Kay Marriage Certificate - KMC လက်ထပ်စာချုပ် & Planning Service

  • Home
  • Kay Marriage Certificate - KMC လက်ထပ်စာချုပ် & Planning Service

Kay Marriage Certificate - KMC လက်ထပ်စာချုပ် & Planning Service လှပသော Handmade လက်ထပ်စာချုပ်များကို ရော?

ကျွန်မ က admin ပါမောင်....🤣🤣🤣🤣
10/02/2024

ကျွန်မ က admin ပါမောင်....🤣🤣🤣🤣


Gong Xi Fa ChaiXin Nian Kuai Le 2024
09/02/2024

Gong Xi Fa Chai
Xin Nian Kuai Le
2024

၂၀၂၄ ဒီနှစ်အတွက် ရုံးပိတ်ရက်များCredit: Original Creator and Uploader
16/01/2024

၂၀၂၄ ဒီနှစ်အတွက် ရုံးပိတ်ရက်များ

Credit: Original Creator and Uploader

Passport အကြောင်း****************************************Q- မြန်မာနိုင်ငံမှာ passport ဘယ်နှစ်မျိုးရှိပါသလဲAns- passport ...
15/01/2024

Passport အကြောင်း
****************************************

Q- မြန်မာနိုင်ငံမှာ passport ဘယ်နှစ်မျိုးရှိပါသလဲ
Ans- passport က(၉)မျိုးရှိပါတယ်

Q- passport (၉)မျိုး နာမည် တွေ ပြောပြပါလား
Ans- Passport (၉)မျိုးကတော့

PB,PT,PJ,PR,PS,PE,PV,PD နဲ့ PO ဆိုပြီး ထုတ်ပေးပါတယ်။

၁. PB = Business Passport.
ပြည်ပသို့စီးပွားရေး အရ သွားရောက်လုပ်ကိုင်မည့်နိုင်ငံသားများအားထုတ်ပေးသော စာအုပ်အမျိုးအစား

၂. PT = Dependent Passport ပြည်ပတွင် အလုပ်လုပ်နေသော ခင်ပွန်း/ဇနီး နှင့် လိုက်ပါနေထိုင်သော မှီခို နိုင်ငံသားအားထုတ်ပေးသောစာအုပ်အမျိုးအစား

၃. PJ = Job Passport ပြည်ပမှာ တရားဝင် အလုပ်လုပ်ကိုင်သော နိုင်ငံသားများ ကို ထုတ်ပေးသော စာအုပ် အမျိုးအစား

၄. PR = Religirous Passport.
ပြည်ပသို့ သာသနာရေး ဘာသာရေးနှင့် ပတ်သတ်သော နိုင်ငံသားများအားထုတ်ပေးသည့်စာအုပ်အမျိုးအစား

၅. PS = Seaman Passport.
ပြည်ပသို့ သဘောင်္သား ပင်လယ်ခရီးနှင့်ပတ်သတ်သောနိုင်ငံသားများအားထုတ်ပေးသောစာအုပ်အမျိုးအစား

၆. PE = Student Passport.
ပြည်ပသို့ ကျောင်းသား ပညာတော်သင် နိုင်ငံသားများအားထုတ်ပေးသည့်စာအုပ်အမျိုးစား

၇. PV = Visit Passport.
ပြည်ပသို့ အလည်အပတ် short visit ခရီးတို အလည်အပတ်နိုင်ငံသားများအားထုတ်ပေးသည့်စာအုပ်အမျိုးအစား
၈. PD = Diplomatic Passport.
ပြည်ပသို့ သံတမန်ရေးရာ ကိစ္စရပ်များနှင့်ပတ်သတ်သောနိုင်ငံသားများအားထုတ်ပေးသည့်အမျိုအစား

၉. PO = Official Passport.
ပြည်ပသို့ အရာရှိ နိုင်ငံတော်အရေးအရာနှင့်ပတ်သတ်သောနိုင်ငံသားများအားထုတ်ပေးသည့်စာအုပ်အမျိုးအစား

Q Passport လုပ်ဖို့ Qrအရင်လုပ်ရတယ်
online booking လုပ်ရပါတယ်
Ans- ယုံကြည်ရသူရှိမှာ Qr လုပ်စေချင်ပါတယ်

Q-တစ်ချို့လူတွေက ပြောနေလို့ Visit Passport (PV)နဲ့လည်း လုပ်လို့ရတယ်ပြောလို့ ဟုတ်ပါသလား

Ans- အဲ့ဒါက အခုတော့ မသေချာသေးဘူး၊New Agriculture Visa ထွက်လာမှ သေချာသိပါမယ်။
အများစု ကတော့ Job Passport လုပ်ထားကြပါတယ်။

