Soe Ticketing Service

Soe Ticketing Service UAE နိုင်ငံမှာ ဟိုတယ်လုပ်ငန်းဖြင့် သွားရောက်လုပ်ကိုင်လိုသူများအတွက် ဝန်ဆောင်မှုပေးပါသည်

ပြည်တွင်း ပြည်ပ လေယာဉ်လက်မှက် များကို တနေရာထဲမှာပြီးပြည့်စုံစွာ ဝယ်ယူရရှိနိုင်ပါတယ်။လူကြီးမင်းတို့လိုအပ်နေသော Visa Servi...
25/09/2024

ပြည်တွင်း ပြည်ပ လေယာဉ်လက်မှက် များကို တနေရာထဲမှာပြီးပြည့်စုံစွာ ဝယ်ယူရရှိနိုင်ပါတယ်။

လူကြီးမင်းတို့လိုအပ်နေသော Visa Services အမြန်လိုနေပြီလား

လေယာဉ်လက်မှက် လိုနေပြီလား

Hotel Bookingလို‌အပ်နေပါသလား

အခုဘဲ ဆက်သွယ်လိုက်တော့နော်

Viber/Whatsapp/Phone: +95926625770

05/08/2024

ရန်ကုန်လေဆိပ်အထွက်မှာ

PV နဲ့ထွက်မယ်ဆို
- မှတ်ပုံတင်
- UID card
- လေယာဉ်လက်မှတ် ( အသွား + အပြန် )
- ပိုက်ဆံ ဒေါ်လာ500ခန့်
- ဟိုတယ် ဘိုကင် ( တခါတလေ ငွေချေထားတာပါပြခိုင်း၊ အသိအိမ်မှာနေမယ်ဆိုလည်း ကိုယ်နေမယ့်နေရာကို အသိငှါးထားတဲ့စာရွက်စာတမ်းတွေအဆင်သင့်ယူလာပြီး ရှင်းပြရင်ရနိုင် )

တွေကို စစ်တတ်ပါတယ်။ ပေါ့ပေါ့ပါးပါးပုံစံနဲ့ အချက်အလက်စုံအောင်ပြပြီး အေးဆေးဖြေပါ။ ထွက်လို့ရပါတယ်။

PJ နဲ့ထွက်မယ်ဆို
- OWIC card
- မှတ်ပုံတင် ပါရင်ရပါတယ်
( အသက် ၂၃ မှ ၃၁ ကြား PJ နဲ့ထွက်မရပါ )

တခြားနိုင်ငံအဝင်မှာတော့ PJ/PV ခွဲခြားမှုမရှိပါ

ဒါတွေက ရန်ကုန်လေဆိပ်ရဲ့ ဒီနေ့ ၃/၈/၂၀၂၄ ထိအခြေအနေပါ။ လွဲနေတာ၊ Update ပိုဖြစ်ပြီး ကိုယ်သိထားတဲ့ အချက်အလက်တွေကိုလည်း မျှဝေပေးခဲ့ပါ

အချင်းချင်း ကူညီကြပါစို့ခင်ဗျာ

(Shwe Network မှ ကျေးဇူးတင်စွာ ကူးယူ ဝေမျှပါသည်)

29/05/2024

💥InformationလေးShareပေးတာပါ

ကိုရီးယားအလည်ဗီဇာ ကိုယ်တုိင် လျောက်ချင်သူများ အသက် ၁၈နှစ်အောက်နှင့် ၃၉အထက်များသာ ဗီဇာ ရနိုင်ခြေ ပိုများနုိင်ပါတယ်။

၁)ပတ်စပို့ ဓာတ်ပုံ ၂ပုံ
၂) မှတ်ပုံတင် မိတ္တူနှင့် မူရင်း
၃)အိမ်ထောင်စုစာရင်း နိုထြွီနှင့် မူရင်း
၄) ပတ်စပို့ မိတ္တူနှင့် မူရင်း
၅)ဘဏ်စာအုပ် မူရင်းနှင့် စာအုပ် ပထမဆုံး စာမျက်နှာမှ စဆုံး မိတ္တူ( ဒေါ်လာ ၈၀၀၀နှင့် ညီမျှသော ငွေပမာဏ သိန်း ၂၀၀-၂၅၀ ဝန်းကျင်)
၆)bank statements
၇) bank certificates
၈) ခရီးစဉ် အကြမ်းဖျင်း
၉) ဗီဇာဖောင်နှင့် ဗီဇာကြေး ဒေါ်လာ ၄၀
၁၀) လုပ်ငန်းလိုင်စင်ရှိရင် ပြတာပိုကောင်း
ကြာချိန် ဗီဇာတင်တဲ့နေ့မှစပြီး ၂ပတ်

