Royal Smart

Royal Smart Royal Smart is a event management,cathering and floral service company.We always care about what the customer want and needs

Valentine's Day နီးတိုင်းမှာ ကျွန်တော် s*x အကြောင်းရေးလေ့ရှိပါတယ်.. အခုလို ခေတ်ကိုနောက်ပြန်ဆွဲပြီး မျက်စိတွေနားတွေလိုက်ပ...
12/02/2023

Valentine's Day နီးတိုင်းမှာ ကျွန်တော် s*x အကြောင်းရေးလေ့ရှိပါတယ်.. အခုလို ခေတ်ကိုနောက်ပြန်ဆွဲပြီး မျက်စိတွေနားတွေလိုက်ပိတ်ဖို့ အတင်းကြိုးစားတာခံနေရတဲ့အချိန်မျိုးမှာ ပိုတောင် လိုအပ်လိမ့်ဦးမယ်ထင်ပါတယ်..

S*x အကြောင်းဆိုပေမယ့် ဒီစာကိုဖတ်ဖို့အတွက် အသက် ၁၈ နှစ်ပြည့်စရာမလိုပါဘူး.. ရည်းစားထားတတ်နေပြီဆိုဖတ်ပါ..
...........................

S*x က ကောင်းလား?

ဟ..

ကောင်းတာပေါ့..

ရှယ်ပဲလေ..

ဒါဖြင့်လုပ်သင့်လား?

ဒီမေးခွန်းကိုတော့ အပေါ်ကလို ဟ.. ဒီလောက်ကောင်းတာကို.. လုပ်သင့်တာပေါ့.. လို့ ဖြေလို့မရတော့ဘူး..

ကျွန်တော့်တစ်ကိုယ်စာအမြင်နဲ့ပြောရရင် ၁၈ နှစ်အောက် ကို s*x အတွက် ဘယ်တော့မှ recommend မပေးပါဘူး.. ခန္ဓာကိုယ်အရ physically ready ဖြစ်နေပြီဆိုပေမယ့် s*x ကြောင့်မတော်တဆဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေ နဲ့ consequences တွေကိုတာ၀န်ယူဖို့အတွက်တော့ mentally ready မဖြစ်ကြသေးလို့ပါ..

ဒါ့ကြောင့် ဒီစာဖတ်နေချိန်မှာ ၁၈နှစ်မပြည့်သေးပေမယ့် s*xual in*******se ကိုစပြီးစမ်းသပ်ကြည့်ဖို့စဉ်းစားနေပြီဆိုရင် အသက်ပြည့်တဲ့အထိ ခဏစောင့်လိုက်ဖို့ အကြံပေးချင်ပါတယ်.. ယောက်ျားလေးဆိုရင်လဲ အသက်မပြည့်သေးတဲ့မိန်းကလေးနဲ့ လိင်ဆက်ဆံတာ ပြဿနာတစ်စုံတစ်ခုဖြစ်ခဲ့ရင် ရှင်းမရတဲ့အမှုဖြစ်တတ်ပါတယ်.. အရမ်းအလိုတူနေတယ်ဆိုရင်တောင် မှတ်ပုံတင်တောင်းကြည့်ပြီး အသက်ပြည့်တယ်ဆိုမှ အတူအိပ်ဖို့ စဉ်းစားပါ.. ကိုယ့်အန္တရာယ်ကိုယ် ကြည့်‌ရှောင်တတ်ရာရောက်သလို လူကြီးလူကောင်းဆန်တဲ့အပြုအမူလဲဖြစ်ပါတယ်..
.........................

မိန်းကလေးတွေသိထားသင့်တာက s*x ဆိုတာ လက်ဆောင်လို အမှတ်တရပေးရတာမဟုတ်သလို ဆုတစ်ခုလို ချီးမြှင့်ရတာမျိုးလဲမဟုတ်ပါဘူး..

ပြီးပြည့်စုံသာယာကောင်းမွန်တဲ့ s*x ဆိုတာ ၂ဖက်စလုံးက ရယူရတာမျိုးပါ.. ပေးတဲ့လူမပါပါဘူး..

နှစ်ယောက်အတူတူ နွံထဲပျော်ပျော်ကြီးနစ်ကြရတာမျိုးပါ.. သူကနစ်ချင်လို့ ကိုယ်က နွံအိုင်ကြီးလုပ်ပေးရတာမျိုးမဟုတ်ပါဘူး..

