Thingyan Festival - Nagoya

  • Home
  • Thingyan Festival - Nagoya

Thingyan Festival - Nagoya **"သင်္ကြန်ရဲ့စိတ်ဓာတ်... တော်လှန်ရေးရဲ့အားမာန်!"**
**နာဂိုယာ သင်္ကြန်ပွဲတော် ကျင်းပရေး ကော်မတီ**

ဂျပန်နိုင်ငံရောက် တော်လှန်မိဘပြည်သူများခင်ဗျာ...လာမည့် ဇွန်လတွင် ကျရောက်မည့် ကျွန်တော်တို့ရဲ့ ပြည်သူ့အမေ ဒေါ်အောင်ဆန်းစု...
12/06/2026

ဂျပန်နိုင်ငံရောက် တော်လှန်မိဘပြည်သူများခင်ဗျာ...

လာမည့် ဇွန်လတွင် ကျရောက်မည့် ကျွန်တော်တို့ရဲ့ ပြည်သူ့အမေ ဒေါ်အောင်ဆန်းစုကြည်၏ (၈၁) နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် အမေစု ကျန်းမာပါစေကြောင်းနှင့် အမြန်ဆုံး ပြန်လည်လွတ်မြောက်လာပါစေကြောင်း ရည်စူး၍ "ဂုဏ်ပြုဆုတောင်းပွဲနှင့် Proof of Life လှုပ်ရှားမှု အစီအစဉ်များ" ကို နာဂိုယာမြို့၊ မေတ္တာဓိကစေတီတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

​ထို့ကြောင့် အဝေးရောက်မြန်မာသွေးချင်းများအားလုံး စည်းလုံးညီညွတ်စွာဖြင့် လာရောက်ပူးပေါင်း ဆုတောင်းပေးကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်ဗျာ။

​**📅 ပွဲကျင်းပမည့် နေ့ရက်နှင့် အချိန်**

​နေ့ရက်: ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၄) ရက် (June 14th, 2026)

​အချိန်: ညနေ ၄:၀၀ နာရီမှ ည ၇:၀၀ နာရီအထိ (16:00 ~ 19:00)

​နေရာ: နာဂိုယာမြို့၊ မေတ္တာဓိကစေတီတော်

**✨ လေးနက်ခမ်းနားသော အစီအစဉ် (၆) ရပ်**

အစီအစဉ် (၁) 🌸 အမေစုအတွက် ဝတ်ပြုဆုတောင်းခြင်းနှင့် နှင်းဆီ (၈၁) ပွင့် ကပ်လှူခြင်း ပြည်သူ့အမေ အသက်ရာကျော်ရှည်ပါစေကြောင်းနှင့် ဘေးအန္တရာယ်ကင်းရှင်းစေကြောင်း စုပေါင်းဝတ်ပြု မေတ္တာပို့ ဆုတောင်းကြမည့်အပြင်၊ အမေစု၏ (၈၁) နှစ်ပြည့် မွေးနေ့ ကို ရည်စူး၍ ဆုတောင်းလွှာများ ချိတ်ဆွဲထားသည့် "နှင်းဆီပန်း (၈၁) ပွင့်" ကို မြတ်စွာဘုရားရှင်ထံတော်တွင် ညီညီညာညာ စုပေါင်းကပ်လှူ ပူဇော်သွားကြပါမည်။

အစီအစဉ် (၂) ✊ "Proof of Life" Campaign လှုပ်ရှားမှု အမေစု အပါအဝင် မတရားဖမ်းဆီးခံထားရသူများ အားလုံး အမြန်ဆုံး ပြန်လည်လွတ်မြောက်ရေးအတွက် ကမ္ဘာကြီးကိုတောင်းဆိုမည့် Proof of Life Campaign ဖြင့် စုပေါင်းဆန္ဒဖော်ထုတ်သွားပါမည်။

**အစီအစဉ် (၃) 🪷 ဂျပန်နိုင်ငံသား ဒါရိုက်တာ တစ်ဦး ရိုက်ကူးထားသော မြန်မာပြည်၏ လက်ရှိအခြေအနေ documentary ပြသခြင်း။

အစီအစဉ် (၄) 🎤 ဩဝါဒစကား ခံယူခြင်း ကျွန်တော်တို့အားလုံး တော်လှန်ရေးခရီးမှာ စိတ်ဓာတ်မကျဘဲ ရှေ့ဆက်နိုင်ရန် အမေစု၏ လမ်းညွှန်ချက်၊ မိန့်ခွန်းမြွက်ကြားချက်များထဲမှ အဖိုးတန် ဩဝါဒစကားများ ကို ပြန်လည်နာယူ ခံယူကြပါမည်။