Q-Job Passport (PJ)လုပ်ရင် ဘာတွေ လိုအပ်ပါသလဲ

Ans-Job Passport အတွက်
ပြည်ပလေဘာကဒ် မူရင်း နဲ့မိတ္ထူ (၂)စုံ

အိမ်ထောင်စု စာရင်း မူရင်းနဲ့မိတ္ထူ (၂)စုံ
နိုင်ငံသားမှတ်ပုံတင် မူရင်း နဲ့ မိတ္တူ(၂)စုံ အပေါ်အောက်
ကုန်ကျစရိတ် (၃၅၀၀၀) လိုအပ်ပါတယ်

Q- ပြည်ပလေဘာကဒ် က ဘယ်မှာ လုပ်ရမလဲ

Ans- ကိုယ်နေထိုင်ရာ မြို့နယ် လေဘာရုံးမှာ လုပ်လို့ရပါတယ်။

Q- Passport ရုံးက ရန်ကုန်မှာဘဲရှိတာလား

Ans - မဟုတ်ပါဘူး Passport ရုံးတွေရဲ့လိပ်စာကို အောက် မှာ ဖော်ပြပေးပါမယ်

Q-၁၈နှစ်ပြည့် မှတ်ပုံတင် မလဲရသေးဘဲ Passport လုပ်လို့ရလား

Ans- မရပါဘူး ၁၈နှစ်ပြည့် မှတ်ပုံတင်လဲပြီးမှ Passportလုပ်ပါ။မဟုတ်ရင် ပိုက်ဆံအများကြီး ပေးရပါလိမ့်မယ်။

Q-Visit Passport (PV)ကနေ Job Passport ကို ပြောင်းရင် ဘာတွေ လိုအပ်လဲ

Ans- PV passport အဟောင်း ယူသွားရပါမယ် ။
အဟောင်း PV Passport စာအုပ် အရှေ့စာမျက်နှာ ကို မိတ္ထူ (၂)စုံ လိုပါမယ်

PV Pj မတူတာတစ်ခုက ပြည်ပ လေဘာကဒ် တစ်ခုသာ မတူတာပါ။ ကျန်တာ အကုန်တူပါတယ်။ PV ကနေ Pj ပြောင်းရင် အချက်အလက် တူအောင် ဖြည့်ရပါမယ်။အဟောင်းကနေ အသစ်ပြောင်းရင်လည်း အချက်အလက် တူရပါမယ်။

Q-Passport ရုံးထဲရောက်ရင် ဘယ်လိုတွေ လုပ်ရမလဲ ဖြစ်နိုင်ရင် ပြောပြပေးပါလား

Ans- Passport(PJ) အတွက် လေဘာကဒ် အရင်လုပ်ပြီးမှသွားပါ။

Passport ရုံးထဲဝင်တာနဲ့အရင်ဆုံး မှတ်ပုံတင် မူရင်းနဲ့ အိမ်ထောင်စာရင်း ကိုစစ်ပါတယ်။
Passport ရုံးထဲရောက်ရင် ဖောင်ဖြည့်၊ဘဏ်ကိုကျပ်ငွေ ၂၅၀၀၀သွင်း၊passport အတွက် ဓာတ်ပုံရိုက်၊ပြီးရင် သူတို့ပေးတဲ့ စလစ်ယူပြီး ပြန်လာလို့ရပါပြီ။

စလစ်မှာ Type Pj,PV ,Name ,Father Name ,Date of Birth ,Male (or)Femaleတွေကို စစ်ဖို့မမေ့ပါနဲ့

Q- Passport လုပ်ပြီးရင် Passport ရဖို့ ဘယ်နှစ်ရက်စောင့်ရလဲ

Ans -ပုံမှန် (၁၀)ရက်တော့ စောင့်ရပါတယ်
ဘာသာခြားဆိုရင် 1 လကနေ 2 လထိကြာနိုင်ပါတယ်
Passport ထုတ်တဲ့နေ့ကျရင် ကျပ်ငွေ ၃၀၀၀ သို့မဟုတ် ၅၀၀၀ ပေးရပါတယ်

အားလုံးကို ကျေးဇူးတင်ပါတယ်
Credit to Original uploader

#နိုင်ငံကူးလက်မှတ်

13/01/2024

အားလုံးပဲမဂ်လာပါရှင်...
မRun တာကြာပြီဖြစ်တဲ့ Page လေးကို အခုလိုသတင်းကောင်းလေးနဲ့ ပြန်လည် နှုတ်ခွန်းဆက်လိုက်ပါတယ်ရှင့်။

ယုံကြည်၊ စိတ်ချရသည့် Notary နိုတြီဘာသာပြန်ဝန်ဆောင်မှုကို ရှာနေပါသလားရှင်...

