ဓာတ်ရိုက်ဓာတ်ဆင် နန္ဒာသီရိ

  • Home
  • Myanmar
  • Taunggyi
  • ဓာတ်ရိုက်ဓာတ်ဆင် နန္ဒာသီရိ

ဓာတ်ရိုက်ဓာတ်ဆင် နန္ဒာသီရိ အခက်အခဲအားလုံး အမြန်ဆုံးအောင်မြင်ချင်ရင်
ဆရာမနှင့်ဆက်သွယ်ပါ။
(1)

21/08/2026

ဒီ စာမြင်ပြီး မကြာခင်... အလွန် ပျော်စရာ ကောင်းတဲ့ သတင်းကောင်းတစ်ခု ကြားရလိမ့်မယ်
ကြားရမယ့် သတင်းက သင့်ကို အတိုင်းမသိ ပျော်ရွှင်စေပါလိမ့်မယ်။
ယုံကြည်မှုနဲ့ စောင့်မျှော်နေလိုက်ပါ🍀
လက်ခံရယူရန် "အောင်စေ" လို့ ရေးခဲ့ပါ။

အစီရင်ပြုလုပ်နည်းလေးကရိုးရိုးရှင်းရှင်းလေးပါ။ငှက်ပျောရွက်ကို အနေတော်ညှပ်ယူရေဆေးသန့်စင်ပြီးအောက်ပုံပါအတိုင်း အလယ်မှာအကြွေ...
19/08/2026

အစီရင်ပြုလုပ်နည်းလေးကရိုးရိုးရှင်းရှင်းလေးပါ။

ငှက်ပျောရွက်ကို အနေတော်ညှပ်ယူရေဆေးသန့်စင်ပြီးအောက်ပုံပါအတိုင်း အလယ်မှာအကြွေစေ့တင်ပြီးထိုမအပေါ်ဖရောင်းတိုင်၁တိုင်စိုက်ထွန်းလှုပူဇော်ပါ။

မိမိနေအိမ်ဘုရားမှာပဲထွန်းလှုပူဇော်ရပါ့မယ်။ နေ့ရက်အချိန်သတ်မှတ်ချက်မရှိလို့အဆင်ပြေသလိုထွန်းလှုပူဇော်နိင်ပါတယ်။

ထွန်းလှုပူဇော်ပြီးရင်တော့ 'ဥုံပထဗျာ အာကာသေပဗ္ဗတေစေဝ ဥဒကေဝနေယံယံ ပတ္တံပဝါဒေမိ သဗ္ဗလာဘသိဒ္ဓိဥပေတုံမေ' ဂါထာကို(၂၇)ခေါက်ရွတ်ဖတ်ပူဇော်ပါ။

ငွေဝင်စေဖို့လာဘ်ရွှင်စေဖို့ဆုတောင်းဖို့လည်းမမေ့နဲ့ပေါ့ဗျာဒီအစီရင်ကိုနေ့စဉ်ပြုလုပ်ပေးပါအချိန်တို အတွင်း ထူးထူးခြားခြားငွေဝင်ပါလိမ့်မယ်။

ကောင်းသောလိုရာဆန္ဒများပြည့်ဝကြပါစေ။

#ဗေဒင် #ယတြာ #၇ရက်သားသမီးများအတွက်

ငွေဒလဟောဝင်စေမယ့် ပုတီးစိပ်နည်းဒီနည်းက ကျွန်တော်ကိုယ်တိုင်လုပ်ဖူးပြီးလက်တွေ့အဆင်ပြေခဲ့သလို အသိမိတ်ဆွေတွေကိုပေးတော့လည်းအဆ...
19/08/2026

ငွေဒလဟောဝင်စေမယ့် ပုတီးစိပ်နည်း

ဒီနည်းက ကျွန်တော်ကိုယ်တိုင်လုပ်ဖူးပြီးလက်တွေ့အဆင်ပြေခဲ့သလို အသိမိတ်ဆွေတွေကိုပေးတော့လည်းအဆင်ပြေတယ်ဆိုတာပဲကြားခဲ့ရတဲ့နည်းပါ။ အရမ်းလွယ်ပြီးတကယ်ထိရောက်ပါတယ်ရှင့်။

