Virgo family Travel & Tour

Virgo family Travel & Tour Share Happiness together with Virgo family

02/10/2026

မော်လမြိုင် - ဇင်းကျိုက် - ခလောက်အင်း - မိုးနိုင်း ရေတံခွန် - ဘားအံ ခရီးစဉ်

၂ ညအိပ် ၃ ရက် ခရီးစဉ် ဝန်ဆောင်ခ - ၂၂၀,၀၀၀ ကျပ်

ခရီးစဉ် အသေးစိတ်

Day 1

ရန်ကုန်မြို့မှ မနက် ၅ နာရီ ထွက်မည့် DEMU SPAIN ရထား ပထမတန်းဖြင့် မွန်ပြည်နယ် ပေါင်မြို့နယ်သို့ စတင်ထွက်ခွာပါမည်။

ပေါင်ဘူတာသို့ မနက် ၁၀ နာရီ ၁၀ မိနစ်အချိန်တွင် ရောက်ရှိပါမည်။

ပေါင်ဘူတာမှတစ်ဆင့် ဇင်းကျိုက်မြို့ရှိ 999 စားသောက်ဆိုင်သို့ သွားရောက်ပြီး နေ့လယ်စာ သုံးဆောင်ပါမည်။

ထို့နောက် ခလောက်အင်းရေတံခွန်သို့ သွားရောက်ပြီး ရေကူးကစားကြပါမည်။

ခလောက်အင်း ရေတံခွန်တွင် ရေကစားပြီးပါက ဇင်းကျိုက် ရေတံခွန်သို့ ထပ်မံသွားရောက်ကြပါမည်။

ဇင်းကျိုက်ရေတံခွန်မှ ကတိုက်ဆည်သို့ ခရီးဆက်ပါမည်။

ထိုမှတစ်ဆင့် ကျုံကကြိုးတံတား လည်ပတ်ပြီးပါက မော်လမြိုင်မြို့သို့ သွားရောက်ပြီး Motel သို့ Check-in လုပ်ကာ မော်လမြိုင်တွင် အိပ်စက်အနားယူပါမည်။

Day 2

မနက် ၆ နာရီတွင် မော်လမြိုင်မြို့မှ စတင်ထွက်ခွာပြီး ဘားအံမြို့သို့ ခရီးဆက်ပါမည်။

ဘားအံမြို့တွင် မနက်စာ သုံးဆောင်ပြီး ကြာအင်းတောင်၊ နှောင်ခလိုင်ရေဂူ၊ အာလဝံအင်း၊ ကော့ဂွန်းဂူ၊ ကော့ကသောင်ဂူ၊ လုမ္မနီဥယျာဉ်၊ ဘုရင့်ညီဂူ၊ ရွှေယဉ်မျှော်ဘုရား၊ ဆဒ္ဒန်ဂူ တို့ကို ပို့ဆောင်ပေးပါမည်။

ညနေပိုင်းတွင် မော်လမြိုင်မြို့သို့ ပြန်လည်ထွက်ခွာပြီး မော်လမြိုင်တွင် ဒုတိယည အိပ်စက်အနားယူပါမည်။

Day 3

မနက် ၆ နာရီတွင် မိမိစိတ်ကြိုက်နေရာများတွင် မနက်စာ သုံးဆောင်ပြီး မနက် ၇ နာရီတွင် အထုပ်များကို တစ်ပါတည်း ယူဆောင်၍ တောင်ပေါ်တန်းဘုရားများကို ဖူးမြှော်ပြီး ဇင်းကျိုက်မြို့သို့ ထွက်ခွာပါမည်။

ဇင်းကျိုက်တွင်ရှိသော မိုးနိုင်းရေတံခွန်တွင် ရေကစားဖို့ ရပ်တန့်ပေးပါမည်။

ထို့နောက် အိမ်ပြန်လက်ဆောင် ဝယ်ယူရန် ယိုးဒယားပစ္စည်းဆိုင်သို့ ပို့ဆောင်ပေးပါမည်။

နေ့လယ် ၁၂ နာရီတိတိတွင် ပေါင်ဘူတာသို့ သွားရောက်ပြီး ရန်ကုန်ဘူတာသို့ ပြန်လည်ထွက်ခွာပါမည်။