အရင်ဦးဆုံးရယူနိုင်သော၀န်ဆောင်မှုများကို မိတ်ဆက်ပါရစေ။နိုင်ငံခြားမှာ အသုံးပြုရန်ရည်ရွယ်သည့် အစိုးရအသိအမှတ်ပြု စာရွက်စာတမ်းအမျိုးမျိုးကို နိုတြီဘာသာပြန်ဆိုပေးခြင်း၊ မိုဖာ(MOFA)ဝင်ပေးခြင်း၊ သံရုံးအသီးသီးတွင် ထပ်ဆင့်ထောက်ခံချက်(Certified Endorsement) ယူပေးခြင်းစသည့် ဝန်ဆောင်မှုများကို တိကျ၊ မှန်ကန်၊ မြန်ဆန်စွာ ဆောင်ရွက်ပေးလျက်ရှိပါသည်။
-ဝန်ဆောင်မှု ရယူနိုင်သော စာရွက်စာတမ်းများမှာ-
#မှတ်ပုံတင်
#မွေးစာရင်း
#အိမ်ထောင်စု
#နိုင်ငံကူးလက်မှတ်
#ယာဉ်မောင်းလိုင်စင်
#အမှတ်စာရင်း
#တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်
#ဘွဲ့လက်မှတ်
# ယာယီဘွဲ့လက်မှတ်
#သင်တန်းဆင်း Certificate အမျိုးမျိုး
#ဂုဏ်ပြုမှတ်တမ်းလွှာ
#ရပ်ကွက်ထောက်ခံစာ
# ရဲစခန်းထောက်ခံစာ
#ကျောင်းထောက်ခံစာ
#ကိုဗစ်ထောက်ခံစာ
#သေစာရင်း
# လိုင်စင်မှန်ကန်ကြောင်းထောက်ခံစာ
#အခွန်ဆိုင်ရာ စာရွက်စာတမ်းများ၊ အခွန်ကင်းရှင်းကြောင်း ထောက်ခံစာ
#ကုမ္ပဏီလုပ်ငန်းဆိုင်ရာစာရွက်စာတမ်းများ၊ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်၊
အစည်းအဝေးမှတ်တမ်း ၊ Company Certificate, Extract Form
#ဘဏ်လုပ်ငန်းဆိုင်ရာစာရွက်စာတမ်းများ၊ ဘဏ်ရှင်းတမ်း Bank Statement
#ဓမ္မာစရိယဘွဲ့လက်မှတ်
#သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်များ
#လုပ်ငန်းလိုင်စင်အမျိုးမျိုး
#အထွေထွေကိုယ်စားလှယ်လွှဲစာများ (General Power)
#အထူးကိုယ်စားလှယ်လွှဲစာများ (Special Power)
#အပျို/လူပျိုဖြစ်ကြောင်းကျမ်းကျိန်လွှာ
#မွေးသက္ကရာဇ် အမှန်ဖြစ်ကြောင်း ကျမ်းကျိန်လွှာ
#မိဘအမည် အမှန်ဖြစ်ကြောင်း ကျမ်းကျိန်လွှာ
#သားသမီး အရင်းဖြစ်ကြောင်း ကျမ်းကျိန်လွှာ
#တရားဝင်ဇနီးမယား၊ ခင်ပွန်းဖြစ်ကြောင်း ကျမ်းကျိန်လွှာ
#ပျောက်ဆုံးကြောင်း ကျမ်းကျိန်လွှာအမျိုးမျိုး
# ပိုင်ဆိုင်ကြောင်း ကျမ်းကျိန်လွှာအမျိုးမျိုး
#အမွေဆက်ခံကြောင်း ကျမ်းကျိန်လွှာ
#စွန့်လွှတ်ကြောင်း ကျမ်းကျိန်လွှာ
#ပေးကမ်းကြောင်း ကျမ်းကျိန်လွှာ
#လှူဒါန်းခြင်းအတွက် ကျမ်းကျိန်လွှာအမျိုးမျိုး
#စာချုပ်စာတမ်းများ မှန်ကန်ကြောင်းထောက်ခံချက်
true copy အမျိုးမျိုး
#အိမ်၊ ခြံ၊ မြေ ၊ အမှတ်တံဆိပ်၊ ရှယ်ယာဝေစု ပိုင်ဆိုင်မှုစာချုပ်စာတမ်းများ
#အရောင်းအဝယ်စာချုပ်စာတမ်းများ
#လက်ထပ်စာချုပ်
#ကွာရှင်းစာချုပ်
#မွေးစားစာချုပ် စသည်တို့ကို
- မြန်မာ ↔️ အင်္ဂလိပ်
- မြန်မာ ↔️ ထိုင်း
- မြန်မာ ↔️ တရုတ်
- မြန်မာ ↔️ ဂျပန်
- မြန်မာ ↔️ ကိုရီးယား စသည့် နိုင်ငံခြားဘာသာသို့တိကျမှန်ကန်စွာ ဘာသာပြန်ဆိုပေးခြင်း၊ ဂုဏ်သရေရှိ နိုတြီဆရာကြီးများထံ လက်မှတ်ရေးထိုးပေးခြင်း၊ မိုဖာ (MOFA) ဝင်ပေးခြင်း၊ သံရုံးအသီးသီးတွင် Certified Endorsement ယူပေးခြင်းတို့ကို စိတ်ချ၊ ယုံကြည်စွာ အပ်နှံနိုင်ပါသည်။