ပထမဆုံးအနေနဲ့ ကိုယ်လက်သန့်စင်ပြီး ဘုရားစင်ရှေ့မှာ အနန္တော အနန္တငါးပါးကိုရှိခိုးကာ သီလယူပါ ခင်ပွန်းကြီးဆယ်ပါးကန်တော့ပြီး သီလယူနိုင်ရင်ပိုကောင်းပါတယ် ။ ပြီးရင် စိပ်ရမယ့် ဂါထာကတော့ "ဧဟိလာဘံ" ဒါကိုပဲ 108 လုံးပုတီးနဲ့ကိုးပတ်စိပ်ပါ ။ အဓိဌာန်ကိုးရက်ဝင်ပြီးစိပ်နိုင်ရင်ပိုကောင်းပါတယ် ။ စိပ်ပြီးတိုင်းမှာ လေးလေးနက်နက်ဆုတောင်းပါ ။

နည်းကတော့ဒါပါပဲ အရမ်းလွယ်နေလို့အထင်တော့မသေးစေချင်ပါဘူး ။ တကယ်လက်တွေ့အစွမ်းပြခဲ့တဲ့နည်းမလို့ပါ

🌑အဆိုး အညံ့များ လကွယ်နှင့်အတူ ကွယ်ပျောက် သွားတဲ့ ထိရောက်တဲ့ ယတြာလတစ်လရဲ့အဆိုးအညံ့ အဆင်မပြေမှုများချန်ခဲ့ စွန့်ပစ်ခဲ့တဲ့န...
19/08/2026

🌑အဆိုး အညံ့များ လကွယ်နှင့်အတူ ကွယ်ပျောက် သွားတဲ့ ထိရောက်တဲ့ ယတြာ

လတစ်လရဲ့အဆိုးအညံ့ အဆင်မပြေမှုများချန်ခဲ့ စွန့်ပစ်ခဲ့တဲ့နည်း ကြက်သွန်ဖြူယတြာ

ဒီယတြာလေးက အရင်ကလည်း တင်ပေးဖူးပါတယ် ကိုယ်တိုင်လည်း ပြုလုပ်သလို
အညံ့တွေ ချန်ထား ရှင်းထားခဲ့တဲ့ နေရာမှာ
ထိရောက်တဲ့ ယတြာလည်း ဖြစ်တယ်

ကြက်သွန်ဖြူ 3 စိတ် ယူပါ
တစ်စိတ်မှာ အဆိုး
တစ်စိတ်မှာ အညံ့
တစ်စိတ်မှာ အကြွေးပူ ရှိသူက အကြွေးလို့
ရေးပါ

ချယ်က ကြန့်ကြာနေတဲ့ အရာလေး ရှိလို့
ကြန့်ကြာမှုလို့ ရေးထားတာပါ

အဓိက က မိမိ ဆီက ထွက်သွား စေချင်တဲ့
အရာတွေကို ရေးပြီး ပစ်တာပါ

လကွယ်ည မှာ
အိမ်သာမှာ ပစ်၍
ရေဆွဲချလိုက်ပါ

လကွယ် မဟုတ်လည်း
အဆင်မပြေမှုတွေ ကြုံရင် ဒီနည်း အတိုင်း
စွန့်ပစ်ခြင်း ရှင်းထုတ်ခြင်း ယတြာ ပြုလုပ်နိုင်ပါတယ်

ဓာတ်ရိုက်ဓာတ်ဆင် ဆရာမနန္ဒာသီရိ

ကံကြမ္မာ အဆိုးနှင့် ရင်ဆိုင်နေရသူများအတွက် ဆောင်ရန်/ရှောင်ရန်များ၁။ လာဘ်ပိတ်နေသူများ ငွေကြေးစီးဆင်းမှု ပြတ်တောက်နေခြင်း ...
04/08/2026