အသက်ပြည့်ပြီးပြီဆိုရင် ပထမဆုံး s*x ကိစ္စအတွက် ဗယ်လင်တိုင်မ်းဒေးမို့လို့.. အန်နီဒိတ်မို့လို့.. မွေးနေ့မို့လို့ ပေးလိုက်သင့်တယ်.. ပေးလိုက်ပါ့မယ်လေလို့ စဉ်းစားမယ့်အစား.. ကိုယ်တိုင်ဒီကိစ္စကို လိုလိုလားလားနဲ့ကို လုပ်ချင်ရဲ့လား စဉ်းစားပါ..

ကိုယ်တိုင် က ဒီ pleasure ကို ရယူချင်တာသေချာပြီဆိုရင် အပျိုရည်တွေ.. ပတ်၀န်းကျင်တွေ.. မေမေဆူမှာတွေ.. သူငယ်ချင်းတွေသိကုန်မှာတွေ.. သိပ်ခေါင်းထဲထည့်မနေပါနဲ့..

အိမ်ထောင်မကျခင် လိင်ဆက်ဆံတာ မကောင်းဘူးမဟုတ်လား ဆိုရင် ကိုယ်က အိမ်ထောင်ကျတဲ့အထိ ကိုယ့်ရဲ့ virginity ကို keep လုပ်သွားချင်တယ်ဆိုလဲ ဒါ ကိုယ့်အခွင့်အရေးပဲမို့ keep လုပ်တာကောင်းပါတယ်.. ကိုယ်က ရတယ်.. virginity ကိုသိပ်အရေးကြီးတယ်မထင်ဘူး.. YOLO.. ဆိုလဲ my body my choice.. their body their choice မို့ premarital s*x ကိုလဲ judge လုပ်ဖို့မလိုသလို virgin ဘ၀နဲ့ပဲနေချင်တဲ့သူကိုလဲ judge လုပ်စရာမလိုပါဘူး..

S*x ဟာ enjoy ဖို့ဖြစ်ပါတယ်..
အတူတူကျွံကျရတဲ့တွင်းတစ်ခုဖြစ်ပါတယ်.. တစ်ယောက်ကတစ်ယောက်ကိုဆွဲချရတာမျိုးမဟုတ်သလို တစ်ယောက်အတွက်တစ်ယောက်ကလိုက်ခုန်ဆင်းပေးရတာမျိုးလဲမဟုတ်ပါဘူး..

ယောက်ျားလေးတွေကတော့ တောင်းဆိုမှာပဲ..
ကိုယ့်မှာ လိုက်လျောခွင့်ရှိသလို ငြင်းဆန်ပိုင်ခွင့်လဲအပြည့်အ၀ရှိတယ်ဆိုတာ မမေ့ပါနဲ့.. မကောင်းတတ်လို့.. အားနာလို့.. သနားလို့.. ဆိုတာတွေရဲ့အနောက်မှာ တစ်ခုခုချွတ်ချော်ခဲ့ရင်.. မတော်လို့များ ရောဂါရခဲ့ရင်.. ကိုယ်၀န်ရခဲ့ရင်.. ဘယ်သူကဘယ်လောက်ကူပြီးမျှဝေခံစားပေးသည်ဖြစ်စေ အဓိက ခံစားရမယ့်ဒုက္ခတွေကို သိမ်းကြုံးယူရင်ဆိုင်ရမှာ ကိုယ်တိုင် ပါပဲ..

S*x နဲ့ ဘာကိုမှ ချည်နှောင်လို့ရမှာမဟုတ်ဘူးဆိုတာကိုလဲ သဘောပေါက်ထားဖို့လိုပါတယ်.. ဒါပေးလိုက်လို့ ဒီလူက ကိုယ့်ဘေးနားမှာ တစ်သက်လုံး‌ရှိနေမယ်.. လွယ်လွယ်နဲ့ပစ်သွားလို့ရနိုင်တော့မှာမဟုတ်ဘူး.. သူနဲ့ပဲမြဲတော့မှာပဲ အစရှိသဖြင့်တွေးထားတာတွေရှိရင် မေ့ပစ်လိုက်ပါ.. အပေးအယူသဘောမျိုးနဲ့ချည်နှောင်နိုင်စွမ်းရှိတဲ့အရာတွေထဲမှာ လိင်ကိစ္စ မပါဘူးလို့သာ သဘောထားလိုက်ပါ..