အစီအစဉ် (၅) 🎨 ရင်သွေးငယ်တို့၏ ဂုဏ်ပြုပန်းချီနှင့် ဆုမွန်ကောင်းတောင်းခြင်း အနာဂတ်ရဲ့ ကြယ်ပွင့်လေးများ (ကလေးငယ်များ) မှ အမေစုအတွက် ရင်ထဲကလာတဲ့ မွေးနေ့ဆုမွန်ကောင်းများ တောင်းပေးကြမည့်အပြင်၊ အမှတ်တရ ဂုဏ်ပြုပန်းချီများ ဖြင့် အလှဆင် တင်ဆက်သွားပါမည်။

အစီအစဉ် (၆) 🍲စတုဒိသာ အာဟာရဒါန ကျွေးမွေးလှူဒါန်းခြင်း အစီအစဉ်။
ပွဲတော်သို့ လာရောက်အားဖြည့်ကြမည့် မိဘပြည်သူ ညီအစ်ကိုမောင်နှမများအားလုံးကို နွေးထွေးပျူငှာစွာဖြင့် မြန်မာ့ရိုးရာ အစားအသောက်ကောင်းများ၊ မုန့်ပဲသရေစာများနှင့် အအေးမျိုးစုံ ပါဝင်မည့် စတုဒိသာ အစီအစဉ်များ ဖြင့် စေတနာအပြည့်ဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးလှူဒါန်းသွားပါမည်။

အမေစုကို ချစ်မြတ်နိုးကြတဲ့၊ တော်လှန်စိတ်ဓာတ် မပျောက်ပျက်သေးတဲ့ နာဂိုယာနှင့် ဂျပန်ရောက် မြန်မာပြည်သူများအားလုံး ဇွန်လ (၁၄) ရက်၊ ညနေ ၄ နာရီမှာ မေတ္တာဓိကစေတီတော်သို့ အရောက်လှမ်းလာခဲ့ကြပြီး (၈၁) နှစ်ပြည့် မွေးနေ့ဆုတောင်းများ၊ နှင်းဆီပန်းများနှင့်အတူ တော်လှန်အင်အားများ ပေါင်းစပ်ပေးကြပါဦးခင်ဗျာ။

**"အမေစု ကျန်းမာပါစေ... အရေးတော်ပုံ အမြန်ဆုံး အောင်ရမည်!"** 🌸✊

​ #အမေစုမွေးနေ့ဂုဏ်ပြုပွဲ #၈၁နှစ်ပြည့်မွေးနေ့ #မေတ္တာဓိကစေတီ #နာဂိုယာတော်လှန်အင်အား #အရေးတော်ပုံအောင်ရမည်

"တော်လှန်သမိုင်းမရိုင်းတဲ့ နာဂိုယာတော်လှန်သင်္ကြန်ပွဲတော်ကြီးကနေ မိခင်မြန်မာပြည်ကြီးအတွက် မြန်မာကျပ်ငွေသိန်းပေါင်း ၂၁၀၀ ...
18/05/2026

"တော်လှန်သမိုင်းမရိုင်းတဲ့ နာဂိုယာတော်လှန်သင်္ကြန်ပွဲတော်ကြီး
ကနေ မိခင်မြန်မာပြည်ကြီးအတွက် မြန်မာကျပ်ငွေသိန်းပေါင်း ၂၁၀၀ ကျော်ခန့် (ဂျပန်ယန်းငွေ 855
သောင်းကျော်) လှူဒါန်းနိုင်တော့မှာ ဖြစ်ပါတယ်ဗျာ။"

