17/02/2026
သူငယ်ချင်းတွေနဲ့ ko larn မှာ ၂ညအိပ် ၃ရက်သွားခဲ့တာ
မိုနာတို့က အိမ်လုံးချင်းငှါးပြီး ၂ညနဲ့၃ရက်နေခဲ့တာ ကျွန်းကိုလဲ ၂၄နာရီအပြည့်ဆိုင်ကယ်ငှါးပြီး အုပ်စုလိုက် ပတ်သွားခဲ့တာ ကျွန်းမှာ 7/11က ၂ခုပဲရှိတော့ လိုအပ်တာဆို သောက်ဖို့ဆိုအဲ့သွားသွားဝယ်ရတယ်🫢
ကျွန်းလေးကသေးပေမယ့် ပျော်စရာအရမ်းကောင်းတယ်
Tawaen Beach ကို ရောက်ရောက်ချင်း ညနေဘက် သွားပြီးပုံတွေသွားရိုက်တာ တကယ်လှတာ နေကျချိန်နဲ့viewနဲ့က ကွက်တိကြီး ပထမည ကိုယ်တွေအုပ်စုကမအိပ်ဖြစ်ဘူးမနက်၅နာရီ အိမ်ကနေ ကျွန်းလှေဆိပ်ထိ လမ်းလျှောက်ကြတာ TikTokလဲဆော့ကြ အဲ့မှာမနက်အစောဆို ငါးမျှားတဲ့သူတွေလဲရှိကြတယ် ငါးမျှားတံကတော့အချိန်နဲ့ငှါးရတာ ကမ်းခြေတွေက တစ်ခုနဲ့တစ်ခု vibesမတူဘူး activity လုပ်လို့ရတဲ့ကမ်းခြေလဲရှိတယ် သံပခြုပ်တွေရှိလို့ ရေမဆော့ခိုင်းတဲ့နေရာတွေလဲရှိတယ်
ကျွန်းကသေးတော့ တစ်နေရာနဲ့နေရာ သွားရတာ တအားမဝေးဘူး အဲ့ကြောင့်လဲ Nual beachမှာactivity လုပ်ဖို့ စရံငွေပေးပြီး အိမ်ပြန်အဝတ်စားသွားယူကြသေးတာ
ဒါပေမဲ့ Tien beachသွားမယ်ဆို တော်ရုံဆိုင်ကယ်စီးတတ်တဲ့သူတောင် သိပ်အဆင်မပြေဘူး မိုနာမန်းလေးသူတောင် တောင်အဆင်းမှာ ဆိုင်ကယ်မောင်းမဆင်းရဲခဲ့လို့ အဆင်းကအောက်ကိုမမြင်ရဘဲ ပင်လယ်ကြီးကိုပဲမြင်ရတာ မတ်မတ်ကြီး ညကြီးအဲ့လိုပြန်ခဲ့ကြတာ
Tien Beachကိုသွားတုန်းက ညနေ၄နာရီလောက်ရောက်သွားကြတာ လှေငှါးပြီးလဲ စီးခဲ့ကြသေးတာ သူငယ်ချင်းတွေအချင်းချင်းလဲ သဲတွေနဲ့ဆော့တာ အရမ်းပျော်ဖ်ု့ကောင်းခဲ့တာ ဖိနပ်တစ်ရံလဲပျောက်သွားသေးတယ်😆 ကမ်းခြေမှာ ဘယ်သူမှမရှိတော့ဘဲ ည၇နာရီလောက်မှ ဒီရေတက်လာလို့ ပြန်တဲ့လမ်းပါပျောက်လို့ တံတားအကျိုးကနေ လမ်းလျှောက်ပြီး ဆိုင်ကယ်ထားခဲ့တဲ့နေရာထိသွားခဲ့ရတယ်
ငှါးတဲ့အိမ်ရောက်တော့ ရေချိုးအဝတ်စားလဲကျပြီး ထုံးစံအတိုင်း ဘယ်နေရာရောက်ရောက် မူကထ /ဟော့ပေါ့မရမကရှာစားတာကတော့ အုပ်စုလိုက်အကျင့်🫠🫠 အဲ့ညက အိမ်သော့ပါပျောက်ကြတာ ညကြီးဆိုင်ကယ်တွေနဲ့သွားရှာရသေးတာ ပြီးတော့ဘယ်ကတွေ့လဲဆို ခြံတံခါးနားကသုံးဘီးပေါ်က😆 ပြန်မယ့်ရက်လဲ မိုးတွေရွာတာ မိုကာတွေနဲ့ အုပ်စုလိုက် ဂယက်တစ်သိန်းနဲ့ပြန်ခဲ့ကြတာ ဘန်ကောက်လဲရောက်တော့ အကုန်ညစာတောက်မစားနိုင်တော့ဘူး အိပ်ပျော်သွားရော 😆
တကယ် ဂယက်တစ်သောင်းနဲ့ ပျော်စရာကြီး သတိရလိုက်တာ