ယောက်ျားတစ်ယောက်ဟာ မိန်းမတစ်ယောက်ဆီက S*x ကိုတောင်းဆိုဖို့အတွက် အဲ့မိန်းကလေးကို သူချစ်နေဖို့ မလိုဘူး ဆိုတာကိုရော သိထားသေးလားမသိဘူး?

ယောက်ျားလေးအတွက် s*x ဆိုတာ မိန်းကလေးတွေ မာလာရှမ်းကောစားသလိုပါပဲ.. ဘယ်ဆိုင်ကဟာမှစားမယ်ရယ်လို့ မရှိပါဘူး.. ဘယ်ဆိုင်ကဟာပဲဖြစ်ဖြစ် ဗိုက်ဆာနေရင် စားလိုက်ရဖို့ ပိုအရေးကြီးပါတယ်.. စားပြီးရင်တော့ ဟိုဆိုင်ကဟာကပိုကောင်းတယ်.. ဒီဆိုင်ကနည်းနည်းငံတယ်.. စသဖြင့် မှတ်ချက်လေးတွေတော့ချမှာပေါ့.. ထပ် စားချင်လာရင် ကိုယ်ကောင်းမယ်ထင်တဲ့ဆိုင်ဘက် ပိုခြေဦးလှည့်ဖြစ်တာလောက်တော့လဲရှိမှာပေါ့..

ဒီတော့ သူက အရမ်းချစ်လို့ ဒီလိုတောင်းဆိုတာနေမှာပါ ဆိုတာတွေလဲ ခဏမေ့ထားလိုက်ပါ..

S*x မှာ လုပ်သင့်လား မလုပ်သင့်လား မရှိဘူး..
အသက်ပြည့်တယ်.. safe s*x ဖြစ်မှာသေချာတယ်ဆိုရင် s*x အတွက်စဉ်းစားရမှာက "ကိုယ်တိုင်ကလုပ်ချင်လား?" ဆိုတဲ့မေးခွန်းတစ်ခုပဲရှိပါတယ်..

ကွန်ဒုံးသုံးပါ.. သုံးခိုင်းပါ..

ပြီးရင် enjoy ပါ..

Fundamental needs ဖြစ်တာမို့ လိင်ဆက်ဆံခြင်းက မဖြစ်မနေအရေးပါတဲ့ ခန္ဓာကိုယ်ဇီ၀ဖြစ်စဉ်ဆိုပေမယ့် ကလေးရဖို့အတွက် ကြိုးစားနေတာမျိုးမှမဟုတ်ရင် ကျန်တဲ့အချိန်တော်တော်များများဟာ pleasure အတွက် entertainment ပါပဲ..

မိန်းကလေးတွေအတွက် s*xual pleasure ဟာ လူရော စိတ်ရော လုံခြုံတယ်လို့ခံစားရမှ ရောက်လာတတ်ပါတယ်.. ဒီတော့ ကိုယ့်စိတ်ကိုယ် ကိုယ်သေချာပြန်မေးပါ.. ကိုယ်ကတကယ်ဆုံးဖြတ်ပြီးပြီဆို ပတ်၀န်းကျင်ကဘာပြောမှာတွေ.. အပျိုစင်တွေ.. တန်ဖိုးမထားတော့မှာတွေ.. ထည့်မတွေးပါနဲ့.. ကိုယ်နဲ့အဆင်မပြေရင် အပျိုစင်ဖြစ်နေလို့လဲဘယ်ယောက်ျားမှသည်းခံပေါင်းနေမှာမဟုတ်ဘူး.. ကိုယ်နဲ့အဆင်ပြေရင် ကလေးအမေလဲ ဖူးဖူးမှုတ်အချစ်ခံရတာပဲ..

ကိုယ့်စိတ်မလုံခြုံဘူး.. အဆင်သင့်မဖြစ်သေးဘူးဆိုလဲ သူစိတ်ပျက်သွားမှာတွေ.. မချစ်တော့မှာတွေ.. စိတ်မကောင်းဖြစ်သွားမှာတွေ အများကြီးစဉ်းစားမနေနဲ့.. s*x ကိုမရလို့ဖြတ်သွားမယ်ဆို s*x ပေးပြီးဆွဲထားတာထက်စာရင် အဖြတ်ခံလိုက်ရတာက ပိုကောင်းတာပဲ..