​အဝေးရောက်မြန်မာသွေးချင်းများအားလုံး စည်းလုံးညီညွတ်စွာ ဆင်နွှဲခဲ့ကြတဲ့ နာဂိုယာတော်လှန်သင်္ကြန်ပွဲတော်ကြီးမှ ရရှိလာတဲ့ အကျိုးအမြတ်အားလုံးကို အခုလို မြန်မာပြည်အတွက် အင်တိုက်အားတိုက် ပြန်လည်ပံ့ပိုးလှူဒါန်းနိုင်ခြင်းဟာ စည်းလုံးညီညွတ်တဲ့ တော်လှန်ပြည်သူ များ ရဲ့ ကြိုးစားမှူကြောင့်ပဲ ဖြစ်ပါတယ်။
​ဒီပွဲတော်ကြီးကို အောင်အောင်မြင်မြင် ကျင်းပနိုင်ဖို့အတွက် Volunteer များဟာ စင်မြင့် (Stage) တည်ဆောက်ရေး အကြမ်းထည်အလုပ်တွေကစလို့ ပွဲအပြီး အမှိုက်သိမ်းဆည်းတဲ့အထိ အပင်ပန်းခံ၊ အနစ်နာခံကာ အစအဆုံး ကြိုးစားဆောင်ရွက်ပေးခဲ့ကြပါတယ်။
​ဝင်ငွေရဲ့ ၁၀% မှ ၁၅% ခန့်သာလျှင် မရှိမဖြစ်လိုအပ်တဲ့ ပွဲကျင်းပရေး ကုန်ကျစရိတ်အဖြစ် အသုံးပြုခဲ့ပြီး၊ ကျန်ရှိတဲ့ အသုံးစရိတ်အားလုံးကို အတတ်နိုင်ဆုံး ချွေတာစိစစ်ကာ အနည်းဆုံးဖြစ်အောင် အားလုံးက ဝိုင်းဝန်းထိန်းသိမ်းပေးခဲ့ကြလို့သာ အခုလို ၈၅၅ သောင်းကျော် ဆိုတဲ့ ပမာဏအထိ မိခင်နိုင်ငံအတွက် လှူဒါန်းနိုင်တဲ့ ခွန်အားတွေ ဖြစ်လာခဲ့တာပါ။
​ပွဲဖြစ်မြောက်ရေးအတွက် အိပ်ရေးပျက်၊ အပင်ပန်းခံကာ ဆောင်ရွက်ပေးခဲ့ကြတဲ့ Volunteer တစ်ဦးတစ်ယောက်ချင်းစီရဲ့ စေတနာ၊ ပူးပေါင်းပါဝင်ပေးကြတဲ့ စပွန်ဆာလုပ်ငန်းရှင်များနှင့် ဆိုင်ခန်းရှင်များ၊ လာရောက်အားပေးကြတဲ့ မိဘပြည်သူ ညီအစ်ကိုမောင်နှမများအားလုံးရဲ့ စုပေါင်းအလှူအတန်းတွေဟာ မြန်မာပြည်သူတွေအတွက် ကြီးမားတဲ့ အားမာန်တွေ ဖြစ်လာမှာ သေချာပါတယ်။
​ရောင်းသူ၊ ဝယ်သူ၊ စီစဉ်သူ အားလုံးရဲ့ ဖြူစင်တဲ့ စေတနာတွေ ပေါင်းစပ်ထားတဲ့ မိခင်ပြည်အတွက် အောင်ပွဲလက်ဆောင်မွန်ကို အားလုံးပဲ ထပ်တူထပ်မျှ ကြည်နူးနိုင်ကြပါစေကြောင်း သတင်းကောင်းပါးအပ်ပါတယ်ဗျာ။
​(ငွေစာရင်းရှင်းတမ်း အသေးစိတ်ကိုတော့ အောက်ပါပုံများတွင် ကြည့်ရှုနိုင်ပါသည်။ 👇)
​ #နာဂိုယာတော်လှန်သင်္ကြန်

11/05/2026

ကြိုက်တဲ့ သူတွေ့ရင် ဖုန်းနံပါတ်နဲ့ address တောင်းပါဆိုတာကို Facebook account တွေ TikTok account တွေပဲ တောင်းသွားကြတယ် ဆို။

🌿🙏✨ ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်း ပူဇော်ပွဲ ✨🙏🌿မေတ္တာဓိက စေတီတော်တွင် ကျင်းပပြုလုပ်မည့်ဗောဓိညောင်ပင်အား ညောင်ရေသွန...
10/05/2026

🌿🙏✨ ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်း ပူဇော်ပွဲ ✨🙏🌿

မေတ္တာဓိက စေတီတော်တွင် ကျင်းပပြုလုပ်မည့်
ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်း၍
ကုသိုလ်ယူနိုင်ရန် မိတ်ဆွေသူငယ်ချင်းများအား
လေးစားနွေးထွေးစွာ ဖိတ်ကြားအပ်ပါသည် 🙏💛