လူကြီးမင်းတို့ အချိန်ကုန်သက်သာစေရန် ဝန်ဆောင်မှုအားလုံးကို Online စနစ်ဖြင့်လည်း ဆောင်ရွက်ပေးနေပါသည်။ (ဘာသာပြန်ပြီးသော စာမူကြမ်း(Draft) အား Viber မှ​ြပန်လည်ပေးပို့ပြီး စိစစ်မှန်ကန်ပါက နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားသံရုံးအသီးသီးတွင် Black List စာရင်းတွင် လုံးဝမပါသော အမည်ကြီး နိုတြီဆရာများထံ လက်မှတ်ထိုးပေးပြီး Soft Copy ကို Viber (သို့မဟုတ်) Page Msg မှ ပို့ပေးပါမည်။
မူရင်းကို ကားဂိတ်၊ Delivery တို့ဖြင့် အိမ်တိုင်ရာရောက် ပို့ဆောင်ပေးသည်။
(မှတ်ချက်။ ။ မမှန်ကန်သော၊ ဥပဒေနှင့်မညီညွတ်သောစာရွက်စာတမ်းများကို လုံးဝ(လုံးဝ) ဆောင်ရွက်ပေးမည် မဟုတ်ပါ)

#နိုတြီ
#ဘာသာပြန်
#နိုတြီဘာသာပြန်
#မိုဖာ


Translation

ဖုန်း/Viber : +959899239855

စာချုပ်  ဲပြားဒီဇိုင်းလေးတွေပါ ❤️❤️အခုလိုအချိန် စာချုပ်လေးတွေရွေးထားလို့ရအောင်ပါရှင့်💓💓ကိုယ့်စိတ်ကြိုက် အရောင်နဲ့ အလှဆင်...
21/11/2021

စာချုပ် ဲပြားဒီဇိုင်းလေးတွေပါ ❤️❤️
အခုလိုအချိန် စာချုပ်လေးတွေရွေးထားလို့ရအောင်ပါရှင့်💓💓

ကိုယ့်စိတ်ကြိုက် အရောင်နဲ့ အလှဆင်မှုများကို တနေရာတည်းရွေးလို့ရအောင် တင်ပေးလိုက်ပါတယ်ရှင်။💞

ချစ်ရတဲ့မိတ်ဟောင်းမိတ်သစ် ကာကာလေးတွေရဲ့ ယုံကြည်အပ်နှံမှာယူမှုများကို အမြဲလေးစားကာ အစဥ်ကြိုးစားဆောင်ရွက်ပေးလျက်ရှိပါတယ်ရှင်။ မင်မင်တို့ရဲ့မအားလပ်မှုများကြောင့် မှာယူမှုများ ကို ပုံမှန် Post မတင်ပေးနိုင်တာတောင် ရပ်နီးရပ်ဝေးမှ ကာကာများရဲ့ အားပေးမှု ကို အစဥ်ထာဝရ လေးစားတန်းဖိုးထားပါတယ်ရှင်။💖

တချို့သောမှာယူမှုများမှာ အမည်စာလုံးလေးတွေပါနေလို့ ပုံမတင်ဖြစ်တာမျိုးလေးတွေလဲရှိပါတယ်ရှင်💝

ရပ်နီးရပ်ဝေးမှ ကာကာများ အမြဲစိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ကျန်းမာခြင်းများနဲ့ ဘဝကို အေးချမ်းစွာ ဖြတ်သန်းလျှောက်လှမ်းနိုင်ကြပါစေရှင်🙏🙏🙏