ဆုံးဖြတ်ရခက်နေရင် ကိုယ့်စိတ်ကိုယ် မျက်နှာမူပါ..
လုပ်ချင်လား.. လုပ်ချင်တယ်.. အိုကေ.. လုပ်..
မလုပ်ချင်ဘူးလား.. မလုပ်ချင်ဘူး.. အိုကေ.. နိုးလို့ပြောလိုက်.. ဒါလေးပဲ

လှုံ့ဆော်ခံရရင် ခန္ဓာကိုယ်က လိုအပ်တဲ့ response လုပ်ပါလိမ့်မယ်.. လူပြတ်တဲ့နေရာရောက်ရင်.. skinship ရင်.. မတော်တဆ အင်အားသုံးခံရရင်တောင် ခန္ဓာကိုယ်က body fluids တွေကို release လုပ်ပေးပါလိမ့်မယ်.. ဒါဟာ ကိုယ်စိတ်ပါတယ်ဆိုတဲ့အဓိပ္ပါယ်မသက်ရောက်ပါဘူး.. ခန္ဓာကိုယ်က သူ မနာအောင် သူ့ဘာသူကာကွယ်တဲ့သဘောနဲ့ချောဆီထုတ်ပေးတာသာဖြစ်ပါတယ်..

စိတ်လုံခြုံမှုအတွက် ကြိုတင်တွေးတော့ဆုံးဖြတ်ထားပြီး ဖြစ်လာတဲ့အခြေအနေအလိုက် စီးမျောခံစားပါ.. အဆင်မပြေရင် အဆင်မပြေတဲ့ခဏမှာ ချက်ချင်းရပ်တန့်ဖို့ ငြင်းဆိုပိုင်ခွင့်ရှိတာကိုလဲ အမြဲသတိရပါ..

နေ့ရက်တစ်ခုအတွက် မပေးပါနဲ့..
ဆုတစ်ခုအဖြစ် မပေးပါနဲ့..
ချည်နှောင်ဖို့အတွက် မပေးပါနဲ့..
ပေးရတယ်လို့ခံစားနေရသေးသရွေ့ ready မဖြစ်သေးပါဘူး..

အထပ်ထပ်ပြောပါရစေ.. safe s*x ဖြစ်တဲ့ protection ပါရင်.. နှစ်ယောက်လုံးအသက်ပြည့်ပြီးပြီဆိုရင်.. ကိုယ်တိုင်က စိတ်ပါတယ်ဆိုရင်..

S*x ကို မပေးပါနဲ့.. ယူပါ..
အပြည့်အ၀ ခံစားရယူပါ..
Pleasure ကို ရပါစေ..

Ready ဖြစ်ပြီလို့မခံစားရဘူးဆိုရင်..
တိကျရေရာတဲ့ ဆုံးဖြတ်ချက်မရှိသေးပဲတွေဝေနေဆဲဆိုရင်..
ကိုယ်တိုင်ကလိုလားတဲ့စိတ်အခြေအနေမှာမရှိသေးဘူးဆိုရင်..
Premarital s*x အပေါ်မှာ အယုံအကြည်မရှိဘူးဆိုရင်..

ငြင်းပိုင်ခွင့်ရှိတယ်..
No လို့ပြောပိုင်ခွင့်ရှိတယ်..
အကြောင်းပြချက်ပေးစရာမလိုပဲ တောင်းဆိုတာတွေပယ်ချပိုင်ခွင့်ရှိတယ်ဆိုတာလဲ မမေ့ပါနဲ့..

The choice is all yours ပါ..

ယောကျာ်းလေးတွေမှာလဲ ဘဝနဲ့မို့ ကိုယ့်ဆန္ဒနဲ့တောင်းဆိုမှုတွေရဲ့နောက်မှာ တာဝန်ယူရခြင်းတွေ.. commitment issue တွေရှိတယ်ဆိုတာ ဒီခေတ်အခြေအနေအရ သိပြီးဖြစ်ပါလိမ့်မယ်..

