနစ်အကျော်လောက်မှာ ရုတ်တရက် တိုးသွားတာ လေး တစ်ခုပါပဲ )

Theme song လေး အရမ်းကောင်းတယ်။ Dance လေး လဲ မိုက်တယ်။

ဒီရက်တွေ စိတ်ထဲ မကြည်ပဲ ညစ်နေတာ .... အားရပါးရ ရယ်ခဲ့ရလို့ ကျေနပ်မိပါတယ်။ ကြည့်ရတာ တကယ်တန် ပါတယ် ။
ပေးရတဲ့ လက်မှတ်ဖိုး ...ပေးရတဲ့အချိန် နဲ့ ပြန်ခံစားရမယ့်ရသ က စိတ်ပျော်ရွှင်ပြီး ကျေနပ် စေမှာပါ ။

ရုံတင်ခွင့်ရတဲ့ အချိန် စိတ်ရှိလက် ရှိ ရယ် နိုင်ဖို့ အတွက် ဆရာ့ဆရာကြီး ကို ကြည့်ကြဖို့ အကြံပြုပါတယ် ။

(ပညာရှင်မဟုတ်ပါ )

ချစ်ခြင်းများစွာဖြင့်
PyaeMinn

🎥ကိုယ်ချစ်တဲ့အနုပညာ ကိုအားပေးရင်းနဲ့ ကူကြ...လှူကြ ...ကုသိုလ် အတူတူ ယူကြပါစို့ဗျာ 🙏📢မန္တလေးငလျင်ကြီးဘေးဒဏ်သင့်ဒေသများ ပြန...
06/05/2025

🎥ကိုယ်ချစ်တဲ့အနုပညာ ကိုအားပေးရင်းနဲ့
ကူကြ...လှူကြ ...ကုသိုလ် အတူတူ ယူကြပါစို့ဗျာ 🙏

📢မန္တလေးငလျင်ကြီးဘေးဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးရန်ပုံငွေအတွက် -

ရုပ်ရှင် _ 1️⃣0️⃣🔹5️⃣🔹2️⃣5️⃣
ဂီတ _ 1️⃣1️⃣🔹5️⃣🔹2️⃣5️⃣
သဘင် _1️⃣2️⃣🔹5️⃣🔹2️⃣5️⃣
ပဒေသာကပွဲကြီးကို သုံးရက်တိုင်တိုင် ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံကြီးမှာ ဖျော်ဖြေတင်ဆက်ကြမှာ ဖြစ်ပါတယ်။

📢သို့ဖြစ်ပါ၍ လက်မှတ်ဝယ်ယူ၍ အားပေးရင်း လှုဒါန်းလိုသူများအနေဖြင့်-

☎️Hot Line : 09 880 942 792,
09 880 942 793 တို့သို့ ဆက်သွယ်နိုင်ကြပါကြောင်း နှင့်

🎥နေရာကောင်းရနိုင်ဖို့ လက်မှတ်များ ကြိုတင်ဝယ်ယူနိုင်ကြပြီဖြစ်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည်။📢☎️🎼

ဗြောသံ ရင်ထဲထိမိ ပြီးမျက်ရည်ကျခဲ့ရတဲ့ရုပ်ရှင်...အကယ်ဒမီ များရှင်တွေ ရဲ့ ဖန်တီးမူ့လက်ရာ တကယ်ပီသပါပေတယ်။ ဇာတ်လမ်း ပိုင်း ၊...
30/04/2025

ဗြောသံ
ရင်ထဲထိမိ ပြီးမျက်ရည်ကျခဲ့ရတဲ့ရုပ်ရှင်...
အကယ်ဒမီ များရှင်တွေ ရဲ့ ဖန်တီးမူ့လက်ရာ တကယ်ပီသပါပေတယ်။
ဇာတ်လမ်း ပိုင်း ၊ဇာတ်ညွန်းပိုင်း ထိမိသေသပ်ပြီး ...
အစ၊အလယ်၊ အဆုံး ဟာကွက်မရှိ Dialogue တွေက အစ သေသပ် ပြီး အရသာရှိရှိ သုံးဆောင်လိုက်ရတဲါ ဟင်းတစ်ခွက် အလားပါပဲ။
အကယ်ဒမီ ဒါရိုက်တာ ဩရသ ရဲ့ နောက်ထပ် သရဖူဆောင်း ဦးမည့် မှတ်တိုင်တစ်ခုပါ။.

