
02/06/2025
(၅) ကြိမ်မြောက် ထုတ်ပြန်ချက်
A.A.S.Y.C ၏ လမ်းစဉ် နှင့် ရခိုင်လူထုဆန္ဒ ဝေးကွာနေဆဲ
A.A.S.Y.C ၏ ၅ ကြိမ်မြောက် ညီလာခံ ကျင်းပ
ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး (AASYC) ၏ (၅) မြောက်ညီလာခံကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁ ရက်ကနေ ၃ ရက်အထိ ထိုင်းမြန်မာ နယ်စပ် တစ်နေရာတွင် ကျင်းပနေကြောင်း သိရသည်။
အဆိုပါ ညီလာခံဖွင့်ပွဲ အခမ်းအနားကို ပြည်မရောက် တော်လှန်ရေး၊ နိုင်ငံရေးပါတီများ၊ သပိတ် အင်အားစုများနှင့် ကျောင်းသားလူငယ် အဖွဲ့အစည်းများ အပါအဝင် A.A.S.Y.C ၏ မိတ်ဖက် အဖွဲ့အစည်းများ တက်ရောက်ခဲ့ပြီး ဂုဏ်ပြုစကားများလည်း ပြောကြားခဲ့ကြောင်း A.A.S.Y.C က ထုတ်ပြန်သည်။
လက်ရှိတွင် AASYC ရခိုင်အမျိုးသားအစ နိုင်ငံရေး မူဝါဒရေးရာ ညှိနှိုင်းရေးဆွေးရေးအဖွဲ့များ ဖွဲ့စည်းနေပြီး ယင်းအဖွဲ့ထဲတွင် ရခိုင်ပြည် ဖွဲ့စည်းပုံ ပေါ်ပေါက်လာရေး၊ ဗမာပြည်နှင့် ပတ်သက်၍ ဖက်ဒရယ်မူများ ပေါ်ပေါက်လာရန် ရေးဆွဲနေကြောင်း သိရသည်။
ယင်းညီလာခံသို့ ရခိုင်ပြည်အမျိုးသားကောင်စီ (ANC/AA) ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS) ၊ ကရင်အမျိုးသားပါတီ (KNP) ၊ မြန်မာနိုင်ငံရေးအကျဉ်းသားများသမဂ္ဂ (BPPU) ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ABFSU)၊ ကယန်းမျိုးဆက်သစ် လူငယ် (KNGY) ၊ လူ့ဘောင်သစ် လူငယ် (YNS) ၊ စစ်အာဏာရှင် စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ (GSC) ၊ Synergy Social Harmony Organization မဟာဗျူဟာညှိနှိုင်း ဖော်ဆောင်ရေး အင်အားစု /အတုယောင်ရွေးကောက်ပွဲ ဆန့်ကျင်တိုက်ဖျက်ရေး ကော်မတီ (SIF/ASECC) တို့က သဝဏ်လွှာများပေးပို့ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး - All Arakan Students’ & Youths’s Congress (AASYC) ကို ၁၉၉၅ ခုနှစ်၊ အောက်တိုဘာ ၆ ရက်တွင် စတင်ဖွဲ့စည်းခဲ့သည်။
ဖွဲ့စည်းခါစဉ်က အောင်းမြင်မှုများ ရရှိခဲ့သော်လည်း နောက်ပိုင်းတွင် ရခိုင်လူထုဆန္ဒနှင့် တစ်ထပ်တည်း မကျခြင်းကြောင်း မှေးမှိန်လာသည်ကို တွေ့ရသည်။
AASYC ၏ စကားသည် ရွေးကောက်ပွဲ နှင့် ဖယ်ဒရယ်ဖြင့်သာ အဆုံးသတ်ထားသည်ကို တွေ့ရသည်။
#ရက္ခိုင်_ပက္ခဒိန်