ကံကြမ္မာ အဆိုးနှင့် ရင်ဆိုင်နေရသူများအတွက် ဆောင်ရန်/ရှောင်ရန်များ

၁။ လာဘ်ပိတ်နေသူများ

ငွေကြေးစီးဆင်းမှု ပြတ်တောက်နေခြင်း သို့မဟုတ် လာဘ်လာဘများ လာသင့်သလောက် မလာဘဲ တုံ့ဆိုင်းနေခြင်းတို့ကြောင့် စိတ်ညစ်နေရသူများ။

၂။ ဈေးရောင်းမကောင်းသူများ

ကုန်ပစ္စည်းများ ရောင်းအားကျဆင်းနေခြင်း သို့မဟုတ် ဈေးကွက်အတွင်း ယှဉ်ပြိုင်မှု ပြင်းထန်လွန်းခြင်းတို့ကြောင့် စီးပွားရေး အကျပ်အတည်း ကြုံတွေ့နေရသူများ။

၃။ အကြွေးမရသူများ

တခြားသူများထံမှ ရပိုင်ခွင့်ရှိသော ငွေကြေးများကို အချိန်မီ ပြန်မရရှိခြင်းကြောင့် ငွေကြေးလည်ပတ်မှု အခက်အခဲ ဖြစ်နေရသူများ။

၄။ အကြွေးမဆပ်နိုင်သူများ

တခြားသူများထံမှ ချေးယူထားသော ငွေကြေးများကို ပြန်လည်ပေးဆပ်ရန် အခက်အခဲ ရှိနေခြင်းကြောင့် စိတ်ဖိစီးမှု ခံစားနေရသူများ။

၅။ ငွေကြေးအခက်အခဲဖြစ်နေသူများ

ဝင်ငွေထက် ထွက်ငွေ များပြားနေခြင်း သို့မဟုတ် မမျှော်လင့်ထားသော ကုန်ကျစရိတ်များ ကြောင့် ငွေကြေးမလောက်မင ဖြစ်နေရသူများ။

၆။ အကြီးအကဲနှင့် အဆင်မပြေသူများ

အလုပ်ခွင် သို့မဟုတ် လူမှုပတ်ဝန်းကျင်ရှိ အကြီးအကဲများ၊ အထက်လူကြီးများနှင့် နားလည်မှုလွဲမှားခြင်း သို့မဟုတ် သဘောထားကွဲလွဲခြင်းတို့ကြောင့် အခက်အခဲ ကြုံတွေ့နေရသူများ။

၇။ အလုပ်အကိုင်တိုးလို့တန်းလန်းဖြစ်နေသူများ

အလုပ်အကိုင် အခြေအနေ မရေရာခြင်း သို့မဟုတ် အလုပ်ပြောင်းရန်၊ တိုးတက်ရန် အခွင့်အလမ်းများ တုံ့ဆိုင်းနေခြင်းကြောင့် လမ်းပျောက်နေသကဲ့သို့ ခံစားနေရသူများ။

ဓာတ်ရိုက်ဓာတ်ဆင် နန္ဒာသီရိ

မနက်၉ခေါက်နဲ့ ည၉ခေါက်ရွတ်ပါ 🕉️🕉️🕉️တကယ်သိသိသာသာ ၁ပတ်အတွင်း ငွေဝင်ပါလိမ့်မည်။ မြင်တာနဲ့ရှဲပါ ငွေကြေးကံ ကောင်းပါစေ နော် မိတ...
02/08/2026

မနက်၉ခေါက်နဲ့ ည၉ခေါက်ရွတ်ပါ 🕉️🕉️🕉️
တကယ်သိသိသာသာ ၁ပတ်အတွင်း ငွေဝင်ပါလိမ့်မည်။ မြင်တာနဲ့ရှဲပါ ငွေကြေးကံ ကောင်းပါစေ နော် မိတ်ဆွေ ကျေးဇူးပါ အားပေးမှု အတွက် လေးစားလျက်ပါ 🙏🙏🙏