Crd:예린

 #𝐃𝐮𝐛𝐚𝐢 ကို 𝐕𝐢𝐬𝐢𝐭 𝐕𝐢𝐬𝐚 နဲ့ အမြန်လာပြီးအလုပ်လျှောက်ချင်သူများအတွက်Hein AIOP ရဲ့ 𝐀𝐥𝐥 𝐢𝐧 𝐎𝐧𝐞 𝐏𝐚𝐜𝐤𝐚𝐠𝐞 နဲ့ ပို့ဆောင်ပေးနေပါတယ...
23/05/2024

#𝐃𝐮𝐛𝐚𝐢 ကို 𝐕𝐢𝐬𝐢𝐭 𝐕𝐢𝐬𝐚 နဲ့ အမြန်လာပြီး
အလုပ်လျှောက်ချင်သူများအတွက်
Hein AIOP ရဲ့ 𝐀𝐥𝐥 𝐢𝐧 𝐎𝐧𝐞 𝐏𝐚𝐜𝐤𝐚𝐠𝐞 နဲ့ ပို့ဆောင်ပေးနေပါတယ်ရှင်။

ဒီPackage ထဲမှာ ပါတဲ့ ဝန်ဆောင်မှုတွေကတော့

👉𝐘𝐚𝐧𝐠𝐨𝐧-𝐃𝐮𝐛𝐚𝐢 Air Ticket
👉𝐔𝐀𝐄 နိုင်ငံတွင်(2 )လနေထိုင်ခွင့် ရက် (60)Visa
👉Phone Sim Card နှင့် Metro Card Free
👉 အလုပ်ရှာရန်အတွက် 100% Supportပေးထားခြင်း
👉 Interviewအတွက် သင်ကြားပေးခြင်း
👉Hotel Lifeနှင့် ပတ်သတ်သည့် အရာများ ထပ်မံ သင်ကြားပေးခြင်း
👉အလုပ်ရရှိရန်အတွက် လိုအပ်သည့် Documents နှင့် Reference Check
👉Hotel Booking (Dummy booking)
👉Returen Air Ticket (Dummy Booking)
👉Job Interview အတွက် ပြင်ဆင်ပေးခြင်း
👉CV Form ပြင်ဆင်ပေးခြင်း
👉English Speaking Free Class

💥ဒူဘိုင်းတွင်နေထိုင်ရန်သင့်တင့်သော အဆောင်အခန်းများ စီစဉ်ပေးခြင်း(အဆောင်ခသီးသန့်)

𝗽𝗮𝗰𝗸𝗮𝗴𝗲အတွက်လိုအပ်ချက်များကတော့
အသက် 21နှစ် မှ 32 နှစ် အထိ ရပါတယ်
Hotel Life သင်တန်းတစ်ခုခုတက်ထားတဲ့သူဆို စJoin လို့ရပါတယ်

ဒီလိုဝန်ဆောင်မှု အကုန်လုံးကို ရရှိနေပြီဖြစ်ပါတယ်

💢ဝန်ဆောင်မူ့များရယူလိုပါက-
Viber/Whatsapp -09795759934
Phone - 09266257770
သို့ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။





10/05/2024

[Breaking News] မြန်မာတွေအတွက် ထိုင်းနိုင်ငံရဲ့ Ed Visa တွေ မနက်ဖြန်ကစပြီး ပိတ်လိုက်ပါပြီ။ သတင်းက အခုပဲ ထွက်လာခါစမို့ တော်တော်များများ မသိကြသေးပါဘူး။

