07/05/2026
ကျနော်က အရမ်းအလှကြိုက်တယ်။
မှန်လည်းအရမ်းကြိုက်တယ်။
အိပ်ယာနိုးရင် မှန်အရင်ကြည့်တာပေါ့။ ရုပ်ပိုင်းဆိုင်ရာလှချင်တာကိုး။
တစ်ခါတည်းစိတ်ကိုပါကြည့်တတ်အောင် ကြိုးစားထားရတယ်။ စိတ်မကြည်ရင် ရုပ်ပါကျတယ်လေ။ စိတ်ဆိုတာ ရေမြောင်းတစ်ခုလိုပဲ ကြာလာရင် ပုပ်လာတတ်တယ်။ လောဘ ဒေါသ မောဟ တွေနဲ့အနည်ထိုင်ပြီး ပုပ်လာတာကိုး။ စီးနေတဲ့ရေမြောင်းကတော့ မပုပ်ဘူးပေါ့။
ပုပ်တဲ့ရေမြောင်းကတော့ အနံ့ပါထွက်လာတယ်။ စိတ်ရဲ့ မကြည်လင်မှု ပူလောင်မှုက မျက်နှာပေါ် ရုပ်ကိုပါ ပေါ်လာတာမျိုးလေ။ တစ်ချို့ဆို မြင်လိုက်တာနဲ့ စိတ်ငြီးငြူပြီး ပူလောင်တာကို ခံစားလိုက်မိတာမျိုးလေ ။လွယ်လွယ်ပြောရရင် အကြည်ဓာတ်မရှိတာ။ကိုယ့်ကိုယ်ပါ ကူးစက်တတ်စေပါတယ်။ တစ်ချို့ သူ့ကိုမြင်တာနဲ့ကို အေးချမ်းသွားတာ ။ကျက်သရေရှိလိုက်တာပေါ့။ အသားရေတွေအရမ်းလှပြီး ရုပ်ချောပေမယ့် အကြည်ဓာတ်မရှိတဲ့သူတွေဆို သူ့ရဲ့energy တွေကပါ ပတ်ဝန်းကျင်ကို ကူးစက်စေပါတယ်။
စိတ်ကြည်ဖို့ဆိုတာကလည်း သူ့အလိုလိုမွေးရာပါ စိတ်ထားတတ်တာလည်း ပါသလို ပြုပြင်ပြီးကြိုးစားယူရတာပါ။ မှန်ကြည့်ပြီး ရုပ်အလှရောစိတ်အလှရောပြင်ပါ။