အဘထွက်ပွဲနီးလာပြီမို့လားမသိ အဘကိုတအားသတိရနေမိတယ် စကားဝါပန်းနံ့တွေလည်း ရနေသလို စကားဝါပန်းတွေနဲ့လည်း ၁၀၈ဖီးပွဲကြီးလှူချင်စ...
01/08/2026

အဘထွက်ပွဲနီးလာပြီမို့လားမသိ အဘကိုတအားသတိရနေမိတယ်

စကားဝါပန်းနံ့တွေလည်း ရနေသလို စကားဝါပန်းတွေနဲ့လည်း ၁၀၈ဖီးပွဲကြီးလှူချင်စိတ်ပေါက်နေတယ်

မတပဲနဲ့ရ
မတပဲနဲ့ဝ
အောင်ရမည် အရဟံ
အောင်ပြီ အောင်ပြီ အောင်ပြီဟေ့

အဘအတွက် ဝတ်လဲတော်အညိုအသစ်လှူပေးတဲ့ တနလာ်သားကြီးလည်း ကျန်းမာချမ်းသာ လိုရာဆန္ဒတွေပြည့်ပါစေရှင်

အဘသားသမီးတွေ လည်း အမြဲတမ်း ဝဝစား ပေါပေါလှူနိုင်ကြပါစေ အဘထွက်ပွဲ များလည်း ပေါက်ပေါက်မြောက်မြောက် ထိရောက်နန်းရောက် ပုပ္ပါးအောင်မြေထိ သွားရောက်လှူနိုင်ကြပါစေရှင်။

 #‎ထူးဆန်းသောစကား (၂၆) ခွန်း၁။ အချစ်ရေးကိစ္စအဆင်မပြေပါက    " လိုလာ "  (၁၂) ခွန်း ရွတ်‎၂။ ငွေရေးကြေးရေးအဆင်မပြေပါက  " တြင...
01/08/2026