ဘဝကတိုတိုလေးမို့ ကိုယ့်ဆုံးဖြတ်ချက်မှန်သမျှကို ကိုယ်တိုင် enjoy လုပ်နိုင်ဖို့အရေးကြီးပါတယ်..

Repost ပါ..

08/02/2023

😁😁

ခွေးဇာတ်ခင်းတဲ့ သီချင်း...

"မလွတ်လပ်ကြတဲ့ သံယောဇဉ်တွေနဲ့...
ဟိုတုန်းကတည်းက တို့နှစ်ယောက်လုံးမှာ
ဆိုင်သူတွေ ရှိပြီးသား...ကွယ်..."

လင်ငယ်နေတဲ့ သီချင်း
-
ကိုယ့်အိမ်ပြင်မှာ တံခါးခေါက်သလား
ဝင်လာပါလို့ မပြောရက်ပါ
ဒီအိမ်ထဲ မင်းရဲ့ အရင်
ပိုင်ဆိုင်သူ တယောက် ရှိနှင့်ပြီးသား

လူမိုက်သီချင်း...

မင်းတို့ရဲ့ ရပ်ကွက်ထဲ ..ဇိုးဘဲတွေသိပ်ပေါလို့...
ခါးကြားထဲ ဓားထိုးပြီး မင်းဆီလာခဲ့မလို့ ....

ဘာမှမဆိုခင် နှုတ်ဆက်သွားတဲ့ သီချင်း

ဘိုင်ဘိုင်..ဘိုင်ဘိုင်...ဘိုင်ဘိုင်...
ဘိုင်ဘိုင်..ဘိုင်ဘိုင်..ဘိုင်ဘိုင်..

ကျူးကျော်သီချင်း....

နယ်မြေသစ်များစွာ ရှေ့က.. အတူစွန့်စားကြစို့
မင်းနဲ့ငါ...နယ်မြေသစ်များစွာရှေ့က သွားရမှာပဲဟေ့..
ငါတို့ရှေ့မှာ အတားအဆီးများ ဘာမှကို မကြောက်ဘူး ရှေ့ဆက်မှာ....

မယားငယ်အိမ်မှာ သွားအိပ်တဲ့ သီချင်း

ဒီတစ်ညတော့ မင်းရင်ခွင်မှာ အိပ်ဖို့ရောက်လာပြီ...
အချစ်ကလေးရယ်...တခါးဖွင့်တော့ကွယ်...

သေခါနီး သီချင်း...

ကိုယ့်ရင်ထဲတိုး ဝင်နားထောင်ကြည့်စမ်း...
ရင်ခုန်သံ သဲ့သဲ့လေးကြားနေတယ်...
နာရီစက္ကန့် တစ်ချက်ခုန်ရင် အသည်းတွေတုန်...
ငါခံစားနေတာ ချစ်ရေ ကြားရဲ့လား...

ကလေးနှာဗူးသီချင်း..

ငယ်သေးတဲ့ ..အချစ်မို့မလေးစားတာလားပြောပါ..
ကျနော် သိပ်ချစ်တတ်တာ ကျနော် သာ အသိပါ...

ကြာကူလီ သီချင်း.

ကျနော် ချစ်တဲ့သူ..မှာ ချစ်သူရှိတယ်......

စနှိုက်ကြော်သီချင်း...

မင်းရည်းစားထက်တောင် ငါပိုချစ်တာ...

အာသာမပြေ မာမာဝေ သီချင်း...

ရည်းစားနှစ်ယောက်ရှိရင်..ရည်းစားနှစ်ယောက်ရှိရင် သိပ်သိပ်ပြီးတော့ကောင်းမှာပဲ....

သူခိုးသီချင်း..

တလောကလုံးကအိပ်စက် သံခေါင်ယံ အချိန်လွန်ခဲ့
အတွေးများယောက်ယက်ခပ်လို့..
အိပ်စက်နိုင်ဖို့ခက်...

အတွဲချောင်းတဲ့ သီချင်း

မြင်ယုံလေး မြင်နေရင် ကျေနပ်တယ်..
ကိုယ်ငေးမော...တစိမ့်စိမ့် ကြည့်နေမယ်..

အလီဘိုင် သီချင်း..

ဒီထက်တော့ မရှိနိုင်တော့ဘူး သက်သေ..
အမြဲတမ်းပဲ မင်းကငါ့အပေါ် သံသယ..