အောင်မြတ်စံ

ဦးကျော်နဲ့ ဆင်တယ် ဆို တဲ့နေဝင်း ရဲ့ အိုက်တင်တွေ ဆိုတာ ဒီရုပ်ရှင်မှာ ကြည့်ပါ ။ မတွေ့ရပါဘူး။
အောင်မြတ်စံ ဆိုတဲ့ လူဆိုး တစ်ယောက် ကို ကြည့်နေရတဲ့ အတိုင်းပါပဲ။

အမြတ်ကြီး မူ့တွေ ၊လက်စားချေလို စိတ်တွေ နဲ့ ထုံမွမ်း ထား ပြီး မိဘတောင် မနိုင်တဲ့ အထိ ဆိုးတဲ့ ပေတဲ့ အောင်မြတ်စံ ။ ကြည့်နေရင်း မုန်းလိုက်တာ...
သူရယ်လိုက် ...ပြုံးလိုက်တိုင်း စိတ်တို ဒေါသထွက်နေရတယ် ။

ဇာတ်လမ်းအစ ကနေ ဇာတ်သိမ်း အထိ ဗီလိန် ကို အဖြည် မပါဘဲ မိုက်မိုက် ကန်းကန်း သရုပ်‌ေဆောင် သွား တာ တကယ် လေးစားတယ်။ တစ်ကားလုံးသနားစရာ Scene တစ် Scene မှကိုမပါတာ။

အဖြည်မပါ တာကို မကြည့်ဘဲ သရုပ်ဆောင်ကောင်းတာ ကိုပဲ ပေး ကြကြေး ဆို ဦးနေဝင်း သရဖူ ဆောင်းရဦးမှာပါ။
Big Congratulations 👏 🎉 Academy Nay Win

ပန်းဥ

ကာရိုက်တာ ပြောင်းလဲ မူ့ကြီး ၊အသက်ဝင်မူ့ ကြီးက ခင်ဝင့်ဝါမှ ဟုတ်ရဲ့လား မေးယူရလောက်အောင်ပါပဲ။
ဖြူဖွေးဥ နေတဲ့ အသားအရည် ကိုခေါင်းအစ ခြေအဆုံး Brown Colour ယူထား ပြီး မွဲခြောက်ခြောက် နဲ့ Step By Step Characters Change သွားတာ ကြိုက်လိုက်တာ ။

ကလေးတစ်ယောက် မိခင် ဖြစ်လာတဲ့ အခါ မှာ မျက်နှာပေါ်မှာ ‌အမည်းစပ် တွေ တောင် ဖြည့်ထားသေးတာ ။ သဘာဝကျ ပြီး ဇာတ်ကောင် ပီ ပြင်နေမူ့ကြီးက ရူးခါလောက်တယ်။

ယောကျာ်းလည်းဆုံး ၊အိမ်လည်းဆုံး အပြင် သားလေး ရှင်ပြု ရဖို့အရေး ‌ကြိုးစားပြီး ငွေရှာနေတဲ့ မိန်းမသား ၊ ဆန္ဒတွေ ပြည့်ဝ ပြန်တော့လည်း မျှော်လင့်ရတဲ့ သူက အနား မှာရှိတဲ့ ခံစား ချက်ကြီး ။
ကျေးလက်က အညတရ အိမ်ထောင်ရှင်မလေး ပန်းဥ ပါပဲ။

ဒီနှစ်အကယ်ဒမီက တော့ခေး အတွက် ပြေးမလွတ်တော့ပါဘူး။
Big Congratulations 👏 🎉 Academy Khin Wint Wah

ဒေါ်သုန်

ဒီနှစ်ရဲ့ ဇာတ်ပို့ဆုက မျိုးသန္တာထွန်း အတွက်များ ဖြစ်လေ မလား ။ သရုပ်ဆောင် ကောင်း ရုံတင်မဟုတ် အဆို ပါရမီက လည်း ထူးချွန်ချက်ပါ။

ရွာကိုပြန်လာတဲ့ အချိန် နေစရာ အိမ်မရှိတော့တဲ့ အတွက် ခံစား ချက်ကြီး က ကြည့်နေရင်း ဆိုါတတ်လာတယ်။