Language School ဖြစ်စေ၊ University ဖြစ်စေ Language Program တက်ဖို့ ထုတ်ပေးတဲ့ Ed Visa တွေကို မြန်မာပတ်စပို့ဆိုရင် မနက်ဖြန်ကစပြီး ထိုင်းတစ်နိုင်ငံလုံးမှာ လျှောက်ခွင့်မပြုတော့ဘူးလို့ ထိုင်းမိတ်ဖက်ကျောင်းက ကျောင်းအုပ်နဲ့ ထိုင်းလဝကရုံးက အသိအရာရှိက ဖုန်းနဲ့ အတည်ပြုပြောကြားလာပါတယ်။ ဘယ်ချိန်ပြန်ခွင့်ပြုမလဲဆိုတာလည်း မသိသေးကြောင်း ပြောပါတယ်။

ဘွဲ့သင်တန်း (bachelor’s, master’s နဲ့ doctoral degree programs) တွေအတွက်ပါ မြန်မာပတ်စပို့တွေကို ပိတ်မပိတ် ထိုင်းကျောင်းအုပ်နဲ့ လဝကရုံးက အသိအရာရှိကို မေးကြည့်တော့ မပိတ်ဖို့များကြောင်းနဲ့ သေချာမသိသေးကြောင်း ဖြေပါတယ်။

Tourist Visa ကနေ Ed Visa ပြောင်းရမရ၊ Visa Free ကနေ Ed Visa ပြောင်းရမရ၊ ပြည်ပမှာ Language School Ed Visa လျှောက်ခဲ့ပြီး ဝင်လာလို့ ရမရက အခုချိန်မှာ သတင်းတွေ အမျိုးမျိုးပြောင်းနေတာမို့ Language Program တက်ဖို့ ကျောင်းလခ မပေးသွင်းခင် ကျောင်း (၃-၄) ခုကို မေးမြန်းပြီးမှ ပေးသွင်းကြစေလိုပါတယ်။ ထိုင်းနိုင်ငံရဲ့ မူဝါဒတွေက အမြဲတမ်း အချိန်နဲ့အမျှ ပြောင်းနေတာမို့ နောက်ဆုံးဘယ်မူဝါဒက အတည်လဲဆိုတာကို သေချာလေး နားစွင့်လေ့လာကြပါ။

15/02/2024

ထိုင်းကို Tourist Visa နဲ့လာပြီး ရက် ၉၀ နေမယ်ဆိုရင်.........

ထိုင်းမှာ ကြာကြာနေချင်တယ်ဆိုရင် Tourist Visa ကို ရန်ကုန်က ထိုင်းသံရုံးမှာလျှောက်ပြီး လာလို့ရပါတယ်.

ပထမဆုံး Tourist Visa လျှောက်မယ်ဆိုရင် လိုအပ်တဲ့ စာရွက်စာတမ်းတွေကတော့

1. Passport or travel document with validity not less than 6 months (သက်တမ်းအနည်းဆုံး ၆လကျော် ရှိရပါမယ်)

2. Visa application form completely filled out and signed (Form ကို ကောမန့်မှာ လင့်ချထာားပေးပါတယ်)

3. Recent 3.5 cm x 4.5 cm photograph of the applicant

4. Evidence of travel in and out of Thailand (i.e. air ticket receipt paid in full) (လေယာဉ်လက်မှတ် အသွားအပြန် ပြရပါမယ်)

5. Evidence of adequate finance for the entire duration of stay in Thailand (at least 3-month from the date of opening and at least 1,000 USD per person or 2,000 USD per family) (Bank Statement အနည်းဆုံး သက်တမ်း သုံးလ ရှိထားတဲ့ဟာ ပြရပါမယ်)

6. Proof of accommodation for the duration of stay in Thailand. (ဟော်တယ်ဘိုကင် ပြရပါမယ်)

7. Visa Application Fees USD 40 (Single Entry) or USD 200 (Multiple Entries) ပေးရပါမယ်.

အပေါ်ကအချက်တွေအားလုံး ပြည့်စုံပြီဆိုရင် ရန်ကုန်ရှိ ယိုးဒယားသံရုံးကို သွားပြီး ဖောင်တင်ရပါမယ်. ဖောင်တင်ပြီးပြီဆိုရင် Passport ကို ညနေပိုင်းမှာ ပြန်ရွေးပြီးရင် ဗီဇာရပါပြီ စိတ်ကြိုက်ပျံသန်းလို့ ရပါပြီ.

