
03/08/2025
Congratulations YG 🏆
PUBG Game မှာ ကမ္ဘာ့ချန်ပီယံအဖြစ် ထူးခြားတဲ့အောင်မြင်မှုကို ရရှိခဲ့သော Yangon Galacticos E-Sports အသင်း မှ
ဌင်းတို့၏ ပရိတ်သတ်များအတွက် ရန်ကုန်မြို့ရှိ Slay Bar တွင်
စီစဉ်ကျင်းပခဲ့သည့် Fan Meeting အခမ်းအနားတွင်
Decoration အလှဆင်ခြင်း နှင့် အခြားသောအပြင်အဆင်
ဆိုင်ရာများအတွက် ကျွန်ုပ်တို့ Newish Floral လုပ်ငန်းအား
ယုံကြည်စွာဖြင့် ရွေးချယ်အပ်နှံပေးခဲ့သည့်အတွက်
ကျေးဇူးအထူးတင်ရှိပါသည်။
ကျွန်ုပ်တို့ Newish Floral အနေဖြင့်
Yangon Galacticos E-Sports အသင်း၏ Gaming Spirit နှင့်
ကမ္ဘာ့ချန်ပီယံအဖြစ်အောင်မြင်မှုမရသေးမှီ
ပရိတ်သတ်များနှင့်အတူ Fan Meeting မှာ
စိတ်ဓာတ်ခွန်အားများစွာရယူနိုင်ရန် ရည်ရွယ်ပြီး
ပွဲလာပရိသတ်များ၏ စိတ်ထဲတွင်ပါ အသိအမှတ်ပြုခံရနိုင်သော အမှတ်တရတစ်ခု ဖြစ်ပေးနိုင်ရန်ကြိုးစားပေးခဲ့ပါသည် ။
ထို Fan Meeting အခမ်းအနားကို သာမာန်ထက်ထူးခြားတယ်လို့ ခံစားရစေဖို့အတွက်
YG အသင်းမှာတက်ကြွသည့်အသင်းဝင်များ ၊
နောက်ကွယ်မှ တာဝန်ရှိသူများ ၊ တခဲနက်အားပေးခဲ့ကြသည့်
ပရိသတ်များနှင့် ထပ်တူညီသည့် စိတ်ဓာတ်ဖြင့် ဆန်းသစ်မှုများကိုပေါင်းစပ်ကာ Decoration အလှဆင်ပေးနိုင်ခဲ့ခြင်းသည်
ကျွန်ုပ်တို့အတွက်လည်း အင်မတန်မှ ဂုဏ်ယူစရာပင်ဖြစ်ပါသည်။
ဤကဲ့သို့အရေးကြီးသောအခမ်းအနားတွင် ပါဝင်နိုင်ခဲ့ခြင်းအတွက် ထပ်မံ၍ ကျေးဇူးအထူးတင်ရှိကြောင်းနှင့်
နောင်လာမည့် Event များတွင်လည်း ယုံကြည်မှုအပြည့်ဖြင့်
ဆက်လက်ပြီး အတူလက်တွဲလုပ်ကိုင်နိုင်မည်ကို
မျှော်လင့်လျက်ရှိပါကြောင်း ဂုဏ်ယူစွာ ပြောကြားလိုက်ပါတယ်ရှင့် 🙏🏻🙏🏻🙏🏻
Newish Floral
– Crafting Moments with Meaning –