မိသားစု အတွက် သားအရွယ်လောက် ရှေ့မှာ ဒူးထောက်ဖို့ ပင်ဝန်မလေး ရှာသူ ။ ဆိုင်းနောက်နယမှာ သီချင်း လိုက်ဆိုရင်း ကွမ်းတမြုံ့မြုံ နဲ့ ဒေါ်သုန် ရဲ့ အိုက်တင်တွေက ရင်ထဲ မှာ ကျန်ခဲ့တယ်။

Big Congratulations 👏 🎉 Myo Thandar Tun

မြမြသက်

၅နှစ်ကြာမှ Comeback ပြန်လာတယ် ဆိုပေမယ့်လည်း Acting Skill တွေက လက်ဆက်နေမြဲပါပဲ။

မောင်ကို ချစ်လိုက်တာ ... ‌သူ့စကားနားထောင်တဲ့ မောင်လေးကို ဘယ်လောက်ဆိုးဆိုး အမတစ်ယောက် အနေနဲ့ ခွင့်လွတ် ပြီး ချစ်ပေးရှာတာ။

သားကို ရှင်ပြုပေး ချငိတယ် ခွင့်တောင်းရုံ နဲ့ ယောကျာ်း ဖြစ်သူ ပြန်အလာ ကိုတောင် မစောင့်ရှာဘူး ၊မောင်လေး ရဲ့ ဆန္ဒကို လိုက်လျော ရှာတာ။

အပူမီးတွေ၊ သောကတွေ အပြည့် နဲ့ မြမြသက်ရဲ့ အဖြစ်က ရင်တာစရာ ပါ။ ကြည့်နေရင်း မျက်ရည်တွေ အလိုလို ကျလာရတဲ့ အထိ သရုပ်ဆောင်ကောင်းလွန်းတာ ။

Big Congratulations 👏 🎉 Aye Thaung

မောင်စိုး

လူပျိုသိုး ကြီး ညီကိုချစ် ပြီး ရတဲ့ အင်အား နဲ့ ကာကွယိပေးသေးတာ။ သဘာဝကျကျ နဲ့ Acting Skills တွေ အပြည့် အဝသုံး ပြီး ဇာတ် ကို ကောင်းကောင်း ပို့နိုင်ခဲ့ပါတယ်။

ကိုဖြိုးဝေစိုး က လုပ်ကွက်မရ လို့သာ ငြိမ်နေရပေမယ့် အခုအချိန် သူ့အရွယ်နဲ့ လိုက်မယ့် လုပ်ကွက်သာ ကောင်းကောင်း ရခဲ့လျင် သေချာ ပေါက် အကယ်ဒမီကို ယူနိုင်မယ့် သရုပ်ဆောင်ကောင်းတစ်ယောက်ပါ။

ရုပ်ရှင်‌တွေ အများကြီး ရိုက်စေချင်မိတယ်။

Big Congratulations 👏 🎉 Phyo Wai Soe

ဖူးညို

သူရိယ လိုသေးသေးသွယ်သွယ်လေး ကို ဒီကာရိုက်တာ ပေးထားတာ လိုက်တယ်။

အနေအေး ပြီး ရိုးတဲ့ ကာရိုက်တာ လေး နဲ့ စာရင်းငှားလေး ဖူးညို အရမ်းတော်ပါတယ်။
မင်းသမီး နဲ့ အစုံ SCENE တွေ မှာ Original အသားဖြူသူ မို့လားမသိ မင်းသမီး ထက် A little လေး ဂလိုး နေတာ လေး တစ်ခုပါပဲ။

Big Congratulations 👏 🎉 Thuria

ကိုမြတ်စိုး

တစ်လုံး ပါသမျှ မင်းသားထဲမှာ ရုပ်ချော ပြီး သန့်ခန့် နေတာ ဆိုလို့ KKTT Htin Aung Tun တစ်ယောက်ပဲ ရှိတယ်။
သူ့ကာရိုက်တာ ကသင်္ဘောသား ဆိုတော့ တကယ် လိုက်တယ်လေ ။

ပါရတဲ့ Scene နည်းပေမယ့် လုံးဝ တာဝန်ကျေသော ။
But ပြန်တော့လာစေချင်တာ ...