#‎ထူးဆန်းသောစကား (၂၆) ခွန်း

၁။ အချစ်ရေးကိစ္စအဆင်မပြေပါက " လိုလာ " (၁၂) ခွန်း ရွတ်

‎၂။ ငွေရေးကြေးရေးအဆင်မပြေပါက " တြင်ကာ" (၅) ခွန်း

‎၃။ ငြင်းခုန်ရမည့်ကိစ္စများအနိုင်ရရန် "အွန်ရာ " (၃) ခွန်း

‎၄။ ပစ္စည်းပျောက်တဲ့အခါ " ယာနို " (၁၀၁) ခွန်း

‎၅။ တစ်စုံတစ်ခုအားမေ့နေရင် " မိုအင်ဒု " (၁၄) ခွန်း

‎၆။ အကြောင်းအရာတစ်ခုအားမေ့နေရင် " ဇင်ဒါး " (၁၂) ခွန်း

‎၇။ စကားဝှက်တွေဖြေဖို့ဆိုရင်. . " လနစ်" (၁၉) ခွန်း

‎၈။ သယ်ယူပို့ဆောင်ရေးမှာအခက်အခဲတွေ့နေရင် " အော့တဝေး " (၂၀) ခွန်း

‎၉။ လွတ်မြောက်ဖို့ကိစ္စတွေဆိုရင် " အရွန် အရွန် လောက်စ် " (၄၁) ခွန်း

‎၁၀။ အကူအညီလိုတဲ့အခါမျိုးမှာ " အရွန် အရွန် ". (၂၈) ခွန်း

‎၁၁။ ကစားပွဲတွေနိုင်ဖို့ "တာဗနိုး "... (၃၁) ခွန်း

‎၁၂။ နာကျင်တဲ့အခါ သက်သာစေဖို့ . " ဆွာဆွန် " (၈) ခွန်း

‎၁၃။ မိတ်ဆွေတွေနဲ့ပတ်သက်တဲ့ကိစ္စ " အော်မား ". (၇) ခွန်း

‎၁၄။ ပညာဥာဏ်နဲ့ပတ်သက်တဲ့ကိစ္စတွေ " အိုဝါယီး ". (၂၂) ခွန်း

‎၁၅။ အချိန်ဆွဲလိုတဲ့ကိစ္စတွေ " ဟစ်(စ်) (၄၉) ခွန်း

‎၁၆။ ရိုသေခန့်ညားမှူအတွက်. " လင်(န်)ရားမ " (၇၁) ခွန်း

‎၁၇။ ကျန်းမာရေးကောင်းဖို့. " ဗရီးမား ". (၁၆) ခွန်း

‎၁၈။ တန်ခိုးသိဒ္ဓိတွေနားလည်ဖို့. " အော်ကွန်ဒေါ " (၆၃) ခွန်း

‎၁၉။ တန်ခိုးသိဒ္ဓိတွေထိန်းချုပ်ဖို့. " အွန်ရာမား" (၉) ခွန်း

‎၂၀။ လွမ်းဆွတ်တသဖွယ်ရာတွေ " လျှိုရက်စ် ". (၂) ခွန်း

‎၂၁။ အိမ်ထောင်ရေးအဆင်ပြေဖို့ " ကာဂျူရယ် " (၁၅) ခွန်း

‎၂၂။ ခွန်အားသစ်တွေရဖို့ " အတုံ အတုံ " (၄၅) ခွန်း

‎၂၃။ တင်းကျပ်မှူဖြေလျော့ဖို့ " ဆွာ ဆွာ ဆွန် " (၃၄) ခွန်း

‎၂၄။ တစ်ဦးနဲ့တစ်ဦးအကြိတ်အခဲတွေ
ပြေပျောက်ဖို့ " အောင်လတ် " (၉၂) ခွန်း

‎၂၅။ လူငယ်တွေနဲ့ပတ်သက်တဲ့ကိစ္စပြေလည်ဖို့ "လိုအာမတ်" (၂၁)ခွန်း

‎၂၆။ ကျန်းမာရေးအတွက် "ဗရီမာ" . (၁၆) ခွန်း

‎ ူရင်းပိုစ့် နှင့် ဆရာကြီးမင်းသိင်္ခ

#လောကိပညာ

ဝါဆိုလပြည့်နေ့အလှူ(၉)မျိုး(ဖတ်ကြည့်ရန်ဝါဆိုလပြည့်နေ့မှာ ကံဇာတာအညံ့အဆိုးတွေ ပြေပျောက်ပြီး ကံပွင့်၊ လာဘ်ပွင့်၊ အိမ်သူအိမ်သ...
28/07/2026