Ready to sign
ဘောပင်တစ်စုံအပါ
စာချုပ် ၊ကထ္ထူဗူးအပါ
Certificate
#လက်ထပ်စာချုပ်

☎️09 899 239 855/09 4320 2339

ချစ်ရတဲ့ မိတ်ဟောင်း၊မိတ်သစ် customer များရှင့်....လက်တလောဖြစ်ပေါ်နေသောအခြေအနေများကြောင့် ကုန်ကြမ်းပစ္စည်းများနှင့် အခြား...
16/09/2021

ချစ်ရတဲ့ မိတ်ဟောင်း၊မိတ်သစ် customer များရှင့်....လက်တလောဖြစ်ပေါ်နေသောအခြေအနေများကြောင့် ကုန်ကြမ်းပစ္စည်းများနှင့် အခြားသော စပ်ဆက်ပစ္စည်းများ စျေးနှုန်းမြင့်တက်နေပါသဖြင့် စာချုပ်စျေးနှုန်းများ အပြောင်းအလဲဖြစ်ပေါ်မှုအပေါ် နားလည်ပေးစေချင်ပါတယ်ရှင်။ တက်နိုင်သမျှ အားလုံးအဆင်ပြေ အောင်ဆောင်ရွက်ပေးလျက်ရှိပါသည်ရှင်။💛

နောင်နှစ်ပေါင်း ထောင်သောင်းမက ရွှေလက်တွဲလို့မြဲကြပါစေကြောင်း Kay MC & PS အဖွဲ့မှ ဝယ်ယူအားပေးခဲ့ကြသော မဂ်လာမောင်နှံများအတွက် ဆုမွန်ကောင်းတောင်းအပ်ပါသည်ရှင်။💚

ဝယ်ယူအားပေးမှုကို အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။💖

Kay MC & PS အဖွဲ့
Viber/Dial - 09899239855/0943202339💞

စာချုပ်  ဲ၂ထပ်ပုံဆန်းdesignလေးတွေပါ။ ❤️❤️အခုလိုအချိန် စာချုပ်လေးတွေရွေးထားလို့ရအောင်ပါရှင့်💓💓ကိုယ့်စိတ်ကြိုက် အရောင်နဲ့ ...
09/08/2021

စာချုပ် ဲ၂ထပ်ပုံဆန်းdesignလေးတွေပါ။ ❤️❤️
အခုလိုအချိန် စာချုပ်လေးတွေရွေးထားလို့ရအောင်ပါရှင့်💓💓

ကိုယ့်စိတ်ကြိုက် အရောင်နဲ့ အလှဆင်မှုများကို တနေရာတည်းရွေးလို့ရအောင် တင်ပေးလိုက်ပါတယ်ရှင်။💞

Ready to sign
ဘောပင်တစ်စုံအပါ
စာချုပ်စက္ကူဗူးအပါ
Certificate
#လက်ထပ်စာချုပ်

☎️09 899 239 855/09 4320 2339

စာချုပ်  ်းပွားဒီဇိုင်းလေးတွေပါ ❤️❤️အခုလိုအချိန် စာချုပ်လေးတွေရွေးထားလို့ရအောင်ပါရှင့်💓💓ကိုယ့်စိတ်ကြိုက် အရောင်နဲ့ အလှဆင...
08/08/2021

စာချုပ် ်းပွားဒီဇိုင်းလေးတွေပါ ❤️❤️
အခုလိုအချိန် စာချုပ်လေးတွေရွေးထားလို့ရအောင်ပါရှင့်💓💓

ကိုယ့်စိတ်ကြိုက် အရောင်နဲ့ အလှဆင်မှုများကို တနေရာတည်းရွေးလို့ရအောင် တင်ပေးလိုက်ပါတယ်ရှင်။💞

Ready to sign
ဘောပင်တစ်စုံအပါ
စာချုပ်စက္ကူဗူးအပါ
Certificate
#လက်ထပ်စာချုပ်

☎️09 899 239 855/09 4320 2339

တရားရုံးမှာ လက်ထပ်တဲ့အခါ လိုအပ်တဲ့ အချက်လေးများကိုစုထားပေးပါတယ်။👈ပုံမှန်ချိန်မှာ နေ့ချင်းပြီးလုပ်လို့ပေမယ့် ခုလိုချိန်မှ...
10/07/2021

