Shwun’s Floral Service

Shwun’s Floral Service Floral Service Mawlamyine

Feb 14ရက်နေ့အတွက် ချောကလတ်ပန်းစီးလေးတွေorder ကြိုတင်လို့ရပြီနော်🍫❤️ဆက်သွယ်ရန်:☎️ 09989967133Payment- Kpay ,Wave payAddre...
09/02/2025

Feb 14ရက်နေ့အတွက်
ချောကလတ်ပန်းစီးလေးတွေ
order ကြိုတင်လို့ရပြီနော်🍫❤️

ဆက်သွယ်ရန်:
☎️ 09989967133
Payment- Kpay ,Wave pay

Address - B/9 ဆောက်သန်းမြန်မာဘောလုံးကွင်းတိုက်ခန်း ၊ပန်းရွှေပြည်ပန်းဆိုင် ၊ မော်လမြိုင်မြို့။
boquet
service
#ပန်းဆိုင်

28/01/2025

❤️𝐆𝐨𝐧𝐠 𝐗𝐢 𝐅𝐚 𝐂𝐚𝐢🧧

တရုတ်နှစ်ကူးမှာ တရုတ်မလေးအတွက် ပန်းစည်းလက်ဆောင်ပေးလိုရပါပြီ။ 💐😛

ဒီနှစ်က Year of Snake မြွေနှစ် ဆိုတော့ မြွေနှစ်မွေးတဲ့သူတွေအတွက်လည်း လက်ဆောင်ပေးလိုရပါတယ်။🐍
ပန်းစည်းလေးပေးရင်း ဟုန်ပေါင်းတောင်းဖိုမမေ့နဲ့နော်။

❤️အခုလို တရုတ်နှစ်ကူးအခါသမယမှာလည်း ချစ်ခင်ရသူများအားလုံး ရေလိုအေး၊ပန်းလိုမွှေး၍ စီးပွားလာဘ်လာဘများ တိုးပွားကြပါစေကြောင်းလည်း
"Shwun's Floral Service" မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။


#မော်လမြိုင် #ပနးဆိုင်


“ဒီကမ္ဘာကြီးထဲမှာ ဘယ်နေရာကများအမေ့အိမ်ထက် ပိုပြီးလုံခြုံနွေးထွေးနိုင်မှာလဲ။”🌷🏡အမေ့အကြောင်းပြောပါဆိုရင် ဘယ်အရာလေးတွေကိုအရ...
13/01/2025

“ဒီကမ္ဘာကြီးထဲမှာ ဘယ်နေရာကများ
အမေ့အိမ်ထက် ပိုပြီးလုံခြုံနွေးထွေးနိုင်မှာလဲ။”🌷🏡

အမေ့အကြောင်းပြောပါဆိုရင် ဘယ်အရာလေးတွေကို
အရင်ပြောမိတတ်ကြလဲ။ 💛

✨အမေကအရမ်းဆူတဲ့အကြောင်းလား။
✨အမေကဟင်းချက်အရမ်းကောင်းတဲ့အကြောင်းလား။

ဘယ်လိုအကြောင်းအရာမျိုးနဲ့ပဲ အစချီချီ အမေဆိုတာ ဘဝမှာ မိသားစုအတွက် သူတို့ရဲ့ ကိုယ်၊ စိတ်၊အချိန်နဲ့အားအင်တွေကိုပေးဆပ်ရင်း မိသားစုရဲ့ ယိုပေါက်တွေကို သိသိသာသာရော၊မသိမသာပါဖာထေးပေးနေတဲ့
သန်မာသော အမျိုးသမီးတွေပဲဖြစ်ပါတယ်။🤰✨

ဘဝမှာ ကြမ်းတမ်းမှုတွေ၊ရုန်းကန်မှုတွေနဲ့ ကြုံခဲ့ရလည်း
အမေတွေဆိုတာ တချိန်ကတော့ ပန်းကလေးတွေလို လှပ၊နူးညံ့မှုတွေနဲ့ သိမ်မွေ့နေခဲ့ဖူးပါတယ်။

ဒါကြောင့် ပန်းကလေးတွေတူတဲ့ ဒီအမျိုးသမီးတွေကို ချစ်ပြရမယ်။ ကြင်နာရမယ်။ဂုဏ်ပြုပေးရမယ်။
ပန်းကလေးတွေလက်ဆောင်ပေးရမယ်ဆိုတာကိုလည်း
မမေ့နဲ့နော်။💛✨