ဝါဆိုလပြည့်နေ့အလှူ(၉)မျိုး(ဖတ်ကြည့်ရန်
ဝါဆိုလပြည့်နေ့မှာ ကံဇာတာအညံ့အဆိုးတွေ ပြေပျောက်ပြီး ကံပွင့်၊ လာဘ်ပွင့်၊ အိမ်သူအိမ်သား တွေ စိတ်အေးချမ်းသာဖြစ်စေဖို့အတွက် မဖြစ်မနေ လုပ်ပေးရမယ့် ကံဇာတာမြှင့် အလှူ (၉) မျိုး…..
ဒီ (၉) မျိုးကို ဝါဆိုလပြည့်နေ့ (နံနက်ပိုင်း သို့မဟုတ် နေ့ခင်း) မှာ မိမိတို့အိမ်က ဘုရားစင်ပေါ်မှာ သေသေချာချာ ပြင်ဆင်ပြီး ကပ်လှူပူဇော်ပေးရမှာ ဖြစ်ပါတယ်။
ကံဇာတာမြှင့် ဝါဆိုလှူဖွယ် (၉) မျိုး ဆန် (နို့ဆီဗူး ၁ ဗူး) - စားဝတ်နေရေး ပူပန်မှုမရှိဘဲ စီးပွားလာဘ်လာဘ အမြဲအဆင်ပြေစေရန်။ ဆီ (ပုလင်းငယ် ၁ ပုလင်း) - ဘဝခရီးလမ်း ချောမွေ့ စေရန်နှင့် အနှောင့်အယှက်ကင်းစေရန်။ ဆေး (အိမ်သုံးဆေး သို့မဟုတ် ဗီတာမင်) -အိမ်သူအိမ်သားများ ဘေးဥပဒ်ကင်းဝေးပြီး ကျန်းမာ ကြံ့ခိုင်စေရန်။
ဆား (အထုပ်ငယ် ၁ ထုပ်) - ဂုဏ်သတင်းကျော်စော စေရန်နှင့် စကားအရာတွင် ဩဇာညောင်းစေရန်။ ရေချမ်း (၁ ခွက်) - စိတ်နှလုံး အေးချမ်းပြီး ပူပန်မှု ဟူသမျှ ငြိမ်းအေးသွားစေရန်။
ဆီမီး / ဖယောင်းတိုင် (၁ တိုင် သို့မဟုတ် ၁ ခွက်) ဉာဏ်ပညာ ပွင့်လင်းစေပြီး ဘဝအမှောင်ထုများ ပပျောက်စေရန်။
အမွှေးတိုင် (၃ တိုင်) - နတ်ကောင်းနတ်မြတ်များ စောင့်ရှောက်ပြီး ကောင်းသော အတိတ်နိမိတ်များ လွင့်ပျောက်စေရန်။
မိမိဝါဆိုပန်း (ထီးပန်း၊ ညောင်ရေ သို့မဟုတ် မိမိကြိုက်နှစ်သက်ရာ ပန်း) - ကံဇာတာ မြင့်မားပြီး လူ ချစ်လူခင် ပေါများစေရန်။

အလှူငွေ (မိမိတတ်နိုင်သလောက် ပမာဏ)လာဘ်ပိတ်နေမှုများကို ပွင့်စေပြီး ငွေကြေးဓန တိုးပွား စေရန်။

ကံပွင့်အောင် ဘယ်လိုပူဇော်မလဲ?

ပြင်ဆင်ပုံ - ဗန်းတစ်ခုထဲတွင် အထက်ပါ (၉) မျိုးကို သေသေချာချာ သန့်သန့်ရှင်းရှင်း ထည့်သွင်းပြင်ဆင် ပါ။
ကပ်လှူပုံ - ဝါဆိုလပြည့်နေ့တွင် အိမ်ကဘုရားစင် ပေါ်၌ တင်လှူပူဇော်ပြီး မိမိဖြစ်ချင်သော ဆုတောင်း (ကံဇာတာ မြင့်မားစေရန်၊ စီးပွားပွင့်စေရန်) ကို အာရုံပြု၍ ဆုတောင်းပါ။
စွန့်ရမည့်အချိန် - လပြည့်နေ့ညနေ သို့မဟုတ် နောက် တစ်နေ့နံနက်တွင် ဘုရားစင်မှ ပြန်လည်စွန့်ယူနိုင်ပြီး ဆန်၊ ဆီ၊ ဆား၊ ဆေးတို့ကို အိမ်မှာပဲ ပြန်လည်သုံးစွဲ ခြင်း သို့မဟုတ် သံဃာတော်များအား ဆက်လက် လှူဒါန်းခြင်းဖြင့် ကုသိုလ်ထပ်မံယူနိုင်ပါတယ်။
ဒီလို စနစ်တကျ ကပ်လှူပူဇော်ပေးခြင်းဖြင့် ဝါဆိုလ ပြည့်နေ့မှစ၍ ကံဇာတာ အဆိုးများ လွင့်စင်ပြီး ကံပွင့် လာဘ်ပွင့်ကာ စီးပွားရေး၊ ကျန်းမာရေး အစစအရာရာ ဒီရေအလား တိုးတက်မြင့်မားလာပါလိမ့်မယ်