KTV သီချင်း

သူခေါ်တယ် လာပါ...လာပါ..
ည..ည..ဆို ကြားရ ..ကြားရ..
ဂမ္ဘီရ သူရဲ့ဝိဥာဉ် ကိုယ့်ရင်ထဲ တိုးဝင်လာ...

ညဘက် ဇယားရှာတဲ့ သီချင်း

ညတုန်းက တွေ့ခဲ့တယ်ကောင်မလေး တျောက်
ပျောက်သွားလို့ လိုက်ရှာနေဒေ....

ကောင်မလေးဒေ...စိတ်ပူတဲ့ သီချင်း

သူမလာတာ...သုံး..လေး..ငါး..ရက် ကြာပြီရှင်.
ဒါကိုပင် ..သိန်း..သန်း နှစ်မက ကြာတယ်ထင်

စာမေးပွဲ ခန်းထဲက သီချင်း

ငါတော့ မေ့လို့ မရတော့ဘူး...အချစ်ဆုံးရေ.
ငါတော့ မေ့လို့မရတေ့ာဘူး...မင်းသိလား...

သရဲကြောက်တဲ့ သီချင်း

အိမ်!...
ခြောက်နာရီဆို အဖေရယ် ပြန်လာပေးပါ..
အိမ်!...
မိုးချုပ်မှာကို အရမ်းပဲကြောက်နေမိတာ..

လင်ငယ်နေတဲ့ သီချင်း..

ပြန်..ပြန်တော့ကွယ် ..
အပြင်မှာ မိုးလဲ ရွာတော့မယ်....

မယားပါသားကို ချေ့ာသိပ်တဲ့သီချင်း

တို့...သွေးလဲ မဟုတ်..
တို့..သားလဲ မဟုတ်..
တို့..အမျိုးလဲ မဟုတ်ပေ..

တရုတ်ကို စျေးကွက်ပြတဲ့ သီချင်း

မောင်တို့ရွာမှာကွယ်..ဘာ.ဘာ.တွေပေါတယ်
ပင်ထနောင်းနဲ့ ထန်းပင်တွေ မကျည်း ဝါးတွေ
ပေါပါတယ်..

စိတ်ကူးယဉ် သီချင်း

အာရှမှာ မြန်မာ ကသာ အနိုင်ယူ ဗိုလ်စွဲရမည်...

အလုပ်စလုပ်မယ့်နေ့ သီချင်း

တနေ့....ပင်လယ်ရေတွေခမ်းတဲ့ တနေ့...
နေရောင်ခြည်တွေ မလင်းတဲ့ တနေ့...

တာဝန်ယူတတ်တဲ့ သီချင်း

ကိုယ့်ကြောင့်.....အချစ်ရေ..ကိုယ့်ကြောင့်..

အမှိုက်ပစ်တဲ့ သီချင်း

လမ်းပေါ်မှာလဲ တွေ့နိုင်တယ်...
စာသင်ခန်းနဲ့..လက်ဖက်ရည်ဆိုင်ထဲ...
နေရာအနှံ့ ပြန့်ကျဲ...

69 သီချင်း..

မွန်းတယ်..မွန်းတယ်..အသက်ရှူကျပ်တယ်..ဟုတ်...မွန်းတယ် မွန်းတယ်..
အသက်ရှူကျပ်တယ်...
ဖြေးဖြေးလုပ်ပါ အကို...

အပေးအယူမျှတဲ့ သီချင်း

ကောင်းလား ..အကို...ကောင်းတယ်..
ကောင်းလား..အကို..ကောင်းတယ်..
ကောင်းရင်ကောင်းတယ်မှတ်...