“မကြာခင်ကျရောက်လာတော့မယ် အမေများနေ့မှာ မေမေတို့အတွက် ပန်းတပွင့်ဖြစ်စေ၊ ပန်းစည်းအကြီးကြီးဖြစ်စေ၊ နှစ်သက်ရာပန်းစည်းများကို Shwun's Floral Service မှာ မှာယူနိုင်ပါတယ်ရှင်။”🌷🌷🌷


#ပန်းဆိုင်
#မော်လမြိုင်

🌷ပန်းကလေးတွေက မွှေးတယ်။ပန်းကလေးတွေက လှတယ်။သဘာဝဘေးဒဏ်ကို ကြံ့ကြံ့ခံပြီးပန်းကလေးတွေက ဖူးပွင့်ကြတယ်။ပန်းကလေးတပွင့်က ပျော်ရွ...
10/01/2025

🌷ပန်းကလေးတွေက မွှေးတယ်။
ပန်းကလေးတွေက လှတယ်။
သဘာဝဘေးဒဏ်ကို ကြံ့ကြံ့ခံပြီး
ပန်းကလေးတွေက ဖူးပွင့်ကြတယ်။
ပန်းကလေးတပွင့်က ပျော်ရွှင်မှုဟော်မုန်းကို တိုးမြှင့်ပေးတယ်။ ပန်းလေးတွေအများကြီးရှိတဲ့အခါ ကမ္ဘာဟာပိုလို့‌
အေးချမ်းပျော်ရွှင်ရတယ်။နေပျော်စရာကောင်းတယ်။
ဒါကြောင့် ကိုယ့်ရဲ့ ကိုယ်ပိုင်ကမ္ဘာထဲမှာလည်း ပန်းကလေးတွေနဲ့တူတဲ့ လူတွေကိုသာ ရှင်သန်ခွင့်ပေးပါတဲ့...

ဒါဆို ကိုယ့်ဘဝထဲမှာ ပန်းကလေးတွေနဲ့တူတဲ့လူ
ဘယ်သူတွေရှိနေပြီလဲ....။ ထိုလူတွေကိုပိုင်ဆိုင်ထားရင် အရမ်းကို ကံကောင်းနေပါပြီနော်။🌷


#ပန်းဆိုင် #မော်လမြိုင်

ဇန်နဝါရီလမှာ မွေးဖွားတဲ့ ကောင်မလေးတွေကို ကိုယ်စားပြုတဲ့ Birth Flower ကတော့ ကာနေရှင်းပန်းလေးတွေပဲဖြစ်ပါတယ်။💐🩷ကာနေရှင်းပန်...
02/01/2025

ဇန်နဝါရီလမှာ မွေးဖွားတဲ့ ကောင်မလေးတွေကို
ကိုယ်စားပြုတဲ့ Birth Flower ကတော့ ကာနေရှင်း
ပန်းလေးတွေပဲဖြစ်ပါတယ်။💐

🩷ကာနေရှင်းပန်းလေးတွေမှာအရောင်အနေနဲ့ အနီရောင်၊ ပန်းရောင်၊ အဖြူရောင်၊ အဝါရောင်၊ ခရမ်းရောင်ဆိုပြီး အရောင်တော်တော်များများရှိပြီး ပန်းရောင်လေးရဲ့ အဓိပ္ပာယ်ကတော့ "မင်းကိုဘယ်တော့မှမေ့လိုရမှာမဟုတ်ဘူး" ဆိုတဲ့ ဘာသာစကားလေးပဲဖြစ်ပါတယ်။

ကာနေရှင်း (Carnation) ပန်းတွေက ချစ်ခြင်းမေတ္တာ၊
သံယောဇဉ်၊ စွဲလမ်းမှုနှင့် ထူးခြားသောအရည်အသွေးများကို ကိုယ်စားပြုပါတယ်။🩷🦩

ကာနေရှင်း (Carnation) ပန်းတွေနဲ့အတူ မွေးဖွားလာတဲ့
ဇန်နဝါရီလဖွာကောင်မလေးတွေကလည်း ချစ်တတ်သူ၊
သဲယောဇဉ်ကြီးသူ ၊ အစွဲအလမ်းကြီးသူတွေလိုဆိုနိုင်ပါတယ်ရှင်။💕

ဘယ်သူတွေကများ ဇန်နဝါရီလများမွေးဖွားခဲ့ကြလဲ။🙄
အရမ်းချစ်တတ်သူကြီးတွေ လက်ထောင်သွားပါဦး။ ✋



၂၀၂၅ နှစ်သစ်မှာ ...🌻💐ပန်းတွေလို ကြည်လင်‌မွှေးပျံ့တဲ့သတင်းစကားတွေကိုကြားရပါစေ။ပန်းတွေလို လှပတဲ့နေ့ရက်တွေကိုပိုင်ဆိုင်ရပါစ...
31/12/2024