သိုက်ပွဲ ပဋ္ဌာန်းဆက်ပွဲ  သာသနာပွဲပေးကြတယ်ဘာလို့ပေးရတယ်ဆိုတယ့်ရည်ရွယ်ချက်လေး အကုန်လုံးကိုသိစေချင်ပါတယ်။ကျွန်မအတွက်တော့ ပွ...
23/07/2026

သိုက်ပွဲ ပဋ္ဌာန်းဆက်ပွဲ သာသနာပွဲပေးကြတယ်
ဘာလို့ပေးရတယ်ဆိုတယ့်ရည်ရွယ်ချက်လေး အကုန်လုံးကိုသိစေချင်ပါတယ်။

ကျွန်မအတွက်တော့ ပွဲပေးတယ်ဆိုတာ အလှူပြုပေး ကုသိုလ်ပြုပေးနည်းတစ်မျိုးပါပဲ။
( ဆရာတစ်ယောက်နဲ့တစ်ယောက် အဓိပ္ပါယ် ဖွင့်ဆိုပုံခြင်းတော့မတူနိုင်ပါဘူး။)

သူတို့မလုပ်နိုင်တယ့် လုပ်လို့မရတယ့်ကုသိုလ်ကို လူ့ဘဝရထားတယ့် ကျွန်မတို့ကဖြည့်ဆည်းပေးတယ့်အခါ သူတို့ရဲ့လုပ်နိုင်စွမ်း သိဒ္ဓိ တိုးလာတယ်။ ကိုယ့်ရဲ့ကံအကြောင်းတရားတွေကို ပိုအားကောင်း ပိုမြန်လာအောင် ပံ့ပိုးနိုင်လာတယ်။

ခဏခဏပြောပြတယ် သိုက်တွေ ပဋ္ဌာန်းဆက်တွေက ဘယ်တော့မှအကြောင်းတရားမဟုတ်ဘူး ပံ့ပိုးသူအနေနဲ့ အပြန်အလှန် အထောက်အကူပြုနေတာပဲ ဖြစ်တယ်.

မိမိကံတွေပိုကောင်းလာအောင် အတိတ်ကံအကျိူးပေးပိုမြန်အောင်ပဲ ပံ့ပိုးတယ် ကူညီတယ်။

ကံပိတ်နေရင် အပြင်ယတြာအနေနဲ့ဘာလို့ပွဲ လှူခိုင်းလည်းဆို အတိတ်က ဒါနကံ ပြန်နိုးထလာနိုင်အောင်လှူခိုင်းပါတယ်။
မဖြစ်မနေ လှူစရာလိုလားဆိုတော့ ကိုယ့်စိတ်စေတနာက အဓိကပါ။
စိတ်က စွမ်းအားပြင်းတယ်
တစ်ချို့ကံတွေက ပြင်လို့မရပေမယ့် စိတ် အစွဲတွေဖျက်နိုင်ရင် တစ်ချို့ကံတွေကြ ပိုကောင်းအောင်လုပ်လို့ရပါတယ်

ပွဲအလှူ( အုန်းသီးစိမ်း ငှက်ပျောသီးအစိမ်း) အစိမ်းရောင်သည် အေးမြခြင်း ဖြောင့်ဖြူးခြင်း လမ်းပွင့်​ခြင်း ဓါတ်သဘောဆောင်ပါတယ်။

ပွဲအောင်တယ့်အခါ ဝင်းမှည့်ခြင်း အဝါရောင်သည် ဘုန်းတန်ခိုး ကိုယ်ရောင်ကိုယ်ဝါ တိုးတက်ခြင်း၊ ပညာဉာဏ်ပွင့်လန်းခြင်း၊ လာဘ်လာဘပွင့်လန်းခြင်း ဓါတ်သဘောဆောင်ပါတယ်။

