30/06/2025
ကျီးကန်းတွေ နဲ့ ကျီးသာနိမိတ်တွေ ရဲ့ အကျိုးတွေ ပြောပြဦးမယ်.
လူတွေက ကျီးသာ နိမိတ်ကို ရမ်းသန်း ကောက်တတ်ကြတယ်.
ကျီး 5မျိုး ရှိတယ်.
1.ဗြဟ္မဏ အမျိုးတဲ့
အရောင်အဆင်းက နက်မှောင်နေတာပဲ .လည်ပင်းက လည်ဇလုပ် ကြီးတယ်.နှုတ်သီးက ရှည်ရှည်တုတ်တုတ်လေး.အသံကလည်း အသံနက်နဲ့ အော်တတ်တယ်.
ဒီကျီးမျိုး သာရင် လက်ငင်း အကျိုးပေးသဗျာ့..
2.ခတ္တိယ ကျီးမျိုး
အရောင်အဆင်းက အနက်နဲ့ အညိုရောထားတယ်.ကိုယ်ထည် ကြီးတယ်. မျက်လံုးမှာ ပြာတာတာ လေးရှိတယ်.
ဒီကျီးမျိုးသာရင် 3ရက်အတွင်း အကျိုးပေးတယ်...
3.ဗေသျှ ကျီးမျိုး
အရောင်အဆင်းက မီးခိုးရောင်ရှိတယ်.
မျက်လုံးမှာ အဖြူအပြာရောတယ်.
ဒီကျီးမျိုးသာရင် 7ရက် အတွင်း အကျိုးပေးတယ်...
4.သုန္ဒြ ကျီးမျိုး
အရောင်အဆင်းက မွဲခြောက်ခြောက်ပဲ, ကိုယ်ထည်သေးတယ်.အသံက ကီးကြောင်တဲ့ အသံနဲ့ .သူ့ အသံက မသိရင် ကျီးတေွ အများကြီးဝိုင်းအာနေသလိုပဲ .
ဒီကျီးမျိုးသာရင် 10ရက်အတွင်း အကျိုးပေးတယ်...
5.စဏ္ဏလ ကျီးမျိုး
ကိုယ်ထည် မလှဘူး.ခြေသည်းတွေက ကြီးတယ်အသံ ကလည်း နှေးနှေးလေး.ကိုယ်ထည်နဲ့ နှုတ်သီးက အရမ်းသေးတယ်.ပျံတာလည်းနှေးနှေးပဲ .
ဒီကျီးမျိုးသာရင် 15ရက်အတွင်း အကျိုးပေးတယ်..
ကျီးသာတဲ့ အခါ ဘယ်အရပ်က သာတာလဲ ဘယ်အချိန်မှာသာတာလဲ ဆိုတာ အရမ်းအရေးကြီးတယ်.
( အရှေ့ အရပ် အာရုဏ်တက်ချိန်မှာသာရင်တော့ ကြံစည်သမျှအောင်နိုင်တယ်.အပြိုင်အဆိုင် ကင်တယ်.
အနောက်အရပ် အာရုဏ်တက်ချိန်မှာသာရင်တော့ အိမ်ထောင်သည်တွေ အချင်းများတတ်တယ်...
တောင်အရပ် အာရုဏ်တက်ချိန်မှာသာရင်တော့ သေဘေးတွေ့တတ်တယ် ရောဂါ ဝေဒနာတွေ ရတတ်တယ်...
မြောက်အရပ် အာရုဏ်တက်ချိန်မှာသာရင်တော့ အဆိပ်ရှိတဲ့ သတ္တဝါ တွေ့တတ်တယ်, ဆုံးရှုံးထားတဲ့ ရွှေငွေ ပြန်ရတတ်တယ်.. )
( အရှေ့ အရပ် မနက် 6နာရီကနေ 9နာရီအတွင်း သာခဲ့ရင် ဆုံးရှုံးထားတဲ့ ငွေ ပြန်ရနိုင်တယ်.
မိတ်ကောင်းဆွေကောင်း ရနိုင်တယ်.
အနောက်အရပ် မနက် 6နာရီကနေ 9နာရီအတွင်း သာခဲ့ရင် သူတော်ကောင်းပုဂ္ဂိုလ်တွေ ရောက်လာတတ်တယ်,မိုးရွာမယ်..
တောင်အရပ် မနက် 6နာရီကနေ 9နာရီအတွင်း သာခဲ့ရင် ကွဲကွာသူနဲ့ပြန်တွေ့မယ်. ချစ်သူ ခင်သူ ရတတ်တယ်..
