Nway Oo Festival - နွေဦးပွဲတော် Nagoya

Nway Oo Festival - နွေဦးပွဲတော် Nagoya ရန်ပုံငွေပွဲတော်
နှစ်စဉ် ၄လပိုင်း ပထမတနင်္ဂ​နွေနေ့မှာ ကျင်းပမည်
460-0008 愛知具名古屋市中区栄3丁目65
(1)

သတိရသေးရဲ့လား?Everything will be OK ဆိုတဲ့ T-shirt အနက်လေးဝတ်ပြီး ငါတို့ကို စိတ်ဓာတ်ခွန်အားပေးသွားတဲ့၊ငါတို့အတွက် သူ့အသက...
28/08/2026

သတိရသေးရဲ့လား?
Everything will be OK ဆိုတဲ့ T-shirt အနက်လေးဝတ်ပြီး ငါတို့ကို စိတ်ဓာတ်ခွန်အားပေးသွားတဲ့၊
ငါတို့အတွက် သူ့အသက်ကို စွန့်လွှတ်ပေးသွားတဲ့၊
ငါတို့ရဲ့ မန္တလေးရွှေမြို့တော်က သူရဲကောင်းမလေးကို။
ပုလ္လင်ပေါ် ခွေးတက်တဲ့နေ့ကစပြီး မတူတဲ့ဘဝဇာတ်ကြောင်းတွေနဲ့ ဒီလိုသူရဲကောင်းမလေးတွေဟာ သူတို့ရဲ့ တောက်ပတဲ့ အနာဂတ်၊ အေးချမ်းတဲ့ ဘဝ၊ ချစ်ရတဲ့ မိသားစု၊ သူငယ်ချင်း၊ ချစ်သူတွေကို စွန့်လွှတ်ပြီး အာဏာရူးတဲ့ စောက်ဂျပုနဲ့ သူ့အပေါင်းအပါ မကောင်းဆိုးရွားကောင်တွေကို တိုက်ထုတ်ဖို့ နည်းလမ်းမျိုးစုံနဲ့ တော်လှန်ကြတယ်။
တစ်ချို့က ဆိုင်းပုဒ်ကိုင် လက်သုံးချောင်းထောင်ဆန္ဒပြ၊
တစ်ချို့က အလုပ်လုပ် ပိုက်ဆံရှာပြီး တလရအဖွဲ့တွေကို ထောက်ပံ့၊
တစ်ချို့က ယောကျာ်းလေးတွေနဲ့ ရင်ဘောင်တန်းပြီး တောထဲဝင်...
ငါတို့အားလုံးသိတဲ့အတိုင်း တော်လှန်ရေးလုပ်တယ်ဆိုတာ လွယ်ကူတဲ့လမ်းတော့ မဟုတ်ပေဘူး။
ဘယ်လိုအခက်အခဲ၊ ဘေးဒုက္ခတွေရှိပါစေ၊ စောင့်ကြိုနေပါစေ အပြုံးမပျက်ဘဲ အာဏာရှင်ကို တော်လှန်ကြတဲ့ အမျိုးသမီးပေါင်းများစွာထဲကမှ တစ်ယောက်ရဲ့ ဖြစ်ရပ်မှန် ဘဝဇာတ်ကြောင်း "Ray" ကို Nagoya မြို့မှာ အောက်ပါ အစီအစဉ်အတိုင်း ပြသမည်ဖြစ်ပါသဖြင့် လာရောက်ကြည့်ရှုကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

Ray
Light always finds a way
"ဘာလုပ်လုပ် အဆုံးထိရောက်အောင်လုပ် သမီးလုပ်နိုင်ပါတယ်"

🗓️ ၂၇ စက်တင်ဘာလ ၂၀၂၆
⏰ ၁၂:၀၀~၁၆:၀၀
🏤 Aichi Arts Center, 12 Floor, Room A
( 〒461-8525 Nagoya-shi, Higashi-ku, Higashisakura 1-13-2)
🚉 Hisaya-Odori Station (Meijo Line/ Sakura-dori Line)


🎶 မွန်းအောင် — Melody of Freedom Music Concert 🎶Mun Awng – Melody of Freedom Music Concert ကို တိုကျို၊ နာဂိုယာနှင့် နဟာ...
28/08/2026

🎶 မွန်းအောင် — Melody of Freedom Music Concert 🎶

Mun Awng – Melody of Freedom Music Concert ကို တိုကျို၊ နာဂိုယာနှင့် နဟာ (အိုကီနာဝါ) မြို့သုံးမြို့တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီးနောက်၊ ပွဲနှင့်ပတ်သက်သည့် ဝင်ငွေ၊ အသုံးစရိတ်နှင့် ကျန်ရှိငွေစာရင်းများကို ပွင့်လင်းမြင်သာစွာ မျှဝေတင်ပြအပ်ပါသည်။