၂၀၂၅ နှစ်သစ်မှာ ...🌻

💐ပန်းတွေလို ကြည်လင်‌မွှေးပျံ့တဲ့သတင်းစကားတွေ
ကိုကြားရပါစေ။ပန်းတွေလို လှပတဲ့နေ့ရက်တွေကိုပိုင်ဆိုင်ရပါစေ။ ချစ်ရတဲ့သူတွေနဲ့အတူ ပန်းခင်းကြီး
တွေဆီ ‌ အေးချမ်းစွာ လည်ပတ်ခွင့်ရပါစေ....။💛


အကယ်၍ပန်းကလေးတွေသာစကားပြောတတ်မယ်ဆိုရင် သူတို့ပြောမယ့် စကားလေးတွေက ဘာဖြစ်မလဲ။💐❤️   #ပန်းဆိုင်  #မော်လမြိုင်ပန်းဆိုင်
27/12/2024

အကယ်၍ပန်းကလေးတွေသာစကားပြောတတ်မယ်ဆိုရင် သူတို့ပြောမယ့် စကားလေးတွေက ဘာဖြစ်မလဲ။💐❤️


#ပန်းဆိုင် #မော်လမြိုင်ပန်းဆိုင်

🎄Merry Christmas to you all 🎄ဒီဇင်ဘာလရဲ့ ငွေနှင်းမှုန်လေးများနဲ့ အေးမြတဲ့ ခရစ္စမတ်နေ့လေးမှာ ချစ်ရတဲ့သူတွေနဲ့အတူတကွပျော်ရ...
25/12/2024

🎄Merry Christmas to you all 🎄

ဒီဇင်ဘာလရဲ့ ငွေနှင်းမှုန်လေးများနဲ့ အေးမြတဲ့
ခရစ္စမတ်နေ့လေးမှာ ချစ်ရတဲ့သူတွေနဲ့အတူတကွ
ပျော်ရွှင်ကြည်နူးစရာ အချိန်ကောင်းလေးများ ပိုင်ဆိုင်နိုင်ကြပါစေကြောင်း " Shwun's Floral Service"မှ ဆုတောင်းပေးလိုက်ပါတယ်ရှင်။💐🎅


ကျော် Crush ကို ပန်းစည်းသွားပေးတော့မှာမို့ အငြင်းခံရရင် အဲ့ပန်းစည်းကို ဘာဆက်လုပ်ရမလဲဗျ။    #မော်လမြိုင်ပန်းဆိုင်  #ပန်းဆ...
19/12/2024

ကျော် Crush ကို ပန်းစည်းသွားပေးတော့မှာမို့
အငြင်းခံရရင် အဲ့ပန်းစည်းကို ဘာဆက်လုပ်ရမလဲဗျ။


#မော်လမြိုင်ပန်းဆိုင် #ပန်းဆိုင်

 #ဘွဲ့ယူမည့်သူများအတွက်ပန်းစည်းလက်ဆောင် 👩‍🎓💐မော်လမြိုင် တက္ကသိုလ်ရဲ့ ဘွဲ့ရက်တွေအတွက် ပန်းစည်းလက်ဆောင်များနှင့် ဘွဲ့အရုပ်...
16/12/2024

#ဘွဲ့ယူမည့်သူများအတွက်ပန်းစည်းလက်ဆောင် 👩‍🎓💐

မော်လမြိုင် တက္ကသိုလ်ရဲ့ ဘွဲ့ရက်တွေအတွက် ပန်းစည်းလက်ဆောင်များနှင့် ဘွဲ့အရုပ်များကို Shwun's Floral Service မှာ စတင်မှာယူနိုင်ပါပြီ။💐💐

🌷လိုချင်တဲ့ ဒီဇိုင်း၊
🌷လိုချင်တဲ့ ပန်း၊
🌷ပန်းအရေအတွက် ၊အရောင်သေချာရွေးလို့ရမယ်နော်။

👩‍🎓👩‍🎓ဘွဲ့အရုပ်တွေကိုပါ ပူးတွဲမှာယူနိုင်လို့ မင်မင်ရွှန်းမှာမှာမယ်ဆို အလှဆုံးတွေနဲ့အတူအကောင်းဆုံးပြင်ဆင်ပေးမှာပါ။🩷