━━━━━━━━━━━━━━━

📅 ရက်စွဲနှင့်အချိန်
🌕 (ကဆုန်လဆုပ် ၁၀ ရက်)
🗓️ Sunday, May 10, 2026

📍 တည်နေရာ
⛩️ Mittadika Pagoda
📌 1304 Shinya 2-chome, Nakagawa-ku, Nagoya

━━━━━━━━━━━━━━━

🌼 ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်း၍
စိတ်အေးချမ်းမှုနှင့် ကုသိုလ်အတူတူ ယူနိုင်ကြပါရန်
မိသားစုများ၊ မိတ်ဆွေများနှင့်အတူ
ကြွရောက်ပါဝင်ကြဖို့ နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါသည် 🙏✨

#ညောင်ရည်သွန်းပွဲ


25 ကြိမ် မြောက် Nagoya Thingyan ပွဲတော်မှသည် 28 ကြိမ်မြောက် အထိ သုံးနှစ်တိုင် မပျက်မကွက် ထောက်ပို့တော်လှန် ဆင်နွဲနေကြဆဲ ...
10/05/2026

25 ကြိမ် မြောက် Nagoya Thingyan ပွဲတော်မှသည် 28 ကြိမ်မြောက် အထိ သုံးနှစ်တိုင် မပျက်မကွက် ထောက်ပို့တော်လှန် ဆင်နွဲနေကြဆဲ တာဝန်ကျေနေကြဆဲ ဖြစ်တဲ့ နာဂိုရာရောက် မြန်မာများ။

09/05/2026

စောင့် မျှော်နေကြတဲ့ K pop coverdance လေး တင်ဆက်လိုက်ပါပြီနော်။ နောက်ထပ် တခြား ပုံစံ remix dance တွေလည်း ထပ်လာဦးမှာမို စောင့်မျော်နေပါဦးနော် ။

07/05/2026

နာဂိုရာ Nagoya သင်္ကြန် ပွဲတော် မှာ တီးဝိုင်း နှစ်ခု ပါဝင် သီဆို တီးခတ်ပေးခဲ့ပါတယ်။ နာဂိုရာ မြိုခံ Bliss Wave Band နဲ့ Shizuoka ကနေ လာရောက် ဖျော်ဖြေပေးတဲ့ Shizuoka Band တို ဖြစ်ပါတယ်။
ဒါက Shizuoka Band ရဲ့ Players အားလုံးကို ပါဝင်အောင် ရိုက်ကူးထားတဲ့ Shizuoka Band မိတ်ဆက်လေးဖြစ်ပါတယ် ။

"စစ်အာဏာရှင်တွေရဲ့ နောက်ဆုံးထွက်ပေါက် အတုအယောင်ရွေးကောက်ပွဲကို အတူတူချေမှုန်းကြပါစို့"၂၀၂၁ ဖေဖော်ဝါရီကနေ ၂၀၂၆ ဖေဖော်ဝါရီ...
27/01/2026