ဒီပွဲဟာ ဂီတနှင့် အနုပညာကို ခံစားရသည့်ပွဲတစ်ခုသာမက လွတ်လပ်ခြင်း၊ မျှော်လင့်ချက်နှင့် စည်းလုံးညီညွတ်မှုတို့ကို တေးသံများမှတစ်ဆင့် ဖော်ပြခဲ့သည့် အမှတ်တရပွဲတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

ကိုမွန်းအောင်နှင့်တကွ ဤပွဲ အောင်မြင်စွာ ဖြစ်မြောက်လာနိုင်ရန် လက်မှတ်ဝယ်ယူ၍ လာရောက်အားပေးကြသူများ၊ Sponsor များ၊ local artist များ၊ One Plus One Band နှင့် Crew အဖွဲ့ဝင်များ၊ Volunteer များနှင့် နောက်ကွယ်မှ ဝိုင်းဝန်းကူညီပေးခဲ့ကြသူအားလုံး၏ စေတနာနှင့် ပူးပေါင်းအားဖြည့်မှုများက အဓိကအင်အားဖြစ်ခဲ့ပါသည်။

💰 Total Incomes — ¥6,928,930
💸 Total Expenses — ¥3,794,516
❤️ Total Profits — ¥3,134,414

ရရှိလာသော ရန်ပုံငွေများအနက် ¥1,500,000 ကို ၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၁ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ထံသို့ ပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။

ကျန်ရှိနေသေးသော ရန်ပုံငွေများကို မြေပြင်တွင် လက်တွေ့လုပ်ဆောင်နေကြသော သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးထံသို့ ဆက်လက်ပေးအပ်သွားပါမည်။ ပေးအပ်မှုများ ပြီးစီးသွားပါက ပေးအပ်ထားသည့်မှတ်တမ်းများနှင့် Certificate များကို ပူးတွဲ၍ ထပ်မံတင်ပြသွားမှာပါ။

ယုံကြည်မှုအပြည့်ဖြင့် ပါဝင်အားပေးခဲ့ကြသူတစ်ဦးချင်းစီတိုင်းကို အထူးကျေးဇူးတင်ရှိပါတယ်။ ဒီအောင်မြင်မှုဟာ တစ်ဦးတည်း၊ တစ်ဖွဲ့တည်းရဲ့ အောင်မြင်မှုမဟုတ်ဘဲ အားလုံးအတူတကွ ပါဝင်ဖန်တီးခဲ့ကြတဲ့ အောင်မြင်မှုတစ်ခု ဖြစ်ပါတယ်။

မွန်းအောင်ရဲ့ သံစဉ်သီချင်းများနဲ့ လွတ်လပ်ခြင်းရဲ့ တေးသံကို အတူတကွ ဆက်လက်သယ်ဆောင်ရင်း ပန်းတိုင်ရောက်သည်အထိ ချီတက်ကြပါစို့။ 🎶✊❤️

Thank you for being part of Mun Awng’s “Melody of Freedom” Music Concert!



#သံစဉ်တွေနဲ့အတူ

Crd:MoF

မမသက်ထား ကျနော်ခြေထောက်နာနေလို့ ...မနက် Pt ချိန် ဆေးနားချင်လို့ပါအော် ...ငါ့မောင်ရယ်...ဒိီကိစ္စ အမနဲ့ မှမပြီးဘဲ...တာဝန်ခ...
26/08/2026

မမသက်ထား ကျနော်ခြေထောက်နာနေလို့ ...
မနက် Pt ချိန် ဆေးနားချင်လို့ပါ

အော် ...ငါ့မောင်ရယ်...ဒိီကိစ္စ အမနဲ့ မှမပြီးဘဲ...တာဝန်ခံဗိုလ်မှုးကိုသွားပြောလေ

မပြောရဲဘူးဗျ...ဖထီးက ကျနော်တို့ကို တင်းနေတယ်

ဟင်... ဘာဖြစ်လို့လဲ ...

ဒီမှာလေ ....သူခြံထဲစိုက်ထားတဲ့ တညင်းပင်ကြီးကိုခုတ်ပြီး ကျွန်တော်တို့ သေနတ်လုပ်ပစ်လိုက်လို့....