Royal Thai Embassy Address => No.94, Pyay Road, Dagon Township Yangon
Operating Hours => 09:00 AM to 11:30 AM (Application Form လက်ခံတဲ့အချိန်)
Operating Hours => 02:00PM to 05:00 PM (Passport ‌ရွေးရမယ့်အချိန်)

Tourist Visa နဲ့တရားဝင်လာရင် သက်တမ်းအနည်းဆုံး ၂လ နေလို့ရပါတယ်. ဒီ၂လကို သက်တမ်းကုန်ခါနီးပြီဆိုရင် ယိုးဒယားဘက်က Immigration မှာ ဘတ် 1900 ပေးပြီး ၁လ သက်တမ်းထပ်တိုးလို့ရပါတယ်. အားလုံး‌ပေါင်းဆို ၃လ နေထိုင်ခွင့်ပေါ့.

ဒီသုံးလကုန်လို့ ဆက်ပြီးနေချင်သေးတယ်ဆိုရင် လာအိုဘက်ကို အထွက်ပြ, အဲ့ဘက်ကနေ Tourist Visa ကို ရန်ကုန်မှာ လျှောက်သလို ပြန်လျှောက်ပြီး ပြန်ဝင်လာရင် ပထမဆုံး ၂လရပါမယ်. နောက်ပြီး ဒါကို ဘတ် ၁၉၀၀ ပေးပြီး သက်တမ်း ၁လ ထပ်တိုးလို့ရပါသေးတယ်.
အားလုံးပေါင်းဆိုရင် ၆လနေထိုင်လို့ ရပါမယ်. (လာအိုအထွက်ပြပြီး Tourist Visa ပြန်လျှောက်မယ်ဆိုရင်)
ဒါတွေကတော့ ထိုင်းကို ED Visa နဲ့မဟုတ်ဘဲ Tourist Visa နဲ့ လာပြီး ကြာကြာနေလို့ရမယ့် နည်းလမ်းကို မင်မင်တို့သိသလောက် ပြန်ရှဲပေးတာဖြစ်ပါတယ်။


15/02/2024

အလုပ်ခေါ်စာ(Demand Letter)၊ ပြည်ပထွက်ခွာခွင့်နဲ့ လုပ်ငန်းစဥ်အားလုံးအရင်လိုပဲ ပြန်လည်ခွင့်ပြုလိုက်ပါပြီ။

15/02/2024

Passport QR လျှောက်ချင်သူများ အခုထဲကယူထားလိုက်တော့နော် ရက်ချိန်းက ၇လပိုင်းထဲရောက်နေပါပြီနော်

🌕 ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ 🌕" သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ မိန့်မြွက်သံချို၊ လဝါဆို " တွံတေးမြို့နယ်အတွင်းရှိ ဗုဒ္ဓဘာသ...
12/07/2022

🌕 ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ 🌕

" သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ မိန့်မြွက်သံချို၊ လဝါဆို "

တွံတေးမြို့နယ်အတွင်းရှိ ဗုဒ္ဓဘာသာဝင် မိဘပြည်သူများအားလုံး ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သော "ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့''တွင် ကိုယ်စိတ်နှလုံး အေးချမ်းသာယာ၍ ဘေးရန်ကင်းကွာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။🙏🙏🙏

17/06/2022

🇹🇭ထိုင်းနိုင်ငံကိုဝင်ရောက်မည့်သူများ ဇူလိုင်လ ၁ရက်နေ့မှစပြီး Thailand pass ကိုလျှောက်ရန်မလိုအပ်တော့ပါ။

🗓️July 1 ရက်မှစပြီး Mask တပ်ရန်လည်းမလိုအပ်တော့ပါ။

💉ကိုဗစ်ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးသောသူများအနေဖြင့် Vaccine Certificate (မူရင်း နှင့် နိုတြီ) ပြသရန်လိုအပ်ပါသည်။

📃ကာကွယ်မထိုးရသေးသောသူများအနေဖြင့် ခရီးမသွားမီ (၇၂) နာရီအတွင်းစစ်ဆေးထားသော PCR Test (သို့မဟုတ်) ATK Test negative result ပြသရန်လိုအပ်ပါသည်။


Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959795759934

Website

Alerts

Be the first to know and let us send you an email when Soe Ticketing Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Soe Ticketing Service:

Share