ညိုဝင်း

ဘာလာလာ ဒေါင်းတယ် ...ဇာတ်ဆောင်ရမလား ဇာတ်ရံလုပ်ရမလား နေရာမရွေးဘူး ရတဲ့ ကာရိုက်တာ ကို တာဝန်အကျေဆုံး နဲါ အသက်အဝင်ဆုံးဖြစ်အောင် သရုပ်ဆောင်တတ်တာ။

တစ်ကားလုံး မဲတူးပြီး ရွာသား စတိုင်နဲ့ တစ်မျိုး လိုက်ဖက်နေ ပြန်ရော ။ အပြင်မှာ အသား အဲ့လောက် မမည်းပါဘူး ။ ကာရိုက်တာ ဝင်သလို သရုပ်ဆောင်လည်း တော်တယ် ။

Big Congratulations 👏 🎉 Wai Phyoe

ဦးဇော်ဝင်းနိုင်

ရွာစား ဆိုင်းဆရာ ကြီး ... ကြည့်ဖူးသမျှကာ ရိုက်တာ ပေါင်း များစွာ ထဲ မှာ ဒီကာ ရိုက်တာ နဲ့ အလိုက် ဖက်ဆုံးပဲ ။

ကျေးဇူးကြွေး မရှိအောင် သီချင်း ဆိုတဲ့ Scene ငိုလိုက်ရတာ သူ့အသံ ကြီး နဲ့ တစ်လျောက်လုံး ပို့တာ ထိလိုက်တာ ဇာတ် သိမ်းတဲ့ အထိ မျက်ရည်ကျနေတုန်းပဲ။

ဦးဆင်မ ၊တီမျိုးမျိူခိုင် ၊ ကိုဇော်ဇော် တို့ အပြင် ရုပ်ရှင်မှာ ပါဝက်သမျှ သရုပ်ဆောင် အားလုံး ရဲ့ ထိထိမိမိ အချိတ်ဆက် ကောင်းကောင်း နဲ့ အပေးအယူ မျှမူါတွေ နဲ့ Teams တစ်ခုလုံး ရဲ့ ကြိုးစား မူ့တွေ ကြောင့် ဗြောသံက တကယ့် အနှစ်သာရ ရှိတဲ့ ရုပ်ရှင်ဇာတ်ကား ကောင်း တစ်ကား ဖြစ်ခဲ့ပါတယ်။

Dop ကြွေလိုက်တာ ။ ပုပ္ပါး တောင် နဲ့ ကျေးရွာ တွေ ရဲ့ အလှ ကို ပေါ်လွင်ပြီး ရင်သက်ရူ့မောစေတယ်။
Editing အချိတ် အဆက်မိတယ် ။ ဟာကွက်မရှိပါဘူး ။ Sound Recording အသံကြည်လင်ပြတ်သားနေရော ။ Music and Sound System ပိုင်း ကလည်း ကြားနေကျ ပုံစံ မျိုး မဟုတ်ဘဲ တစ်မျိုး လေးထွင်ထား တာ တကယ်မိုက်တယ်။ ဆိုင်းရဲ့ ပံ့ပိုးမူ့ကလည်း မြိုင်နေရော ။

တကယ့် မြန်မာလူမျိုးတွေ ရဲ့ အ‌လေးထားရာ ၊ဂုဏ်ယူရာ ရှင်ပြု အလှူ မြင်ကွင်း လေး တွေနဲ့ ကျေးလက်ရဲ့အနှစ်အရသာ ကို ပေါ်လွင်ထင်ဟက်စေပါတယ်။

ကြည့်ရတာတန်တဲ့ကားကောင်းတစ်ကားဖြစ်တဲ့အတွက် ရုပ်ရှင်ချစ်သူတွေ အနေနဲ့ မဖြစ်မနေ ကြည့်သင့်တဲ့ ရုပ်ရှင်ပါလို့ အကြံပြုပါရစေ။

ရုံတင်တဲ့အချိန် သေချာပေါက်ထပ်ခါထပ်ခါ ကြည့်ဦးမှာပါ။

Big Congratulations 👏 🎉 Shwe Nadi Shwe Yi Film Production
Big Congratulations 👏 🎉 ဗြောသံ Teams

ချစ်ခြင်းများစွာဖြင့်
Pyae Minn

Address

U OakTama Street
Yangon
1/278

Alerts

Be the first to know and let us send you an email when Pyae Minn - Myat Minn posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share