ဟယ် ....ဖြစ်ရမယ်

အဲ့ဒါ.....မမပဲ ပြောပေးပါဗျာ

နင်တို့ကလည်းဟယ် ...သူ အနှစ်နှစ် အလလက ..စိုက်ထားတဲ့ တညင်းပင်ကြီးကို

သိဘူးလေဗျာ .....သူက သေနတ်လုပ်ရမယ်ဆိုတော့ ...ရှိတာ ခုတ်လုပ်ရတာပဲကိုး.....


#မယိုင်လဲတမ်း
#𝓡𝓐𝓨

🗓️ ၂၇ စက်တင်ဘာလ ၂၀၂၆
⏰ ၁၂:၀၀~၁၆:၀၀
🏤 Aichi Arts Center, 12 Floor, Room A
( 〒461-8525 Nagoya-shi, Higashi-ku, Higashisakura 1-13-2)
🚉 Hisaya-Odori Station (Meijo Line/ Sakura-dori Line)

'ဒါ    မတရားမှုပဲ.......မတရားမှုတစ်ခုကို မသိကျိုးကျွံပြုနေတာ.....တာဝန်မကျေတာပဲ.....ဘဝမှာ ပိုက်ဆံထက် အရေးကြီးတာကကိုယ့်တာဝ...
23/08/2026

'ဒါ မတရားမှုပဲ.......
မတရားမှုတစ်ခုကို မသိကျိုးကျွံပြုနေတာ.....
တာဝန်မကျေတာပဲ.....
ဘဝမှာ ပိုက်ဆံထက် အရေးကြီးတာက
ကိုယ့်တာဝန်ကိုယ်ကျေဖိုပဲ....
အခု ပြောနေကြသလ်ို ကိုယ့်လိပ်ပြာကိုယ်
လုံဖို့လိုတယ်ဆိုတာပဲ.....


#မယိုင်လဲတမ်း
#𝓡𝓐𝓨


🗓️ Sep 27-2026

⏰ 12:00 ~ 16:00 pm

🏤 Aichi Arts Center, 12 Floor, Room A
( 〒461-8525 Nagoya-shi, Higashi-ku, Higashisakura 1-13-2)
🚉 Hisaya-Odori Station (Meijo Line/ Sakura-dori Line)

RAY Nagoya ပွဲလက်မှတ်လေးတွေ ဝယ်လို့ရပါပြီ 🤩 "မျှော်လင့်ချက်" နှင့် "အမှောင်ထုကို ခွင်းသည့် အမှန်တရား"꧁  𝓡𝓐𝓨   ꧂        𝑵...
21/08/2026

RAY Nagoya
ပွဲလက်မှတ်လေးတွေ ဝယ်လို့ရပါပြီ 🤩

"မျှော်လင့်ချက်" နှင့် "အမှောင်ထုကို ခွင်းသည့် အမှန်တရား"

꧁ 𝓡𝓐𝓨 ꧂

𝑵𝒂𝒈𝒐𝒚𝒂

𝟚𝟘𝟚𝟞/𝟡/𝟚𝟟 Sunday နေ့တွင် ရုံတင်ပြသသွားပါမည်

မှောင်မိုက်နေတဲ့ ကာလကြီးမှာ RAY ဆိုတဲ့ အလင်းတန်းနောက် စမ်းတဝါးဝါးလျှောက်ရင်း ငါတို့ လက်တွေ မြဲအောင်ဆုပ်ကိုင်ရင်း ရှေ့ဆက်ကြရအောင် .....🤍

အံကြိတ်ပြီးအသက်အောင့်ထားရင် ပိုမွန်းကြပ်တယ်မလား ဖြေသာရာကို ဝေဝါးစွာငေးမောရင်း ရှေ့ဆက်ကြရမှာပဲ လမ်းဆိုတာ ကိုယ်တိုင်ဖောက်မှပဲ ရောက်မဲ့အပြင် ဖောက်နေတဲ့လမ်းမှာလည်း အတားဆီးမျိုးစုံနဲ့ ကြုံနေတော့ ပင်ပန်းနေပြီးမလား ဘယ်တက်
နိုင်မလဲ ငါတို့ရွေးထားတဲ့လမ်းပဲ ဆက်လျှောက်ရမှာပေါ့ ဟုတ်တယ်မလား?