တရားရုံးမှာ လက်ထပ်တဲ့အခါ လိုအပ်တဲ့ အချက်လေးများကိုစုထားပေးပါတယ်။👈

ပုံမှန်ချိန်မှာ နေ့ချင်းပြီးလုပ်လို့ပေမယ့် ခုလိုချိန်မှာတော့ တရားရုံးကိုတရက်ကြိုသွားပြီးစုံစမ်းရင်ပိုကောင်းပါတယ်
လိုအပ်တာလေးတွေပြည့်ပြည့်စုံစုံယူသွားမယ်ဆိုရင် ကိုယ်တိုင်လုပ်ရင်လည်းမခက်ခဲပါဘူးနော်
▪️လက်ထပ်စာချုပ် မူရင်းနဲ့ မိတ္တူ (၂)စုံ
▪️သတို့သား၊ သတို့သမီး၊ အသိသက်သေများရဲ့
မှတ်ပုံတင် မူရင်းနဲ့မိတ္တူ (၁)စုံ
▪️တရားသူကြီးကို စေတနာအလျောက်ကန်တော့နိုင်ပါတယ် ရုံးစာရေးကိုပေးနိုင်ပါတယ်။
စာအိတ်လေးနှစ်အိတ်နဲ့ အဆင်သင့်ယူဆောင်သွားရင်ကောင်းပါတယ်။

သက်သေက နှစ်ယောက်လိုအပ်ပါတယ်။
မိဘတွေလည်းအသိသက်သေလုပ်လို့ရပါတယ်။

ကိုယ်တိုင်မလုပ်ပဲ ဘားလမ်းအောက်ဘလောက်မှာရှိတဲ့ လက်ထပ်ဝန်ဆောင်မှုပေးတဲ့ နိုတြီဆိုင်တွေမှာလည်းအပ်လို့ရပါတယ် ။ ဝန်ဆောင်ခစာချုပ်မပါ အပြီးစီး ၃၀၀၀၀ ကျပ် ဝန်းကျင်ခန့်ရှိပါတယ်။ခုနောက်ပိုင်း တရားရုံးတွေကစည်းကမ်းတင်းကျပ်လာတဲ့အခါ သက်သေအနေနဲ့ လိုက်လုပ်ပေးတာမျိုးလည်းရှိတက်ပါတယ်။

👉 တခြားလိုအပ်တဲ့ စာရွက်စာတမ်းများ၊ ကျမ်းကျိန်လွှာများ၊ Single Certificate နဲ့ Wedding Planning services ကို ကျမတို့ Kay MC & PS အဖွဲ့ မှလည်း လိုက်လံဆောင်ရွက်ပေးနေပြီဖြစ်ပါတယ်ရှင်။ 💛

အားလုံးအဆင်ပြေကြပါစေရှင် ....♥

Kay MC & PS
Viber/Dial - 09 899 239 855/ 09 4320 2339

10/07/2021

ထိမ်းမြားလက်ထပ်ခြင်းမင်္ဂလာအခမ်းအနား

ချစ်သူရည်စား အချင်းချင်း စုံမက်နှစ်သက်၍ အတူတကွနေထိုင်ခြင်းကို အိမ်ထောင်ပြုသည်ဟု သတ်မှတ်ကြလေသည်။ ယင်းသို့ အိမ်ထောင်ပြုရန်အတွက် လူသိရှင်ကြား ကျင်းပပြုလုပ်သည့် ပွဲအား ထိမ်းမြားလက်ထပ်ပွဲဟု ခေါ်ကြလေသည်။
မြန်မာ့အဘိဓာန်တွင် ထိမ်းမြားခြင်းအား “ လက်ထပ်သည်။ မင်္ဂလာဆောင် သည်” ဟု အဓိပ္ပာယ် ဖွင့်ဆိုခြင်းကြောင့် ထိမ်းမြား လက်ထပ်သော ပွဲလမ်းသဘင်အား “မင်္ဂလာဆောင် အခမ်းအနား” ဟု ဆိုကြလေသည်။
သက်ရှိလူသားများကြားတွင် ရှေးရှေးနှစ်ပေါင်းများစွာကတည်းကပင် ယောကျာ်းနှင့် မိန်းမ အတူတကွ ပေါင်းသင်းနေထိုင်လာပြီး နေထိုင်ရာဒေသ လူမျိုးစုများအပေါ် မူတည်၍ ကျင်းပကြ သည့် ပွဲလမ်းသဘင်အခမ်းအနားများမှာလည်း တစ်နေရာနှင့် တစ်နေရာ တူညီခြင်းမရှိကြပေ။
တစ်ချို့ဒေသများအတွက် လက်ထပ် ထိမ်းမြားခြင်းသည် အယူဝါဒ နှင့်ပတ်သက်လေ့ရှိပြီး တစ်ချို့အတွက်မူ လူမှုရေးသက် သက် သာဖြစ်လေသည်။ မြန်မာလူမျိုးတို့အတွက် လက်ထပ်ထိမ်းမြား ခြင်းသည် လူမှုရေးသက်သက်သာ ဖြစ်လေသည်။