ညနေ ၆ နာရီတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိပါမည်။

အရေးကြီးသော အချက်များ

ရန်ကုန်ဘူတာကြီးသို့ ရထားမထွက်ခင် နာရီဝက်အလို ရောက်ရှိရပါမည်။

မှတ်ပုံတင် မူရင်း ပါရှိရပါမည်။

ခရီးစဉ် နာမည်စာရင်းပေးထားသူမှအပ လူစားထိုး လိုက်ပါခွင့်မရှိပါ။

ရေတံခွန်များတွင် ရေကစားမည်ဖြစ်သည့်အတွက် ရေစိုအဝတ်လဲလှယ်ရန် လုံချည်များ ထည့်လာပေးပါရန်။

ခရီးစဉ်တွင် အစားအသောက်စရိတ် မပါဝင်ပါ။

02/10/2026

ခရီးစဉ်လေးတွေလိုက်ဖို့ စရံလွှဲထားသူများခင်ဗျာ
ဘယ်သူဘယ်ဝါမှန်းမသဲကွဲသောကြောင့် စရံလွှဲထားသူများ Viber ကနေ စလစ်ပို့ပေးပါခင်ဗျာ

02/10/2026

03.10.2006 ရက်နေ့ ထွက်မည့်
မော်လမြိုင် - ဇင်းကျိုက် ၁ ညအိပ် ၂ ရက်ခရီးစဉ်အားပေးထားသူများနှင့် ပြည် ၁ ညအိပ် ၂ ရက် ခရီးစဉ်အားပေးထားသူများ ယနေ့ နေ့လည် 12 နာရီ နဲ့ ာနေ ၄ နာရီကြား ခရီးစဉ်မှာပါမည့် tour leader လေးတွေမှ ဆက်သွယ်ပြီးလိုအပ်တာလေးတွေ မှာပေးပါမယ်ခင်ဗျာ

29/09/2026

🚂🔥 ဒီတစ်ခေါက်တော့ ပုဂံကို ရထားနဲ့ သွားကြမယ်...

🌅 အညာမြေရဲ့ နေဝင်ချိန်၊ ရှေးဟောင်းဘုရားတွေရဲ့ အေးချမ်းမှုနဲ့ ရထားပေါ်က မမေ့နိုင်တဲ့အမှတ်တရတွေ...

ပုဂံကို တစ်ခါမှ မရောက်ဖူးသေးတဲ့သူပဲဖြစ်ဖြစ်၊ ရောက်ဖူးပေမယ့် ထပ်ပြီးလွမ်းနေတဲ့သူပဲဖြစ်ဖြစ်...

ဒီခရီးစဉ်လေးမှာ အညာမြေကို နည်းလမ်းအသစ်နဲ့ ပြန်လည်ခံစားကြည့်ရအောင်။ ❤️

🚂 Virgo Family Travel & Tours ရဲ့ ပုဂံ ၅ ညအိပ် ၆ ရက် ရထားခရီးစဉ်

ရထားဘီးသံလေးနဲ့ ခရီးစမယ်။ ပြတင်းပေါက်က မြင်ရတဲ့ မြန်မာပြည်အလှကို ငေးမယ်။ ပုဂံရောက်တဲ့အခါ E-bike လေးစီးပြီး ရှေးဟောင်းဘုရားစေတီတွေကြား လည်ပတ်ဖူးမြော်မယ်။ 🏜️🛵

ဟိုတယ်မှာ ၃ ညတိတိ အေးအေးဆေးဆေး တည်းခိုအနားယူရင်း ကိုယ့်အတွက် အချိန်ကောင်းလေးတွေ ဖန်တီးကြမယ်နော်။

တစ်ယောက်တည်းလာလည်း ရပါတယ်။ မိသားစုနဲ့လာလည်း ရပါတယ်။ သူငယ်ချင်းတွေနဲ့လာလည်း ရပါတယ်။