သောက်ရမ်းကောင်းတဲ့သီချင်းတွေ 😁

Original > Credit

06/02/2023

"
မိဘ အရိပ်
🔰🔰🔰🔰

🔰🔰🔰 အရွယ်ရောက်ပြီး လူတယောက်က
အလုပ် လက်ကျော မတင်းပဲ
စိတ်သန့်သန့်နဲ့ ထမင်း စားခွင့်
ရှိတာ မိဘအိမ် တစ်အိမ်ပဲရှိပါ
တယ် 🔰🔰🔰

🔰🔰🔰 အရွယ်ရောက်ပြီး လူတယောက်
ကြိုက်တဲ့အချိန်အိပ် ကြိုက်တဲ့
အချိန်ထ ကာလနဂါးကြီး လုပ်
ခွင့် ဖြစ်ခွင့်ရတာ
မိဘအိမ်
တစ်အိမ်ပဲရှိပါတယ် 🔰🔰🔰

🔰🔰🔰 အရွယ်ရောက်ပြီး လူတယောက်
မစားမသောက်ပဲဆိုးကောက်
နေတဲ့အချိန် ထမင်းစားဖိုးမရ
မကချော့ခေါ်ကျွေးတတ်တာ
ကိုယ့်မိဘတွေပဲ ရှိတယ် 🔰🔰🔰

🔰🔰🔰 ကိုယ်လှလှ မလှလှ … ကိုယ်လူ
စဉ်မှီမှီ မမှီမှီ ကိုယ်ကောင်း
ကောင်း မကောင်းကောင်း
ကိုယ် တော်တော် မတော်တော်
ကိုယ့်အပေါ် မေတ္တာ စေတနာမပျက်တာ
အနန္တ ကျေးဇူးရှင် မိဘနှစ်ပါးပါပဲ 🔰

🔰🔰🔰 ကိုယ့်မိဘက သူများတွေလို မချမ်းသာလို့ … ကိုယ့်မိဘက
သူများတွေလို ပညာမတတ်လို့..
ကိုယ့်မိဘက သူများတွေလို လူစဉ်မမှီလို့ …ကိုယ့်မိဘရဲ့အလုပ်အကိုင်က
သူများနည်းတူအဆင့် မမြင့်လို့ဆိုပြီး …
စိတ်အလိုမကျ
မဖြစ်ပါနဲ့ မရှက်ပါနဲ့🔰🔰

🔰🔰🔰 မိဘကို မလေးမစား မလုပ်ပါနဲ့
အထင်အမြင် မသေးလိုက်ပါနဲ့
လူရာမသွင်းမဆက်ဆံပါနဲ့
ကျေးဇူးမကန်းကြပါနဲ့ဗျာ 🔰🔰🔰

🔰🔰🔰 လောကမှာ ဘာဖိအားမှမရှိပဲ
ကိုယ့်စိတ်ကြိုက်စိတ်လွတ်
ကိုယ်လွတ်သက်တောင့်
သက်သာနဲ့ စားသောက်နေထိုင်ခွင့်ရှိတာ
ကိုယ့်မိဘအိမ် တစ်အိမ်ပဲရှိပါတယ် 🔰🔰🔰

🔰🔰🔰 တစိမ်း လူတွေဆိုတာ
ကိုယ်လုပ်နိူင်
စွမ်းအား တခုထည်း အပေါ် မှာသာ
မူတည်ပြီး ကိုယ့်တန်ဖိုးကို
ကိုယ်ဆုံးဖြတ်ကြတယ်…
စိမ်းသူလူဆိုတာကိုယ်လုပ်နိူင်တုန်းပဲ
ကိုယ်အပေါ်ကြည်ဖြူကြတာလေနော်

🔰🔰🔰 တိုက်တာ အဆောက်အဦး ကြီး
တွေကို မဆိုထားပါနဲ့
တဲအိမ်အိုပျက်လေးဖြစ်နေပါစေ
ကိုယ့်မိဘအိမ်မဟုတ်ရင်
ကိုယ့်စိတ်တိုင်းကျ
နေထိုင် စားသောက်
ခွင့်မရှိပါဘူးဗျာ 🔰🔰🔰

🔰🔰🔰 ဆုံးရှုံးပြီးမှ မိဘရဲ့တန်ဖိုးကို
သတိထားမိမယ့်အစား
မိဘနှစ်ပါး
သက်ရှိထင်ရှားရှိနေချိန်လေး
အတွင်းမှာတန်ဖိုးထားဆက်ဆံ
နိူင်ကြပါစေ 🔰🔰🔰

🔰🔰🔰 မိဘအပေါ် သိတတ်သော
သားကောင်း သမီးကောင်း
ရတနာလေးများ ဖြစ်ကြပါစေလို့
ဆုတောင်းပေးပါတယ်