မြန်မာရိုးရာလက်ထပ်ခြင်းများ

ရှေးနှစ်ပေါင်းများစွာမှသည် ကျင်းပလာခဲ့ကြသော မြန်မာလူမျိုးတို့၏ မင်္ဂ လာပွဲများသည် နှစ်ကာလအလိုက် ကျင်းပပြုလုပ်ကြသည့် ပွဲအခမ်းအနား ပုံစံများမှာလည်း မတူညီ ကွဲပြားလေ့ရှိခဲ့ကြ ပါသည်။
မြန်မာ့ရိုးရာဓလေ့ထုံးတမ်းတွင် သားသမီးတို့ကို အကြင်လင်မယားအဖြစ် အိမ်ထောင် ချပေးခြင်း၌ ထိမ်းမြားခြင်း ၁ဝ ပါးရှိလေသည်။

1. ပုဆိုးတန်းတင် ထိမ်းမြားခြင်း
2. လက်ဆုံစား၍ထိမ်းမြားခြင်း
3. လက်စွပ်လဲ၍ထိမ်းမြားခြင်း
4. အဝတ်လဲ၍ထိမ်းမြားခြင်း
5. လက်ထပ်၍ထိမ်းမြားခြင်း
6. ဒါလီဖွဲ့၍ထိမ်းမြားခြင်း
7. စုလျားရစ်ပတ်၍ထိမ်းမြားခြင်း
8. ပန်းကုံးစွပ်၍ထိမ်းမြားခြင်း
9. ရေခွက်၌လက်ချ၍ထိမ်းမြားခြင်း
10. ဦးထိပ်၌ရေသွန်းချ၍ထိမ်းမြားခြင်း

အထက်ပါထိမ်းမြားခြင်း ဆယ်မျိုးအနက် တစ်မျိုးတည်းကိုဖြစ်စေ၊ တစ်မျိုးထက်မက ဖြစ်စေ အိမ်နီးချင်း၊ ရပ်ရွာနေအများနှင့် ဆွေမျိုးမိတ်ဆွေများစွာတို့ကို အသိပေး၊ သိရှိ အောင် ဆောင်ရွက်ပါက တရားဝင်ထိမ်းမြား ခြင်း ဖြစ်မြောက်မည်ဟု ဆိုသည်။

မျက်မှောက်ခေတ် ထိမ်းမြားခြင်း

ယနေ့ခေတ်တွင်မူ တရားသူကြီး ရှေ့မှောက်တွင် အသိသက်သေများဖြင့် လက်မှတ်ရေးထိုးသည့် ရုံးတက်လက်မှတ်ရေးထိုးခြင်းများ၊
နေအိမ်တွင် လည်းကောင်း၊ ဘုန်းကြီးကျောင်းတွင် လည်းကောင်း
ရဟန်းသံဃာ(၅)ပါး ပင့်ဖိတ်၍ အလှူဒါနပြုလုပ်ကာ ကျင်းပပြုလုပ်သော မင်္ဂလာဆွမ်းကျွေး ဧည့်ခံမင်္ဂလာပွဲများ၊ စုလျားရစ်ပတ်လက်ထပ်ထိမ်းမြား မင်္ဂလာပွဲများ၊ ဘိသိက်သွန်းလက်ထပ်သောမင်္ဂလာပွဲများ နှင့် မင်္ဂလာဧည့်ခံပွဲများ စသည်ဖြင့် အမျိုးမျိုးကျင်းပလေ့ရှိကြပါသည်။

မင်္ဂလာဧည့်ခံပွဲများ

မင်္ဂလာဧည့်ခံပွဲများ သည် မင်္ဂလာအခမ်းအနားမှူးဖြင့် ကျင်းပပြုလုပ်လေ့ရှိသော ယနေ့ခေတ် ကျင်းပလေ့ရှိသည့် ဧည့်ခံပွဲအမျိုးအစားဖြစ်သည်။ မင်္ဂလာမောင်နှံမှ အတူ ပွဲထွက်လာလေ့ရှိပြီး
မင်္ဂလာအခမ်းအနားမှူး (သို့) ဂုဏ်သရေရှိ လူကြီး လူ​ကောင်းမှ ကျေးဇူးတင်စကား ပြောကြားကာ သာမာန် ရိုးရိုးသာ ဧည့်ခံပွဲ အဖြစ်ကျင်းပကြလေသည်။ ယနေ့ခေတ် တွင် အများဆုံးကျင်းပလေ့ရှိသော ပုံစံမျိုး ဖြစ်သည်။