အသုံးပြုချင်တဲ့ Budget အပေါ်လိုက်ပြီးလည်း အဆင်ပြေအောင် စီစဉ်ပေးပါတယ်။✨

ဒါဆိုရင်တော့ ကိုယ်ချစ်ရတဲ့သူတွေရဲ့ အမှတ်တရအဖြစ်ဆုံး နေ့ရက်လေးမှာ ပန်းစည်းလေးတွေနဲ့အတူပါဝင်အားဖြည့်ရင်းဂုဏ်ပြုကြရအောင်နော်။🫶

ပန်းစည်းများမှာယူလိုပါက Page Messenger (သို့) ဖုန်း ☎️ 09 989 967 133
Payment- Kpay ,Wave pay

Address - B/9 ဆောက်သန်းမြန်မာဘောလုံးကွင်းတိုက်ခန်း ၊ပန်းရွှေပြည်ပန်းဆိုင် ၊ မော်လမြိုင်မြို့။



#မော်လမြိုင်ပန်းဆိုင် #ပန်းဆိုင်

အားလုံးသိကြတဲ့အတိုင်းအဝါရောင်နေကြာတွေက ပျော်ရွှင်ခြင်းကို ကိုယ်စားပြုပါတယ်တဲ့။🌻 ဒါပေမဲ့ နေကြာပန်းလေးတွေနဲ့ ပတ်သက်ပြီး ဝမ...
12/12/2024

အားလုံးသိကြတဲ့အတိုင်းအဝါရောင်နေကြာတွေက ပျော်ရွှင်ခြင်းကို ကိုယ်စားပြုပါတယ်တဲ့။🌻

ဒါပေမဲ့ နေကြာပန်းလေးတွေနဲ့ ပတ်သက်ပြီး ဝမ်းနည်းစရာပုံပြင် တစ်ပုဒ် ရှိနေခဲ့တာတောင် နေကြာတွေက ပျော်ရွှင်ခြင်းဆိုတာ ဖြစ်နိုင်ပါ့မလား။

ကိုယ့်အတွက်မဟုတ်တဲ့ သူတစ်ယောက်ကို ချစ်မိလို့
နေကြာပန်းလေး ဖြစ်ခဲ့ရတဲ့ မြစ်စောင့်နတ်သမီးလေး
🌻 Clytie 🌻 အကြောင်း ကြားဖူးကြမယ်ထင်ပါတယ်။

💕Clytie က Apollo ဆိုတဲ့နေနတ်ဘုရားကို အရမ်းချစ်မိခဲ့ပြီး နေနတ်ဘုရားက နေ့တိုင်းလိုလို အရှေ့နဲ့အနောက်ရပ်ကို သူ့ရဲ့ စစ်ရထားကြီးနဲ့သွားလာနေတတ်သူပါ။

မြစ်စောင့်နတ်သမီးလေးဟာ သူနဲ့မရင်းနှီးဖူးတဲ့ Apollo ကို ချစ်မြတ်နိုးမိပြီး နေ့စဉ် Apollo ကို စောင့်ကြည့်ရင်းမျှော်နေတတ်ပါတယ်။ ဒါပေမဲ့ Apollo ကတော့မြစ်စောင့်နတ်သမီးလေးကို ပြန်မချစ်ခဲ့ပါဘူး။ သူ့မှာက
သူချစ်ရတဲ့ တခြားနတ်သမီးလေးတစ်ပါးရှိနှင့်ပြီးသားပါ။

ဒါကိုသိခဲ့ရတဲ့ Clytie က သူမကို လျစ်လျူရှုတဲ့ Apollo ကို နည်းနည်းလေးတောင်စိတ်မကွက်ဘဲ သူမဘာသာ
ဝမ်းနည်းပူဆွေးစွာနဲ့ Apollo နေနတ်ဘုရား သွားလာတတ်တဲ့ ကောင်းကင်ကြီးကို မျှော်ငေးရင်း အစားမစားရေမသောက်ဘဲ ကိုးရက်တိုင်တိုင် နေထိုင်ခဲ့ရာမှနောက်ဆုံး မြေကြီးမှာ အမြစ်တွယ်ပြီး ပန်းတစ်ပွင့်အဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။

အဲ့ဒီပန်းလေးကိုတော့ နေရှိတဲ့အရပ်ကိုမှလှည့်ပွင့်တတ်တဲ့ နေရဲ့ပန်း 🌻Sunflower 🌻နေကြာပန်းလေးပဲတဲ့လေ။



#ပန်းဆိုင်

Address

B/9 ဆောက်သန်းမြန်မာဘောလုံးကွင်းတိုက်ခန်း၊ပန်းရွှေပြည်ပန်းဆိုင်
Mawlamyine

Telephone

+959989967133

Website

Alerts

Be the first to know and let us send you an email when Shwun’s Floral Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category