🔰 ဖြန်ဝေပေးသည် 🔰
-

01/02/2023

❤❤❤❤

အရှက်ကြီးသူပါ😂🤣🤣
06/01/2023

အရှက်ကြီးသူပါ😂🤣🤣

🤣🤣🤣🤣
04/01/2023

🤣🤣🤣🤣

04/01/2023
" ခွေး" ခေါ်ခံနိုင်မှ ရှမ်းမကိုယူပါ 😀 😀 😀====================တခါက ဗမာလူငယ်တစ်ယောက်ဟာ သျှမ်းမလေးတစ်ယောက်နှင့် အကြောင်းပါလ...
14/09/2022

" ခွေး" ခေါ်ခံနိုင်မှ ရှမ်းမကိုယူပါ 😀 😀 😀
====================

တခါက ဗမာလူငယ်တစ်ယောက်ဟာ
သျှမ်းမလေးတစ်ယောက်နှင့် အကြောင်းပါလာကာ လက်ထပ်ထိမ်းမြားအပြီးမှာတော့ သျှမ်းမလေး
အိမ်မှာပဲ သားမက်တက်နေထိုင်ရသတဲ့ …

လက်ထပ်ပြီးလို့ တစ်ပတ်ဆယ်ရက်လောက်အကြာမှာ
သူငယ်ချင်းနဲ့ တွေ့တော့ ဝမ်းသာအားရ အလ္လာပ သလ္လာပ ပြောကြဆိုကြရင်း ရင်ဖွင့်ပါတော့တယ်…

`သူငယ်ချင်းရာ ငါလေ သျှမ်းမကို ယူမိတာ ငါးပါးကိုမှောက်တော့တာပါပဲကွာ´

`ဟာ ဘယ်လိုဖြစ်လို့လဲဟ´

`ဘာဖြစ်ရမှာလဲကွာ ~ ငါသျှမ်းမကို
ယူမိလိုက်မှ ခွေးလုံးလုံး ဖြစ်ရတော့တာပါပဲကွာ´

`ဟာ ဒါတော့ မဖြစ်နိုင်ပါဘူးကွာ၊အဓိပ္ပါယ်မှမရှိတာ၊
ပြောစမ်းပါအုန်းလေ မင်းအဖြစ်ကို"

"အေးကွာ၊ငါ့မိန်းမအမျိုးတွေပေါ့ကွာ
တယောက်ကလာပြီး ငါ့ကို ပီခွေးလို့ ခေါ်တယ်၊
ဒါနဲ့တင် မပြီးသေးဘူး၊
နောက်တစ်ယောက်က နောင်ခွေးတဲ့ကွာ။နောက်တစ်ယောက်ကကျပြန်တော့ အာ့ခွေးတဲ့ကွာ။ငါ့လခွမ်းတဲ့မှပဲ ခွေးချည်းပဲ ခေါ်ခံနေရတော့တာပဲ၊ အဲ့ဒီထဲမှာ ငါ့မိန်းမရဲ့အဖိုးက ခေါ်တဲ့ခွေးဟာ အဆိုးဆုံးပဲဟေ့"

"ဘယ်လိုများခေါ်လို့လဲဟ"

"လမ်းခွေး - တဲ့ကွာ ၊

အဲ့ဒီ လမ်းခွေး လို့ ခေါ်ခံရတိုင်း
ငါ တော်တော်ဒေါသဖြစ်ရတယ် သူငယ်ချင်းရာ" ဟူသတတ် …။

_ _ _ _ _ _ _ _ _ _ _ _ _ _

အမှန်မှာ-
(ပီခွေး - အမ၏ ယောက်ျား
နောင်ခွေး-ညီမ၏ ယောက်ျား
နာခွေး-အမေ့ညီမ၏ယောက်ျား
အာ့ခွေး-အဖေ့ညီမ၏ယောက်ျား
လုတ်ခွေး-သမီး၏ယောက်ျား
လမ်းခွေး-မြေးမ၏ယောက်ျား)
---------------------------

Kaung
Credit #
မှတ်ချက် - ဟာသ သဘောဖြင့်သာ ဖတ်ကြပါရန်
Credit toPhoto

Address

254, 10th Flool, SeikKenThar Street, Kyauk Tada
Yangon

Telephone

+959897805325

Website

Alerts

Be the first to know and let us send you an email when Royal Smart posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Royal Smart:

Share