ခရီးတစ်ခုကို အတူတူစတင်လိုက်တဲ့အခါ မသိသေးတဲ့သူတွေကတောင် ပြန်ရောက်တဲ့အချိန်မှာ ခရီးသွားဖော်ကောင်းတွေ ဖြစ်လာနိုင်ပါတယ်။ 🤍

📅 ထွက်ခွာမည့်ရက်
23.10.2026 (သောကြာနေ့)

📅 ပြန်လည်ရောက်ရှိမည့်ရက်
28.10.2026 (ဗုဒ္ဓဟူးနေ့)

🚂 ခရီးစဉ်အချိန်ဇယား

ရန်ကုန်မှ သောကြာနေ့ နေ့လည် ၁၂:၁၅ နာရီ ရထားထွက်ခွာမည်။ သောကြာညကို ရထားပေါ်တွင် အိပ်စက်အနားယူပြီး စနေမနက် ပုဂံသို့ ရောက်ရှိပါမည်။

ပုဂံရောက်ရှိပြီး ဟိုတယ်မှာ ခဏနားကာ E-bike များဖြင့် လည်ပတ်ပါမည်။ စနေ၊ တနင်္ဂနွေ၊ တနင်္လာနေ့များတွင် ပုဂံဟိုတယ်မှာ ၃ ညတိတိ တည်းခိုအနားယူပါမည်။

အင်္ဂါနေ့နေ့လည် ရထားဖြင့် ရန်ကုန်သို့ ပြန်လည်ထွက်ခွာပြီး ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်သို့ ရောက်ရှိပါမည်။ ❤️

🎒 ခရီးစဉ်မှာ ပါဝင်မည့်အရာများ

🚂 ပုဂံရထား အထက်တန်း သွား/ပြန် လက်မှတ်ခ

🏨 ပုဂံဟိုတယ် ၃ ည တည်းခိုခွင့်

🍳 ဟိုတယ် မနက်စာ ၃ ကြိမ်

🛵 ပုဂံလည်ပတ်ရန် E-bike အသုံးပြုခွင့်

💰 တစ်ဦးလျှင် — ၂၉၀,၀၀၀ ကျပ်တည်း!

🍽️ စားစရိတ် မပါဝင်ပါ။

━━━━━━━━━━━━━━━

🌅 ပုဂံမှာ နေဝင်ချိန်ကို ကြည့်ရင်း...

🙏 ရှေးဟောင်းဘုရားစေတီတွေမှာ စိတ်အေးချမ်းမှုရှာရင်း...

🚂 ရထားပေါ်မှာ ခရီးသွားဖော်တွေနဲ့ ရယ်မောရင်း...

ဒီခရီးစဉ်လေးကို ဘဝရဲ့ အမှတ်တရစာမျက်နှာတစ်မျက်နှာအဖြစ် သိမ်းထားလိုက်ပါ။ ❤️

ခရီးဆိုတာ နေရာတစ်ခုကို ရောက်ရှိခြင်းထက် အတူတူဖန်တီးခဲ့တဲ့ အမှတ်တရတွေပါ။

🚂 Virgo Family Travel & Tours နဲ့အတူ ရထားနဲ့ အညာမြေဆီ ခရီးဆက်ကြရအောင်။

📞 ဆက်သွယ်ရန်
09660009037
09660009073

📩 ဘိုကင်နဲ့ ခရီးစဉ်အသေးစိတ်အတွက် Page Messenger မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

❤️ အမြတ်အစွန်းထက် ပျော်လို့ရောင်းတဲ့ခရီးမို့ ခရီးသွားဖော်တိုးချင်ရုံပါ။

#ပုဂံခရီးစဉ် #ရထားနဲ့ခရီးဆက်မယ် #အညာမြေ

29/09/2026

🚆 VIRGO FAMILY TRAVEL & TOURS

TOUR LEADER — ဝန်ထမ်း (၂) ဦး ခေါ်ယူနေပါသည်

“ခရီးသွားရတာကို ကြိုက်တာထက်
လူတွေကို ဦးဆောင်ပြီး ခရီးကောင်းတစ်ခု ဖန်တီးပေးချင်သူလား?”