🗓️ ၂၇ စက်တင်ဘာလ ၂၀၂၆
⏰ ၁၂:၀၀~၁၆:၀၀
🏤 Aichi Arts Center, 12 Floor, Room A
( 〒461-8525 Nagoya-shi, Higashi-ku, Higashisakura 1-13-2)
🚉 Hisaya-Odori Station (Meijo Line/ Sakura-dori Line)


Nagoya မကြာခင် လာမယ်နော်✌️
07/08/2026

Nagoya မကြာခင် လာမယ်နော်✌️

“တစ်ခုခုလုပ်ရင် အဆုံးထိရောက်အောင်လုပ်တဲ့"ဖေဖေ မှာခဲ့တယ်။ Ray လုပ်နိုင်ပါတယ် ဒီလို ခိုင်မာပြတ်သားတဲ့ စကားလုံးတွေရဲ့ပိုင်ရ...
07/08/2026

“တစ်ခုခုလုပ်ရင် အဆုံးထိရောက်အောင်လုပ်တဲ့"
ဖေဖေ မှာခဲ့တယ်။ Ray လုပ်နိုင်ပါတယ်

ဒီလို ခိုင်မာပြတ်သားတဲ့ စကားလုံးတွေရဲ့ပိုင်ရှင်၊ ဒီဇာတ်ကားရဲ့ အမည်ရှင် အဓိကဇာတ်ကောင် 'Ray' အဖြစ် ပါဝင်သရုပ်ဆောင်ထားသူကတော့... ပရိသတ်တွေ ချစ်ခင်ကြတဲ့ အလှမယ်/သရုပ်ဆောင် "ထားထက်ထက်" ပဲ ဖြစ်ပါတယ်။

အောင်မြင်မှုတွေ၊ စင်မြင့်ထက်က မီးရောင်စုံတွေကို ကျောခိုင်းပြီး ယုံကြည်ရာလမ်းကို ရွေးချယ်ခဲ့တဲ့ မိန်းကလေး တစ်ယောက်။ သူဖြတ်သန်းရတဲ့ ခရီးက အင်မတန် ကြမ်းတမ်းသလို၊ သူ့ကို ရပ်တန့်သွားအောင် လုပ်ခဲ့တဲ့ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်ချိုးဖျက်မှုတွေကလည်း ဖော်ပြလို့မရအောင် နာကျင်စရာ ကောင်းလွန်းပါတယ်။

ဒါပေမယ့် ဘယ်လိုအခြေအနေမျိုး၊ ဘယ်လိုအရပ်ဒေသကိုပဲ ရောက်သွားပါစေ... ဖခင်ဖြစ်သူရဲ့ အမှာစကားကို ရင်ထဲထည့်ပြီး ကိုယ်ယုံကြည်ရာကို အဆုံးထိ ဆက်လျှောက်နေမယ့် မိန်းကလေးတစ်ယောက်ရဲ့ ကြံ့ခိုင်မှုကို မြင်တွေ့ရမှာပါ။

'Ray' ရဲ့ ဇာတ်ရုပ်ဟာ သရုပ်ဆောင် ထားထက်ထက်ရဲ့ လက်တွေ့ဘဝ ဖြတ်သန်းမှုတွေ၊ ပေးဆပ်ခဲ့ရမှုတွေနဲ့ အများကြီး နီးစပ်နေတာမို့ ဒီဇာတ်ကောင်ရဲ့ နာကျင်မှုနဲ့ ရုန်းကန်ရမှုတွေကို အပီပြင်ဆုံး၊ အသက်ဝင်ဆုံး ပုံဖော်ပေးသွားနိုင်မှာ သေချာပါတယ်။

ဘယ်အရာကမှ လွယ်လွယ်နဲ့ ရိုက်ချိုးလို့မရတဲ့ 'Ray' ရဲ့ ဇာတ်ရုပ်ကို အားပေးဖို့ ပရိသတ်ကြီး အသင့်ပဲလား။

(ကြိုတင်လက်မှတ် ဝယ်ယူနိုင်မယ့် လင့်ခ်တွေကိုတော့ Comment မှာ တင်ပေးထားပါတယ်)

သတင်းကောင်း🤍
03/08/2026

သတင်းကောင်း🤍

ဒါ မတရားမှုပဲ❗️မတရားမှုတစ်ခုကို မသိကျိုးကျွံပြုနေတာ တာဝန်မကျေတာပဲ ဘဝမှာ ပိုက်ဆံထက်အရေးကြီးတာက ❓ဂျပန်မှာ နေ့တိုင်း အချိန်...
22/07/2026

ဒါ မတရားမှုပဲ❗️

မတရားမှုတစ်ခုကို မသိကျိုးကျွံပြုနေတာ
တာဝန်မကျေတာပဲ

ဘဝမှာ ပိုက်ဆံထက်အရေးကြီးတာက ❓

ဂျပန်မှာ နေ့တိုင်း အချိန်နဲ့အမျှ အလုပ်လုပ်ပြီး ဘဝကို တည်ဆောက်နေကြတဲ့ ကျွန်တော်တို့…