မြောက်အရပ် မနက် 6နာရီကနေ 9နာရီအတွင်း သာခဲ့ရင် ရပ်ဝေး ဧည့်သည်လာတတ်တယ်, အစိုးရပိုင်း လူကြီးတို့ရဲ့ အကူအညီ ရမယ်.. )
( အရှေ့ အရပ် 9နာရီကနေ 12 နာရီ အတွင်း သာခဲ့ရင် သူခိုးရန် ရှိတယ်.ခရီးဝေးဧည့် လာတတ်တယ်.စိုးရိမ်သောက အမျိုးမျိုး ရောက်နိုင်တယ်.
အနောက်အရပ် 9နာရီကနေ 12 နာရီ အတွင်း သာခဲ့ရင် မီးဘေးကြုံမယ်.မင််းဘေး သင့်မယ်,မိန်းမ တယောက် အိမ်လာမယ်.
တောင်အရပ် 9နာရီကနေ 12 နာရီ အတွင်း သာခဲ့ရင် မိုးရွာတတ်တယ်,ဘေး အမျိုးမျိုးတွေ့မယ်, မိတ်ဟောင်းဆွေေဟာင်းနဲ့ ဆုံစည်းမယ်..
မြောက်အရပ် 9နာရီကနေ 12 နာရီ အတွင်း သာခဲ့ရင် ငွေ များဝင်လာတတ်တယ်,တွေ့ဆုံလိုတဲ့ မိတ်ဆွေ ဟောင်းများ ပြန်တွေ့ရတတ်တယ်.. )
( အရှေ့ အရပ် 12နာရီကနေ ညနေ 3နာရီ အတွင်း သာခဲ့ရင်တော့ အလုပ် အကိုင် အကြီးကြီး ရနိုင်တယ်,ပြိုင်ဘက်ကို အောင်မြင်နိုင်တတ်တယ်.အစိုးရ နဲ့ သက်ဆိုင်တဲ့ လူအိမ်လာတတ်တယ်..
အနောက်အရပ် 12နာရီကနေ ညနေ 3နာရီ အတွင်း သာခဲ့ရင်တော့ ခရီးဝေးသွားရမယ်.ကွဲကွာနေတဲ့ မိတ်တွေ တွေ နဲ့ ပြန်တွေ့ရမယ်.ဆုံးရှုံးထားတဲ့ ရွှေငွေ တွေ ပြန်ရမယ်..
တခု ရှိတယ် .အဲံ အချိန်အတွင်းမှာပဲ ကျီးက ခံပြင်းတဲ့ အသံ နဲ့ အော်ရင်တော့ သူခိုး ခိုးခံ ရတတ်တယ်. မိုးရွာတတ်တယ်..
တောင်အရပ် 12နာရီကနေ ညနေ 3နာရီ အတွင်း သာခဲ့ရင်တော့ ကျန်းမာရေးညံ့မယ်.အလုပ်အကိုင်ကြီးပွားတိုးတက်မယ်....
မြောက်အရပ် 12နာရီကနေ ညနေ 3နာရီ အတွင်း သာခဲ့ရင်တော့ စားကောင်းသောက်ကောင်းရတတ်တယ်, အိမ်ကို ကုန်သည်တယောက် ရောက်လာတတ်တယ်... )
( အရှေ့ အရပ် ညနေ 3နာရီကနေ 6နာရီ အတွင်းသာရင်တော့ ရာထူးရာခံ အကြီးပိုင်းတွေ ရဲ့ ပူဇော်မှုကို ခံယူရမယ်. ရောဂါထူပူမယ်,ငေွဝင်မယ်.
အနောက်အရပ် ညနေ 3နာရီကနေ 6နာရီ အတွင်းသာရင်တော့ တရားအားထုတ်တဲ့ ပုဂ္ဂိုလ်ရောက်လာတတ်တယ်.ငွေ ဝင်တတ်တယ်
တောင်အရပ် ညနေ 3နာရီကနေ 6နာရီ အတွင်းသာရင်တော့ အိမ်ကို သူတော်ကောင်းရောက်မယ်, အသက်ကို ဘေးဖစ်စေမယ့် ရောဂါ ရမယ်.သူခိုး ခိုးခံ ရမယ်...
မြောက်အရပ် ညနေ 3နာရီကနေ 6နာရီ အတွင်းသာရင်တော့ ခရီးသွားရမယ်,ရပ်ဝေး ဧည်ံသည် ရောက်မယ်,လူမမာ ရှိရင် သေဆုံးမယ်, လက်ဆောင်လည်း ရတတ်တယ်... )
ကျီးနိမိတ် ကို ဖတ်တဲ့ သူက အရမ်းရှားပါးတယ်ဗျာ့ ,ကျီးတွေ လည်း ရှားပါးလာတာကိုး,
ဗဟုသုတ ရပြီး ဒီထဲက အတိုင်း ကျီးသာရင် ဆန်းစစ် ကြည့်ကြဖို့ ကျနော် က တိုက်တွန်းလိုက်ပါရစေ
(ပတ္တမြားအောင်ပျော်)