Virgo Family မှာ ခရီးစဉ်တွေကို ဧည့်သည်တွေနဲ့အတူ လိုက်ပါပြီး တာဝန်ယူဦးဆောင်ပေးမယ့် Tour Leader အသစ် (၂) ဦး ရှာဖွေနေပါတယ်။ 🚆✨

အတွေ့အကြုံရှိဖို့ မလိုပါဘူး။
မတတ်သေးတာတွေကို တတ်အောင် သင်ပေးမယ့်သူ ရုံးမှာရှိပါတယ်။

ဒါပေမယ့် သင်ယူချင်စိတ်၊ တာဝန်ယူချင်စိတ်နဲ့ Leader ဖြစ်ချင်စိတ် ရှိဖို့တော့ လိုပါတယ်။

---

👤 ဘယ်လိုလူတွေ လျှောက်ထားနိုင်လဲ?

• အသက် ၂၃ – ၃၀ နှစ်
• ကျား/မ မရွေး
• အတွေ့အကြုံရှိရန် မလို
• လူတွေနဲ့ ပြောဆိုဆက်ဆံနိုင်သူ
• ဧည့်သည်တွေကို ဦးဆောင်ဖို့ စိတ်အားထက်သန်သူ
• Teamwork နဲ့ အလုပ်လုပ်နိုင်သူ
• အချိန်တိကျပြီး တာဝန်ယူတတ်သူ
• ခရီးထွက်ရတာကို နှစ်သက်သူ
• Tour Leader ဖြစ်ချင်စိတ် တကယ်ရှိသူ

---

⏰ အလုပ်ချိန်

မနက် ၁၀:၀၀ — ညနေ ၄:၀၀

ဒီအချက်ကတော့ အထူးအရေးကြီးပါတယ်။

🕙 ၁၀:၀၀ ဆို ၁၀:၀၀ ပါ။

အလုပ်ရှိလို့ဖြစ်စေ၊ အလုပ်မရှိလို့ဖြစ်စေ ရုံးတက်ရက်တိုင်း ရုံးလာရပါမယ်။

၁၀:၀၀ နာရီကို တစ်မိနစ်တောင် နောက်ကျခြင်း လက်ခံမည်မဟုတ်ပါ။

အချိန်တိကျမှုကို Virgo Family မှာ အလုပ်ရဲ့ အခြေခံစည်းကမ်းတစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။

---

🚆 ခရီးစဉ်လိုက်ပါရမယ့်အလုပ်ပါ

တစ်ပတ်ကို အနည်းဆုံး ၂ ရက်ခန့် ခရီးစဉ်လိုက်ပါနိုင်ရပါမယ်။

အထူးသဖြင့် အပတ်စဉ် စနေနေ့ မနက် ၃:၀၀ နာရီခန့် ကတည်းက ခရီးစဉ်စတင်ရနိုင်တာကြောင့် မနက်စောစောထနိုင်ဖို့ လိုအပ်ပါတယ်။

သောကြာနေ့ညမှာလည်း ခရီးစဉ်အတွက် ရုံး/အိမ်တွင် ကြိုတင်လာရောက်အိပ်စက်ရန် လိုအပ်နိုင်ပါတယ်။

🚗 ခရီးစဉ်လိုက်ပါသည့်နေ့တိုင်း လမ်းစရိတ် ထည့်ပေးပါမည်။

---

📱 Social Media အသုံးပြုမှု

TikTok / Facebook ကို အလွန်အကျွံအသုံးပြုသူများ မဖြစ်ရပါ။

အလုပ်နှင့်သက်ဆိုင်သော Content များကို
မိမိ၏ Personal TikTok / Facebook Account များတွင် တင်ခွင့်မပြုပါ။

ထို့အပြင် ဝန်ထမ်းများကို TikTok တွင် မျက်နှာပြပြီး ကြော်ငြာရောင်းချခြင်း၊ အက/Trend Content များ ပြုလုပ်ခြင်းမျိုး မခိုင်းပါ။