နာမ်စွမ်းအင်အရ ဘုန်းတန်ခိုး နဲ့အေးမြမှုကို သိုက်ဆက် ပဋ္ဌာန်းဆက်အနွယ်ဝင်တွေအား ဖြည့်တင်းပေးခြင်းသဘောဆောင်ပါတယ်။

ဘယ်သူကစလိုက်တယ်မသိပေမယ့် ဒါလှူရင် ဒါရမယ်ဆိုတယ့် အပေးအယူသဘောတရားမျိုး ကျွန်မသွားနေတယ့်လမ်းကြောင်းထဲမှာတော့ မရှိပါဘူး။

ကိုယ့်စိတ်ရင်းမှန်ကန်လို့ရတယ့် တန်ပြန်အကျိုးတွေကြောင့်ပဲ ပွဲလှူနေကြသူတွေသည် ထပ်ခါထပ်ခါလှူဒါန်းမှုပြုကြတာပါ။
တဆက်တည်းပြောပါဦးမယ်။
သိုက်လာစစ်ရင် ခဏခဏကြုံရပါတယ်။
သိုက်ကဘာလို့ဘာမှမပေးတာလဲ။
သိုက်အမျိုးအစား အများကြီး အနွယ်ဘုံတွေအများကြီး လုပ်နိုင်စွမ်း အနည်းနဲ့အများ ကွာကြပါတယ်
သိုက်ဆိုတိုင်း အကုန်တန်ခိုး သိဒ္ဓိ ပြည့်နေတာမဟုတ်ဘူး..
တစ်ချို့သိုက်တွေဆို နေစရာ အတည်တကျမရှိလို​့ ခဏခဏပြောင်းရွှေ့နေရတာမျိုးရှိသလို့ တစ်ချို​့ကြလည်း လိုတာတ တတာမှန်သမျှဖြည့်ဆည်းပေးတတ်တယ့်သိုက်မျိုးတွေလည်းရှိပါတယ်။
Give and take သဘောတရားသွားပါတယ်။ ဖြည့်ဆည်းပေးတယ့်နောက်မှာ သူတို့စိတ်တိုင်းကျမနေထိုင်ရင် အမှားလုပ်မိရင် ပေးတာထက်ပိုများတယ့် ဒုက္ခ တွေပြန်ရတတ်ပါတယ်။ အဲ့ကြမှ သိုက်ကမကောင်းဘူး သိုက်ကနှောင့်တယ်ဆိုပြန်တော့ တယ်ခက်ပါတယ်။
သိုက်တွေကိုချည်းကပ်ရာမှာ လမ်းမှန်ဖို့အင်မတန်အရေးကြီးပါတယ်။
ကိုယ့်သိုက်က :
ဥစ္စာပေးတာလား
အကာအကွယ်ပေးတာလား
လမ်းပြပေးတာလား
နာမ်စွမ်းအင်ပိုင်းအရ ကူညီပံ့ပိုးပေးတာလား..
ဒါမျိုးကွာခြားပါတယ်။

အချုပ်အနေနဲ့ပြောရမယ်ဆို ပွဲလှူလို့ အဓိဠာန်တွေအောင်တာ မဟုတ်ပါဘူး ကိုယ်ပြုပေးတယ့်ဒါနနဲ့ စိတ်စေတနာ သဒ္ဓါတရားရဲ့ အကျိူးကို မိမိပဋ္ဌာန်းဆက်တွေနဲ့ အထက်ပုဂ္ဂိုလ်တွေက တိုက်ရိုက်ဖြည့်ဆည်းပေးရုံပါ.....

Address

မြို့မရပ်ကွက်၊ဗိုလ်ချုပ်ပန်းခြံအနီး
Taunggyi

Website

Alerts

Be the first to know and let us send you an email when ဓာတ်ရိုက်ဓာတ်ဆင် နန္ဒာသီရိ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category