စုလျားရစ်ပတ်ထိမ်းမြားခြင်း

စုလျားရစ်ပတ် လက်ထပ်ထိမ်းမြားခြင်း နှင့် ဘိသိက်သွန်းလက်ထပ်သော မင်္ဂလာပွဲများသည် ရှေးမြန်မာတို့ ကျင်းပလေ့ရှိသော ပွဲမျိုးဖြစ်သည်။
စုလျားရစ်ပတ်သည်ဟူရာ၌ စုလျားမှာ တံပက် သို့မဟုတ် အပေါ်တင်ပုဆိုးဖြစ်သည်။ ထိုစုလျားဖြင့် သတို့သား သတို့သမီး ၏ လကျာ်လက်နှစ်ဖက်ကို ရစ်ပတ်၍
လက်ထပ်ပေးခြင်းကို စုလျားရစ်ပတ်သည်ဟု ခေါ်သည်။ စုလျားရစ်ပတ်ထိမ်းမြားခြင်း အတွက် ပွဲကို စလယ်ဆုံး ဘိသိက်ဆရာ၏ လမ်းညွှန်ချက်နှင့်အညီ ကျင်းပလေ့ရှိကြသည်။
စုလျားရစ်ပတ်ကျင်းပ ခြင်းအတွက် အရင်ဆုံး ပန်းကြဲမိန်းမပျို၊ မင်္ဂလာစံပါယ်ပန်းကုံး၊ မင်္ဂလာလက်ထပ်လက်စွပ် ကိုင် ၊ နောက်တွင် သတို့သား၊ သတို့သားအရံနဲ့ သတို့သားမိဘတွေက မင်္ဂလာပွဲထွက်ရမှာပါ။ ပြီးမှ သတို့သမီး၊ သတို့သမီးအရံ၊ သတို့သမီး မိဘတွေက မင်္ဂလာပွဲထွက်ရမှာ ဖြစ်ပါတယ်။

ဘိသိက်သွန်း ထိမ်းမြားခြင်း

ဘိသိက်သွန်းလက်ထပ်ခြင်းသည် စုလျားရစ်ပတ်လိုမျိုး မဟုတ်ဘဲ မင်္ဂလာမောင်နှံ တွဲလျက် ပွဲထွက်ရမှာ ဖြစ်ပါသည်။ ပန်းကြဲ၊ မင်္ဂလာပန်းကုံးကိုင်၊ လက်စွပ်ကိုင်၊ နောက် မင်္ဂလာမောင်နှံ၊ အရံများ၊ မိဘများနှင့် ဆွေမျိုးများစသည်ဖြင့် ဖြစ်ကြသည်။

ယနေ့ခေတ်တွင် မိမိတို့၏ အဆင့် အတန်း နှင့် အခြေအနေများပေါ်မူတည်၍ အကျယ်ချဲ့ ကျင်းပသည်များရှိကြသလို အကျင်း ချုံ့၍ ကျင်းပကြသည်များလည်းရှိကြပေသည်။

Reference-
wekipedia
Myanmar Time journal
Marry.com.mm

.

Leather ခဲပြာရောင်လေးကို ချစ်စရာမဂ်လာမောင်နှံလက်ထဲသို့ ယနေ့ပင် ပေးပို့ခဲ့ပါပြီရှင်။ 💛 မဂ်လာနေ့ရက်မှစ၍ နောင်နှစ်ပေါင်း ၁၂...
09/07/2021

Leather ခဲပြာရောင်လေးကို ချစ်စရာမဂ်လာမောင်နှံလက်ထဲသို့ ယနေ့ပင် ပေးပို့ခဲ့ပါပြီရှင်။

💛 မဂ်လာနေ့ရက်မှစ၍ နောင်နှစ်ပေါင်း ၁၂၀ တိုင်အောင် ဖြောင့်ဖြူးသော ချစ်ခရီးလမ်းကို သက်ဆုံးတိုင် အတူတကွ ရွှေလက်တွဲလို့ လျှောက်လှမ်းနိုင်ကြပါစေကြောင်း Kay MC & PS အဖွဲ့သားများမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။

💝 Kay MC & PS မှ မှာယူပေးမှုအတွက် အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။

ဆန္ဒများဖြင့်
Kay MC & PS
Viber/Dial 09 899 239 855/ 09 4320 2339

Address


Telephone

+959899239855

Website

Alerts

Be the first to know and let us send you an email when Kay Marriage Certificate - KMC လက်ထပ်စာချုပ် & Planning Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Event Planning Service?

Share