---

🚫 မဖြစ်မနေလိုက်နာရမည့် အချက်များ

• စလော့/အွန်လိုင်းလောင်းကစားများ ဆော့ကစားသူ မဖြစ်ရပါ
• အမျိုးသားလျှောက်ထားသူများအနေဖြင့် ဆေးလိပ်၊ အရက် အလွန်အကျွံသောက်သုံးသူ မဖြစ်ရပါ
• အလုပ်ချိန်ကို လေးစားရပါမည်
• ဧည့်သည်များအပေါ် တာဝန်ယူစိတ်ရှိရပါမည်
• ခရီးစဉ်အတွင်း Team Leader တစ်ယောက်အနေဖြင့် လိုအပ်သည့်တာဝန်များကို ထမ်းဆောင်နိုင်ရပါမည်

---

🍚 Virgo Family ရဲ့ အလုပ်ပတ်ဝန်းကျင်

မိသားစုလို အတူတူလုပ်ကြတဲ့ အလုပ်ဖြစ်လို့—

🍱 ထမင်းချိုင့် ထည့်လာစရာမလိုပါ။
🍚 နေ့လယ်စာကို ရုံးမှာ စားနိုင်ပါတယ်။
☕ ကော်ဖီလည်း ကြိုက်သလောက် သောက်နိုင်ပါတယ်။ 😄

---

💰 လစာ & အလုပ်ပိတ်ရက်

လစာ — ၃၀၀,၀၀၀ ကျပ် / လ

📅 တစ်လ အလုပ်ပိတ်ရက် ၄ ရက်

လစာနှုန်းထားကို ဒီ Post ထဲမှာ တိတိကျကျ ဖော်ပြထားပြီးဖြစ်တဲ့အတွက်
“လစာဘယ်လောက်ရလဲ?” ဆိုပြီး ထပ်မံမေးမြန်းရန် မလိုပါ။

---

❤️ Virgo Family မှာ ဘယ်လိုလူကို လိုချင်လဲ?

ခရီးထွက်ရတာကြိုက်တဲ့သူထက်…

ဧည့်သည်တွေကို ဂရုစိုက်တတ်တဲ့သူ။
တာဝန်ယူတတ်တဲ့သူ။
အချိန်တိကျတဲ့သူ။
မသိတာကို သင်ယူချင်တဲ့သူ။
တစ်နေ့မှာ လူတွေကို ကိုယ်တိုင်ဦးဆောင်နိုင်တဲ့ Leader တစ်ယောက် ဖြစ်ချင်တဲ့သူ။

အဲဒီလိုလူဆိုရင်
Virgo Family မှာ သင့်အတွက် နေရာရှိပါတယ်။ 🚆💚

📌 လစ်လပ်နေရာ — ၂ ဦး

ကျား/မ မရွေး လျှောက်ထားနိုင်ပါသည်။
အတွေ့အကြုံမရှိလည်း လျှောက်ထားနိုင်ပါသည်။

မတတ်သေးရင် သင်ပေးမယ်။
ဒါပေမယ့် သင်ယူချင်စိတ်နဲ့ Leader ဖြစ်ချင်စိတ်တော့ သင်ကိုယ်တိုင် ယူလာခဲ့ပါ။ ❤️

VIRGO FAMILY TRAVEL & TOURS
Let’s continue travelling with Virgo Family to enjoy happiness together. 🚆💚

28/09/2026

🚆 မော်လမြိုင် – ကျောက်ပန်းချီကမ်းခြေ – ကျိုက်မရော – ကျိုက္ခမီ – စက်စဲ
🌿 ၂ ညအိပ် ၃ ရက် ရထားခရီးစဉ်

မော်လမြိုင်ရဲ့ ရှေးဟောင်းဘုရားစုံကို ဖူးမျှော်ရင်း…
ပင်လယ်လေကို ခံစားရင်း…
ကမ်းခြေရဲ့အလှနဲ့ မြို့ငယ်လေးတွေရဲ့ အေးချမ်းမှုကို တစ်ခါတည်း ခံစားချင်သူတွေအတွက် 💚

