03/12/2025
လေယာဉ်စီးမည့် ခရီးသွားမိတ်ဆွေများ သိထားသင့်တဲ့ Update အချက် (၁၂) ချက်
(၁) လေဆိပ်ရောက်တာနဲ့ လေဆိပ် Terminal ထဲ ဝင်မည်ဆိုပါက အပေါက်ဝမှာ လက်မှတ် နဲ့ Passport အရင် Check ပါတယ်။
(၂) ဘယ်လိုင်းနံပါတ်မှာ Check In လုပ်ရမလဲ? ကို လေဆိပ် Terminal ထဲက Departure LED TV Screen ရဲ့ Check-in Status မှာ ကြည့်ရမှာ ဖြစ်ပါတယ်။
(၃) Check In Counter မှာ တန်းစီပါ။မိမိအလှည့် ရောက်ပါက Passport နဲ့ လေယာဉ်လက်မှတ် ပြ ၊Luggage အပ်ပြီး Boarding Pass နဲ့ Departure Card ကို ထုတ်ယူရမှာ ဖြစ်ပါတယ်။
(၄) Immigration မဖြတ်ခင် Departure Card ကို ကြိုဖြည့်ထားပါ။
(၅) Immigration ဖြတ်ဖို့ အထဲမဝင်ခင် အပေါက်ဝမှာ Boarding Pass နဲ့ Passport စစ်ပါတယ်။
(၆) Immigration ဖြတ်ဖို့ တန်းစီတဲ့ အခါ မိမိရဲ့ Passport ၊ Boarding Pass နဲ့ ကြိုတင်ဖြည့်ထားသော Departure Card အား အသင့်ထုတ်ထားပါ။
(၇) မိမိအလှည့်ရောက်တဲ့အခါ Immigration Officer အား Passport ၊ Boarding Pass နဲ့ Departure Card ပေးပါ၊ မျက်နှာ Scan ဖတ် ၊ Immigration တုံးထုပြီးတာနဲ့ Immigration Pass ဖြစ်ပါပြီ။
(၈) Security Check ဖြတ်တဲ့အခါ ဖိနပ်ချွတ်ပါ ၊ ဖုန်း ၊Passport နဲ့ ပိုက်ဆံအိတ်ကို စစ်ဆေးတဲ့ စက်ပေါ်သို့တင်ပါ။ မိမိ နဲ့ အတူ လေယာဉ်ပေါ်သို့ ယူဆောင်သွားမည့် Hand Carry ကို ပါ စက်ပေါ်သို့တင်ပါ။ Body Check ပြီးတာနဲ့ Pass ဖြစ်ပါပြီ။
(၉) မိမိစီးရမည့် လေယာဉ်ကို သွားရောက်စောင့်ဆိုင်းရမည့် ဂိတ်နံပါတ်ကို Boarding Pass ပေါ်မှာကြည့်ရပါမည်။ အကယ်၍ ဂိတ်ပေါက် နံပါတ် Boarding Pass ပေါ်မှာ မတွေ့ပါက Departure LED TV Screen ပေါ်မှာ ဂိတ်နံပါတ်ကို ကြည့်ပြီး သွားရောက် စောင့်ဆိုင်းပါ။
(၁၀) လေယာဉ်ပေါ်တက်ဖို့ ဂိတ်စဖွင့်ပြီဆိုတာနဲ့ လေယာဉ်ပေါ်စတက်လို့ရပါပြီ။
(၁၁) လေယာဉ်ပေါ်ကို ရောက်တာနဲ့ Boarding Pass ပေါ်မှာပါတဲ့ မိမိရဲ့ ထိုင်ခုံနံပါတ် အတိုင်း ရှာပြီးထိုင်ပါ။ ထိုင်ခုံမရှာတတ်ရင် လေယာဉ်မောင်/မယ် ကို အကူအညီတောင်းလို့ ရပါတယ်။
(၁၂) ထိုင်ခုံ ခါးပတ်ကို ပတ်ပါ။ မိမိရဲ့ ထိုင်ခုံ အရှေ့မှာရှိတဲ့ Safety Instructions ကို ဖတ်ရှု လိုက်နာပါ။
"ခရီးသွားမိတ်ဆွေများ အားလုံးအဆင်ပြေကြပါစေ"
crd_to_owner