တစ်ခါတလေ မေးကြည့်ဖူးလား—

ဘဝမှာ ပိုက်ဆံထက် အရေးကြီးတာ ဘာလဲ❓

တချို့အရာတွေက ငွေနဲ့ ဝယ်လို့မရဘူး။

လွတ်လပ်ခွင့်၊ တရားမျှတမှု၊ လူ့ဂုဏ်သိက္ခာနဲ့ မမေ့သင့်တဲ့ သမိုင်းတွေလိုပေါ့။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကစပြီး မြန်မာပြည်မှာ ဖြစ်ပျက်ခဲ့တာတွေဟာ ကိန်းဂဏန်းတွေ မဟုတ်ဘူး။

တကယ့်လူတွေရဲ့ ဘဝတွေ၊ မိသားစုတွေ၊ မျက်ရည်တွေနဲ့ မျှော်လင့်ချက်တွေ ဖြစ်တယ်။

RAY ဟာ အဲဒီအမှန်တရားကို ပြန်လည်မြင်တွေ့စေမယ့် ရုပ်ရှင်တစ်ကားပါ။

တိတ်ဆိတ်နေတာက ကြားနေခြင်း မဟုတ်စေရပါဘူး။

မမေ့ဖို့၊ မမေ့စေဖို့၊ အမှန်တရားကို ဆက်လက်သက်သေခံဖို့ မြန်မာနိုင်ငံသားအနေနဲ့ တာဝန်ကျေကြဖို့ သက်ဆိုင်ရာ မြို့ကြီး ၉ မြို့ တွေမှာ အင်အားတွေ ပြသပေးကြဖို့ ဖိတ်ခေါ်ပါရစေ

📍 ဂျပန်မှာ ပြသမည့်မြို့များ

• Tokyo
• Nagoya
• Osaka
• Kyushu
• Gunma
• Okinawa
• Hokkaido
• Hiroshima
• Shizuoka

မင်းလာတာက ရုပ်ရှင်ကြည့်ဖို့တင် မဟုတ်ဘူး🫵🏻

အမှန်တရားကို မမေ့သေးဘူးဆိုတာ ပြသဖို့လည်း
ဖြစ်တယ်‼️


🏔️ "မပြီးဆုံးသေးတဲ့ ခရီးအတွက် " မိမိကိုယ်ကို ယုံကြည်မှုနဲ့အတူ ဖူဂျီတောင်ထိပ်ကို တက်လှမ်းကြစို့! 🇯🇵ပင်ပန်းမှုတွေကို ကျော်...
29/06/2026

🏔️ "မပြီးဆုံးသေးတဲ့ ခရီးအတွက် " မိမိကိုယ်ကို ယုံကြည်မှုနဲ့အတူ ဖူဂျီတောင်ထိပ်ကို တက်လှမ်းကြစို့! 🇯🇵

ပင်ပန်းမှုတွေကို ကျော်ဖြတ်ပြီး တောင်ထိပ်ရောက်ချိန်မှာ ရရှိမယ့် "ငါလုပ်နိုင်သွားပြီ" ဆိုတဲ့ ဂုဏ်ယူမှုမျိုးက ဘာနဲ့မှ မလဲနိုင်ပါဘူး။ ဒါဟာ ခန္ဓာကိုယ်ကျန်းမာရေးအတွက်တင်မဟုတ်ဘဲ စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုအတွက် အကောင်းဆုံး စိန်ခေါ်မှုတစ်ခုပါ။

ယခုနှစ် ဖူဂျီခရီးစဉ်မှာ လူဦးရေ ”၁၀၀“နဲ့ အတူတူ စုပေါင်းတက်လှမ်းဖို့ စီစဉ်ထားပါတယ်။

✅ လက်ကျန်နေရာအခြေအနေ
တိုကျို (Tokyo):၁၅ ယောက်သာ ကျန်ရှိတော့သည်။

အိုဆာကာ (Osaka) & နာဂိုယာ (Nagoya):လူပြည့်သွားပြီ။✌️🎉

📅 ခရီးစဉ်ရက် - 8/9 ~ 8/10

ဘဝရဲ့ အမှတ်တရ အောင်မြင်မှုတစ်ခုကို အဖွဲ့နဲ့အတူ ဖန်တီးဖို့ အမြန်ဆုံး စာရင်းပေးသွင်းလိုက်ပါဦးနော်။ တောင်ထိပ်မှာ ဆုံကြမယ်! 💙

#ဖူဂျီထောက်ပို့

住所

Nagoya-shi, Aichi
460-0008

ウェブサイト

アラート

Nway Oo Festival - နွေဦးပွဲတော် Nagoyaがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

ショートカット

  • 住所
  • アラート

共有する