🚆 SPAIN DEMU ရထား ပထမတန်း နဲ့ သွား/ပြန်ခရီးစဉ်ကို စီးနင်းပြီး
🏨 မော်လမြိုင်ရှိ Motel တွင် ၂ ည တည်းခို
🚐 ခရီးစဉ်အတွင်း လည်ပတ်ရန် ကားခများပါဝင်ပြီး
ခရီးစဉ်တစ်ခုလုံးကို သက်တောင့်သက်သာ လိုက်ပါနိုင်မှာဖြစ်ပါတယ်။

📍 ခရီးစဉ်တွင် လည်ပတ်မည့်နေရာများ

⛩️ မော်လမြိုင် ဘုရားစုံဖူး
🎨 ကျောက်ပန်းချီကမ်းခြေ
🙏 ကျိုက်မရောဘုရား
🌊 ကျိုက္ခမီ
🏖️ စက်စဲ

💰 ခရီးစဉ်ကြေး

တစ်ဦးလျှင် ၂၀၅,၀၀၀ ကျပ်သာ
(စားစရိတ် မပါဝင်ပါ)

🎟️ Package တွင် ပါဝင်သည်များ

✔️ SPAIN DEMU ရထား ပထမတန်း သွား/ပြန်လက်မှတ်ခ
✔️ မော်လမြိုင် Motel ၂ ည တည်းခိုခ
✔️ ခရီးစဉ်အတွင်း လည်ပတ်ရန်ကားခများ

📅 အပတ်စဉ် စနေနေ့တိုင်း ထွက်ရှိပါမည်
🏠 တနင်္လာနေ့ ညနေ ရန်ကုန်သို့ ပြန်လည်ရောက်ရှိပါမည်

ပင်လယ်လေ၊ ရထားသံ၊ ဘုရားဖူးခရီးနဲ့ မိတ်ဆွေကောင်းတွေရဲ့ ရယ်မောသံတွေကို တစ်ခရီးတည်းမှာ ခံစားလိုက်ပါ 💚

“မော်ရွှေမြိုင်ရဲ့ အလှအပတွေအတူတူ ခံစားကြမယ်…” 🌿🚆

Virgo Family Travel & Tours
Train Travel, Happy Journey 🚆💚

28/09/2026

ရောက်တုန်းလေး ဖူးမြှော်နိုင်အောင် ရိုက်ကူးတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ

ပုဂံ လောကနန္ဒာစွယ်တော်ဘုရား

26/09/2026

ရထားနဲ့ ပုဂံခရီးစဉ်

ဒုတိယအကြိမ် ထွက်ရှိပါမယ်ခင်ဗျာ

အသွားအပြန် ရထားနဲ့ပါ အထက်တန်းတွဲက စီးရပါမယ်ဗျ

ဟိုတယ် ၃ ညအိပ်ရပါမယ် မနက်စာ ၃ ကြိမ်ပါပါမယ်

ခရီးစဉ်မှာ ဘာတွေပါလဲဆိုရင်

ရထားလက်မှတ်ခ သွား/ပြန် အထက်တန်း
ဟိုတယ် ၃ ညတည်းခိုခွင့်
မနက်စာ ဟိုတယ် ၃ ကြိမ်
Ebike ၃ ရက်ခ
ပုဂံဘူတာကြိုပို့
ဂိုက်ဝန်ဆောင်မှု ပါဝင်ပါမယ်ခင်ဗျာ

ထွက်ခွါမည့်နေ့ - 16.10.2026
ပြန်ရောက်မည့်နေ့ - 21.10.2026

ခရီးစဉ် ဝန်ဆောင်ခ - 280000 ကျပ်

သိလိုတာရှိ စီဘီကနေ ဆက်သွယ်နိုင်ပါတယ်ဗျ

🚂✨ VIRGO FAMILY TRAVEL & TOURS မှာ အတူတူခရီးသွားဖို့ လူသစ်တွေခေါ်နေပါပြီ!ခရီးသွားရတာကို သဘောကျတယ်…လူတွေနဲ့ စကားပြောရတာကိ...
25/09/2026

🚂✨ VIRGO FAMILY TRAVEL & TOURS မှာ အတူတူခရီးသွားဖို့ လူသစ်တွေခေါ်နေပါပြီ!