"စစ်အာဏာရှင်တွေရဲ့ နောက်ဆုံးထွက်ပေါက် အတုအယောင်ရွေးကောက်ပွဲကို အတူတူချေမှုန်းကြပါစို့"
၂၀၂၁ ဖေဖော်ဝါရီကနေ ၂၀၂၆ ဖေဖော်ဝါရီအထိ... (၅) နှစ်တိုင်တိုင် သွေးမြေကျခဲ့ရတဲ့ ပြည်သူတွေရဲ့ နာကျည်းမှုကို အောင်ပွဲအဖြစ် ပြောင်းလဲရမယ့်အချိန် ရောက်ပါပြီ။ မိမိတို့ရဲ့ ကလေးငယ်တွေ နောင်တချိန်မှာ ကျွန်ပြုမခံရဖို့နဲ့ မြန်မာပြည်ကြီး အမှောင်ခေတ်ထဲ ထာဝရနစ်မသွားဖို့အတွက် ဂျပန်နိုင်ငံရောက် တော်လှန်ရေးရဲဘော်များအားလုံး Nagoya မြို့မှာ လူထုအင်အားပြကြပါစို့။
📢 ဘာကြောင့် ပါဝင်ရမလဲ?
မတရားမှုကို ဆန့်ကျင်ဖို့: နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသား ၂ သောင်းကျော်ကို မတရားဖမ်းဆီးနှိပ်စက်ထားတဲ့ ရွေးကောက်ပွဲဟာ သမိုင်းအလိမ်အညာဖြစ်လို့။
အမှန်တရားဘက်က ရပ်တည်ဖို့: ကျေးရွာတွေကို မီးရှို့၊ စာသင်ကျောင်းပါမကျန် ဗုံးကြဲသတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ "ထွက်ပေါက်" အဖြစ် ဖန်တီးထားတဲ့ အတုအယောင်ရွေးကောက်ပွဲကို ကမ္ဘာသိအောင် ဆန့်ကျင်ဖို့။
တာဝန်ကျေဖို့: "အဲဒီခေတ်က လူကြီးတွေ ဘာလုပ်ခဲ့လဲ" လို့ နောင်တစ်ချိန်မှာ ကိုယ့်ကလေးတွေက မေးလာရင် မျက်နှာမငယ်ဘဲ ရဲရဲဝံ့ဝံ့ ဖြေနိုင်ဖို့။
အဆုံးအဖြတ်ပေးဖို့: လူထုမပါရင် ဘယ်လှုပ်ရှားမှုမှ မအောင်မြင်နိုင်ပါဘူး။ လူထုဟာ တော်လှန်ရေးရဲ့ အဆုံးအဖြတ်ဖြစ်သလို အာဏာရှင်စနစ် အမြစ်ဖြတ်ရေးအတွက် ခိုင်မာတဲ့အင်အားလည်း ဖြစ်ပါတယ်။
📍 စုရပ်နှင့် အချိန်
နေ့ရက်: ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက် (တနင်္ဂနွေနေ့)
နေရာ: Nagoya မြို့၊ Yabacho Park (Exit 2)
အချိန်: နံနက် ၁၀:၀၀ မှ မွန်းလွဲ ၂:၀၀ အထိ
📝 လှုပ်ရှားမှုအစီအစဉ်
၁၀:၀၀ AM: စုရပ်သို့ရောက်ရှိခြင်း၊ တော်လှန်ရေးအတွက် ပြင်ဆင်ခြင်းနှင့် အလှူရှင်များ၏ စတုဒီသာဖြင့် တော်လှန်ရေးအင်အားဖြည့်ခြင်း။
၁၁:၀၀ AM: တော်လှန်ရေးအခမ်းအနား စတင်ခြင်း - အာဏာရှင်ဆန့်ကျင်ရေး ဟောပြောချက်များ၊ တော်လှန်ရေးခွန်အားပေးစကားများနှင့် ကြွေးကြော်သံများဖြင့် ဟိန်းဟောက်ခြင်း။
၁၂:၀၀ PM: လမ်းလျှောက်ချီတက်ဆန္ဒပြပွဲ စတင်ခြင်း - Nagoya လမ်းမများပေါ်မှာ ပြည်သူ့အသံကို ကမ္ဘာသိအောင် ပြသမည်။
၀၂:၀၀ PM: ပန်းခြံအတွင်း ပြန်လည်စုပေါင်းပြီး သစ္စာဓိဌာန်ပြုကာ အခမ်းအနားရုပ်သိမ်းခြင်း။
"မျိုးဆက်တိုင်းဟာ ပစ္စုပ္ပန်ထက် ပိုကောင်းတဲ့ အနာဂတ်ကို ဖန်တီးဖို့ တာဝန်ရှိတယ်"
ကျွန်ုပ်တို့ လက်မလျှော့ကြောင်း၊ ကျွန်ုပ်တို့ သွေးမအေးကြောင်းနှင့် စစ်အာဏာရှင်စနစ် နိဂုံးချုပ်ရမည်ဖြစ်ကြောင်း Nagoya မှာ သက်သေပြကြပါစို့။ တော်လှန်ရေးအသိ၊ တော်လှန်ရေးသတိတို့ဖြင့် နီးစပ်ရာ ဒေသအသီးသီးမှ တက်ကြွစွာ ပူးပေါင်းပါဝင်ပေးကြပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။




#ပြည်သူသာအဓိက
အရေးတော်ပုံ အောင်ရမည်!

Address


4720011

Telephone

+819065972590

Website

Alerts

Be the first to know and let us send you an email when Thingyan Festival - Nagoya posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Thingyan Festival - Nagoya:

Shortcuts

  • Want your business to be the top-listed Event Planning Service?

Share