ခရီးသွားရတာကို သဘောကျတယ်…
လူတွေနဲ့ စကားပြောရတာကို သဘောကျတယ်…
အသစ်အသစ်တွေကို လေ့လာရတာ ဝါသနာပါတယ်…

ဒါဆို Virgo Family နဲ့အတူ Tour Leader တစ်ယောက်အဖြစ် စတင်ကြည့်မလား? ❤️

🚂 TOUR LEADER (FULL-TIME / PART-TIME)

Virgo Family က ရထားနဲ့သွားတဲ့ ခရီးစဉ်တွေကို အဓိကထားတဲ့ Travel Company ဖြစ်ပြီး ခရီးသည်တွေနဲ့အတူ ခရီးစဉ်တစ်လျှောက် လိုက်ပါကာ စောင့်ရှောက်ပေးနိုင်မယ့် Tour Leader လူသစ်များ ခေါ်ယူနေပါတယ်။

🌿 ဘယ်လိုလူမျိုးတွေကို ရှာနေလဲ?

✔️ အသက် 20 – 35 နှစ် ဝန်းကျင်
✔️ ခရီးသွားရတာ ဝါသနာပါသူ
✔️ လူအများနဲ့ ယဉ်ကျေးစွာ ပြောဆိုဆက်ဆံနိုင်သူ
✔️ တာဝန်ယူတတ်ပြီး အချိန်တိကျသူ
✔️ Teamwork ကောင်းသူ
✔️ ခရီးစဉ်အတွင်း အခက်အခဲတွေကို စိတ်အေးအေးနဲ့ ဖြေရှင်းနိုင်သူ
✔️ ခရီးသည်တွေကို မိသားစုလို ဂရုစိုက်ပေးနိုင်သူ
✔️ မနက်စောစောထွက်ရတဲ့ ခရီးစဉ်တွေနဲ့ ခရီးရှည်တွေ လိုက်ပါနိုင်သူ

⭐ Tour Leader အတွေ့အကြုံမရှိသေးလည်း လျှောက်ထားနိုင်ပါတယ်။

အတွေ့အကြုံထက်
တာဝန်ယူမှု၊ လူမှုဆက်ဆံရေး၊ သင်ယူလိုစိတ်နဲ့ Service Mindset ကို ပိုအလေးထားပါတယ်။

🎒 Tour Leader တစ်ယောက်အနေနဲ့…

🚂 ရထားခရီးစဉ်တွေမှာ ခရီးသည်တွေနဲ့အတူ လိုက်ပါမယ်
👥 ခရီးသည်စာရင်းနဲ့ အချိန်ဇယားတွေ စီမံမယ်
🏨 Hotel / Transport / Activity တွေကို ညှိနှိုင်းမယ်
📸 ခရီးစဉ်အတွင်း Photo & Video Content တွေ ကူညီဖန်တီးမယ်
❤️ အဓိကကတော့ ခရီးသည်တွေ ပျော်ရွှင်စိတ်ချစွာ ခရီးသွားနိုင်အောင် တာဝန်ယူပေးမယ်

ခရီးသွားတာကို အလုပ်တစ်ခုအဖြစ် စတင်ချင်သူတွေအတွက်
Virgo Family နဲ့အတူ ခရီးတွေထဲကနေ အတွေ့အကြုံတွေ စုကြရအောင်။ 🚂🌿

📩 လျှောက်ထားရန်
CV / ကိုယ်ရေးအကျဉ်း ပေးပို့ပြီး ဆက်သွယ်လျှောက်ထားနိုင်ပါတယ်။

📞 09 660009037
📞 09 660009073

📍 Virgo Family Travel & Tours
No.7, Nat Chanung (1) Street, Nat Chanung Ward, Tamwe Township, Yangon

VIRGO FAMILY TRAVEL & TOURS
Let’s continue travelling with Virgo Family to enjoy happiness together. ❤️🚂

Address

No. 7 Nat Chaung (1) Street, Tamwe Yangon
Yangon

Website

Alerts

Be the first to know and let us send you an email when Virgo family Travel & Tour posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category